အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

လက်ပြင်ကြောနာတာက အဖြစ်များတဲ့ အရိုးအကြောနာကျင်မှု တစ်ခုပါပဲ။ ဒီလိုနာကျင်တာက နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ပြင်ကြောနာတာကို သက်သာစေဖို့  အထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကဲ .... လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ပြင်ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ လက်ပြင်ဆိုတာက ပခုံးအောက်ဖက်နားက တြိဂံပုံစံ အရိုးပြားပါ။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခု ရှိပါတယ်။ လက်တွေကို လှုပ်ရှားမှု ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းကို ကြွက်သား အုပ်စု ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အချက်တွေက လက်ပြင်ကြောနာစေတာလဲဆိုတာနဲ့ လက်ပြင်ကြောနာတာ သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/ways-to-ease-neck-pain/ ဘယ်လိုအချက်တွေက လက်ပြင်ကြော နာတာကို […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေကျင်းဝတ်နာကျင်ခြင်းကို ဘယ်လိုကုသမလဲ

ခြေကျင်းဝတ်နာကျင်ခြင်း ဆိုတာ ဘာလဲ။ ခြေကျင်းဝတ်တဝိုက်မှာ နာကျင်ခြင်း၊သက်တောင့်သက်သာ မရှိခြင်းတို့ကို ဆိုလိုပါတယ်။ ခြေကျင်းဝတ်ခေါက်ခြင်း၊လိမ်ခြင်းကြောင့် အဓိက ဖြစ်လေ့ရှိပြီး အောက်ပါအချက်တွေကြောင့်လည်း ခြေကျင်းဝတ်နာကျင်နိုင်ပါတယ်။ · အဆစ်အမြစ်ရောင်ခြင်း။ · ဂေါက်ရောဂါ။ · အာရုံကြောထိခိုက်ခြင်း။ · သွေးကြောပိတ်ခြင်း။ · အဆစ်ပိုးဝင်ခြင်း။   ခြေကျင်းဝတ်ဒါဏ်ရာရခြင်းကို ဘယ်လိုအမြန်ဆုံး ကုသမလဲ။ အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုပြီး အိမ်နေရင်း ကုသပေးနိုင်ပါတယ်။ အနားပေးပါ : ထိခိုက်ဒါဏ်ရာ ရနေတဲ့ ခြေကျင်းဝတ်ပေါ်ကို နောက်ထပ်ဖိအားတွေ မသက်ရောက်ပါစေနဲ့တော့။ အနားပေးထားပါ။ ဒါကြောင့် ဒါဏ်ရာ ရပြီးပြီးချင်း ရက်အနည်းငယ်အတွင်းမှာ အဆိုပါ ခြေကျင်းဝတ်ကို အသုံးပြုပြီး လှုပ်ရှားသွားလာတာမျိုးကို တတ်နိုင်သမျှ ရှောင်ရှားပါ။ လမ်းလျှောက်ရလွယ်ကူစေဖို့အတွက် ချိုင်းထောက် ဒါမှမဟုတ် လမ်းလျှောက်တုတ်ကို အသုံးပြုနိုင်ပါတယ်။ ရေခဲကပ်ပါ : ဒါဏ်ရာရနေတဲ့ ခြေကျင်းဝတ်ပေါ်ကို ရေခဲအိတ်ကပ်ပေးပါ။ တခါကပ်ရင် မိနစ်နှစ်ဆယ်နှုန်းနဲ့ တနေ့ကို လေးငါးခါလောက် ကပ်ပေးရမှာဖြစ်ပြီး တကြိမ်နဲ့တကြိမ်ကြားမှာ တနာရီခွဲလောက် ခွာရပါမယ်။ ဒီလိုမျိုး ရေခဲကပ်တာကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေကျင်းဝတ်နာကျင်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ လက္ခဏာများ

ခြေကျင်းဝတ်နာကျင်ခြင်းဆိုတာ ဘာလဲ။ ခြေကျင်းဝတ်နာကျင်ခြင်းဟာ အဆစ်အမြစ်ရောင်ရောဂါရဲ့ အဖြစ်များဆုံး လက္ခဏာတခု ဖြစ်ပါတယ်။ ခြေကျင်းဝတ်လိမ်ခြင်း၊ခေါက်ခြင်းတို့ဖြစ်ရင် အောက်ပါလက္ခဏာတွေကို ခံစားရပါမယ်။ · နာကျင်ခြင်း။ · ခြေကျင်းဝတ် နီရဲရောင်ရမ်းခြင်း။ · လမ်းမလျှောက်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါဟာ ရောင်ရမ်းနာကျင်မှုတွေကို ဖြစ်စေပြီး ခြေကျင်းဝတ်အပါအဝင် အဆစ်အမြစ်တွေကို နာကျင်စေပါတယ်။ တဖြည်းဖြည်းနဲ့ အခြေအနေဆိုးလာတဲ့အခါ အဆစ်အမြစ် အကြီးတွေပါ ထုံကျဉ်ကိုက်ခဲလို့ လာပါလိမ့်မယ်။ နောက်ဆုံးမှာ လုံးဝမလှုပ်နိုင်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။   ဘာလို့ ခြေကျင်းဝတ်နာရတာလဲ။ ခြေကျင်းဝတ်နာရခြင်းဟာ လူနာရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေနဲ့ အဓိက သက်ဆိုင်ပါတယ်။ ဒါကြောင့် နာကျင်မှုဝေဒနာကို ထိထိရောက်ရောက်ကုသနိုင်ဖို့အတွက်ဆိုရင် ဘယ်အရာတွေက နာကျင်မှုကို ဖြစ်စေတာလဲဆိုတာ နားလည်အောင် လုပ်ရပါမယ်။ ထိခိုက်ဒါဏ်ရာ ရရှိခြင်းဟာလည်း အဖြစ်များဆုံး အကြောင်းရင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် ခြေကျင်းဝတ်နာကျင်မှုဝေဒနာကို ခံစားနေရတဲ့ လူနာအနေနဲ့ ထိရောက်မှန်ကန်တဲ့ ကုသမှုကို စောစီးစွာ မခံယူဖူးဆိုရင် ကြာလာတဲ့အခါ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ပုခုံးနာကျင်ခြင်းဟာ လည်ပင်းကနေ မြစ်ဖျားခံလာနိုင်သလား

ပုခုံးနာကျင်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခု ဖြစ်ပြီး ပုခုံးမှာ ထိခိုက်ဒါဏ်ရာ ရခြင်း၊ဒါဏ်ဖြစ်ခြင်း ဒါမှမဟုတ် အခြားသော ပြဿနာတွေကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် တခါတရံ ပုခုံးနာကျင်ခြင်းဟာ လည်ပင်းမှာဖြစ်ပေါ်နေတဲ့ ပြဿနာတခုခုကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ အံ့ဩသွားပါသလား စာဖတ်သူ။ ဒါဖြင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုသိရှိရလေအောင် အခုဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။   သင်ခံစားနေရတဲ့ ပုခုံးနာကျင်ခြင်းဟာ လည်ပင်းမှာဖြစ်နေတဲ့ ပြဿနာကြောင့် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ လည်ပင်းမှာရှိတဲ့ အာရုံကြောအဖိခံရပြီ၊ထိခိုက်ပြီဆိုရင် နာကျင်မှုက ပုခုံးအထိ ရောက်လာနိုင်ပြီး အားနည်းပျော့ခွေခြင်း၊ထုံကျဉ်ခြင်းတွေကတော့ လက်တလျှောက်လုံးမှာ ပျံ့နှံ့သွားနိုင်ပါတယ်။ ဒီလိုအခြေအနေကို ဆေးပညာဝေါဟာရနဲ့ "လည်ပင်းအာရုံကြောညပ်ခြင်း" လို့ ခေါ်ဝေါ်လေ့ရှိပြီး အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။ · အနည်းငယ် နာကျင်ခြင်းမှသည် ပြင်းထန်စွာ နာကျင်ခြင်းအထိ ခံစားရနိုင်ခြင်း။ · တချိန်လုံးနာကျင်နေတာမျိုးတော့ မဟုတ်ဘဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း။ · ပုခုံးမှာ နာကျင်မှုကို ခံစားရပြီး လက်တချောင်းလုံးသို့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာခြင်း အတွက် ကိုယ်လက်ကြံ့ခိုင်ရေးကုထုံးများ, အယူအဆများမှားယွင်းနေသော ရှေးရိုးစွဲ အမြင် ၅ ခု

ဒူးနာခြင်းသည် နေ့စဉ် လုပ်ငန်းဆောင်တာများကို ထိခိုက်စေပါသည်။ ထိုသို့ခံစားရလျှင် ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် သင့်အတွက် အရေးပါသော ကုသမှုများထဲတွင် ပါဝင်လာပါသည်။ သို့သော် သင်ကြားဖူး မြင်ဖူးသော ရှေးစကားများ၊ အတွေ့အကြုံများအရ သင်သည် လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးများကို အယုံအကြည်ရှိချင်မှ ရှိပါလိမ့်မည်။ ထို့ကြောင့် အမှန်တရားကို ရှာဖွေဖော်ထုတ်ကြည့်ကြပါစို့။ အများအားဖြင့်မှားယွင်းနေသော အယူအဆများမှာ အောက်ပါတို့ဖြစ်ပါသည်။   ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အလုပ်မဖြစ်ပါ။ ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အလုပ်မဖြစ်ဟု အချို့သူများက ထင်နေတတ်ကြသည်။ တခါတရံတွင် မလုပ်ဖူးသော လေ့ကျင့်ခန်းများကို လုပ်ရန် တွန့်ဆုတ်နေကြပါသည်။ အမှန်မှာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိပါသည်။ ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အများစုသော ကုသမှုများတွင် အရေးပါသော ကဏ္ဍတစ်ခုဖြစ်လာပြီး အများစုသော လူနာများတွင် အကျိုးရှိကြောင်း တွေ့ပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သံသယရှိလျှင် သင့်ဆရာဝန်အား […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ပုခုံးနာခြင်းသက်သာစေမယ့် ကိုယ်လက်လှုပ်ရှားမှု ၅ မျိုး

သင်သည် ရုံးမှာ တနေကုန် တနေခမ်းထိုင်ပြီး အလုပ်လုပ်ရသူဖြစ်ပါသလား။ သင်သည် ခွဲစိတ်ကုသမှုများ ခံယူထားသောကြောင့် သင့် ပခုံး၂ဖက်ကို အနေအထားမှန်အောင်ကြိုးစားနေရပါသလား။ သင်သည် နှစ်ရှည်လများ လေ့ကျင့်ရသော တင်းနစ်ကစားသမား တစ်ဦးဖြစ်ပါသလား။ ထိုသို့သော အခြေအနေများတွင် ပခုံးနာခြင်းသည် ဖြစ်လေ့ရှိပါသည်။ ထို့ကြောင့် ပခုံးနာခြင်းကို သက်သာစေရန် အောက်ပါဆန့်ထုတ်လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါသည်။ စက်ဝိုင်းပုံစံ လှည့်ပါ။ စက်ဝိုင်းပုံလှည့်ခြင်းဖြင့် သင့်ပခုံးရှိကြွက်သားများကို ပူနွေးလာစေပါသည်။ ပထမဦးစွာ သင့်လက်နှစ်ဖက်ကို ဘေးမှာချပြီး မတ်တပ်ရပ်လိုက်ပါ။ လက်ဖဝါးကို အောက်ဖက်သို့ မျက်နှာမူပြီး လက်မောင်းနှစ်ဖက်ကို ကြမ်းပြင်နှင့် ရေပြင်ညီ အနေအထားဖြစ်အောင် မြှောက်လိုက်ပါ။ ထို့နောက် ၈ စင်တီမီတာခန့်အကျယ်ရှိသော စက်ဝိုင်းအနေအထားအတိုင်း လက်မောင်းနှစ်ဖက်ကို လှည့်ပါ။ တူညီသော ဦးတည်ဖက်အတိုင်း ၁၀ ခါလှည့်ပါ။ ဆန့်ကျင်ဘက်သို့ ၁၀ ခါလှည့်ပါ။ ထို့နောက် စက်ဝိုင်းပုံအကျယ်ကို အနည်းငယ်ချဲ့ပြီး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေဖနောင့်နာခြင်းကို kinesiology တိပ်နဲ့ ဘယ်လိုကုသမလဲ

Plantar fasciitis လို့ဆေးပညာဝေါဟာရနဲ့ ခေါ်ဝေါ်တဲ့ ခြေဖနောင့်နာခြင်းဟာ အဖြစ်များတဲ့ ပြဿနာတခုဖြစ်ပြီး အပြေးသမားအများစုမှာ တွေ့ရတတ်ပါတယ်။ ခြေဖနောင့်နာခြင်းကို အကိုက်အခဲပျောက်ဆေး သုံးစွဲခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း ဒါမှမဟုတ် ရေခဲကပ်ခြင်းတွေနဲ့ ကုသလို့ရနိုင်တယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် kinesiology တိပ်တွေဟာလည်း ဒီပြဿနာကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ မအံ့ဩသွားပါနဲ့။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။   Plantar fasciitis ဆိုတာဘာလဲ။ Plantar fasciitis ဆိုတာဟာ ခြေဖနောင့်နာခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။Plantar fascia မှာ ပြဿနာရှိခြင်းကြောင့် Plantar fasciitis ခြေဖဝါးနာခြင်း ဖြစ်ပေါ်လာရပါတယ်။ ခြေဖဝါးအောက်တလျှောက် ဖြတ်သန်းသွားပြီး ဖနောင့်နဲ့ ခြေချောင်းလေးတွေကို ဆက်သွယ်ပေးထားတဲ့ တစ်ရှုးအမျှင်တန်းခပ်ထူထူတွေကို Plantar fascia လို့ခေါ်ပါတယ်။Plantar fascia ဟာ ခြေဖဝါးကို ထောက်မကူညီပေးပါတယ်။ နှစ်ပေါင်းများစွာ ဖိအားဒါဏ်တွေ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

kinesio တိပ်တွေက ညို့သကျည်းနာကျင်ခြင်းကို ကုသပေးနိုင်တယ်

ညို့သကျည်းနာကျင်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရိုးနဲ့ကြွက်သားဆိုင်ရာ ပြဿနာတခု ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ညို့သကျည်းနာကျင်ခြင်းဟာ ပြင်းထန်လေ့မရှိပေမယ့် မကုသဘဲ ဖာသိဖာသာ ထားမယ်ဆိုရင်တော့ အပ်နဲ့ထွင်းရမယ့်နေရာကို ပုဆိန်နဲ့ ပေါက်ရတတ်ပါတယ်။ ဒါကြောင့် ညို့သကျည်းနာကျင်ခြင်းကို ခွဲစိတ်စရာမလိုဘဲ ကုသပေးနိုင်တဲ့ အဖြေတခုဖြစ်တဲ့ kinesio တိပ်အကြောင်း ဖတ်ကြည့်လိုက်ကြရအောင်။   ညို့သကျည်းရိုးနာကျင်ခြင်း ညို့သကျည်းရိုးနာကျင်ခြင်းဟာ အများအားဖြင့် အားကစားလေ့ကျင့်ခန်းတွေ လုပ်ခြင်းနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကခုန်ခြင်း၊ပြေးခြင်း အစရှိတဲ့ ကိုယ်လက်လှုပ်ရှားမှု အများအပြားပြုလုပ်သူတွေမှာ ညို့သကျည်းရိုးနာကျင်ခြင်း ခံစားရလေ့ရှိတဲ့အတွက် ဖြစ်ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ် ရုတ်တရက်ပြောင်းလဲလိုက်တဲ့ အားကစားသမားတွေမှာလည်း ဒီပြဿနာကို တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းစတင်ပြုလုပ်တဲ့အချိန်မှာလည်း ညို့သကျည်းရိုးနာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းစတင်ပြုလုပ်အပြီးမှာ ညို့သကျည်းရိုးရဲ့ အတွင်းဖက်က နာကျင်မှုကို ခံစားရမှာပါ။ လေ့ကျင့်ခန်းဆက်လက်လုပ်ဆောင်တဲ့အခါ နာကျင်မှုဟာ သက်သာလျော့ပါးသွားမှာဖြစ်ပြီး နားလိုက်တဲ့အခါ တဖြည်းဖြည်း ပိုဆိုးလာမှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ တောက်လျှောက်နာကျင်နေတာမျိုး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ကောက်ဝတ်နာကျင်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အချက်လေးတွေ

ကိစ္စအတော်များများကို ပြုလုပ်ဖို့ သင့်လက်တွေကို အမြဲတစေ အသုံးပြုရလေ့ရှိတဲ့အတွက် သင့်လက်ကောက်ဝတ်တွေဟာ နာကျင်မှုဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ပြောနေကျ စကားအတိုင်းပါပဲ၊ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတာမို့ လက်ကောက်ဝတ်နာကျင်ခြင်းကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းငါးသွယ်ကို လေ့လာကြည့်ရအောင်။   သင့်အရိုးနဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းနေပါစေ။ သင့်အရိုးနဲ့ ကြွက်သားတွေ ကျန်းမာသန်စွမ်းနေတဲ့အခါ လက်ကောက်ဝတ်နာကျင်မှု ခံစားရနိုင်ချေ နည်းပါးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ရိုးရှင်းတဲ့ အကြောဖြေလျှော့ လေ့ကျင့်ခန်းလေးတွေ ပြုလုပ်တာ ဒါမှမဟုတ် ယောဂကျင့်တာ စသဖြင့် လုပ်ဆောင်နိုင်ပါတယ်။ သင့်လက်ကောက်ဝတ်ကို ဆန့်ပေးတဲ့ လေ့ကျင့်ခန်းမျိုး မကြာခဏ လုပ်ပေးပါ။ တချို့ယောဂပုံစံတွေဟာ လက်ကောက်ဝတ်အတွက် များစွာအကျိုး ရှိပါတယ်။ အားကစားလေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ လက်ကောက်ဝတ်ကို သွေးပူလေ့ကျင့်ခန်းဦးစွာ လုပ်ပေးရပါမယ်။ဒီလို လုပ်ပေးခြင်းအားဖြင့် သင့်လက်ကောက်ဝတ်အနေနဲ့ အားကစားလုပ်ဖို့ အသင့်အနေအထားမှာ ရှိနေမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ကယ်လ်လဆီယမ်ဓာတ်ကြွယ်ဝတဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဘာလို့ ဒူးနာသလဲ

သင့်တသက်မှာ အနည်းဆုံးတခါလောက်တော့ ဒူးနာဖူးမှာ အမှန်ပါ။ ဘာလို့များ ဒူးနာရတာလဲလို့ သင်တွေးကောင်းတွေးမိမှာပါ။ ဒူးနာရခြင်း အကြောင်းရင်း အမျိုးမျိုး ရှိတဲ့အနက်က အဖြစ်အများဆုံး အကြောင်းရင်း သုံးမျိုးကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။   အဆစ်အမြစ်ရောင်ခြင်း အဆစ်အမြစ်ရောင်ခြင်း အမျိုးမျိုးရှိပြီး အောက်ပါ အမျိုးအစားတွေက ဒူးနာစေပါတယ်။ Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)ကြောင့် ဒူးနာလေ့ရှိပါတယ်။ ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်းပျက်စီးရောင်ရမ်းခြင်းလို့လည်း ခေါ်ပါသေးတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သင့်ဒူးဟာ ကွေးနိုင်ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းပါးလာပြီး တောင့်တင်းနာကျင်လာပါတော့တယ်။ ဒူးမျက်နှာပြင်ကလည်း ထိခိုက်ပျက်စီးလို့ လာပါတယ်။ သင့်လှုပ်ရှားသွားလာတဲ့အချိန် ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ်သက်သာသွားနိုင်ပါတယ်။ ရောင်ရမ်းတဲ့နေရာက မာနေရင် ဒါဟာ အရိုးအပိုထွက်လာလို့ဖြစ်ပြီး ပျော့နေရင်တော့ အရည်တွေစုပုံနေလို့ ဖြစ်ပါတယ်။   Rheumatoid အဆစ်အမြစ်ရောင်ရောဂါ မိမိခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှုးတွေကို ပြန်တိုက်တဲ့အခါ Rheumatoid အဆစ်အမြစ်ရောင်ရောဂါ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လမ်းပုံမှန်လျှောက်ပေးခြင်းက ဒူးနာခြင်းကို ကာကွယ်ပေးနိုင်တယ်

ဒူးနာတဲ့ ဝေဒနာကို သူသူကိုယ်ကိုယ် ခံစားရလေ့ရှိပါတယ်။ ဒူးနာတဲ့အတွက် လမ်းလျှောက်နိုင်ပါ့မလား ဒါမှမဟုတ် ဒူးလှုပ်ရှားရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါ့မလားဆိုပြီး သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဒါပေမယ့် လမ်းပုံမှန်လျှောက်ပေးခြင်းက ဒူးနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။   ဒူးနာခြင်း အလွန်အကျွံလှုပ်ရှား အသုံးပြုမိခြင်း၊ထိခိုက်ဒါဏ်ရာရခြင်း ဒါမှမဟုတ် (အရိုးနဲ့အဆစ်အမြစ်ရောင်ခြင်းကဲ့သို့သော) တခြား ရောဂါတွေရှိနေခြင်းတို့ကြောင့် ဒူးနာဝေဒနာကို ခံစားရနိုင်ပါတယ်။ ဘယ်သူမဆို တသက်မှာ တခါလောက်တော့ ဒူးနာဖူးမှာပါ။ နည်းနည်းနာတာနဲ့ ဆိုးဆိုးရွားရွား နာတာပဲ ကွာမှာ ဖြစ်ပါတယ်။ ဒူးနာတိုင်း ဆရာဝန်ပြဖို့ မလိုပါဘူး။ သင့်ဒူးဟာ ခန္ဓါကိုယ်တခုလုံးရဲ့ အလေးချိန်ကို ထမ်းပိုးထားရတဲ့အပြင် ပြေးခြင်း၊အမြင့်တက်ခြင်း ဒါမှမဟုတ် ခုန်ခြင်းတို့ ပြုလုပ်တဲ့အခါ ပိုပြီးအားစိုက်လှုပ်ရှားရတာမို့ ဒူးဟာ ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ပြောရင် မမှားပါဘူး။ အသက်အရွက်ကြီးရင့်သူတွေ၊အဝလွန်သူတွေ ဒါမှမဟုတ် ဘောလုံး၊ဘော်လီဘော၊ဘက်စကတ်ဘော အစရှိတဲ့ အားကစားပြုလုပ်သူတွေမှာ ဒူးနာခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။   လမ်းလျှောက်ခြင်းက ဒူးနာဝေဒနာကို ဘယ်လိုသက်သာစေသလဲ။ ဒူးနာခြင်းဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း