ဘေဘီလေးရဲ့ ပါးစပ်မှာ အမြှုပ်လေးတွေ စီနေတာကို မြင်လိုက်တဲ့ မိဘတိုင်း စိုးရိမ်သွားတတ်သူချည်းပါ။ ဒါပေမယ့် ဒီလို အမြှုပ်လေးတွေစီနေတာ ပုံမှန်ဖြစ်တတ်တာလည်း ဖြစ်နိုင်သလို အခြားစိုးရိမ်ရတဲ့ ပြဿနာတွေ ကလေးမှာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။
ကလေးက အေးအေးချမ်းချမ်နဲ့ အိပ်နေတယ်၊ ဖျားတာ အသက်ရှူရခက် နေတာမျိုးလည်း မရှိဘူးဆိုရင် ကလေးပါးစပ်က အမြှုပ်တွေက စိတ်ပူစရာမရှိဘူးဆိုပေမယ့် ခုပြောပြမယ့် အခြေအနေတွေ ကလေးမှာ ရှိနေပြီဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုပါပြီ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။
ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ။
ပါးစပ်မှာ အမြှုပ်ထွက်တတ်တဲ့ ကလေးကို ဘယ်လိုပြုစုကြမလဲ ။ ။
အပေါ်မှာ စိုးရိမ်စရာလိုတဲ့အခြေအနေတွေကိုပဲ တန်းစီပြောခဲ့တာကြောင့် ကလေးပါးစပ်က အမြှုပ်ထွက်တာ စိုးရိမ်စရာလို့ထင်နေကြပါဦးမယ်။ အပေါ်မှာ ပြောထားတဲ့အခြေအနေတွေလိုမျိုး အသက်ရှူရခက်တာ၊ ဖျားတာ အန်တာ တွေ ဘာမှ မရှိဘူး ကလေးကလည်း လန်းနေတယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ငယ်သေးတဲ့ကလေးတွေမှာဒီလိုမျိုး ပါးစပ်ကနေ အမြှုပ်လေးတွေ စီနေတာမျိုးဖြစ်တတ်ပါတယ်။ အရပ်ထဲမှာဆို ဗူးမှုတ်တယ်လို့တောင် ခေါ်ကြတယ်လေ။ ဒီတော့ ဒီကလေးတွေကို မေမေတို့ဘက်က ကူညီပေးနိုင်တာတွေကတော့
- နို့ကို တစ်ခါတည်း အများကြီးမတိုက်ပါနဲ့။ တစ်ခါတိုက်ရင် တစ်ဘက် ၁၀ မိနစ်လောက်တိုက်ပြီး နားပါ။ ကလေးက မဝသေးဘူးဆိုရင် နောက် ၁၅ မိနစ်ကြာမှပြန်တိုက်ပါ။
- နို့ဘူးတိုက်နေတယ်ဆိုရင် နို့သီးခေါင်းပေါက်မကျယ်တဲ့ နို့ဘူးမျိုးကို ရွေးချယ်ပါ။ နို့ဘူးကို သေချာသန့်ရှင်းရေးလုပ်ပါ။
- ကလေနဲ့ မတည့်ဘူးလို့ထင်တဲ့ အစားအစာတွေကို စာရင်းပြုစုထားပြီး မကျွေးမိအောင် ဂရုစိုက်ပါ။
- လေအောင့်လေထိုးဖြစ်တတ်တဲ့ ကလေးတွေဆိုရင်လည်း ကလေးကို နို့တိုက်ပြီးတိုင်း ကျောလေးကို ပွတ်ပွတ်ပြီး လေထုတ်ပေးပါ။