backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး

မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ ​ကြော်ချက်လေးပဲလုပ်လုပ်၊ ငရုတ်ကောင်းလေးခတ်ပြီး ဟင်းခါးချက်လို့ အသုပ်လေးနဲ့ပဲ တွဲစားစား စားလို့ကောင်းလို့ ဘူးသီးလေးကို ကြိုက်တဲ့ သူတွေရှိလား……….. ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင် မဖြစ်မနေ ဖတ်သင့်တဲ့ ဆောင်းပါးပါ။ ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်လား။

ဘူးသီး ဆိုတာ

ဘူးသီး ဆိုတာက ခပ်ဝိုင်းဝိုင်းလေး ရှိသလို ရှည်မျောမျောလေးလည်း ရှိတတ်ပါတယ်။ အခွံက အစိမ်းရောင် အနု၊ အစိမ်းရောင် အရင့် နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။

အပေါ်ခွံကို နွှာပြီးမှ စားတာမျိုး ရသလို မနွှာဘဲ စားလို့လည်း ရပါတယ်။ အတွင်းမှာ အဖြူရောင် အူတိုင်နဲ့ အစေ့လေးတွေပါပြီး အပေါ်ယံအသားက ခပ်ကြွပ်ကြွပ်လေးပါ။ နုရင် တော်တော်လေး ချိုပြီး စားရတာ အရသာ ရှိလှပါတယ်။

ဘူးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ

ဘူးသီးက ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အသီးတစ်မျိုးပါ။ အကြောင်းကတော့ ဘူးသီးမှာ ရေဓာတ် 92 ရာခိုင်နှုန်းအထိ ပါဝင်နေလို့ပါပဲ။ ဒါတင် မကသေးပါဘူး။ ဘူးသီးမှာ အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။

ဘူးသီးလေးက ပေးတဲ့ ကျန်းမာရေး

ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး တွေကတော့

အပူငြိမ်းစေတယ်

ဘူးသီးက ခန္ဓာကိုယ် အပူငြိမ်းစေပြီး ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ အစာအိမ်ကို အေးစေနိုင်ပြီး ခန္ဓာကိုယ်က အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ချွေး တအားထွက်တဲ့ နွေရာသီမှာ စားပေးသင့်တဲ့ အစားအစာ တစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။

နှာခေါင်း သွေးလျှံတာဝက်ခြံနဲ့ ပါးစပ်ထဲမှာ အနာဖြစ်တာလိုမျိုး ပြဿနာတွေ ကင်းစေဖို့အတွက် ဘူးသီး စားပေးလို့ရပါတယ်။

ဝိတ်ကျစေတယ်

ဘူးသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေသလို ကယ်လ်လိုရီ ပါဝင်မှုလည်း နည်းပါတယ်။ ဒါ့အပြင် ဘူးသီးမှာ ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ ဗီတာမင် A၊ ဗီတာမင် E၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘူးသီး တစ်စိတ်စာကို အရည်ကြိတ်ပြီး သံပရာရည် နည်းနည်းနဲ့ သောက်ပေးလို့ရပါတယ်။ ဒီလိုသောက်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေမှာပါ။

အစာခြေစနစ်ပြဿနာတွေ ကင်းစေတယ်

ဘူးသီးက အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဝမ်းချုပ်တာကို သက်သာစေသလို အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။

ဝမ်းမှန်စေလို့ အစာခြေစနစ်တလျှောက် သန့်စင်စေပြီး အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ အူမကြီး ကျန်းမာပြီး ရောဂါကင်းစေဖို့ ဘူးသီးကို စားပေးလို့ရပါတယ်။ ဝမ်းကိုက်နေတဲ့အခါ ဘူးသီးဖျော်ရည်ထဲကို ဆားနည်းနည်းထည့်ပြီး သောက်ပေးပါ။ ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။ ဘူးသီးက အစာ​ကြေစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသေးတယ်။

နှလုံး ကျန်းမာစေတယ်

ဘူးသီးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

ဘူးသီးမှာ ဦးနှောက်နဲ့အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ choline ပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက် စွမ်းဆာင်ရည်ကို တိုးတက်စေနိုင်သလို စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။

စိတ်ကျန်းမာရေးကို ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

ရေဓာတ် ဖြည့်ပေးတယ်

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ သကြားဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဘူးသီးကို စားပေးလို့ ရပါတယ်။ ပရိုတင်း နဲ့ အခြား အာဟာရဓာတ်တွေ ကြွယ်ဝနေတဲ့ ဘူးသီးက ကြွက်သားတွေ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဘာတွေ သတိထားရမလဲ

ဘူးသီးက လူတိုင်းနဲ့ တည့်တာကြောင့် ထွေထွေထူးထူး သတိထားစရာတော့ မလိုပါဘူး။ အလွန်အကျွံ မစားမိဖို့ပဲ လိုပါမယ်။

ဘူးသီးလေးက ပေးတဲ့ ကျန်းမာရေး

စားလို့ အရသာရှိတဲ့ ဘူးသီးလေးက
  • အပူငြိမ်းစေတယ်
  • ဝိတ်ကျစေတယ်
  • ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်
  • အစာခြေစနစ်ပြဿနာတွေ ကင်းစေတယ်
  • နှလုံး ကျန်းမာစေတယ်
  • စိတ်ဖိစီးမှု ပြေလျော့စေတယ်
  • ရေဓာတ် ဖြည့်ပေးတယ်

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement