ရေနွေး သို့မဟုတ်ရေခဲကပ်ပါ
ဒဏ်သက်သာအောင် ရေခဲ ကပ်ရမလား၊ရေနွေး ကပ်ရမလား ဇဝေဇဝါ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ ထိခိုက်ဒဏ်ရာတွေ အတွက်ရေခဲက ပိုကောင်းပြီး အရွတ်၊ အကြော၊ ကြွက်သားဒဏ် ဖြစ်တာတွေအတွက် ရေနွေးအိတ် သို့မဟုတ် ကြပ်ထုပ်က ပိုအဆင်ပြေပါတယ်။ အရမ်းတောင့်တင်းနေတာအတွက် သိပ်မပူတဲ့ ခပ်နွေးနွေး ကြပ်ထုပ်လေး ကပ်ပေးရင် အုန်းလွဲတာတောင် တဖြည်းဖြည်း သက်သာနိုင်ပါတယ်။
နှိပ်နယ်ပါ
လည်ပင်းတဝိုက်ကြွက်သားတွေကို နှိပ်နယ်ပေးခြင်းကတောင့်တင်းမှုကိုလျော့ပါးသက်သာစေပါတယ်။ အသာအယာနှိပ်နယ်တာက အဆင်ပြေပေမယ့်ပြင်းထန်လို့တော့မဖြစ်ပါဘူး။
ရေဓါတ်ဖြည့်ပါ
ရေသောက်တာနဲ့ဘာဆိုင်လို့လဲလို့ မတွေးပါနဲ့။ရေဓါတ်ပြည့်ဝနေတဲ့အခါ ဇက်ကြောတက်၊တောင့်တင်းနာကျင်တာတွေသက်သာနိုင်တယ်၊ မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ကျောရိုးမကြီးရဲ့အဆစ်ပြားလေးတွေက ဟန်ချက်ညီအောင် ထိန်းညှိနိုင်ဖို့နဲ့ ခါးဆစ်ရိုးမှာ ဖိအားမဖြစ်စေဖို့ရေကိုလိုအပ်ပါတယ်။
အလွယ်လေ့ကျင့်ခန်းလုပ်ပါ
- ခေါင်းကို ရှေ့ငိုက်ချလိုက်၊ နောက်လှန်ချလိုက် လေ့ကျင့်ခန်းကို ဖြည်းဖြည်းလုပ်ပါ။ ဘေးကို လှည့်တာလည်း တလှည့်စီ လုပ်ပါ။
- ကြွက်သားတွေ တောင့်လာပြီလို့ ခံစားရရင် ခေါင်းကို ဘယ်ဘက် စောင်းချပါ(ဖြည်းဖြည်းချင်း)။ ပြီးရင် ညာဘက်ကို စောင်းပါ။ နည်းနည်းနာရင် နာနိုင်ပေမယ့် ဖြည်းဖြည်းလုပ်ရင် ဘာမှမဖြစ်ပါဘူး။
- ဒီနည်းကို ဇက်ကြောတောင့်တင်းလာတိုင်း လုပ်လို့ ရပါတယ်။နေရတာ ပေါ့ပါးလာပါလိမ့်မယ်။
အနေအထားတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့
တစ်ပုံစံတည်းထိုင်နေတာကြာတဲ့အခါ လှုပ်လိုက်တာနဲ့ တစ်ကိုယ်လုံးအကြောအခြင်တွေတောင့်တင်းနေမှာသေချာလို့ပါ။
မျက်မှန်တပ်သူဖြစ်ရင် ပါဝါအမြဲစစ်ပါ
လက်ရှိတပ်ထားတဲ့ မျက်မှန်က ပါဝါကိုက်မှ ဖြစ်မှပါ။ မျက်မှန်ပါဝါ တက်နေတာ အသစ် မလဲရင် မျက်ရိုးကိုက်တာ၊ ဇက်ကြောတက်တာတွေ ဖြစ်လာပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။