ကလေးငယ်အာဟာရ

ကလေးများ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ကောင်းမွန်တဲ့ အာဟာရလိုပါတယ်။ မိဘများ သိထားသင့်တဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို ဒီမှာဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်အာဟာရ

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ

မေမေတို့ သိထားပြီးတဲ့ အကြောင်းအရာတစ်ခုကို ထပ်ပြောရရင် ၆လအောက် ကလေးတွေအတွက် မိခင်နို့ကသာ အကောင်းဆုံးပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မတိုက်နိုင်တဲ့ မေမေတွေလည်း ရှိပါတယ်။ မိခင်နို့ လည်း မတိုက်နိုင်၊ တခြားနို့တွေ၊ နို့မှုန့်တွေထဲမှာလည်း ဘယ်ဟာကို တိုက်လို့တိုက်ရမှန်း မသိကြတဲ့အခါ ကလေးက ကြားထဲကနေ  ဝမ်းလျှောတာ၊ အာဟာရချို့တဲ့နိုင်လို့ မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ ဆိုတာလေး ပြောပြပေးပါမယ်။ မိခင်နို့သည်သာ အကောင်းဆုံးပါ မွေးစကလေးတွေအတွက် မိခင်နို့က အာဟာရအပြည့်ဝဆုံးနဲ့ အကောင်းဆုံးပါ။ ရေတောင် ထပ်တိုက်စရာမလိုဘဲ သူ့တစ်မျိုးတည်းနဲ့တင်ကို ကလေးအတွက် လုံလောက်တဲ့ အာဟာရပေးနိုင်ပါတယ်။ ဒါကြောင့် မွေးစကနေ အနည်းဆုံး၆လအထိ မိခင်နို့တစ်မျိုးတည်းကို စွဲစွဲမြဲမြဲ တိုက်ဖို့ ပြောတာပါ။ ဖြစ်နိုင်ရင် ကလေးအသက် ၂နှစ်လောက်အထိ တိုက်သင့်ပါတယ်။ မိခင်နို့ တိုက်ကျွေးတာက ကလေးအတွက်ဆိုရင် […]

ကလေးငယ်အာဟာရ ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား

ရေနွေးကြမ်းက ဘေဘီလေးတွေနဲ့ မသက်ဆိုင်တဲ့ သောက်စရာ တစ်ရပ်ဆိုပေမယ့် ဖိုးဖိုးဖွားဖွားတွေနဲ့ ကြီးပြင်းတဲ့ ဘေဘီလေးတွေမှာတော့ ရေနွေးကြမ်းသောက်တာက သိပ်ပြီး မစိမ်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ရေနွေးကြမ်းထဲမှာမှ ချာမိုမိုင်း ရေနွေးကြမ်းလိုမျိုး ဆေးဖက်ဝင်တဲ့ ရေနွေးကြမ်းတွေက ဘေဘီလေးကို ကျန်းမာစေမလားဆိုပြီး မေမေတွေကိုယ်တိုင် တိုက်မိနိုင်တာမျိုးပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး နဲ့ ရေနွေးကြမ်းက တည့်လား ..... ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ...... ဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ..... ဆိုတော့ ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီဆိုရင်တော့ တိုက်လို့ရပါတယ်။ ဒါကလည်း အများကြီးတော့ တိုက်လို့ မရပါဘူး။ အနည်းအကျဉ်းပဲ တိုက်လို့ ရမှာပါ။  မတိုက်ရင်တော့ အကောင်းဆုံးပါပဲ။ ကလေးက အသက် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ထမင်းရည် တိုက်လို့ ရမလား

ထမင်းရည် သောက်ပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာကို လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ အကြောင်းကတော့ ထမင်းရည်မှာ အာဟာရ ပြည့်ဝစွာ ပါဝင်နေလို့ပါပဲ။ ထမင်းရည်က အာဟာရပြည့်တယ်ဆိုတော့ လူကြီးတွေ သောက်လို့ရတာကတော့ ဟုတ်ပါပြီ။ ဘေဘီလေးကို ထမင်းရည် တိုက်လို့ ရမလား ..... ဆိုပြီး သိချင်နေပြီလား မေမေ ....... ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ထမင်းရည် ဆိုတာ ထမင်းရည်ဆိုတာ ဆန်ကို ရေစင်အောင်ဆေးပြီး ရေထည့်လို့ ထမင်းချက်တဲ့အခါ ထမင်းဖြစ်ပြီဆိုရင် ငှဲ့ချလိုက်ရတဲ့ အရည်ပါ။ ထမင်းကို ပေါင်းအိုးနဲ့ တည်တာမဟုတ်ဘူးဆိုရင် ထမင်းရည်ကို ရင်းနှီးပြီး ဖြစ်မှာပါ။ ထမင်းရည်မှာ ထမင်း [ဆန်] မှာပါတဲ့ အဆီအနှစ် တော်တော်များများ ပါဝင်နေတာကြောင့် ထမင်းနီးပါး အာဟာရကြွယ်တဲ့ သောက်စရာပါ။ သောက်ရတာ လွယ်ကူသလို အာဟာရ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား

အရသာရော အနံ့ရော အရောင်အသွေးပါ ပြည့်စုံတဲ့ စပျစ်သီးက ဘေဘီလေးတွေ အကြိုက်တွေ့မယ် အသီးတစ်မျိုးဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ စပျစ်သီးကို ရေလေးဆေး၊ ပန်းကန်လေးထဲထည့်ပြီး စားမယ်လို့ ဟန်ပြင်ရုံရှိသေးတယ်။ သားသားလည်း စားမယ်။ မီးမီးလည်း စားမယ်ဆိုပြီး ပြေးလာတဲ့ ဘေဘီလေးတွေကို စပျစ်သီး ကျွေးရကောင်းနိုး မကျွေးရကောင်းနိုး ဖြစ်နေတဲ့ တီတီတွေရှိလား ..... ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ စပျစ်သီး (Grapes) စပျစ်သီးက ကမ္ဘာပေါ်မှာ လူသိအများဆုံး အသီးတွေထဲက တစ်မျိုးပါ။ အရောင်အသွေးအနံ့အရသာပြည့်စုံတဲ့ အသီးတစ်မျိုးပေါ့။ ခရမ်းရောင်ရင့်ရင့်၊ အနီရောင်၊ အစိမ်းရောင်ဆိုပြီး အရောင်အသွေးအမျိုးမျိုးရှိနိုင်ပါတယ်။ စပျစ်သီးက အသားတင် စားကောင်းတာမဟုတ်ပါဘူး။ စပျစ်သီး အစေ့ကလည်းဆေးဖက်ဝင်ပါသေးတယ်။ စပျစ်သီးအစေ့က ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးက ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ […]


ကလေးငယ်အာဟာရ

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့

ကလေးငယ်လေးတွေကို သူတို့ရဲ့ အသက် ပထမ ၂ နှစ်တာအတွင်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးတာက ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ အာဟာရ အလေ့အထကို စောစော လေ့ကျင့်ပေးတာက ဘေဘီလေးကို နောက်ပိုင်းမှာ ကျန်းမာစွာ စားသုံးတတ်စေဖို့ ထောက်ကူပေးသလို အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က မိဘတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတော့ ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဘေဘီလေးတိုင်း အာဟာရ ပြည့်ဝဖို့ လိုပါမယ် ဘေဘီလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် လုံလောက်ပြည့်ဝတဲ့ အာဟာရကို ရရှိဖို့က အခြေခံအကျဆုံး အချက်ပါ။ ဘေဘီလေးကို သူတို့လေးတွေရဲ့ ပထမဆုံး ၃ လမှာ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးတာက ကလေးကို  ကြီးထွားမှု […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား

အရသာလေးက ချိုချိုလေးနဲ့ အနံ့လေးလည်း မွှေးတဲ့ ပိန္နဲသီးကို ချိုချိုအီအီ အရသာကို နှစ်ခြိုက်တတ်တဲ့ ဘေဘီလေးတွေ သဘောကျမယ်ဆိုတာကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ဒီလို ချိုအီမွှေးနေတဲ့ ပိန္နဲသီး စားနေရင်း ဘေဘီလေးက နည်းနည်းလို့ လာတောင်းရင် ဘယ်လို လုပ်ရမယ်မသိဘူး ဖြစ်မနေရလေအောင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား ...... ဘယ်လို အချက်တွေ သတိထားဖို့ လိုမလဲဆိုတာတွေကို ပြောပြပေးသွားပါမယ်။ ပိန္နဲသီး ဆိုတာ အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ ကျန်းမာရေး အာနိသင်ကတော့ […]


ကလေးငယ်အာဟာရ

ဘေဘီလေး နာနတ်သီး စားလို့ရလား

နာနတ်သီးလေးကို သံပုရာသီး၊ ဆားတို့နဲ့ပဲ နယ်ပြီးစားစား၊ ပျားရည်လေးနဲ့ပဲ စိမ်ပြီး စားစား စားရတာ အရသာရှိပါတယ်။ နာနတ်သီးရဲ့ ချိုချိုချဉ်ချဉ် အရသာလေးက ခံတွင်းရှင်းစေသလို စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ဒီတစ်ခေါက်တော့ စားရတဲ့ အရသာရှိလှတဲ့ နာနတ်သီးလေး စားရင်း ဘေဘီလေးဆိုရင် ကြိုက်မှာပဲ ဘေဘီလေး နာနတ်သီး စားလို့ရလား ဆိုပြီး သိချင်နေမယ့် တီတီ နဲ့ ဖွားဖွားတို့အတွက် အဖြေထုတ်ပေးမယ့် ဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။ နာနတ်သီး ဆိုတာ နာနတ်သီးက အပူပိုင်းဒေသထွက် သစ်သီးတစ်မျိုးပါ။ တောင်အမေရိက မျိုးရင်းပင်ပါ။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက စားသုံးလာခဲ့ကြတာပါ။ အပေါ်ခွံက မမှည့်ခင်မှာ အစိမ်းရောင် ဖြစ်ပြီး မှည့်ပြီဆိုရင် ဝါလာပါမယ်။ အခွံမှာ မျက်စေ့လို့ ခေါ်ကြတဲ့ အကွက်လေးတွေ ပါတတ်ပြီး ထိပ်ပိုင်းမှာတော့ အပင်လိုမျိုး အညှာပါပါတယ်။ အသီးကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား

ဂေါ်ရခါးသီးကို ကြက်ဥလေးနဲ့ ကြော်စားတာက ချိုချိုဆိမ့်ဆိမ့်လေးနဲ့ စားလို့ တော်တော်လေးကောင်းပါတယ်။ ထမင်းပူပူလေးနဲ့ တွဲစားလိုက်ရင် အတော်လေး အရသာရှိလှတာပါ။ ဒီလို စားလို့ ကောင်းတဲ့ ချိုဆိမ့်ဆိမ့် ဂေါ်ရခါးသီးကြော်လေးက ဘေဘီလေးတွေ ကြိုက်နှစ်သက်လောက်မယ့် ဟင်းတစ်ခွက်ပါ။ ဒါဆို မေးစရာရှိတာက ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား လို့ပေါ့။ ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်နော်။ ဂေါ်ရခါးသီး ဆိုတာ အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာ ပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ စားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ ရေဓာတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။ ဂေါ်ရခါးသီးမှာပါတဲ့ အာဟာရဓာတ်တွေ ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဗီတာမင် B ဗီတာမင် C ဖောလိတ် နီကာဆင် သီရာမင်း ရေဓာတ် ကယ်လ်လိုရီ အမျှင်ဓာတ် ကယ်လ်ဆီယမ် ပိုတက်ဆီယမ် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား

အုန်းနို့ ကျောက်ကျော၊ အုန်းနို့ ခေါက်ဆွဲ၊ အုန်းထမင်း၊ သာကူအုန်းနို့ဆမ်းဆိုပြီး အုန်းနို့နဲ့ လုပ်ထားတဲ့ အချိုပွဲတွေ စားဖွယ်တွေက မြန်မာလူမျိုးတော်တော်များများ နှစ်နှစ်ခြိုက်ခြိုက်စားကြတဲ့ အစားအစာတွေပါ။ ဒီလို အစားအစာတွေထဲကမှ အုန်းနို့ ပါဝင်ပြုလုပ်ထားတဲ့ အုန်းနို့ဆန်ပြုတ် နဲ့ အုန်းနို့သာကူတွေက ဘေဘီလေးတွေ နှစ်သက်နိုင်တဲ့ အစားအစာတွေပေါ့။ တီတီတို့ လေးလေးတို့က အုန်းနို့ဆန်ပြုတ်လေး အရသာရှိလိုက်တာဆိုပြီး သောက်နေချိန်မှာ ဘေဘီလေးက မပီကလာပီကလာနဲ့ နည်းနည်းဆိုပြီး ခွံခိုင်းတဲ့အခါ ကျွေးလိုက်ချင်ပေမယ့် ကျွေးလို့ရပါ့မလား။ ဆန်ပြုတ်ကတော့ ထမင်းပဲ ပြီးတော့ ကြေနေအောင်ချက်ထားတာဆိုတော့ တည့်လောက်ပါရဲ့။ အုန်းနို့ပါနေလို့ အစာကြေပါ့မလား။ တည့်ပါ့မလားဆိုပြီး စိတ်ပူနေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား ...... ဆိုတာလေးကို ပြောပြပေးသွားပါမယ်။ အုန်းနို့ ဆိုတာ အုန်းနို့က အုန်းသီးအရင့်ကို ကြိတ်ပြီး […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေ ဘူးသီး စားလို့ရလား

ကြော်ချက်လေးပဲ ချက်ချက်၊ မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းလေးပဲ ချက်ချက် စားကောင်းတဲ့ ဘူးသီးလေးက အကျိုးများတယ်လို့ အရင်တစ်ခေါက်က ပြောပြထားဖူးပါတယ်။ ဒီတစ်ခေါက်တော့ ဘယ်လိုစားစား စားလို့အရသာရှိတဲ့ ဘူးသီးကြော်လေး စားနေတုန်း ဘေဘီလေးက သားသားလည်း စားချင်တယ်ဆိုလို့ ကျွေးရပါ့ မကျွေးရပါ့နဲ့ ဗျာများနေတဲ့ မေမေတို့ တီတီတို့ ရှိလား ..... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေး ဖတ်ပြီးရင်တော့ ဘေဘီလေးကို ဘူးသီး ကျွေးလို့ ရမလား မရဘူးလားဆိုတဲ့ အဖြေထွက်မှာ အသေအချာပါပဲ။ ဘူးသီး ဆိုတာ ဘူးသီး ဆိုတာက ခပ်ဝိုင်းဝိုင်းလေး ရှိသလို ရှည်မျောမျောလေးလည်း ရှိတတ်ပါတယ်။ အခွံက အစိမ်းရောင် အနု၊ အစိမ်းရောင် အရင့် နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အပေါ်ခွံကို နွှာပြီးမှ စားတာမျိုး ရသလို […]


ကလေးငယ်အာဟာရ

ဘေဘီလေး နဂါးမောက်သီး စားလို့ရလား

အမြင်ဆန်းသလို အရသာလည်း ရှိတဲ့ နဂါးမောက်သီး စားရင်း ဘေဘီလေးဆို ကြိုက်မှာ ကျွေးလို့ရမလားဆိုပြီး သိချင်နေတဲ့ ဘွားဘွားတို့ တီတီတို့ ရှိလား .... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေး နဂါးမောက်သီး စားလို့ရလား ဆိုတာကို ပြောပြပေးသွားပါမယ်။ နဂါးမောက်သီး ဆိုတာ နဂါးမောက်သီး ဆိုတဲ့နေရာမှာ အဖြူရောင် နဲ့ အနီရောင်ဆိုပြီး ၂ မျိုး ရှိပါတယ်။ အဖြူရောင်က အတွင်းသား အဖြူရောင်မှာ အမည်းအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပြီး အနီရောင်ကတော့ အတွင်းသား အနီရောင်မှာ အမည်းအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပါတယ်။ အဖြူရောင် အသီးက ခပ်ရှည်ရှည် ဖြစ်ပြီး အနီရောင်မျိုးက ခပ်ဝိုင်းဝိုင်းလေးတွေပါ။ မြန်မာနိုင်ငံမှာ ပေါက်ရောက်သလို အာရှနိုင်ငံတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ နဂါးမောက်သီးမှာ ဘယ်လို အာဟာရတွေ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း