တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တယ်ဆိုတာ သိပါရဲ့လား။ လူတစ်ယောက် ကျန်းမာပျော်ရွှင်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကတော်တော်လေးအရေးပါတဲ့အရာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအတွက်တင်မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်မှုအပေါ်မှာပါ သက်ရောက်မှုရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို မဖြစ်မနေ ဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်မှုက ဖျားနာမှုကင်းစေသလိုရောဂါပိုးတွေ ကူးစက်ခံရတာနဲ့ ခန္ဓာကိုယ်အနံ့ဆိုးတွေကနေပါ ကာကွယ်ရောက်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုက

တစ်ကိုယ်ရေသန့်ရှင်းအားနည်းတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနေအထိုင် အစားအသောက်ကစလို့ အဝတ်အစားတွေအထိ သေသေချာချာဂရုစိုက်ပေးပါမှ ခန္ဓာကိုယ်ကို ကျန်းမာစေမှာပါ။ ရောဂါကူးစက်နိုင်ခြေကိုလည်း လျှော့ချနိုင်မှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မှုက အဖိုးမများတဲ့ ကျန်းမာရေးစောင်ေ့ရှာက်မှုပေါ့။ တစ်ကိုယ်ရေသန့်ရှင်းမှုက လူမှုဆက်ဆံရေးမှာလည်း လူဝင်ဆန့်စေနိုင်တဲ့အချက်တစ်ခုပါ။ ခန္ဓာကိုယ်က အနံ့ဆိုးတွေထွက်နေမယ်၊ ခံတွင်းနံ့ဆိုးတွေဖြစ်နေမယ်၊ အရေပြားမှာ မှိုစွဲတာနဲ့ အခြားသော အနာတွေဖြစ်နေမယ်၊ လက်သည်း၊ ခြေသည်းတွေက ညစ်ပေနေမယ်ဆိုရင် လူအထင်သေးခံရနိုင်သလို ပတ်ဝန်းကျင်က လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ရောဂါပိုးတွေကို လက်ခံထားရာဖြစ်နေတော့ အလွယ်တကူဆိုသလို မကျန်းမမာဖြစ်နိုင်တာပေါ့။ ဒါကြောင့် ကျန်းမာရေးပျော်ရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်ပြီး လူချစ်လူခင်ပေါများချင်တယ်ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာဂရုစိုက်ပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းရင်ဖြစ်လာနိုင်တဲ့ရောဂါတွေက

တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတဲ့အခါ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေကူးစက်ခံရမှုကြောင့်

တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ရင် လိုက်နာရမယ့်အချက်တွေက

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့အခါ ဒီအချက်လေးတွေကို ဂရုစိုက်ပါ။

လက်ကိုမှန်မှန်ဆေးကြောပေးပါ – အစားမစားခင်၊ အစားစားပြီးချိန်၊ အိမ်သာကဆင်းတဲ့အခါ၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ မျိုးမှာ လက်ကိုသေချာဆေးကြောပေးပါ။

ရေပုံမှန်ချိုးပါ – တစ်နေ့ကို နှစ်ကြိမ် မချိုးဖြစ်ရင်တောင်မှ တစ်နေ့တစ်ကြိမ်တော့ ပုံမှန်ရေချိုးပေးပါ။ ရေချိုးတာက ရောဂါပိုးတွေကို ကာကွယ်ရာရောက်သလို စိတ်ကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။

သွားနဲ့ခံတွင်းကို သန့်ရှင်းပေးပါ – တစ်နေ့နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးပါ။ သွားနဲ့ခံတွင်း ကျန်းမာရေးကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေဂရုစိုက်ပေးသင့်တဲ့ အချက်တစ်ခုပါ။

ခေါင်းမှန်မှန်လျှော်ပါ – တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်ခေါင်းလျှော်ပါ။ ဦးရေပြားမှာဖြစ်တတ်တဲ့ဗောက်ထတဲ့ပြဿနာ နဲ့ အခြားသော ပြဿနာတွေကို ကာကွယ်နိုင်မှာပါ။

တစ်ပတ်တစ်ခါ ခြေသည်းလက်သည်းညှပ်ပါ -ခြေသည်းလက်သည်းရှည်တွေကရောဂါပိုးတွေ ခိုအောင်းဖို့ကောင်းတဲ့နေရာတွေဖြစ်နေနိုင်တာကြောင့် လက်သည်းခြေသည်းတွေကို ရှည်လာတာနဲ့ညှပ်လိုက်ပါ။ အနည်းဆုံး တစ်ပတ်တစ်ကြိမ်တော့ မဖြစ်မနေခြေသည်းလက်သည်းတွေကို သန့်ရှင်းရေးလုပ်ပေးပါ။

အဝတ်အစားတွေကို သန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ပါ – အဝတ်တွေကို သန့်သန့်ရှင်းရှင်းမဝတ်တဲ့အခါ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သေချာသန့်စင်အောင် လျှော်ထားတဲ့အဝတ်တွေကိုပဲ သပ်သပ်ရပ်ရပ်ဝတ်ဆင်ပေးပါ။

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ – အရမ်းပျင်းတယ်ဆိုရင်တောင်မှာ မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

ခြေထောက်တွေကို သန့်ရှင်းအောင်ထားပေးပါ -ခြေထောက်မှာ သဲဝဲစားတာ၊ မှိုစွဲတာလိုမျိုး၊ခြေသည်းလက်သည်းမှိုပိုးဝင်တာလိုမျိုးရောဂါတွေကနေကာကွယ်ဖို့ခြေထောက်တွေကိုသေချာသန့်စင်အောင်ဆေးကြောပြီးခြောက်သွေ့အောင်ထားပေးပါ။

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးထိရောက်တယ်ဆိုမှာတော့ ကိုယ်ကျန်းမာ စိတ်ချမ်းသာနဲ့ရောဂါဘယ ကင်းစင်တဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုသေချာဂရုစိုက်ပေးပါနော်………

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကူးစက်နိုင်သည့် အရေပြားရောဂါများ

အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာကနေ တားပေးဖို့ဆိုပေမယ့် အရေပြားကိုယ်တိုင်ကလည်း ရောဂါပိုးတွေ ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဆံသားနဲ့ဦးရေပြားကို ထိန်းသိမ်းပါ

ဦးရေပြားနဲ့ဆံသားကိုလည်း မျက်နှာအသားအရေလိုပဲ စောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ အကြောင်းကတော့ ဦးရေပြား ကျန်းမာမှ ဆံသားလည်း ကျန်းမာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အရေပြားတစ်ထောက်စာလို့ ဆိုပေမယ့် အရေပြားကျန်းမာဖို့က အတော်လေး အရေးကြီးပါတယ်။ အရေပြားက ရုပ်ရည်သွင်ပြင်ပေါ်တင်သက်ရောက်တာမဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 3 mins read