ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။

၁ နှစ်သား ၂ နှစ်သား ကလေးတွေမှာ ဝမ်းပျက် နေတယ်ဆိုရင်တော့ သိသာပါတယ်။ သူတို့က တစ်နေ့ကိုမှ တစ်ခေါက်လောက်ပဲ ဝမ်းသွားကြတာမလား။ ဒါပေမယ့် မွေးကင်းစကလေးတွေ ဝမ်းပျက်ချင်ပြီဆိုရင်တော့ ပြောရခက်ပါတယ်။ သူတို့က တစ်နေ့ကို အကြိမ်ရေ တော်တော်များများ ဝမ်းသွားကြတာမလား။ ဘယ်လိုခံစားနေရလဲဆိုတာ မပြောနိုင်သေးတာက တစ်ကြောင်း၊ ဝမ်းပျက်နေတာလား ပုံမှန်ပဲ သွားတာလား မသေချာကတစ်ကြောင်းနဲ့ မွေးကင်းစကလေးတွေ ဝမ်းလျှောနေတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတတ်ကြသလို ပုံမှန် သွားနေကျဝမ်းကို ဝမ်းလျှောတယ်ဆိုပြီး အစိုးရိမ်လွန်သွားတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ဆိုတော့ ပုံမှန် မွေးကင်းစကလေးတစ်ယောက်က တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ်သွားသလဲ။ မွေးကင်းစ ကလေးတစ်ယောက် ပုံမှန်သွားတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ငယ်ငယ်သေးသေး အရွယ်လေးထဲက ရေကူးသင်ပေးခြင်းရဲ့ ကောင်းကျိုးများ။

You Tube မှာ ဗီဒီယိုဖိုင်တွေ တွေ့ဖူးမှာပါ။ ေမွးကင်းစကလေးသေးသေးလေးတွေ ခေါင်းမှာ ဘောကွင်းလေးတွေစွတ်ပြီးတော့ ရေကူးနေကြတာ။ သူတို့နိုင်ငံက မိဘတွေအတွက် ဒါတွေက လုပ်နေကျဖြစ်ပေမယ့် တို့ မြန်မာနိုင်ငံက မိဘတွေအတွက်ကတော့ ရင်တမမနဲ့ ဖြစ်နေရမယ့် အလုပ်ပါ။ ဒါပေမယ့် ခုလို ကလေးလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ငယ်ငယ်လေးထဲက ရေကူးသင်ပေးရင် ရလာမယ့် အကျိုး ၉ ချက် အကျိုးကျေးဇူးအကြောင်း အရင်မပြောခင် ငယ်ငယ်လေးဆိုတော့ ဘယ်အရွယ်ကို ပြောတာလဲ ဆိုတဲ့အကြောင်း စပြောချင်ပါတယ်။ ကလေးအသက် ၆ လ ကျော်ပြီဆိုတာနဲ့ ရေကူးစသင်လို့ရပါပြီ။ ရေကူးသင်တယ်ဆိုတာ လူကြီးတွေလိုမျိုး လက်တွေခြေတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်တာပြောတာမဟုတ်ပါဘူး။ ကလေးလေးတွေရဲ့ ခေါင်းမှာဘောကွင်းလေးတွေစွတ်ပြီး ကလေးခြေထောက်လေးတွေ ယက်နေတာကို ပြောတာပါ။ ကဲ ေဘဘီလေးတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲနေတဲ့ ကလေးကို ဘယ်လိုအစာကျွေးရမလဲ။

နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲ တဲ့ ပြဿနာဟာ ကလေး ၇၀၀မှာ ၁ယောက်လောက်ဖြစ်နေတဲ့အတွက် ဖြစ်တဲ့သူ လုံးဝ မရှားတဲ့ မွေးရာပါ ချို့ယွင်းချက်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန် မိခင်က ဖောလစ်အက်ဆစ်လုံလုံလောက်လောက် မသောက်မိခဲ့လို့၊ မိဘ ၂ ဦးစလုံး ( ဒါမှမဟုတ်) မိဘ တစ်ဦးဦးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ရှိနေလို့ စသဖြင့် အကြောင်းအရင်းတွေ အမျိုးမျိုး ရှိပါတယ်။ ဒီအထဲကမှ ကံမကောင်းခဲ့လို့ မွေးလာတဲ့ ကိုယ့်ကလေးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ဖြစ်သွားခဲ့ပြီဆိုပါစို့။ ကလေးကို ဘယ်လို နို့တိုက်ရမလဲဆိုတဲ့ ပြဿနာ မေမေတိုင် းရင်ဆိုင်ရမယ့် ပြဿနာပါ။ ဘယ်လို နို့တိုက်ရမယ်ဆိုတဲ့အကြောင်း မပြောခင် နှုတ်ခမ်းကွဲ အာခေါင်ကွဲခြင်းကြောင့် ကလေးမှာ နောက်ဆက်တွဲ ထိခိုက်နိုင်တဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲနေတဲ့ ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။ မဖြစ်နိုင်ပါဘူးလို့ ထင်နေတယ်ဟုတ်။ ဒါဆိုရင် ဆောင်းပါးလေးထဲမှာ သေသေချာချာ သိရှိနိုင်ဖိုပ ဖတ်ကြည့်လိုက်နော်။ မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။ အူကျတယ် ဆိုတဲ့ ပြဿနာကို လူတိုင်းကြားဖူးကြမှာပါ။ အသက်ကြီးတဲ့သူတွေနဲ့ အမျိုးသားတွေမှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုလေ။ ဒီလို အူကျတဲ့ ပြဿနာက မွေးကင်းစအရွယ် ငယ်ငယ် သမီးမိန်းကလေးတွေမှာရော ဖြစ်နိုင်တယ်ဆိုရင် အံ့သြသွားမလား။ တကယ်တော့ အရွယ်ရောက်တဲ့သူတွေထက်စာရင် မွေးကင်းစ ကလေးငယ်ငယ်လေးတွေက ပိုပြီး အူကျတာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီတော့ ဒီအူကျတဲ့ပြဿနာဟာ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ အူကျတယ် ဆိုတာ အူကျတယ် ဆိုတာ ကိုယ်တွင်းက အားအနည်းဆုံး ကြွက်သားနေရာမှာကို တိုးပြီး အပေါ်ပိုင်းက ကလီစာတွေ အောက်ဘက်ကို ဆင်းလာတာလို့ အလွယ်ဆုံးမှတ်လို့ရပါတယ်။ ကလေးတွေမှာ အူကျတာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ

ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ ...... ကလေးအရွယ် ငိုတယ်ဆိုတာတော့ သဘာဝပဲ ဆိုပေမယ့် မရပ်မနား ငိုနေမယ်ဆိုရင်တော့ ကလေးလည်း ပင်ပန်းပြီး မောဟိုက်သွားသလို လူကြီးတွေလည်း နားပူရတာပေါ့။ ကလေးတွေဆိုတာ အကြောင်းရင်း တစ်ခုခု ရှိလို့ ဥပမာ - နို့ဆာတာ၊ မေမေ့ကို လွမ်းတာ၊ အီအီးပါထားလို့ သေးခံအဝတ်လဲဖို့ လိုအပ်တဲ့ အခါမျိုးဆို ငိုနိုင်သလို တစ်ခါတလေ ကျတော့လည်း ဂျီကျချင်လို့ ငိုတတ်တာတွေ ရှိတာပေါ့။ ဒါကြောင့် ဘေဘီလေးတွေ ဘာကြောင့်ငိုတာလဲဆိုတာ အရင် လေ့လာပြီးတော့ နို့တိုက်တာ၊ စကားပြောပေးတာ၊ ရင်ဘတ်၊ ကျောလေးကို ပုတ်ပေးတာ၊ သေးခံဝတ် လဲပေးတာ လုပ်ပေးလို့ ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ဂျီကျပြီး ငိုတာဆိုရင်တော့ စိတ်မညစ်ဘဲ ခုပြောပြမယ့်နည်းလမ်းတွေကို လုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် Diaper ဝယ်တဲ့အခါ သတိထားသင့်တဲ့အချက်အချို့

ဘေဘီလေးကနေ အရွယ်ရောက်လာအောင် မွေးမြူရတာက သိပ်တော့ လွယ်လှတယ် မဟုတ်ပါဘူး။ ကိုယ့်ဘဝထဲကို ဘေဘီလေး တစ်ယောက် ရောက်ရှိလာချိန်မှာ မိဘဆိုတဲ့ စိတ်အတိုင်း အကောင်းဆုံးတွေကိုပဲ ပေးချင်တဲ့ စိတ်ကူးရှိနေမှာပါ။ ဒီလိုအကောင်းဆုံးတွေကိုပဲ ပေးတဲ့ထဲမှာ အစာအာဟာရတင်မဟုတ်ဘဲ အသုံးအဆောင်တွေပါ ပါနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ကိုယ်တိုင်ဂရုမစိုက်နိုင်သေးတဲ့ ဘေဘီလေးအတွက် Diaper(သေးခံ) ကိုရွေးချယ်တဲ့အခါ သတိထားသင့်တဲ့ အချက်အချို့အကြောင်း ပြောပြပေးချင်ပါတယ်။ ဘေဘီလေးအတွက် Diaper ရွေးတဲ့အခါ ဘေဘီလေးအတွက် Diaperရွေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါမယ်။ အရည်အသွေး ဘေဘီလေးက အရမ်းနုနယ်သေးတာကြောင့် အရည်အသွေး ကောင်းတဲ့ အရာမျိုးကိုသာ အဓိက ထားသင့်ပါတယ်။ အကြောင်းကတော့ အရည်အသွေး မပြည့်ဝတဲ့ ပစ္စည်းတွေကြောင့် ဘေဘီလေးကို ထိခိုက်တာမျိုး မဖြစ်စေဖို့ပါ။ အရွယ်အစား ဘေဘီလေးအတွက် Diaperမှာ Size အမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးအတွက် Diaper […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ရင်သွေးလေးကို သင်ပေးသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထများ

စမတ်ကျလှပတဲ့ လူငယ်လေး၊ လှပကြော့ရှင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမပျိုလေးအဖြစ် ကိုယ့်ရဲ့ ရင်သွေးလေးကို ကြီးပြင်းလာစေချင်တဲ့မေမေဖေဖေတွေများရှိလား။ ဒါဆိုရင်တော့ စမတ်ကျလှပတဲ့အရွယ်ရောက်သူလေးဖြစ်လာစေဖို့ ကိုယ့်ရဲ့ရင်သွေးလေးကို ငယ်ငယ်ကတည်းက ဘာတွေသင်ကြားပျိုးထောင်ပေးဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ငယ်စဉ်ကတည်းက ပျိုးထောင်ပေးသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ ကိုယ့်ရဲ့ ရင်သွေးလေးကို ငယ်စဉ်ကနေစပြီး ဒီအလေ့အကျင့်လေးကို ပျိုးထောင်ပေးပါ။ ဒါမှ ကျန်းမာပြီး စမတ်ကျတဲ့လူငယ်လေး၊ လှပကြော့ရှင်းတဲ့လေဒီလေးအဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။ လက်ဆေးတတ်အောင်သင်ပေးပါ လက်ကနေတဆင့်ရောဂါပိုးတွေကအများကြီးကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးရှိနေအောင် ပျိုးထောင်ပေးထားသင့်ပါတယ်။ ကလေးကို ညစ်ပေတာတွေကိုင်တွယ်ပြီးတိုင်း၊ အစားမစားခင်၊ အစားအသောက်တွေမပြင်ဆင်ခင်၊ အသားစိမ်း၊ငါးစိမ်းတွေကို ကိုယ်တွယ်မိချိန်၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေဖြစ်ကြတဲ့သွေး၊ဆီး၊ တံထွေးနဲ့အခြားသောအရာတွေကို ထိတွေ့ပြီးတိုင်း၊ တိရစ္ဆာန်လေးတွေကိုထိတွေ့ပြီးတိုင်း၊ နှာချေပြီးတိုင်း၊ နှပ်ညှစ်ပြီးတိုင်း၊ချောင်းဆိုးပြီးတိုင်း၊ အိမ်သာကဆင်းတိုင်း၊အစားစားပြီးတိုင်းမှာ လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးကိုမွေးမြူပေးပါ။ ဒါကရောဂါပိုးမွှားတွေကို ကာကွယ်ရာရောက်လို့ ကလေးကို ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ရေပုံမှန်ချိုးတတ်တဲ့အလေ့အကျင့်မွေးမြူပေးပါ ရေပုံမှန်ချိုးတတ်တာကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ

ကလေးက တစ်ချိန်လုံး အိပ်ပဲအိပ်နေတယ်။ တစ်ခုခုများ ဖြစ်နေတာလားဆိုပြီး စိုးရိမ်နေတဲ့ မေမေဖေဖေတွေများ ရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဘေဘီလေး အရမ်းအိပ်တာက ပုံမှန်တော့ ဖွံ့ဖြိုးဖို့အားယူတာပါ။ ဒါကြောင့် ဘေဘီလေး အိပ်စက်ရတဲ့ အကြောင်းအရင်းလေးတွေကို ဆက်ကြည့်လိုက်ရအောင်လား။ ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ။ ဘေဘီလေးတွေ အရမ်းအိပ်တာ စိုးရိမ်ရလား........ မွေးကင်းစ ဘေဘီလေး တစ်ယောက်က အချိန်တိုင်းလိုလို အိပ်နေတာက သူတို့လေးတွေ သူတို့ တာဝန် သူတို့ ထမ်းဆောင်နေတာပါ။ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လို့ မစိုးရိမ်ပါနဲ့နော်။ မွေးစ ကလေးလေးတစ်ယောက်က တစ်နေ့ကို ၁၁ နာရီ ကနေ ၁၇ နာရီလောက်အထိ အိပ်စက်လေ့ ရှိကြပါတယ်။ တစ်နေ့တာရဲ့ ၃ ပုံ နှစ်ပုံလောက်ကို အိပ်ကြတာပါ။ ဒီလို အိပ်စက်ရတာကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ပိစိလေး ကြီးထွားလာစေဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးက နေ့ဘက်လည်း သိပ်မအိပ်၊ ညလည်းနောက်ကျမှအိပ်တာ ဘယ်လိုဖြေရှင်းရမလဲ

ကလေးက နေ့ဘက်လည်း သိပ်မအိပ်၊ ညလည်းနောက်ကျမှအိပ်တာ ဘယ်လိုဖြေရှင်းရမလဲ ....... ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုရတာ လွယ်တဲ့အလုပ် မဟုတ်မှန်း အသစ်စက်စက် မေမေတို့ အသိဆုံးပါ။ အတွေ့အကြုံ မရှိသေးတဲ့အချိန် နုနုနယ်နယ်ဘေဘီလေးရဲ့ဝေယျာဝစ္စတွေကို လုပ်ပေးရတဲ့အခါ တစ်စုံတစ်ခု မှားယွင်းသွားမှာ သိပ်စိုးရိမ်ကြပါတယ်။ တကယ်လည်းမေမေတို့ရဲ့ပြုစုဂရုစိုက်မှုက ကလေးရဲ့ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုတွေအားလုံးအတွက် အဓိက အခြေခံဖြစ်နေတာမို့ သိပ်အရေးကြီးပါတယ်။ ဒါ့ကြောင့် ကလေးပြုစုစောင့်ရှောက်ရေးအတွက် ဖေဖေမေမေတို့ ကြိုတင်လေ့လာတန်လေ့လာ၊မေးမြန်းစရာရှိမေးရပါမယ်။ ဒါမှ အယူအဆမှားတွေကြားမှာ ကလေးကို မပင်ပန်းစေမှာဖြစ်ပါတယ်။ကလေးလေးလေးတစ်ယောက်ရှိနေတဲ့ မိသားစုမှာ အဖြစ်များဆုံးပြဿနာက အိပ်စက်မှုပုံစံပါပဲ။ ညဘက်ဆို ကလေးက မအိပ်လို့ ညတိုင်းအိပ်ရေးပျက်ရတယ်၊နေ့ဘက်လည်းကလေးကိုပြုစုနေတာနဲ့ မနားရဘူး။ ဒီလိုနဲ့မေမေတို့မှာ ဆံမဖြီးနိုင်၊ မှန်မကြည့်နိုင်နဲ့ လုံးပမ်းနေရတော့တာပါပဲ။ ကလေးတွေမှာ တချို့က နေ့နဲ့ည အိပ်ချိန်လွဲတတ်တယ်၊နေ့ဘက်မှာ စွတ်အိပ်ပြီး ညကျ ဂျီကျတတ်တယ်၊ တချို့ကျတော့နေ့ဘက်လည်း မအိပ်၊ ညဘက်လည်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ။

ဘေဘီလေးရဲ့ ပါးစပ်မှာ အမြှုပ်လေးတွေ စီနေတာကို မြင်လိုက်တဲ့ မိဘတိုင်း စိုးရိမ်သွားတတ်သူချည်းပါ။ ဒါပေမယ့် ဒီလို အမြှုပ်လေးတွေစီနေတာ ပုံမှန်ဖြစ်တတ်တာလည်း ဖြစ်နိုင်သလို အခြားစိုးရိမ်ရတဲ့ ပြဿနာတွေ ကလေးမှာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကလေးက အေးအေးချမ်းချမ်နဲ့ အိပ်နေတယ်၊ ဖျားတာ အသက်ရှူရခက် နေတာမျိုးလည်း မရှိဘူးဆိုရင် ကလေးပါးစပ်က အမြှုပ်တွေက စိတ်ပူစရာမရှိဘူးဆိုပေမယ့် ခုပြောပြမယ့် အခြေအနေတွေ ကလေးမှာ ရှိနေပြီဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုပါပြီ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ။ ပါးစပ်မှာ အမြှုပ်တွေ တစ်ချိန်လုံးထွက်နေတာအပြင် ကလေးက အသက်ရှူလမ်းကြောင်းပိတ်နေသလို အသက်ရှူရခက်နေတာမျိုး၊ နို့သီးသွားတာမျိုး၊ ဖျားနေတာမျိုးတွေ ရှိပြီး မလန်းဘဲ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း