backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Plantar Fasciitis (ခြေဖနောင့်နာခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Plantar Fasciitis (ခြေဖနောင့်နာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Plantar Fasciitis (ခြေဖနောင့်နာခြင်း) ကဘာလဲ။

plantar fasciitis (ခြေဖနောင့်နာခြင်း)ဆိုတာဟာ ခြေထောက်ရောင်ပြီး ဖနောင့်နာတဲ့ အခြေအနေကို ပြောခြင်းဖြစ်ပါတယ်။ plantar fascia ဆိုတာက ခြေထောက်အရိုးအောက်မှာရှိတဲ့ သားရေပင်လို တစ်ရှူးအပြားတွေကို ခေါ်ပါတယ်။

၎င်းတို့ကို ခြေမနှင့် ဖနောက်အနားက အရိုး၏် အစွန်ဖျားကို တွဲနှောင်ထားပါ တယ်။ plantar fascia ရောင်တဲ့အခါ လူနာဟာ ဖနောက်အနားမှာ စူးသလို နာကျင်မှုကိုခံစားရပြီး အထူးသဖြင့် မနက်ပိုင်းစောစော လမ်းထလျှောက်ချိန် ပိုခံစားရပါတယ်။

Plantar Fasciitis (ခြေဖနောင့်နာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ခြေဖနောင့်နာခြင်း ရောဂါဟာ အသက် ၄၀ နှင့် ၆၀ ကြား အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဟာ အားကစားသမားတွေနှင့် အပြေးများတဲ့ လူတွေမှာ အဖြစ်များပါတယ်။

ထို့ပြင် ကိုယ်အလေးချိန်များပြီး ဖော့ခံအထောက်အကူမျိုး ပါတဲ့ ဖိနပ်မစီးလျှင်လည်း ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Plantar Fasciitis (ခြေဖနောင့်နာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခြေဖနောင့်နာခြင်း ရဲ့ ရောဂါလက္ခဏာတွေကတော့ ဖနောင့်မှာ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း သို့ အိပ်ရာထပြီးချင်း လမ်းထလျှောက်တဲ့ အခါမှာ နာခြင်းတို့ဖြစ်ကြပါတယ်။ လမ်းလျှောက်တာကြာလာတဲ့ အခါ သက်သာလာပါတယ်။ ပိုဆိုးလာတဲ့ အခြေအနေမျိုးများတော့လမ်းလျှောက်တိုင်း နာကျင်နေပါမယ်။ တစ်ခါတလေ နာကျင်မှုက ဖနောင့်ကနေ ခြေချောင်းလေးတွေ အထိခံစားရခြင်း နှင့် ဖိနောင့်ရောင်ခြင်း (သို့ )အညိုမဲ စွဲခြင်းတွေပါ ဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲ ဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Plantar Fasciitis (ခြေဖနောင့်နာခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ခြေဖနောင့်နာခြင်း ကို ဖြစ်စေတာကတော့ ခြေထောက်ကြွက်သား ထိခိုက်မိခြင်းပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့ အခါ၊ ပြေးတဲ့အခါ၊ နှင့် အချိန်အကြာကြီး မတ်တတ်ရပ်ခြင်းကြောင့် ခြေထောက်ကို ထိခိုက်စေပြီး နာကျင်စေပါတယ်။ တို့အပြင် အထောက်အပံ့ဖော့ မပါတဲ့ ဖိနပ်တွေကို ကြာရှည်စီးခြင်းကလည်း ခြေဖနောင့်နာခြင်း ကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Plantar Fasciitis (ခြေဖနောင့်နာခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ခြေဖနောင့်နာခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်အရွယ်နှင့် ကျား/မ ။ ။ ခြေဖနောင့်နာခြင်း က အသက်၄၀ နှင့် ၆၀ ကြား အမျိုးအသားတွေမှာ ဖြစ်တတ်ပါတယ်။
  • တချို့သော လေ့ကျင်းခန်းများ။ ။ ပြေးခြင်း၊ တောင်တက်ခြင်း၊ ဘဲလေးအကနှင့် အေရိုးဗစ်ကတာတို့ဟာ ဖနောင့်ကို ဖိအားပေးမှုများတာကြောင့် ခြေဖနောင့်နာခြင်း ကို မြန်မြန် ဖြစ်စေပါတယ်။
  • ခြေထောက်ကြွက်သားမူမမှန်ခြင်း။ ။ ခြေထောက် ပုံစံ မူမမှန်ခြင်း (သို)့ လမ်းကို ပုံစံမှန်မှန် မလျှောက်ခြင်းဟာ ခြေထောက်ကို ထိခိုက်စေပြီး ခြေဖနောင့်နာခြင်း ကို ဖြစ်စေပါတယ်။
  • အဝလွန်ခြင်း။ ။ ကိုယ်အလေးချိန်များတာဟာ ခြေထောက်ကြွက်သားတွေအပေါ် ဒဏ်ပိစေပါတယ်။
  • မာကျောတဲ့ ကြမ်းပြင်ပေါ် အချိန်ကြာကြာ မတ်တပ်ရပ်ရသည့် အလုပ်များဖြစ်တဲ့ စက်ရုံအလုပ်သမားများ၊ ဆရာမများနှင့် တခြား လမ်းလျှောက်များသော (သို)့ မတ်တပ်ရပ်ရသော အလုပ်များက ခြေထောက် ကြွက်သားအရွတ်တွေကို နာကျင်စေပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ခြေဖနောင့်နာခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Plantar Fasciitis (ခြေဖနောင့်နာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်တွေက သင့်ရောဂါလက္ခဏာတွေကို မေးမြန်းခြင်း နှင့် ခြေထောက်လက်တွေ့စမ်းသပ်မှုတွေလုပ်ပြီး ရောဂါအဖြေရှာ အတည်ပြုနိုင်ပါတယ်။ တကယ်လို့ ရောဂါက မသေချာဖူးဆိုလျှင် ဆရာဝန်က သင့်မှာ တခြားရောဂါတွေ ရှိနေနိုင်လားဆိုတာ ကို အောက်ပါစမ်းသပ်မှုတွေ လုပ်ပြီး စစ်ဆေးနိုင်ပါတယ်။

  • ခြေထောက် ဓါတ်မှန်ရိုက်ခြင်း
  • သံလိုက်ဓါတ်မှန်ရိုက်ခြင်း(MRI)

Plantar Fasciitis (ခြေဖနောင့်နာခြင်း) ကို ဘယ်လိုကုသပါသလဲ

ခြေဖနောင့်နာခြင်း အား ကုသရာမှာ အသုံးများတဲ့ နည်းတွေကတော့

  • အချိန်ကြာကြာမတ်တပ်ရပ်ခြင်းမပြုပါနဲ့။ ခြေဖနောင့်အား ဒဏ်မပိစေခြင်းနှင့် ခြေထောက်ကို အနားပေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။
  • ကိုယ်အလေးချိန်လျှော့ခြင်းက သင့်ဖနောင့်အပေါ် ဝန်ပိခြင်းကို သက်သာစေပြီး နာကျင်မှု လျော့နည်းစေပါတယ်။
  • Acetaminophen ကဲ့သို့ အကိုက်အခဲပျောက်ဆေးများနှင့် အရောင်ကျဆေးတွေက ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။

ထိုနည်းလမ်းများနှင့် မသက်သာလျှင် ပလက်စတစ်ဆာဂျင်၊ ပြန်လည်သန်စွမ်းရေး အထူးကု သို့ ခြေထောက်အထူးကုတစ်ယောက်နဲ့ သွားပြသင့်ပါတယ်။ ပြန်လည်သန်စွမ်းရေးအထူးကုက လေ့ကျင့်ခန်းတွေ (သို့) နှိပ်နယ်ခြင်းတွေ လုပ်နိုင်ဖို့ လမ်းပြပေးပါတယ်။ အကြောပြင်ဆရာတွေက ခြေထောက်ကို ကွေးခြင်းနှိပ်ခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သင်လှုပ်ရှားရာမှာ အနာသက်သာစေပါတယ်။

ညဘက်ခြေစည်း စည်းထားခြင်းဖြင့်လည်း ခြေထောက်ကို တစ်ညလုံးအနားရစေပြီး ဖနောင့်အရွတ်တွေမထိအောင် ကာကွယ်ပေးတဲ့ အတွက် အနာသက်သာစေပါတယ်။ ဖနောင့်ထဲသို့ စတီးရွိုက်ဆေး ထိုးခြင်းဖြင့်လည်း အနာသက်သာစေပါတယ်။

တကယ်လို့ ဆက်ပြီး နာနေဦးမယ်ဆိုလျှင် ဆရာဝန်တွေက ခြေထောက်နဲ့ ခြေချင်းဝတ်ကို ပတ်တီးစည်းခြင်း၊ အာရုံကြော လှုံ့ဆော်ပေးခြင်း နှင့် အပ်စိုက်ကုသခြင်းများ ပြုလုပ်ပါလိမ့်မယ်။ ခွဲစိပ်မှုတွေ လည်း ပြုလုပ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခြေဖနောင့်နာခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခြေဖနောင့်နာခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ခြေထောက်ကို အနားပေးပါ။ ကိုယ်အလေးချိန်လျှော့ချ၍ သင့်တော်တဲ့ ဖိနပ်တွေ စီးပါ။

• သင့်အရေပြားလုံး၀ ပြန်ကောင်းသွားမှသာ လေ့ကျင့်ခန်းပြန်လုပ်ပါ။

• ကုသမှုတွေပြုလုပ်နေရင်း ရောဂါလက္ခဏာတွေက မသက်သာလျှင် ဆရာဝန်နဲ့ ပြပါ။

ခဏခဏ အကြောလျှော့ပါ အထူးသဖြင့် လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ခြင်းက ခါးနာတာကို ကာကွယ်ပေးပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement