အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

လက်ပြင်ကြောနာတာက အဖြစ်များတဲ့ အရိုးအကြောနာကျင်မှု တစ်ခုပါပဲ။ ဒီလိုနာကျင်တာက နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ပြင်ကြောနာတာကို သက်သာစေဖို့  အထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကဲ .... လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ပြင်ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ လက်ပြင်ဆိုတာက ပခုံးအောက်ဖက်နားက တြိဂံပုံစံ အရိုးပြားပါ။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခု ရှိပါတယ်။ လက်တွေကို လှုပ်ရှားမှု ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းကို ကြွက်သား အုပ်စု ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အချက်တွေက လက်ပြင်ကြောနာစေတာလဲဆိုတာနဲ့ လက်ပြင်ကြောနာတာ သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/ways-to-ease-neck-pain/ ဘယ်လိုအချက်တွေက လက်ပြင်ကြော နာတာကို […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာတဲ့ ဝေဒနာကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းတွေ

ခါးနာတဲ့ ပြဿနာကို လူတော်တော်များများ ခံစားဖူးကြမယ် ထင်ပါတယ်။ အလုပ်မှာ ပစ္စည်းအလေးကြီးတွေ မ လိုက်တဲ့အခါ၊ အားကစားလုပ်နေရင်း ထိခိုက်မိတာ၊ ထိုင်တဲ့ ခါးအနေအထား ပုံစံမမှန်တာ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ခါးနာနိုင်ပါတယ်။ ရိုးရိုးခါးနာတာပဲ ဆိုပြီး ပေါ့ဆလို့တော့မဖြစ်ပါဘူး။ ခါးနာတာကို သေချာမကုသပဲ ပစ်ထားလိုက်မယ်ဆိုရင် နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာကိုပါ ထိခိုက်စေနိုင်တဲ့အပြင် နာတာရှည် အဆစ်ရောင်ရောဂါ စွဲကပ်သွားသည်အထိ ဖြစ်လာနိုင်ပါတယ်။ အခုပြောပြပေးမယ့် နည်းလမ်းတွေဟာ ခါးနာဝေဒနာကို သက်သာစေဖို့အတွက် ဖြစ်ပြီး အချိန်ကြာသည်အထိ လုံးဝမသက်သာလာဘူးဆိုရင်တော့ အရိုးဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။ ခါးနာဝေဒနာ သက်သာစေမယ့် နည်းလမ်းများ ၁။ ရေခဲအိတ်နဲ့ ရေနွေးအိတ် ကပ်ပေးပါ။ ခါးနာဝေဒနာကို အမြန်ဆုံး သက်သာစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းဖြစ်ပါတယ်။ ခါးနာကာစမှာ ရေနွေးအိတ်အစား ရေခဲအိတ်ကိုသာ အသုံးပြုသင့်ပါတယ်။ ရေခဲအိတ်မရှိဘူးဆိုရင်လည်း အဝတ်ထဲမှာ ရေခဲအနည်းငယ်ထည့်ပြီး ကပ်ပေးလို့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လှုပ်မယ်ကြံတိုင်း အဆစ်အမြစ်တွေ တောင့်တင်းနာကျင်နေတာ ဘာကြောင့်လဲ

ငြိမ်နေတော့အကောင်းသား လှုပ်ရှားလိုက်မှ အီးအဲအသံမျိုးစုံထွက်ရတာ၊ တကျွတ်ကျွတ်နဲ့ အကြောအခြင်တောင့်တင်းနာကျင်နေရတာတွေ ကြုံဖူးကြမှာပါ။ ချက်ချင်းပေါ့ပေါ့ပါးပါးမလှုပ်ရှားနိုင်တာ အသက်ကြီးသူတွေမှမဟုတ်ပါဘူး၊ လူငယ်တွေပါဖြစ်လာတာတွေ့ရပါတယ်။ အလုပ်မှာအထိုင်များတဲ့သူတွေရှေ့ဆုံးကပေါ့။ ခါးတွေတောင့်မယ်၊ ဇက်ကြောတွေတောင့်မယ်၊ လမ်းထလျှောက်ရင်ပေါင်တွေတောင့်လို့ဖြည်းဖြည်းချင်းလှုပ်ရှားရတာမျိုး။ ရုတ်တရက်လှုပ်ရှားလိုက်တဲ့အခါ အဆစ်အမြစ်တွေ တောင့်တင်းနာကျင်နေရတဲ့ အကြောင်းရင်းတချို့ကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။ အသက်ကြီးလာလို့ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရိုးထိပ်မှာအကာအကွယ်ပေးထားတဲ့အရိုးနုလွှာက စတင် ခြောက်သွေ့ပြီးတောင့်တင်းလာပါတယ်။ အရိုးအဆစ်တွေကိုချောမွေ့စွာလှုပ်ရှားနိုင်ဖို့ခန္ဓါကိုယ်က ထုတ်ပေးနေကျsynovial fluidတွေလျော့နည်းလာလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားတဲ့အခါ အဆင်မပြေတော့ဘဲ ဂျိုးဂျိုးဂျွတ်ဂျွတ်တွေ အသံမြည်လာတာပေါ့။ မနက်အိပ်ရာထချိန်မို့လို့ နာရီအတော်ကြာအိပ်ပျော်နေတဲ့အခါ အရိုးအဆစ်တွေလှုပ်ရှားမှုလွယ်ကူစေဖို့ထုတ်ပေးတဲ့synovial fluidအရည်ဓါတ်က လုပ်ဆောင်ချက်သိပ်မရှိပါဘူး။ ဒါ့ကြောင့် အိပ်ရာထကာစမှာ ဒူးတွေ၊ လက်တွေ လှုပ်ရှားရတောင့်တင်းနေတာပေါ့။ အိပ်ရာထမှာ အညောင်းဆန့်တာ၊ အကြောလျှော့တာတွေလုပ်ကြတာ ဒါကြောင့်ပါ။ အရိုးအဆစ်နာရောဂါဖြစ်လို့ အရိုးတွေကြားကအဆစ်မှာ ဖုံးအုပ်ထားတဲ့အရိုးနုလွှာ ပါးလာတဲ့အခါ ဒါမှမဟုတ် ထိခိုက်ထားတဲ့အခါ အရိုးတွေကြားမှာပွတ်တိုက်မိပြီး နည်းနည်းချင်း ပွန်းစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးလွန်ကဲလို့ အရိုးအဆစ်နာအတွက် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးလို့ အလွယ်တကူသောက်လို့ရတဲ့ဆေးတွေကိုအားကိုးကြပါတယ်။ ဒါမှမရရင် ဆရာဝန်တွေက ထိုးဆေးပေးနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသုံးစွဲရတဲ့အခါ ကြွက်သားတွေကိုအားနည်းစေနိုင်ပါတယ်။ လေးဘက်နာအဆစ်ရောင်ေကြာင့် လက်ကောက်ဝတ်နဲ့လက်ချောင်းအဆစ်တွေမှာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့

ဇက်ကြောတက်တယ်ဆိုတာ အရင်က အထိုင်များတဲ့ အလုပ်လုပ်သူတွေ၊ ကွန်ပျူတာ အသုံးများသူတွေမှာသာ ကြားရလေ့ ရှိပေမယ့် အခုနောက်ပိုင်းတော့ မိုဘိုင်းဖုန်းတွေ ပေါလာတာနဲ့အမျှ မဖြစ်ဖူးသူ မရှိသလောက် ဖြစ်လာပါပြီ။ တိုးတက်ခေတ်မီလာမှုရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ပေါ့လေ။ ဖုန်း သို့မဟုတ် လပ်တော့ကွန်ပျူတာလေးနဲ့ ဖေ့စ်ဘုတ် သုံးနေမယ်၊ ဂိမ်းဆော့နေမယ်၊ ရုပ်ရှင်ကြည့်နေမယ် ဆိုရင် ကိုယ်နေဟန်ထား ပုံစံ မမှန်တာနဲ့ ဇက်ကြောတက်တာ၊ အကြောအခြင်တွေ တောင့်တင်းတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒီတစ်ခေါက်တော့ ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့ ကို ပြောပြပေးလိုက်ပါတယ်။ ဇက်ကြောတက်ရတဲ့ အကြောင်းရင်းတွေထဲမှာ - လည်ပင်းထိခိုက်ဒဏ် ဖြစ်ထားတာ ကွန်ပျူတာကြည့်ရင် အနေအထား မမှန်တာ၊ ကိုင်းပြီး ထိုင်တာ အရွတ်ကြောနာ ဖြစ်နေတာ စိတ်ဖိစီးမှု( ဇက်ကြောတင်းနေစေတယ်) အာရုံကြောညပ်ခြင်း အရိုးနုပျက်စီးခြင်း သက်တောင့်သက်သာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒေါက်ဖိနပ်လေးတစ်ရံရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု။

ဖက်ရှင်ကျသူ တစ်ယောက်လို့ဆိုလိုက်ရင် ခေါင်းအစ ခြေအဆုံးအကုန် ဖက်ရှင်ကျနေသူ ဖြစ်ရပါမယ်။ ခေါင်းအစ ခြေအဆုံးဆိုတော့ ဒေါက်ဖိနပ်မြင့်မြင့်လေးတွေကလည်း ဖက်ရှင်ကျသူတွေအတွက် မပါမဖြစ်ပေါ့။ လှပတဲ့ ဒေါက်ဖိနပ် လေးတစ်ရံကို ဝတ်ထားပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိသွားတဲ့ အပြင် ဆွဲဆောင်မှု လည်းပိုရှိသွားတယ်လို့ ထင်တတ်ကြတာ မိန်းကလေးတိုင်းပဲ။ ဒေါက်ဖိနပ် လှလှလေးတစ်ရံကအရပ်ရှည်တဲ့သူတွေကို ပိုစတိုင်ကျ လှပစေရုံသာမက ပုနေတဲ့ မိန်းကလေးတွေအတွက်ဆို မရှိမဖြစ် အကူပစ္စည်းလေးတစ်ခုပေါ့။ ပွဲတွေတက်ပြီဆိုရင်လည်း ဒေါက်ဖိနပ်လေးနဲ့မှ ပွဲမတက်ရရင် ပွဲကိုမစည်တော့ဘူး။ မိန်းကလေးတွေရဲ့ အသည်းစွဲ ဒေါက်လှလှလေး တစ်ရံကနေ ကောင်းတဲ့ဘက်ကတွေးရင်တော့လှပမှုကို ယူဆောင်ပေးတယ်ပေါ့။ မကောင်းတဲ့ ဘက်ကတွေးရင်ရော ကိုယ်ခန္ဓါ အတွက် ဘယ်လိုဆိုးကျိုးတွေရှိ လဲ ကြည့်ရအောင်။ ပင်မကျောရိုးကို ထိခိုက်ပြီး ခါးနာစေတယ်။ ဒေါက်ဖိနပ်ြမင့်မြင့်လေးတစ်ရံဝတ်ပြီး လမ်လျှောက်တဲ့ အခါ ခြေလှမ်းမှန်ပြီးချော်မလဲအောင် ခြေထောက်လေးတွေကထိန်းထားရတဲ့ အပြင် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား

ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား ။ မိုးရွာတာနဲ့ ဘာလို့များ အဆစ်အမြစ်တွေ ပိုကိုက်လာရတာလဲ။ ရာသီဥတုအေးတာနဲ့ ဘာလို့များ တဆစ်ဆစ်နာကျင်လာရတာလဲ။ ကိုယ်တိုင်မဟုတ်ပေမယ့်လည်း ကိုယ့်အဖိုးအဖွားတွေ၊ အဖေအမေတွေ ရာသီဥတုကြောင့် အဆစ်အမြစ်တွေကိုက်ခဲရတာကို ပြောနေတဲ့အချိန်တိုင်း ဘာမှလည်းမဆိုင်လောက်ပါဘူး တွေးနေမိလား။ ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား ဒါဟာ တကယ်မှဟုတ်ရဲ့လား။ အရင်တုန်းကတော့ ဒီအကြောင်းအရာတွေဟာ ဘယ်လိုမှ ဆက်စပ်မှုမရှိဘူးလို့ ထင်ခဲ့ကြတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့်သာ ဒီလိုမျိုးတွေ ဖြစ်နေတာလို့ သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် စနစ်တကျသုတေသနပြုပြီးတဲ့နောက်မှာတော့ ဒီအယူအဆတွေက မှန်သင့်သလောက် မှန်ကန်တယ်ဆိုတဲ့အကြောင်းသိလာရတယ်။ မိုးမရွာခင်မှာကို အဆစ်အမြစ်တွေစနာလာတာဖြစ်နိုင်ပါတယ်။ တချို့အဖိုးအဖွားတွေမိုးမရွာခင်ကတည်းက မိုးရွာတော့မယ်ဆိုတာကို ကြိုသိနေတာမျိုးတောင်ဖြစ်ကြပါသေးတယ်။ ဘာကြောင့်ဆိုတဲ့အကြောင်း အတိအကျကြီး သက်သေမပြနိုင်သေးပေမယ့် ဒီလိုကြိုသိမှုတွေက အမှားတွေတော့မဟုတ်ပါဘူး။ လေထုဖိအားပြောင်းလဲမှုက တရားခံ။ ဖြစ်နိုင်ခြေအရှိဆုံးသီအိုရီတစ်ခုကတော့ လေထုဖိအား ပြောင်းလဲခြင်းပါ။ အဆစ်အမြစ်တွေကို အသားတစ်ရှူးတွေက ဝန်းရံထားတယ်။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ

ဒူးနာတယ်ဆိုတာတော်တော်များများဖြစ်တတ်ကြတဲ့ပြဿနာတစ်ခုပါ။ အသက်ကြီးသူတွေမှ ဒူးနာတာမဟုတ်ပါဘူး၊ ငယ်တဲ့သူတွေလည်း အကြောင်းရင်းအမျိုးမျိုးကြောင့် ဒူးနာဝေဒနာခံစားရတတ်ပါတယ်။ ဒူးကိုအားစိုက်အသုံးပြုမှုများလွန်းခြင်း(ဥပမာ -လှေကားအတက်အဆင်းများလွန်းတာ)ထိခိုက်မှုတစ်ခုခုကြောင့်၊ အရိုးပွခြင်း ကြောင့်၊ အဆစ်နာ၊ဂေါက်ရောဂါ စတာတွေကြောင့်ပါဝင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒူးနာလာပြီဆိုရင်သက်သာအောင်အကိုက်အခဲပျောက်ဆေးသောက်လိုက်ရင်ပြီးပြီပဲထင်ကြတယ်။ ခဏသက်သာလိုက်၊ပြန်နာလိုက်၊ဆေးပြန်သောက်လိုက်နဲ့ သံသရာလည်နေပြီးနောက်ဆုံးအစာအိမ်ထိတဲ့အထိဖြစ်လာနိုင်ပါတယ်။ဆေးကြောင့်သက်သာနေချိန်မှာပဲဖြစ်ဖြစ်၊ နာကျင်နေချိန်မှာပဲဖြစ်ဖြစ် သတိထားပြီး ဆင်ဆင်ခြင်ခြင်နေနိုင်ရင်ပျောက်ကင်းဖို့ ပိုမြန်ဆန်စေပါလိမ့်မယ်။ ဒါ့ကြောင့် ဒူးနာတဲ့အခါ သိထားသင့်တဲ့ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေကို အကြံပြုပေးလိုက်ပါတယ်။ ၁) နာတယ်ဆိုပြီး အရမ်းငြိမ်မနေပါနဲ့ နာနေတဲ့ဒူး/ခြေထောက်ကို ညှာပြီး အနားပေးလွန်းရင်လည်း အဆစ်နာပိုဆိုးစေနိုင်တာ သင်သိရဲ့လား။ အရမ်းလှုပ်ရှားပေးဖို့မလိုပေမယ့် ပုံမှန်လှုပ်ရှားမှုတော့ရှိသင့်ပါတယ်။ ဒူးနာအတွက် သက်သာစေမယ့်ခပ်ဖြည်းဖြည်း လေ့ကျင့်ခန်း တွေရှိတာကြောင့် ဒူးကိုအရမ်းအားမပြုရဘူး၊ ဝန်မပိစေဘူးဆိုရင် လှုပ်ရှားလို့ရပါတယ်။ ၂) ဒူးစွပ် စွပ်ပါ ဒူးက တော်တော်လေးနာတာဆိုရင် ဒူးစွပ် စွပ်ထားသင့်ပါတယ်။ ဒါမှ ဒူးဆစ်ရဲ့လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းကိုအထောက်အကူဖြစ်စေမှာပါ။ အနည်းအကျဉ်းနာတာဆိုရင် ဒူးစွပ်ကြောင့် ဒူးနားတဝိုက်ကြွက်သားတွေကိုအားနည်းစေပြီး ရေရှည်မှာ နာကျင်မှုပိုဆိုးစေနိုင်လို့ အမြဲစွပ်ထားဖို့မလိုပါဘူး။ ၃)ရေနွေးအိတ်ကပ်ပါ နာကျင်ကိုက်ခဲမှုနဲ့ရောင်ရမ်းမှုတွေကို ခဏတာသက်သာစေဖို့ အထောက်အကူပြုပါတယ်။ လျှပ်စစ်နဲ့ပလပ်ထိုးအပူပေးရတဲ့ရေနွေးအိတ်တွေထက်ရေနွေးပူပူထည့်ပြီးသုံးရတဲ့ရေနွေးအိတ်တွေက ဒူးဆစ်ကို အပူဓါတ်ပေးနိုင်ဖို့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်နာတာကို ဘယ်လိုကာကွယ်မလဲ

ခြေထောက်နာခြင်း ဆိုတာ သင့်ခြေချောင်းတွေရဲ့ အရိုးဖွဲ့စည်းပုံနဲ့ ဆက်စပ်နေပါတယ်။ ဒါကသင့်ကို နာကျင်စေရုံသာမက ထုံကျင်မှုကိုလည်း ဖြစ်စေတတ်ပါတယ်။ Bunion (ခြေထောက်နာကျင်မှု) ဆိုတာဘာလဲ။ Bunion ဆိုတာ သူ့ခြေမရဲ့ အရင်းပိုင်းမှာ ဖြစ်တဲ့ အရိုးနာကျင်မှုတစ်ခုပါ။ ပထမဆုံး ခြေဖဝါးရိုးနဲ့ ဆက်နေတဲ့နေရာပါ။ bunion ဖြစ်တဲ့အခါ သင့်ဒုတိယခြေချောင်းကို ခြေမက အလွန်အမင်း ထိုးနေပါလိမ့်မယ်။ bunion ဆိုတာ တစ်သျှူးအနုရော အရိုးပါ ၂မျိုးလုံး ပုံပျက်ခြင်း အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ Bunion ဖြစ်ရင် နာကျင်မှုကို အတော် ခံစားရနိုင်ပါတယ်။ သေးလွန်းတာပဲဖြစ်ဖြစ် ကြီးလွန်းတာပဲဖြစ်ဖြစ် သင်နဲ့ ကောင်းကောင်းမတော်တဲ့ ဖိနပ်တွေကို စီးတာက bunion ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ ရလဒ်အနေနဲ့ကတော့ pressure-response effect ကို ခံစားရတာပါပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များတယ်လို့ ယူဆရပါတယ်။ Bunion […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လည်ပင်းနာသက်သာစေဖို့ ကိုင်နီဆီယိုတိပ်ကို ဘယ်လိုအသုံးချမလဲ

လည်ပင်းနာခြင်းဟာ အတွေ့ရများတဲ့ ပြာသနာဖြစ်ပါတယ်။ ခွဲစိတ်စရာမလိုတဲ့ ကုသမှုတွေဖြစ်တဲ့ လေ့ကျင့်ခန်း၊ အပ်စိုက်ကုခြင်း၊ အပူ အအေးကပ်ခြင်းစတဲ့ နည်းလမ်းတွေကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ လက်ရှိမှာတော့ ကိုင်နီဆီယိုတိပ်ကို ထိရောက်တဲ့နည်းလမ်း အသစ်တခုအနေနဲ့ အသုံးပြုလာကြပါတယ်။ ဒီဆောင်းပါးမှာ လည်ပင်းနာခြင်းအပေါ် ထိရောက်မှု ရှိစေတဲ့ ကိုင်နီဆီယိုတိပ်အကြောင်း ဖော်ပြသွားပါမယ်။ ကိုင်နီဆီယိုတိပ်ဟာ လည်ပင်းနာခြင်းကို သက်သာစေပါတယ်။ ဒီကုသမှုရဲ့ စိတ်ကူးကတော့ ကိုယ်ခန္ဓါကို သင့်တော်တဲ့ ထောက်ပံ့မှုပေးရင် သူ့ဖာသာ သက်သာသွားစေနိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ လည်ပင်းနာတဲ့အခါ အောက်ပါအခြေအနေတွေ တွေ့ရတတ်ပါတယ်။ - လည်ပင်းတွင် အတော်အတန်မှ ဆိုးရွားတဲ့အထိ နာကျင်ခြင်း - လည်ပင်းတောင့်ပြီး ဦးခေါင်းမလှုပ်ရှားနိုင်ခြင်း - ဖြစ်သည့်နေရာတွင် နာကျင်နေခြင်း - ပခုံး၊ လက်မောင်း၊ လက် စသည့်နေရာများသို့ နာကျင်မှု ပြန့်နှံ့သွားခြင်း - ပခုံး၊ လက်မောင်း၊ လက်၊ လက်ချောင်းလေးများတွင် ထုံကျင်ခြင်း - အလေးအပင်မခြင်း၊ လမ်းလျှောက်ခြင်း၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ကဘာလဲ။ တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါဆိုသည်မှာ တင်ပဆုံကြားကြွက်သားသည် မပျော့ပျောင်းတော့ပဲအလွန်အမင်း တင်းမာနေခြင်းကိုဆိုလိုသည်။ ထိုတင်ပဆုံကြားကြွက်သားလွှာ သည် စအိုလမ်းကြောင်းနှင့် ဆီးပြွန်တို့ကို ထောက်ကန်ပေးထား သည်။ အမျိုးသမီးများတွင် သားအိမ်နှင့် မိန်းမကိုယ်ကိုပါ ထောက်ကန်ပေးသည်။ ထိုရောဂါသည် နာတာရှည်ရောဂါတခုဖြစ်ပြီး ကာလရှည်အတွင်း စအိုလမ်းကြောင်းနှင့်စအိုဝတွင် ပျောက်လိုက်နာလိုက်ဖြစ်နေတတ်သည်။ Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ Levator syndrome (သို့) levator ani spasm syndrome ဟုလည်းခေါ်ကြသည်။ ယေဘုယျ ပျမ်းမျှ လူဦးရေတွင် 7.4ရာခိုင်နှုန်းသောအမျိုးသမီးများနှင့်5.7 ရာခိုင်နှုန်းသောအမျိုး သားများတွင် ဖြစ်ပွားနေသည်ဟုခန့်မှန်းသိရှိရသည်။ ထိုရောဂါစု၏ လက္ခဏာများပြနေသောဝေဒနာရှင်တဝက်ကျော်ကျော်သည် အသက်30မှ 60အတွင်းရှိသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများLevator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်ကိုက်ခဲမှု ဝေဒနာရှင်များသည် အူလှုပ်ရှားမှုနှင့်မဆိုင်သော စအိုလမ်းကြောင်း နာကျင်မှုကိုခံစားရနိုင်ပြီး ခဏတာမျှ(သို့)ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး နာရီပေါင်းများစွာနှင့် ရက်ပေါင်းများစွာကြာခံစားရနိုင်ပါသည်။ ထိုင်လိုက်သောအခါ (သို့) လှဲအိပ်သောအခါ နာကျင်မှုသည် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) ကဘာလဲ။ အရေပြားနဲ့ ကြွက်သားများရောင်ရမ်းခြင်းဟာ ရှားပါးတဲ့ ရောင်ရမ်းခြင်းရောဂါဖြစ်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထပြီး ကြွက်သားများ အားနည်းကာ ရောင်ရမ်းတတ်ပါတယ်။ ဒီရောဂါဟာ ကြွက်သားရောင်ရမ်းပြီး ချည့်နဲ့တဲ့ရောဂါ၃မျိုးထဲက တမျိုးဖြစ်ပါတယ်။ Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ လူကြီးများရော ကလေးများကိုပါ ထိခိုက်နိုင်ပါတယ်။ လူကြီးတွေမှာဆိုရင် အသက် ၄၀ကျော်ကနေ ၆၀ ဝင်ခါစအချိန်မှာ ဖြစ်ပွားတတ်ပါတယ်။ ကလေးတွေမှာဆို ၅နှစ်နဲ့ ၁၅နှစ်ကြား အများဆုံး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများDermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အသားအရေပြောင်းလဲခြင်း။ ခရမ်းရောင် (သို့) နီညိုရောင်အကွက်များ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် မျက်နှာ၊ မျက်ခမ်း၊ လက်ဆစ်၊ တံတောင်ဆစ်၊ ဒူး၊ ရင်ဘတ်နဲ့ ကျော စတာတွေမှာ တွေ့ရတတ်ပါတယ်။ အကွက်တွေဟာ ယားယံပြီး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်