အလွန်အကျွံတီးတာ – ပုံးတွေကို တီးတဲ့အခါ ဆက်တိုက် မနားတမ်း တီးတယ်။ တီးတဲ့အခါမှာလည်း လက်ချောင်းတွေ၊ လက်ကောက်ဝတ်တွေ အနေအထား မမှန်တဲ့အတွက် လက်ဖျံအားတွေ ပိုပိုပါလာပြီး နာလာပါတယ်။
လက်အနေအထား မမှန်တာ – ခုနကပြောသလို လက်ကောက်ဝတ်ကို ခွေခေါက်ပြီး တီးတဲ့အခါ လက်တွေနာပြီး လက်ဖျံကြွက်သားတွေ တင်းလာပါတယ်။ ဒါကြောင့် လက်ဖဝါးကို မှောက်ပြီး တီးပါလို့ ပြောတာပါ။
စစချင်းတီးမယ်ဆိုရင် မတီးတတ် တီးတတ်နဲ့ တီးတဲ့အတွက် လက်မောင်းအားကို သုံးပါတယ်။ တီးတာနဲ့ မတူဘဲ ရိုက်တာ၊ နှက်တာနဲ့ ပိုတူပါတယ်။ ဒါကြောင့် သိပ်မတီးနိုင်ဘဲ လက်မောင်းတွေ အောင့်ပြီး ကျန်ခဲ့ပါတယ်။ ကြာကြာတီးနိုင်ဖို့ ဆိုရင် လက်ချောင်းကစလို့ လက်ကောက်ဝတ် စသဖြင့် အဆင့်ဆင့် ပုံစံတကျ တီးဖို့ လိုပါတယ်။
ပုခုံးအားကို သုံးပြီး မတီးပါဘဲနဲ့ အားရပါးရ တီးပြီးတဲ့အခါ ဘာကြောင့် ပုခုံးတွေ နာနေရတာလဲ။ ပုခုံးက လက်နဲ့ ကိုယ်နဲ့ကိုဆက်ထားတဲ့ ကြားခံပါ။ ဒါကြောင့် လက်က အသုံးပြုပုံမှားရင် ပုခုံးပါ လိုက်နာလာမှာပါ။ ပုခုံးကနေမှ ဇက်ကြောတွေတောင့်လာတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
လက်မနာအောင် ဘယ်လို တီးကြမလဲ။
ဒရမ် တီးမယ်ဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာက မနာအောင်၊ ဒဏ်မဖြစ်အောင် ဘယ်လိုတီးရမလဲဆိုတာ သင်ပေးမှာပါ။ ဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကို အိမ်မှာ အပျော်အနေနဲ့ တီးချင်ရာ တီးမယ်ဆိုရင်
- လက်ချောင်းတွေကို အားနဲ့ မဆုပ်ထားပါနဲ့။
- လက်ကောက်ဝတ်ကို မှောက်လျက် တီးပါ။
- ကိုင်တွယ်လို့ လွယ်တဲ့ ပစ္စည်းကို သုံးပါ။
- လက်ဖျံကို သုံးပြီး အားနဲ့ မရိုက်ချပါနဲ့။
- မတီးခင် အကြောလျှော့ပါ။
- အသံထွက်ရုံပဲဆို နားထောင်ကောင်းဖို့ မလိုဘူးဆိုရင် ဘယ်လက်၊ ညာလက် မျှတီးပါ။

ဒရမ် တီးပြီး လက်နာတဲ့အခါ
- နာတဲ့နေရာကို ရေခဲဝတ်ကပ်ပါ။
- ရက်ပိုင်း ကြာသွားရင် ရေနွေးဝတ်ကပ်ပါ။
- ပလာစတာကပ်ပါ။
- ဒဏ်ကြေဆေး လူးပါ။
- မသက်သာရင် အကိုက်အခဲပျောက်ဆေးသောက်ပါ။ ပါရာစီတမော သောက်ပါ။
ဒီနည်းလမ်းတွေနဲ့ဆိုရင် နေ့စဉ်ရက်ဆက် ရေကုန်ရေခမ်း တီးနိုင်ပြီး လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။