အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

လက်ပြင်ကြောနာတာက အဖြစ်များတဲ့ အရိုးအကြောနာကျင်မှု တစ်ခုပါပဲ။ ဒီလိုနာကျင်တာက နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ပြင်ကြောနာတာကို သက်သာစေဖို့  အထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကဲ .... လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ပြင်ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ လက်ပြင်ဆိုတာက ပခုံးအောက်ဖက်နားက တြိဂံပုံစံ အရိုးပြားပါ။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခု ရှိပါတယ်။ လက်တွေကို လှုပ်ရှားမှု ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းကို ကြွက်သား အုပ်စု ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အချက်တွေက လက်ပြင်ကြောနာစေတာလဲဆိုတာနဲ့ လက်ပြင်ကြောနာတာ သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/ways-to-ease-neck-pain/ ဘယ်လိုအချက်တွေက လက်ပြင်ကြော နာတာကို […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ကိုယ်နေဟန်ထားတွေကိုများ လုပ်မိနေပြီလား။

ကွန်ပျူတာ ရှေ့ထိုင်ပြီး အကြိုက်ဆုံး သီချင်းလေး နားထောင်ရင်း သီချင်းလေး ညည်းရင်း အချိန်တွေ ကုန်မှန်း မသိ အလုပ်တွေ လုပ်နေလိုက်တာ ညနေ အလင်းရောင် ပျောက်ချိန်မှ အော် ရုံးဆင်းချိန်တောင် ရောက်ပြီပဲဆိုပြီး လက်ပ်တော့ ပိတ်တတ်တဲ့ workerholic လေးတွေ များရှိလား။ ဒါတောင် အလုပ် မပြီးသေးရင် ဆက်လုပ်လိုက်ပါဦးမယ် ဆိုတဲ့သူလေးတွေလည်း ရှိပါတယ်။ အခုလို ကာလမှာ Work from home ကြောင့် အိမ်မှာပဲနေပြီး အလုပ်လုပ်တဲ့အခါ လက်ပ်တော့တစ်လုံးချလို့ရတဲ့ နေရာတိုင်းကအလုပ်စားပွဲဖြစ်ပြီး သီချင်းဖွင့်ထားရင်ကို ပြီးပြည့်စုံတယ်လို့ ခံစားမိတဲ့အနေအထားမှာ တစ်နေကုန် လှုပ်ရှားမှု မရှိဘဲ အလုပ်လုပ်နေတာက ညနေများ နားချိန် ရောက်ပြီဆိုရင် အကြောတွေ တင်းပြီး နာတာကို မခံစားရဘူးဆိုတဲ့သူက နည်းမယ် ထင်ပါတယ်။ ဒါတွေက ဘာကြောင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နာကျင်မှု ကင်းတဲ့ work from home လေး ဖြစ်စေဖို့

အိမ်ကနေအလုပ်လုပ်ရလို့ သက်သာလိုက်တာလို့ ထင်ရင် လွဲနေပါပြီ။ ကားမစီးရတာကလွဲရင် ကျန်တာက တစ်နေကုန် ကွန်ပျူတာရှေ့မှာ ငုတ်တုပ်ပါပဲ။ သိသာတဲ့အချက်ကတော့ ညနေ အလုပ်ဆင်းချိန်ရောက်လို့ အလုပ်စားပွဲက ထလိုက်ရင် တစ်ကိုယ်လုံး နာကျင်နေတာပါ။ ဇက်ကြောတွေတက်၊ ခါးကနာ၊ လက်ဆစ်တွေကိုက်၊ မျက်ရိုးတွေကိုက်နဲ့ ဝေဒနာ ပေါင်းစုံတင်လာပါပြီ။ တစ်ရက်လည်း မဟုတ် နေ့တိုင်းသာ ဒီလိုဆိုရင် ကြာလာရင် ကျန်းမာရေး ထိခိုက်လာမှာပါ။ နာကျင်မှု ကင်းတဲ့ work from home လေး ဖြစ်စေဖို့ ဒီတော့ နေ့စဉ်အလုပ်လုပ်နေရပေမယ့် နာကျင်မှုတွေ ကင်းနေအောင်၊ မိမိရဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေ မထိခိုက်အောင် အောက်ပါအချက်တွေကို လိုက်လုပ်ပေးနိုင်ပါတယ်။ အချိန်ဇယားအတိအကျထားပါ။ ဘယ်အချိန်မှာ အလုပ်စလုပ်မယ်။ ဘယ်အချိန်မှာ ထမင်းစားနားမယ်။ ဘယ်အချိန်မှာ အလုပ်ဆင်းမယ်ဆိုတာကို ရုံးမှာလိုပဲ သတ်မှတ်ထားပါ။ မဟုတ်ရင် ထိုင်ရာမထ ရုံးချိန်ကျော်တဲ့အထိ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။

အိပ်ရာ ထထချင်း ကြွက်သားတွေ နာလိုက်တာ ဘာလို့လဲမသိဘူးဆိုပြီး စဉ်းစားနေရင်း ခေါင်းထဲမှာ ပေါ်လာတာက အော် မနေ့က လေ့ကျင့်ခန်း လုပ်ထားတာကြောင့်ပဲဆိုပြီးဟုတ်။ လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေ ပြေလျော့စေဖို့ ကျန်းမာစေဖို့ ဆိုပေမယ့် လေ့ကျင့်ခန်းကို စစလုပ်တဲ့အခါမျိုး၊ လေ့ကျင့်ခန်း လုပ်တာကို အကြာကြီး ရပ်ထားပြီးမှ ပြန်လုပ်တဲ့အခါမျိုးမှာ ကြွက်သားတွေ နာတတ်ပါတယ်။ ဒီတစ်ခေါက်တော့ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ခံစားရလေ့ရှိတဲ့ ကြွက်သားနာတာကို သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက် နာကျင်ကိုက်ခဲလာတဲ့ ကြွက်သားတွေ ပြေလျော့ပြီး ကိုက်ခဲတာ သက်သာစေဖို့ဆိုရင် အနားယူပါ ကြွက်သားနာကျင်တာကို သက်သာစေမယ့် ​နောက်ထပ် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ အနားယူတာပါ။ အနားယူတဲ့အခါ ကြွက်သားတွေကို အနားရစေပြီး နာကျင်မှုကို လျော့ပါးစေဖို့ အကောင်းဆုံး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း

ခုဆိုရင် တော်တော်များများက အိမ်ကနေပဲ အလုပ်လုပ်လာကြတဲ့အခါ တစ်အိမ်လုံးက ကိုယ့်ရဲ့ လုပ်ငန်းခွင်၊ ရုံးခန်း ဖြစ်လာပါတယ်။ အလုပ်ဆိုတာကလည်း သက်သောင့်သက်သာဖြစ်တဲ့နေရာမှာဆို ပိုပြီး လုပ်ချင်စိတ်ဖြစ်တဲ့အတွက် အိမ်မှာဆိုရင် အိပ်ရာတို့ ဆိုဖာတို့က မျက်စိကျစရာပါ။ အစပိုင်းမှာတော့ စားပွဲနဲ့ ခုံနဲ့ လုပ်ကောင်း လုပ်ကြပေမယ့် နောက်ကျတော့ လက်တော့က အိပ်ရာနား ရောက်လာ၊ တစ်ဆင့်တက်ပြီး အိပ်ရာပေါ် ရောက်လာတော့တာပါပဲ။ လှဲပြီး၊ ခေါင်းအုံးလေးတွေကို မှီပြီး အလုပ်လုပ်ရတဲ့ အခွင့်အရေးကို ရုံးမှာမှ မရနိုင်ဘဲလေ။ ဒီလိုမျိုး အိပ်ရာပေါ်မှာ၊ ဆိုဖာပေါ်မှာ အလုပ်လုပ်တာက ဇိမ်ကျတယ်ဆိုပေမယ့် တကယ် ကျန်းမာရေးအတွက်တော့ သိပ်မကောင်းလှပါဘူး။ ဘာကြောင့်လဲဆိုတာ ကြည့်ကြည့်ရအောင်။ အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း ကိုယ်နေဟန်ထား မမှန်ဘူး။ သိတဲ့အတိုင်း အိပ်ရာပေါ်၊ ဆိုဖာပေါ် ရောက်သွားပြီဆိုရင် တစ်ခုခုကို မှီနေရမှ။ နောက်က ကုတင်ပေါင် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Work from Home က ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ.......

ကိုဗစ်ဗိုင်းရပ်စ် မြန်မာနိုင်ငံကို ရောက်လာချိန်ကစပြီး အလုပ်တော်တော်များများက အွန်လိုင်း နည်းပညာတွေကို အသုံးပြုရင်း နေအိမ်တွေကနေ ရုံးအလုပ်တွေကို လုပ်ကြရပါတယ်။ ဆွေးနွေးစရာတွေကို အွန်လိုင်းကနေတဆင့် ဆွေးနွေးမှုတွေလုပ်ရင်း မဖြစ်မနေမှ လူချင်းတွေ့ဆုံ ဆွေးနွေးမှုတွေကို လုပ်ကြပါတယ်။ ဒီလိုနဲ့ နည်းပညာတွေနဲ့ ပိုမိုရင်းနှီးလာခဲ့သလို Work from Home ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်လာကြပါတယ်။ ဒီလိုလုပ်ဆောင်မှလည်း ကိုဗစ်ကူးစက်နှုန်းကို အကောင်းဆုံး ဟန့်တားနိုင်မှာကို လက်ရှိမှာလည်း Work from Home ကို ဆက်လက်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေ အများကြီးပါ။ ပုံမှန်အတိုင်း တွေးကြည့်ရင် ဒီလိုလုပ်တာက သွားလာရတဲ့ အချိန်တွေကို သက်သာစေပြီး ရောဂါကူးစက်ခံရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်ပေါ့။ ဒါပေမယ့် အချိန်ကာလ အတော်လေးကြာလာတဲ့အခါမှာတော့ ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိလာတာကို ခံစားမိကြမယ်ထင်ပါတယ်။ အရင်က မနက်ခင်း စောစောထတယ်။ လေ့ကျင့်ခန်း လုပ်တယ်။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒရမ် အတီး ကြာလို့ နာနေတဲ့ သင့်လက် အမြန်သက်သာစေဖို့

ဒရမ် တီးတယ်၊ Kajon တီးတယ် .. ဒါမှမဟုတ် တစ်ခုခု (ဥပမာ ပုံး)ကို အားနဲ့ မာန်နဲ့ တီးတဲ့အခါ အတီးမတတ်ရင် ကြာတဲ့အခါ လက်မှာ ဒဏ်ဖြစ်လာပါတယ်။ ဒီတော့ နောက်ရက်တွေမှာ ဆက်တီးဖို့၊ ဆက်လေ့ကျင့်ဖို့ အခက်အခဲဖြစ်လာမှာပါ။ ဒါကြောင့် ဒရမ်တီးတဲ့အခါ လက်မှာ ဘယ်လို အရိုးအဆစ်ပြဿနာတွေ ဖြစ်တတ်သလဲ။ ဘယ်လိုသက်သာအောင် လုပ်မလဲဆိုတာတွေကို သိထားဖို့ လိုပါတယ်။ ဒရမ် တီးတဲ့အခါ လက်မှာ ဖြစ်လာနိုင်တဲ့ အရိုးအဆစ် ပြဿနာများ လက်ချောင်း တစ်ခုခုကို ဆုပ်ကိုင်ပြီး တီးတဲ့အခါ လက်ချောင်းတွေက အရေးကြီးပါတယ်။ လက်ချောင်းတွေ သန်မှ အသံအားကောင်းကောင်း ထွက်မှာပါ။ ဒါ့ပြင် လက်ချောင်းတွေကို ကောင်းကောင်း အသုံးမချတတ်ရင် ကျန်တဲ့လက်အစိတ်အပိုင်း (ဥပမာ လက်ဖျံ၊ လက်မောင်းအား)တွေ သုံးရတဲ့အတွက် ကြာလာတဲ့အခါ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာတာကို ခပ်ပေါ့ပေါ့ မတွေးသင့်တဲ့ အခြေအနေများ

ခါးနာလိုက်တာလို့ဆိုလိုက်ရင် လူတွေ အရင်ဆုံး ပြေးမြင်မှာက အလေးအပင်မလိုက်လို့လား။ ဒဏ်ရှိနေတာလားဆိုတာကို အရင်မေးလေ့ရှိကြပါတယ်။ တကယ်ကတော့ ခါးနာတာက ဒီအချက်တွေကြောင့် ဖြစ်နိုင်သလို တစ်ခါတလေမှာ ရောဂါတွေ ခံစားနေရတာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ခါးနာတာကို ခပ်ပေါ့ပေါ့ မတွေးသင့်တဲ့ အခြေအနေများ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ ခါးနာတာကို ခပ်ပေါ့ပေါ့ မတွေးသင့်တဲ့ အခြေအနေများ လူတွေက ခါးနာတယ်လို့ အလွယ်တကူပြောကြပေမယ့် ခါးနာတာကို မပေါ့သင့်ပါဘူး။ တကယ်ကတော့ ခါးဆစ်တွေ (ကျောရိုး)က ခန္ဓာကိုယ်ကို အကောင်းဆုံး မတ်နိုင်စေဖို့ ထောက်ပံ့ပေးထားတာပါ။ ခါးက လမ်းလျှောက်ဖို့ ထိုင်ဖို့၊ ထဖို့ အားလုံးကို ထောက်ပံ့ပေးထားတာပါ။ ခါးဆစ်တွေထဲမှာ အာရုံကြောတွေ ပါဝင်နေပြီး ဦးနှောက်က သတင်းအချက်အလက်တွေကို လက်ခံပေးလို့ ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ခါးဆစ်မှာ တစ်ခုခု […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာခြင်း

ခါးနာခြင်း အကြောင်း သိပြီးပြီလား! ခါးနာတာက အရွယ်ရောက်ပြီးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက် ခံစားရတတ်တဲ့ ကျန်းမာရေးပြဿနာပါ။ ခါးနာတာက ဆေးခန်းပြရလောက်အောင် မပြင်းထန်ပေမယ့် နေ့စဉ် အလုပ်ကိုတော့ အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဘာကြောင့် ခါးနာနိုင်သလဲ။ ခါးနာလာရင် ဘယ်လိုတွေ ဂရုစိုက်ရမလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။ ခါးနာခြင်း ခါးနာခြင်း ကို လေ့လာတော့မယ်ဆိုရင် ခါးနာတဲ့အခါ ဘယ်လို ခံစားရနိုင်လဲ.......... လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့ အဆင်ပြေပြေ ထိုင်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။ ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။ အလေးအပင် မတယ် ရုတ်တရက် ထတယ် အလေးမခြင်းလို အားကစားတွေ ပြင်းပြင်းထန်ထန် လုပ်တယ် ကိုယ်နေဟန်ထား မမှန်ဘူး ထိုင်တဲ့အခါ ခါးဆန့်ထိုင်လေ့ မရှိဘူး ဒါတွေအပြင်နောက်ထပ် ဖြစ်နိုင်တာက မတော်တဆ ထိခိုက်မိတာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား......................

ခါးနာတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။ လူလတ်ပိုင်းအရွယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ တစ်သက်တာမှာ ခါးနာမှုကို တစ်ကြိမ်တော့ ခံစားဖူးကြပါတယ်။ ခါးနာတယ် ဆိုတာက ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့စဉ် လှုပ်ရှား သွားလာမှုတွေ လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင် ခံစားရနိုင်ပါတယ်။ ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား...................... ခံစားနေရတဲ့ ခါးနာတာက ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား...................... ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။ ဘာတွေကများ ခါးနာစေတာလဲ........... ခါးနာစေနိုင်တဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။ အလေးအပင်မတာ ရုတ်တရက် အထိုင်အထ လုပ်မိတာ ကိုယ်နေဟန်ထား မမှန်တာ ပြုတ်ကျတာ ချော်လဲတာ လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ မတော်တဆ ထိခိုက်မိတာ အဆစ်ရောင်နာ အရိုးပွတာ အာရုံကြောညပ်တာ ကြွက်သားရောင်တာ ကျောက်ကပ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ရောဂါများ

ကြွက်သားတွေ နာကျင်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။  ကြွက်သားနာကျင်တာက အပြင်းအထန် လေ့ကျင့် လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ ဒါမှမဟုတ် အသေးစား ထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့အခါမျိုးမှာ ဖြစ်လေ့ရှိပါတယ်။ ကြွက်သားမှာ တင်းအားများသွားတဲ့ အခါမျိုးတွေပေါ့၊ ကြွက်သားနာကျင်တာက နေရာတစ်စုချင်းစီမှာ ဖြစ်တာများပါတယ်။ ဥပမာ လမ်းလျှောက်များလို့ ခြေသလုံး ကြွက်သား နာကျင်တာ၊ အလေးမ လို့ လက်မောင်း ကြွက်သားတွေ နာကျင်တာမျိုးပေါ့။ တစ်နေရာထဲ မဟုတ်ဘဲ ခန္ဓာကိုယ် တစ်ခုလုံးနီးပါးက နာကျင်နေတယ်ဆိုရင်တော့ သာမန် ကြွက်သား နာကျင်တာလို့ မဆိုသာတော့ပါဘူး။ ရောဂါ လက္ခဏာ တစ်ခုခု ဖြစ်နေနိုင်သလို ရောဂါတစ်ခုခုကြောင့် ကြွက်သား နာကျင်တာ ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်လုံး ကြွက်သားတွေ နာကျင်ရတာ ဘာကြောင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကြွက်သား နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းခံများ ကြွက်သားတွေက တစ်နေရာတည်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်