အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

လက်ပြင်ကြောနာတာက အဖြစ်များတဲ့ အရိုးအကြောနာကျင်မှု တစ်ခုပါပဲ။ ဒီလိုနာကျင်တာက နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ပြင်ကြောနာတာကို သက်သာစေဖို့  အထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကဲ .... လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ပြင်ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ လက်ပြင်ဆိုတာက ပခုံးအောက်ဖက်နားက တြိဂံပုံစံ အရိုးပြားပါ။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခု ရှိပါတယ်။ လက်တွေကို လှုပ်ရှားမှု ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းကို ကြွက်သား အုပ်စု ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အချက်တွေက လက်ပြင်ကြောနာစေတာလဲဆိုတာနဲ့ လက်ပြင်ကြောနာတာ သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/ways-to-ease-neck-pain/ ဘယ်လိုအချက်တွေက လက်ပြင်ကြော နာတာကို […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ

သင်ဟာ ကိုယ်လက်လှုပ်ရှားမှု လုပ်နေကျဖြစ်စေ၊ လုပ်နေကျ မဟုတ်တာဖြစ်စေ ကိုယ်ခန္ဓာ နာကျင်မှုတွေဟာ နေရာတိုင်းအချိန်တိုင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ထိုင်ရာက မထပဲ နာကျင်မှု ဖြေဖျောက်စရာ နည်းလမ်းတွေ ရှိနေပါတယ်။ ကဲ .... ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ ကတော့ ခါးနာခြင်း ၁။ ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ပါ။ ၂။ ခြေထောက်တစ်ဖက်ကို ရင်ဘတ်အထိ မြှောက်ပြီးတော့ လက်တစ်ဖက်နဲ့ ကိုင်ထားပါ။ ၃။ ကိုယ်ခန္ဓါကို ရှေ့ကိုကုန်းပါ။ ၄။ ဒီပုံစံကို စက္ကန့် ၃၀ လောက်ပြုလုပ်ပါ။ ၅။ ခြေထောက်ကို ဖြည်းညင်းစွာ လွှတ်ပါ။ ၆။ နောက်အခြားတစ်ဖက်ကို ပါ ပြုလုပ်ပါ။ ပုခုံးနာခြင်း ၁။ အသက်ပြင်းပြင်းရှူပြီး ပုခုံးတွေကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နာတာရှည်ခါးနာခြင်းအကြောင်းကို ဖြစ်စေသော အဓိကအကြောင်းရင်း

နာတာရှည်ခါးနာခြင်းအကြောင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းခါးနာမှု ဖြစ်စေတဲ့ အရာတွေအကြောင်းကို နားလည်ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခါးနာခြင်းဟာ အခြားနာကျင်ခြင်းတွေဆီကို ဦးတည်သွားပြီး ကိုယ်ခန္ဓါအနှံ့အပြားမှာ အခြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ လူနာတစ်ယောက်ဟာ ဆရာဝန်ကို ခါးနာလို့လာပြရင် တစ်ခုတည်းသောနည်းက သူ့ကို ကုသလိုက်တာပါပဲ။ လူနာကို ပိုမို အသေးစိတ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ထက် နာကျင်မှုကုသတဲ့ဆရာဝန်ဟာ ခါးနာတာပျောက်အောင်သာ ကုသလိုက်ပါတယ်။ ဒီလိုကုသမှုဟာ ပြဿနာများစွာကိုဖြစ်စေတတ်ပါတယ်။ ခါးနာရတဲ့အကြောင်းရင်းဒီလိုလုပ်မယ့်အစား ဘာဖြစ်လို့ခါးနာနေတာလဲဆိုတာ ရှာကြည့်သင့်ပါတယ်။ စဖြစ်စေတဲ့ အကြောင်းအရာတွေ အမြောက်အမြားရှိပေမယ့် ခါးနာခြင်းဟာ အောက်ဖေါ်ပြပါ အချက်ငါးခုထဲက တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ • ကြွက်သား ပိုမို အားစိုက်ရခြင်း • အဆစ်မျက်နှာပြင် နာကျင်ခြင်း • Disc ဖေါင်းခြင်း • Discogenic Pain နဲ့ • Sacroiliac Joint pain တို့ပဲဖြစ်ပါတယ်။ ကြွက်သားပိုမို အားစိုက်ရခြင်းကြောင့် ဖြစ်တဲ့ခါးနာခြင်းဟာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်သော ပြဿနာများ

အခုခေတ်မှာ လူသားတွေဟာ ခန္ဓါကိုယ်လုပ်အားကို အသုံးပြုရတဲ့ အလုပ်တွေ ပျောက်ဆုံးပြီး ခေတ်ပေါ်စက်ကိရိယာတွေက လူတွေအစား လုပ်ပေးတဲ့ ကမ္ဘာကြီးမှာ နေနေကြရပါတယ်။ အမေရိကန် ၃၄ သန်းကျော်ဟာ ရုံးခန်း (သို့) အရောင်းအလုပ်တွေ လုပ်နေရတာမို့ သူတို့ကို တစ်နေ့ ရှစ်နာရီ (သို့) ဒီထက်ကြာအောင်ထိုင်နေဖို့ တွန်းအားပေးနေသလိုပါပဲ။ Annuals of Internal Medicine မှာ ပါတဲ့ အစီရင်ခံချက် တစ်ခုအရ ပုံမှန်လူတစ်ယောက်ဟာ သူ့ရဲ့နိုးနေတဲ့ အချိန်တွေရဲ့ တစ်ဝက်ကျော်ကျော်ကို မလှုပ်ရှားတဲ့ ပုံစံ (ကွန်ပျူတာ ရှေ့မှာ ထိုင်တာ၊ တီဗွီ ကြည့်တာ၊ အလုပ်ကနေ သွား၊ ပြန်တာ) မျိုးနဲ့ ဖြတ်သန်းတတ်ကြပါတယ်။ နည်းပညာက သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးတဲ့အတွက် အချိန်အနည်းငယ်အတွင်းမှာ အလုပ်များများပြီးတာမျိုး၊ အားအင် သက်သာတာမျိုး၊ အမြန် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အဖြစ်များလာသော ခါးနာခြင်းဝေဒနာ

အဖြစ်များလာသော ခါးနာခြင်းဝေဒနာ ခါးနာခြင်းဟာ လူတိုင်းခံစားရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အရိုးအိမ်ရဲ့နောက်ကျော အောက်ပိုင်းကို ခါးနေရာလို့ ခေါ်ပါတယ်။ ဒီနေရာမှာ နာကျင်ခြင်းဟာ ပြင်းထန်ပြီးတော့ အလုပ်မလုပ်နိုင်တဲ့ အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ကံကောင်းတာကတော့ ခါးနာခြင်းဟာ ပြန်ကောင်းသွားတတ်ပါတယ်။ မကောင်းရင်လဲ အစွမ်းထက်တဲ့ ဆေးတွေ ရှိပါတယ်။   ''ခါးနာခြင်း လက္ခဏာများ'' လက္ခဏာတွေကတော့ စူးရှတဲ့ နာကျင်မှုကနေ ဓါးနဲ့ထိုးသလိုမျိုး နာကျင်မှုမျိုး ဖြစ်နိုင်ပါတယ်။ နာကျင်မှုဟာ လှုပ်ရှားဖို့ (သို့) မတ်တပ်ရပ်ဖို့တောင် ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။ ခါးနာခြင်းဟာ အားကစားလုပ်ပြီး (သို့) လေးလံတဲ့ အရာတစ်ခု လုပ်အပြီးမှာ ရုတ်တရက်ဖြစ်လာတတ်ပါတယ်။ သုံးလထက်ပိုကြာတတ်တဲ့ နာကျင်မှုတွေကို နာတာရှည်လို့ သတ်မှတ်ပါတယ်။ သုံးရက်အတွင်းမှာ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။   ''အရေးပေါ် ပြုစုမှုလိုအပ်တဲ့ လက္ခဏာများ'' ပြုတ်ကျအပြီး (သို့) ဒဏ်ရာရအပြီးမှာ ပြင်းထန်စွာ ခါးနာခြင်းဟာ ဆရာဝန်နဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Tarsal Tunnel Syndrome (ဖနောင့်နာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tarsal Tunnel Syndrome (ဖနောင့်နာခြင်း) ကဘာလဲ။ ဖနောင့်ဟာ ခန္ဒါကိုယ်ရဲ့ အရေးကြီးဆုံးအပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။၎င်းဟာ ခန္ဒါကိုယ်လှုပ်ရှားတဲ့အခါ ခန္ဒါကိုယ်ရဲ့ အလေးချိန်ကိုထိန်းထားနိုင်အောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ သင့်ရဲ့ဖနောင့်တစ်ခုခုဖြစ်တဲ့ အခါ သင်ခြေလှမ်းလှမ်းတာ ပြသနာဖြစ်တာကအစ ခန္ဒါကိုယ်ပုံမှန်ရပ်တည်မှုပြောင်းလဲခြင်းအဆုံး အမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ Heel spurs(plantar fasiitis), heel bursitis (subcalcaneal bursitis) နှင့် heel bumps တွေကတော့ ဖနောင့်နာခြင်းရဲ့ အဖြစ်များဆုံးသုံးမျိုးပဲ ဖြစ်ပါတယ်။     လက္ခဏာများTarsal Tunnel Syndrome (ဖနောင့်နာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဖနောင့်နာခြင်းဖြစ်စေတဲ့ အရာ ၃ မျိုးမှာ Heel spurs ဖနောင့်အရိုးနှင့် ခြေချောင်း၏ အခြေကို ဆက်သွယ်ထားတဲ့ အလွှာ (ligamentလိုမျိုး) ရောင်တဲ့အခါ heel spurs ဖြစ်ပေါ်ပါတယ်။ လှုပ်ရှားမှုပိုများတဲ့ သူတွေ သို့ ခန္ဒါကိုယ်အနေအထားပုံမှန်ထက်ပိုတဲ့ အထူးသဖြင့် အားကစားသမားတွေမှာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Plantar Fasciitis (ခြေဖနောင့်နာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Plantar Fasciitis (ခြေဖနောင့်နာခြင်း) ကဘာလဲ။ plantar fasciitis (ခြေဖနောင့်နာခြင်း)ဆိုတာဟာ ခြေထောက်ရောင်ပြီး ဖနောင့်နာတဲ့ အခြေအနေကို ပြောခြင်းဖြစ်ပါတယ်။ plantar fascia ဆိုတာက ခြေထောက်အရိုးအောက်မှာရှိတဲ့ သားရေပင်လို တစ်ရှူးအပြားတွေကို ခေါ်ပါတယ်။ ၎င်းတို့ကို ခြေမနှင့် ဖနောက်အနားက အရိုး၏် အစွန်ဖျားကို တွဲနှောင်ထားပါ တယ်။ plantar fascia ရောင်တဲ့အခါ လူနာဟာ ဖနောက်အနားမှာ စူးသလို နာကျင်မှုကိုခံစားရပြီး အထူးသဖြင့် မနက်ပိုင်းစောစော လမ်းထလျှောက်ချိန် ပိုခံစားရပါတယ်။ Plantar Fasciitis (ခြေဖနောင့်နာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေဖနောင့်နာခြင်း ရောဂါဟာ အသက် ၄၀ နှင့် ၆၀ ကြား အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဟာ အားကစားသမားတွေနှင့် အပြေးများတဲ့ လူတွေမှာ အဖြစ်များပါတယ်။ ထို့ပြင် ကိုယ်အလေးချိန်များပြီး ဖော့ခံအထောက်အကူမျိုး ပါတဲ့ ဖိနပ်မစီးလျှင်လည်း […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Osgood-Schlatter Disease (အဆစ်နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Osgood-Schlatter Disease (အဆစ်နာရောဂါ) ကဘာလဲ။ အဆစ်နာခြင်းဟာ ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပြီး အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့်ထိခိုက်ဒဏ်ရာ နဲ့ အဆစ်ရောင်ရောဂါရဲ့ လက္ခဏာအနေနဲ့ဖြစ်တတ်ပါတယ်။ အဖြစ်များသော အဆစ်နာရခြင်းအကြောင်းရင်းများကို အောက်တွင် ဖော်ပြထားပါသည်။ Osgood-Schlatter Disease (အဆစ်နာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သက်ကြီးရွယ်အိုတွေမှာ အဆစ်နာခြင်းတဖြည်းဖြည်းဆိုးလာရခြင်းဟာ osteoarthritis လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Osteoarthritis ဟာ UK မှာ အဖြစ်များဆုံးအဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆစ်တစ်နေရာ (သို့) တစ်နေရာထက်ပိုပြီး ထိခိုက်နိုင်ပါတယ်။     လက္ခဏာများOsgood-Schlatter Disease (အဆစ်နာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အရိုးအဆစ်ရောင် ရောဂါကြောင့် နာကျင်မှု၊တောင့်တင်းမှုတွေ ဖြစ်စေနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ အရိုးရဲ့ အပေါ်ရံ အကာကို ထိခိုက်စေပြီး အဆစ်တစ်ဝိုက်နဲ့ အတွင်းပိုင်းမှာရှိတဲ့ တစ်ရှူးတွေကို ရောင်စေသောကြောင့်ဖြစ်တယ်။ တစ်ခါတလေ လူငယ်တွေမှာလဲ ဖြစ်တတ်ပါတယ်။ အထူသဖြင့် အဝလွန်သူ ၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) ကဘာလဲ။ ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် ပေါင်အနောက်ရှိ ကြွက်သားလေးခုပါဝင်သော ကြွက်သားအုပ်စုအားလျင်မြန်စွာကွေးခြင်း ပြင်းထန်စွာဆန့်ထုတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာပါသည်။ ပေါင်အနောက်ကြွက်သားများကိုဆန့်ထုတ်ခြင်းသည် ကြွက်သားနှင့် အရွတ် များကိုမတူညီသောအတိုင်းအတာများဖြင့် ပျက်စီးခြင်းကို ဖြစ်စေပါသည်။ ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းတွင် ထိုကြွက်သားအုပ်စုအတွင်းမှ တစ်ခုနှင့် တစ်ခုအထက် သည် မနိုင်ဝန်ထမ်းရသည်။ ကြွက်သားသည် စတင်၍ စုတ်ပြဲလာပါသည်။ ပြေးခြင်းခုန်ခြင်း နှင့် ရုတ်တရက်ရပ်၍ပြန်စရသောလှုပ်ရှားမှုများလုပ်ရပါက ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းကိုရနိုင်ပါသည်။ Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် အဖြစ်များပြီးမည်သည့် အသက်အရွယ် တွင်မဆို ဖြစ်နိုင်ပါသည်။ အမျိုးသားများတွင် ပို၍ဖြစ်ပွားတတ်ပါသည်။ အပြေးစကိတ်စီးဘောလုံးဘတ်စကတ်ဘောစသောကစားသမားများတွင် ဖြစ်ပွားပါသည်။ အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများHamstring Strain (ပေါင်နောက်ကြွက်သားစု […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်