backup og meta

ကလေးငယ်တွေကို Baby Lotion အသုံးပြုပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး ၈ ခု

ကလေးငယ်တွေကို Baby Lotion အသုံးပြုပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး ၈ ခု

အသားအရေထိန်းသိမ်းတာကို အရွယ်မရွေးလုပ်သင့်ပါတယ်။ အသားအရေကလူတစ်ယောက်ရဲ့ သွင်ပြင်ကိုတော်တော်လေး သက်ရောက်မှုရှိစေနိုင်တဲ့အရာပါ။ လူကြီးတွေက အသားအရေကို ကိုယ်တိုင်စောင့်ရှောက်နိုင်တယ်ဆိုပေမယ့်ဘေဘီလေးတွေကိုတော့မေမေတို့ကစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေအသားအရေထက်တုံ့ပြန်လွယ်တာကြောင့်ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်။ အရမ်းဂရုစိုက်ပေးရလို့အလုပ်ရှုပ်မယ်လို့တော့မထင်ပါနဲ့။ လွယ်လွယ်ကူကူနဲ့ ကလေးအသားအရေကိုထိန်းသိမ်းပေးနိုင်မယ့်နည်းကိုပြောပြပေးပါ့မယ်။ ဒါကတော့ ကလေးငယ်ကို Baby Lotionလူးပေးတာပါပဲ။ Baby Lotionက နူးညံ့ပါးလွှာပြီးထိခိုက်လွယ်တဲ့ကလေးငယ်လေးတွေရဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ပြဿနာတွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးပါလိမ့်မယ်။

ကလေးလေးတွေကို Baby Lotion လူးပေးတာက ဘယ်လိုအကျိုးရှိစေမလဲ

ကလေးငယ်တွေကို Baby Lotionအသုံးပြုပေးတာကနေ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

၁) အသားအရေမခြောက်သွေ့အောင်ကာကွယ်ပေးတယ်

Baby Lotionတွေက ကလေးငယ်တွေရဲ့ အသားအရေကိုခြောက်သွေ့ကြမ်းတမ်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အသားအရေခြောက်သွေ့တာက ကလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေရဲ့အကြောင်းရင်းခံဖြစ်တာကြောင့် အရေပြားမခြောက်သွေ့အောင်ကာကွယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မရတဲ့အကြောင်းအရင်းတစ်ရပ်ပါ။ ကလေးအရေပြားခြောက်သွေ့မှုမဖြစ်အောင်ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ကလေးကို Baby Lotionလေးပုံမှန်လူးပေးပါ။

၂) နေမလောင်အောင်ကာကွယ်ပေးတယ်

ကလေးငယ်လေးတွေဟာ ငယ်စဉ်အရွယ်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုများမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အရေပြားကင်ဆာဖြစ်နိုင်ခြေတော်တော်လေးများလာပါတယ်။ ကလေးငယ်လေးတွေရဲ့ အသစ်စက်စက်အရေပြားကနေရောင်ဒဏ်ကိုကာကွယ်နိုင်စွမ်းတော်တော်လေးနည်းပါတယ်။ ကလေးတွေကိုမွေးကင်းစကနေ ၆လအထိ ခရမ်းလွန်ရောင်ခြည်နဲ့မထိတွေ့မိအောင်သတိထားပေးရပါမယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း ကလေးတွေကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီတွင်းနေရောင်နဲ့ပေးမထိသင့်ပါဘူး။ ကလေးငယ်ဟာ အပြင်ထွက်မှမဟုတ်ဘဲ အိမ်ထဲမှာနေရင်းနဲ့လည်းနေလောင်တာမျိုးဖြစ်နိုင်တာကြောင့် ကလေးကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် ခရင်မ်တစ်မျိုးမျိုးလူးပေးသင့်ပါတယ်။

၃) အသားအရေကို အစိုဓါတ်ထိန်းပေးတယ်

ကလေးငယ်ကို ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်စေချင်တဲ့မေမေတွေအနေနဲ့မေ့မထားသင့်တဲ့အချက်က ကလေးအသားအရေကိုလုံလောက်တဲ့ အစိုဓါတ်ရရှိအောင်လုပ်ပေးဖို့ပါ။ ကလေးကိုရေချိုးပေးပြီးရင်ပဲဖြစ်ဖြစ် အပြင်ခေါ်သွားခါနီးပဲဖြစ်ဖြစ် အသားအရေမှာ အစိုဓါတ်ရရှိစေဖို့ Baby Lotion လူးပေးပါ။ ကလေးငယ်ကို တစ်နေ့နှစ်ကြိမ် Baby Lotion လူးပေးတာက အသားအရေအတွက် လုံလောက်တဲ့အစိုဓါတ်ရရှိစေမှာဖြစ်ပါတယ်။

၄)သေးခံလောင်တာကို သက်သာစေနိုင်တယ်

သေးခံလောင်တာကြောင့် အရေပြားပွန်းပဲ့နေတဲ့နေရာတွေကိုလည်း Baby Lotion ခပ်ပါးပါးလေးလူးပေးလို့ရပါတယ်။သေးခံလောင်တာကြောင့်အရေပြားပွန်းတာနဲ့အဝတ်အစားတင်းကျပ်တာကြောင့် ကလေးအရေပြားမှာ ပွန်းပဲ့တာမျိုးတွေကိုလည်း Baby Lotionလူးပေးရင်သက်သာပါတယ်။

၅) ပိုးကောင်ကိုက်တာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေနိုင်တယ်

လာဗင်ဒါဆီထည့်သွင်းထုတ်လုပ်ထားတဲ့ Baby Lotionက ပိုးမွှားကိုက်တာကြောင့်ဖြစ်တဲ့ အရေပြားနီမြန်းရောင်ရမ်းတာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ခြင်နဲ့အခြားအင်းဆက်တွေကိုက်တာကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းမှုတွေကိုလည်း Baby Lotionလူးပေးရင်သက်သာစေမှာပါ။

၆) အရေပြားအဖတ်လန်တာတွေကို သက်သာစေနိုင်တယ်

ဆောင်းရာသီမှာဖြစ်တဲ့ အရေပြားခြောက်သွေ့တာ၊ အဖတ်လန်တာတွေမဖြစ်စေဖို့ ကလေးငယ်ကို Baby Lotionလူးပေးလို့ရပါတယ်။ Baby Lotionက ကလေးအသားအရေခြောက်သွေ့တာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို အသားအရေကိုလည်း ကြည်လင်စေမှာဖြစ်ပါတယ်။

၇) သွားရည်လောင်တာကိုသက်သာစေနိုင်တယ်

ကလေးလေးတွေက စားရင်းသောက်ရင်း ၊သွားကြိတ်ရင်းနဲ့ သွားရည်တွေကျနေတတ်ပါတယ်။ ကလေးက ငယ်လွန်းတဲ့အခါ သွားရည်တွေကို သုတ်ပစ်ရမယ်ဆိုတာကိုလည်း နားမလည်သေးပါဘူး။ လူကြီးတွေက အချိန်မီမသုတ်ပေးနိုင်တဲ့အခါ ကလေးငယ်တွေမှာ သွားရည်ကြောင့် အရေပြားပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီလိုပြဿနာတွေမဖြစ်စေဖို့က ကလေးငယ်ကို သွားရည်တွေသတိထားပြီးသန့်စင်ပေး ဖို့လိုသလို ကလေးအသားအရေနဲ့လိုက်ဖက်မယ့် Baby Lotionတစ်မျိုးမျိုးကိုလူးပေးလို့ရပါတယ်။

၈) အသားအရေကိုနူးညံ့ချောမွေ့စေနိုင်တယ်

Baby Lotionလူးတဲ့ကလေးငယ်တွေက အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေခံစားရမှုကနေကင်းဝေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Baby Lotionက ကလေးအသားအရေအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကိုဖြည့်ပေးနိုင်တာကြောင့် အသားအရေကို ကျန်းမာစေတဲ့အပြင် နူးညံ့ချောမွေ့မှုကိုပါရရှိစေနိုင်မှာဖြစ်ပါတယ်။

ကလေးငယ်ကိုရေချိုးပြီးချိန်တစ်ကြိမ် အိပ်ယာမဝင်ခင်တစ်ကြိမ်လောက် Baby Lotionလူးပေးမယ်ဆိုရင် အရေပြားဓါတ်မတည့်တာမျိုးတွေ၊အရေပြားခြောက်သွေ့တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးကို တစ်နေ့ နှစ်ကြိမ်ထက်ပိုပြီးတော့လည်း Baby Lotionလူးပေးလို့ရပါတယ်။

အခုလောက်ဆိုရင် Baby Lotionလူးပေးတာက ကလေးအသားအရေအတွက် ဘယ်လိုအကျိုးရှိလဲဆိုတာကို သိလောက်မယ်ထင်ပါတယ်။ ရင်သွေးလေးတွေကို ကျန်းမာလှပတဲ့ အသားအရေပိုင်ဆိုင်စေလို့တဲ့ မိဘတွေအနေနဲ့လည်းဘေဘီလေးတွေကို Baby Lotionလူးပေးပြီး အရေပြားပြဿနာကင်းဝေးတဲ့ ကလေးငယ်လေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/parenting/treat-diaper-rash-16/baby-skin-care

http://beautyworld.us/article/baby-lotion-benefits-skin-care

http://oilhealthbenefits.com/baby-oil/

ယခုပုံစံ

17/05/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေး ရဲ့အသားအရေအတွက် အကောင်းဆုံးအစားအစာများ

ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement