backup og meta

ကလေးကို ဘာတိုက်မယ် စိတ်ကူးလဲ..... မေမေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဘာတိုက်မယ် စိတ်ကူးလဲ..... မေမေ

    ကလေးကို လုံလောက်တဲ့ အာဟာရပြည့်ဝလို့ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တယ်ဟုတ်။ ဒါဆိုရင် ကလေးတွေက ပထမဆုံး ၅ နှစ်တာကာလမှာ ဦးနှောက်နဲ့ဉာဏ်ရည် ဖွံ့ဖြိုးမှုကိုရော ကိုယ်ခံအားစနစ်ကိုပါ အကောင်းဆုံး တည်ဆောက်ကြတယ်ဆိုတာကို သိပြီးပြီလား……မေမေတို့ရေ။

    ဒီကာလမှာ မေမေ့ရွေးချယ်မှု မှန်ကန်လေလေ ကလေးအတွက် အကောင်းဆုံးသော အရာတွေ ဖြစ်ထွန်းနိုင်လေလေပါ။ ဒီတော့ ရွေးချယ်မှုတိုင်းက ကလေးအပေါ်မှာ သက်ရောက်မှု ရှိနေတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုတော့ဘူးပေါ့။

    ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စဉ်

    ကလေးတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်အထိမှာ စိုက်ထူခဲ့တဲ့ milestone တွေက မနည်းပါဘူး။

    မွေးစကနေ ၁ နှစ် အတွင်းမှာ

    • အသံလာရာကို ရှာတတ်ပြီ

    • သူတို့နာမည်လေးခေါ်ရင် တုံ့ပြန်တတ်ပြီ

    • လက်ပြနှုတ်ဆက် တတ်ပြီ

    • လက်ညှိုးညွှန်တဲ့ဆီကို လိုက်ကြည့်တတ်ပြီ

    • ဝူးဝူးဝါဝါး ပြောတတ်ပြီ

    • စကားပြောတဲ့ဆီကို လိုက်ကြည့်တတ်ပြီ

    • ပါပါ၊ မာမာ စခေါ်တတ်ပြီ

    • စကားလုံး တစ်လုံးတည်းတွေ ပြောတတ်ပြီ

    • သူတို့လိုချင်တာတွေကို လက်ညှိုးညွှန်ပြတတ်ပြီ

    အသက် ၁ နှစ် ကနေ ၂ နှစ် အတွင်းမှာ

    • ရိုးရှင်းတဲ့ စကားလုံးတွေကို စနားလည်လာပြီ

    • အမူအရာတွေကို နားလည်ပြီ

    • ပစ္စည်းလေးတွေ ယူလာပေးတတ်ပြီ

    • ပစ္စည်းလေးတွေ ယူလာပြတတ်ပြီ

    • ပြောတဲ့ပစ္စည်းလေးတွေကို လက်ညှိုးညွှန်ပြတတ်ပြီ

    • တစ်ခုခုကို ပြပြီး ဘာလဲလို့မေးရင် ပြန်ဖြေတတ်ပြီ

    • တစ်ခုခုလုပ်နေသလိုမျိုး ဟန်လုပ်တတ်ပြီ

    • တစ်ပတ်ကို စကားလုံး အသစ်တစ်လုံးစီလောက် ပြောတတ်ပြီ။

    ဒီလိုကနေ မိဘတွေဆီက သင်ယူပြီး တစ်ခုချင်းစီကို လုပ်တတ်လာတော့မှာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကိုယ်ခံအား၊ အမြင်အာရုံ၊ ဦးနှောက် ဖွံ့ဖြိုးမှု တွေကလည်း ပထမ ၅ နှစ်တာကာလရဲ့အချိန်တိုင်းမှာ ဖွံ့ဖြိုးနေတာပါ။ အရပ်နဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုရောပေါ့။

    ကလေးကို အကောင်းဆုံး ပျိုးထောင်ပေးဖို့ မေမေဖေဖေတို့ သိထားသင့်တာလေးတွေ

    ကလေးတစ်ယောက် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့က မွေးစကနေ ၅ နှစ်တာအတွင်း စားသုံးမှုတွေနဲ့ အများကြီး ပတ်သက်နေပါတယ်။ ဒီအရွယ်မှာ ကလေးက အမြင်အာရုံ တည်ဆောက်မှုတွေ။ မှတ်ဉာဏ် တည်ဆောက်မှုတွေကို လုပ်ဆောင်ကြတယ်။ ကိုယ်ခံအား ကိုလည်း စပြီးတည်ဆောက်တယ်။ ကိုယ်ခံအားက မွေးစကနေ ၃ ပတ်လောက်အထိက အပြည့်အဝ မဖွံဖြိုးသေးဘူး။ တဖြည်းဖြည်းချင်းနဲ့ မေမေ့နို့မှာ ပါတဲ့ အာဟာရတွေကို စုပ်ယူရင်း တည်ဆောက်ကြတာပါ။

    ဒီလို တည်ဆောက်နေချိန်မှာ လုံလောက်ပြည့်ဝတဲ့ အာဟာရကို ရရှိဖို့လိုပါမယ်။ ကလေးတွေက အသက် ၅ နှစ်မှ ပြည့်ဝတဲ့ ကိုယ်ခံအားစနစ်ကို ပိုင်ဆိုင်တာလေ။ ဒီကာလအပိုင်းအခြားကြားမှာ ကလေးက ခဏခဏ ဖျားနာနေမယ်ဆိုရင် ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်တာမျိုး ရှိလာနိုင်ပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးဘူး။ ကလေးက ဖျားတဲ့အခါတိုင်း ကြီးထွားဖို့အတွက် စုစည်းထားတဲ့ အာဟာရတွေ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးရမယ့် အာဟာရတွေက ကိုယ်ခံအားက ရောဂါတွေကို တိုက်ထုတ်ရာမှာ အားဖြည့်ပေးရတော့ ဉာဏ်ရည်ဖွံ့ဖြိုးမှု အပေါ်မှာပါ သွားသက်ရောက်တော့တာပေါ့။

    ကလေးက ထင်သလောက် မထွားဘူး၊ အရပ်မမြင့်ဘူး။ အခြား ကလေးတွေလောက် မသွက်ဘူးဆိုတာ ဒီအချက်တွေကြောင့် ဖြစ်တာပါ။ ဒီတော့ ဘာလုပ်ပေးရမှာလဲလို့ တွေးမိနေပြီလား……..

    ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ ဒီအချက်လေးတွေ လိုအပ်ပါတယ်

    ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ဆိုရင် မဖြစ်မနေလိုအပ်မှာက အာဟာရပြည့်ဝဖို့ပါ။ အာဟာရပြည့်ဝအောင်ဆိုလွယ်လွယ်လေးပါ။ အစားတွေ အများကြီးကျွေးမှာပေါ့လို့တော့ မဖြေနဲ့နော်။ အစာတိုင်းက ကလေးနဲ့ မသင့်တော်ပါဘူး။ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးဖို့ဆိုရင် အရေးပါတဲ့ အာဟာရဓာတ်တွေကို ပြည့်ဝအောင်ကျွေးဖို့ လိုပါမယ်။

    ကလေးတစ်ယောက်အတွက် လိုအပ်မယ့်အာဟာရဓာတ်တွေထဲမှာ အရေးအကြီးဆုံးတွေက

    ပရိုတင်း – အရိုးနဲ့ ကြွက်သားတွေ သန်မာစေပြီး ကိုယ်ခံအား ကောင်းစေလို့ အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။

    ကယ်လ်စီယမ်အရိုးနဲ့ သွားတွေ ခိုင်မာစေဖို့၊ ကျန်းမာပျော်ရွှင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးမယ့် သတ္တုဓာတ်တစ်မျိုးပါ။

    သံဓာတ် – သွေးနီဥဆဲလ်တွေကို အားဖြည့်ပေးပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အောက်ဆီဂျင် ရောက်ရှိစေနိုင်ပါတယ်။ အာရုံစူးစိုက်မှုကို ကောင်းစေပြီး သွေးအားနည်း ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    DHA – DHA က Omega-3 fatty acids တစ်မျိုးပါ။ ဦးနှောက် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ မှတ်ဉာဏ်တည်ဆောက်နေတဲ့ ကြီးထွားဖွံ့ဖြိုးဆဲ ကလေးတစ်ယောက်ကို DHA ပြည့်ဝအောင် ကျွေးမွေးတာက ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။

    lcFos (အကျိုးပြု ဘက်တီးရီးယားအာဟာရ) (Prebiotics) – lcFos (အကျိုးပြု ဘက်တီးရီးယားအာဟာရ) ဆိုတာက (Prebiotics) တစ်မျိုးပါ။ အစာခြေစနစ် တလျှောက်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ကျန်းမာစေဖို့ အာဟာရဖြည့်တင်းပေးတာပါ။ ကလေးကို လေနာတာကစလို့ ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ကင်းစေပြီး အာဟာရပြည့်ဝအောင်ထောက်ပံ့ပေးပါတယ်။ ကိုယ်ခံအား ကောင်းပြီး ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။

    ဗီတာမင် A – အမြင်အာရုံအတွက် အဓိကအရေးပါတဲ့ ဗီတာမင်ဖြစ်ပါတယ်။ အရောင်တွေကို ခွဲခြားတတ်စေဖို့ အားဖြည့်ပေးသလို ကြက်မျက်သင့်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ခံအားကို အားဖြည့်ပေးတာပါ။

    ဗီတာမင် C – ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အနာကျက်မြန်စေပြီး ဖျားနာမှုကင်းစေမှာပါ။

    ဗီတာမင် E – အမြင်အာရုံအကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပါတယ်။

    ဗီတာမင် D – အရိုးနဲ့သွားတွေ သန်မာကြံ့ခိုင်စေဖို့ လိုအပ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတွေကို အကောင်းဆုံး အားဖြည့်ပေးမယ့် ဗီတာမင်ပါ။

    ပိုတက်ဆီယမ် – ကိုယ်တွင်းရေဓာတ်ကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးတဲ့အပြင် အရွယ်ရောက်လာတဲ့အချိန်မှာ သွေးတိုးမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

    မဂ္ဂနီဆီယမ် – အစာခြေစနစ်ကို ကျန်းမာစေပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    ဒါဆိုရင် ဒီအာဟာရဓာတ်တွေ ပြည့်စေဖို့ ကလေးကို ပဲနို့၊ မုယောစပါး အချိုရည်တွေ တိုက်လို့ရလောက်တယ်လို့ မတွေးလိုက်ပါနဲ့။ ကလေးတွေအတွက် သင့်တော်တဲ့ အာဟာရဓာတ်တွေ ပါနေတယ်ဆိုရင်တောင် အားလုံးမဟုတ်သလို အချိုဓာတ် ပါဝင်မှုကလည်း မြင့်တက်နေဆဲပါ။ ဒါတွေက ရေရှည်အတွက် မကောင်းသလို ကလေးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာတောင် မလိုအောင်ပါ။

    ကလေးကို အာဟာရဖြည့်နို့ပဲတိုက်သင့်တဲ့ အကြောင်းအရင်း

    မုယောစပါး အချိုရည်တွေကပေးတဲ့ ကျန်းမာရေးပြဿနာတွေကတစ်ခုမကပါဘူး။ ကလေးကို မုယောစပါး အချိုရည်တွေတိုက်တဲ့အခါ

    • အဝလွန်တာ

    • သွားပိုးစားတာ

    • ခံတွင်းပြဿနာတွေခံစားရတာ

    • အသက်ကြီးလာတဲ့အခါ ဆီးချိုဝေဒနာခံစားရတာ

    • သီးတာ

    ချောင်းဆိုးချွဲကျပ်တာ

    • ဓာတ်မတည့်မှုကြောင့် အရေပြားတွေရောင်ရမ်းတာ

    • ယားယံတာ

    • အဖုအပိမ့်တွေထွက်တာ

    • ဝမ်းသွားရအဆင်မပြေတာမျိုး

    ဝမ်းလျှောတာမျိုးတွေ ခံစားရနိုင်ပါတယ်။

    ဒါကြောင့် ကလေးကို အာဟာရပြည့်အောင် ကျွေးချင်တယ်။ တစ်ခုခုတိုက်ချင်တယ်ဆိုရင် မုယောစပါး အချိုရည်တွေ မတိုက်ပါနဲ့။ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာပါဝင်အောင် ထုတ်လုပ်ထားတဲ့ ဖော်မြူလာနို့တွေ နဲ့ နွားနို့တွေကို တိုက်ပေးလို့ရပါတယ်။ ကလေးကို တစ်နေ့ကို ဖော်မြူလာနို့ ဒါမှမဟုတ် နွားနို့ တစ်ခွက်တော့ ပုံမှန်တိုက်ပေးဖို့ လိုပါမယ်နော် မေမေတို့ရေ……….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement