ကိုဗစ်ဗိုင်းရပ်စ် မြန်မာနိုင်ငံကို ရောက်လာချိန်ကစပြီး အလုပ်တော်တော်များများက အွန်လိုင်း နည်းပညာတွေကို အသုံးပြုရင်း နေအိမ်တွေကနေ ရုံးအလုပ်တွေကို လုပ်ကြရပါတယ်။ ဆွေးနွေးစရာတွေကို အွန်လိုင်းကနေတဆင့် ဆွေးနွေးမှုတွေလုပ်ရင်း မဖြစ်မနေမှ လူချင်းတွေ့ဆုံ ဆွေးနွေးမှုတွေကို လုပ်ကြပါတယ်။ ဒီလိုနဲ့ နည်းပညာတွေနဲ့ ပိုမိုရင်းနှီးလာခဲ့သလို Work from Home ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်လာကြပါတယ်။