ခါးနာတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။ လူလတ်ပိုင်းအရွယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ တစ်သက်တာမှာ ခါးနာမှုကို တစ်ကြိမ်တော့ ခံစားဖူးကြပါတယ်။
ထွက်မှာ သေချာပြီလား။
ခါးနာတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။ လူလတ်ပိုင်းအရွယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ တစ်သက်တာမှာ ခါးနာမှုကို တစ်ကြိမ်တော့ ခံစားဖူးကြပါတယ်။
ခါးနာတယ် ဆိုတာက ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့စဉ် လှုပ်ရှား သွားလာမှုတွေ လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင် ခံစားရနိုင်ပါတယ်။
ခံစားနေရတဲ့ ခါးနာတာက ရိုးရိုးခါးနာတာလား………. စိုးရိမ်ရမယ့် အနေအထားလား…………………. ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။
ခါးနာစေနိုင်တဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။
ခါးနာတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခါးနာတဲ့အခါ
တကယ်လို့ အပေါ်မှာပြောသလိုတွေ လုပ်ဆောင်တယ်။ ဒါပေမယ့် ၃ ရက်ကျော်တဲ့အထိ ခါးနာတာက မသက်သာဘူး။ ခါးနာတာ မသက်သာတာနဲ့အတူ အခုလိုတွေပါခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုနေပါပြီ။
ဒါက ကြွက်သား ဒါမှမဟုတ် အရွတ် စုတ်ပြဲတာဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်တာကတော့ ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ ရောဂါ ခံစားနေရတာပါ။
နာကျင်မှုက နေရာစုံကို ရွေ့နေမယ်။ ခြေ၊လက်တွေထဲအထိ နာကျင်မယ်ဆိုရင်တော့ အာရုံကြော ညပ်နေတာဖြစ်နိုင်ပါတယ်။
ခါးထဲက နာတဲ့အခါ ခြေထောက်တွေပါ နာလာတာ၊ ခြေထောက်တွေထဲ အားမရှိသလို ခံစားရတာက အာရုံကြော ဖိမိနေတာ တင်ပဆုံက အာရုံကြောတွေ ညပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။
ခါးနာတာက ခါးတင် နာတာ မဟုတ်ဘဲ ဆီးတွေ၊ ဝမ်းတွေကို မထိန်းနိုင်တဲ့အထိ ဖြစ်နေတာဆိုရင် အာရုံကြော ပျက်စီးနေတာ၊ ကျောရိုးမကြီး ပိုးဝင်နေတာ၊ ဦးနှောက် အမြှေးရောင်နေတာတွေ ဖြစ်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
5 signs your back pain might be an emergency https://utswmed.org/medblog/5-signs-your-back-pain-might-be-emergency/ Accessed Date 19 November 2020
Home remedies for low back pain https://www.health.harvard.edu/pain/home-remedies-for-low-back-pain Accessed Date 19 November 2020
Back pain https://www.nhs.uk/conditions/back-pain/treatment/ Accessed Date 19 November 2020