အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

လက်ပြင်ကြောနာတာက အဖြစ်များတဲ့ အရိုးအကြောနာကျင်မှု တစ်ခုပါပဲ။ ဒီလိုနာကျင်တာက နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ပြင်ကြောနာတာကို သက်သာစေဖို့  အထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကဲ .... လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ပြင်ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ လက်ပြင်ဆိုတာက ပခုံးအောက်ဖက်နားက တြိဂံပုံစံ အရိုးပြားပါ။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခု ရှိပါတယ်။ လက်တွေကို လှုပ်ရှားမှု ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းကို ကြွက်သား အုပ်စု ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အချက်တွေက လက်ပြင်ကြောနာစေတာလဲဆိုတာနဲ့ လက်ပြင်ကြောနာတာ သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/ways-to-ease-neck-pain/ ဘယ်လိုအချက်တွေက လက်ပြင်ကြော နာတာကို […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေချင်းဝတ်နာကျင်မှုကို ဘာတွေကဖြစ်စေတာလဲ။ ဖြစ်နိုင်ချေရှိတဲ့ အခြေအနေ ၁၇မျိုး

ခြေချင်းဝတ်နာကျင်မှုတွေဟာ ခြေချင်းဝတ်မှာရှိတဲ့ ဘယ်အစိတ်အပိုင်းမှာမဆိုဖြစ်နေတဲ့ နာကျင်မှု အားလုံး ဒါမှမဟုတ် သက်တောင့်သက်သာမဖြစ်မှုတွေအားလုံးကို ကိုယ်စားပြုပါတယ်။ ဒါဟာ အသက်အရွယ်မရွေးဖြစ်နိုင်သလို အကြောင်းရင်း အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ လူတစ်ယောက်ကို လမ်းမလျှောက်နိုင်အောင် လုပ်နိုင်တဲ့အပြင် အချို့သော ညင်ညင်သာသာ လှုပ်ရှားမှုတွေကိုတောင် မလုပ်နိုင်လောက်အောင် ဖြစ်စေနိုင်ပါတယ်။ ဒီနာကျင်မှုတွေဟာ ခြေချင်းဝတ် တစ်ဘက်တည်းမှာဖြစ်စေ၊ နှစ်ဘက်လုံးမှာဖြစ်စေ ဖြစ်နိုင်ပါတယ်။   ခြေချင်းဝတ်နာကျင်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းများ ခြေချင်းဝတ်လည်သွားတဲ့အခါမျိုး ခြေခေါက်တဲ့အခါမျိုးတွေမှာ sprain (ကြွက်သားနာခြင်း) ဖြစ်တတ်ပါတယ်။ ဒီလို လည်သွား၊ ခေါက်သွားတဲ့အချိန်မှာ ခြေချင်းဝတ်က မြေကြီးဘက်ကို လည်သွားတာကြောင့် အရွတ်ကွာတာ၊ စုတ်ပြဲသွားတာတွေ ဖြစ်တတ်ပါတယ်။ ခြေခေါက်သွားတဲ့အချိန်မှာ ကြွက်သားကြောတွေနဲ့ အရိုးနုတွေကို ထိခိုက်စေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ Osteoarthritis ကတော့ အဆစ်ကို ပုံမှန်သုံးနေရင်းကပဲ ထိခိုက်ဒဏ်ရာရသွားတာမျိုးပါ။ အသက်တွေကြီးလာလေလေ Osteoarthritis ဖြစ်လာနိုင်လေလေပါပဲ။ ကြွက်သားညောင်းညာတာနဲ့ တင်းမာနေတာတွေကတော့ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်ဖြစ်ရတဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေကျင်းဝတ်နာကျင်ခြင်း - ရောဂါလက္ခဏာများ

သင့်ရဲ့ ခြေချင်းဝတ်နဲ့ပတ်သက်တဲ့ပြဿနာတွေကို သင်ခံစားနေရနိုင်ပါတယ်။ နာကျင်မှုတွေ၊ အားနည်းမှုတွေ ဒါမှမဟုတ် အခြားသောအရာတွေကို ခံစားနေရနိုင်ပါတယ်။ ဒါတွေက သင့်ရဲ့ကျန်းမာရေးအကြောင်းဘာတွေပြောနေသလဲဆိုတာကို လေ့လာကြည့်ရအောင်။ ခြေချင်းဝတ်ရဲ့ အဖြစ်များတဲ့ ပြဿနာများ ခြေချင်းဝတ်နာကျင်ခြင်းဟာ ခြေချင်းဝတ်မှာ ဒဏ်ရာရရှိခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ - ကြွက်သားညောင်းညာတာ၊ တင်းမာနေတာတွေနဲ့ ကျိုးပဲ့တာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ကြွက်သားညောင်းညာခြင်း (Sprians) ကြွက်သားညောင်းညာခြင်းဟာ အဖြစ်အများဆုံး ခြေချင်းဝတ်ပြဿနာပါပဲ။ ဒီမှာတော့ သင့်ရဲ့ ခြေချင်းဝတ်မှာရှိတဲ့ အရွတ်တွေဟာ စုတ်ပြဲသွားတာ ဒါမှမဟုတ် ကွာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သင့်တစ်သက်တာမှာ ခြေချင်းဝတ်လည်သွားတာမျိုး တစ်ခါလောက်တော့ ရှိဖူးပါလိမ့်မယ်။ ဒါပေမဲ့ ဒီခြေချင်းဝတ်လည်ခြင်းဟာ ရောင်ရင်းခြင်းနဲ့ နာကျင်ခြင်းတွေဖြစ်ခဲ့မယ်ဆိုရင်တော့ ခြေချင်းဝတ်က ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးတွေ ထပ်ကာထပ်ကာဖြစ်တယ် ဒါမှမဟုတ် ပြင်းပြင်းထန်ထန်ဖြစ်ရင်တော့ နောက်ပိုင်းမှာ နာတာရှည်ခြေချင်းဝတ်နာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့- ထိခိုက်တဲ့နေရာမှာ ရောင်ရမ်းပြီး အညိုအမည်းစွဲခြင်း သင်ရွေ့လျားလိုက်တဲ့အခါတိုင်း ဒါမှမဟုတ် ခြေထောက်ပေါ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ပြင်းထန်တဲ့ ဒူးနာကျင်မှုတွေအတွက် အဖြစ်များတဲ့ အကြောင်းရင်း(၅)ချက်

ဒူးနာကျင်မှုတွေဟာ သင့်ကို မသက်မသာဖြစ်စေပြီး သွားလာလှုပ်ရှားရ ခက်ခဲစေပါတယ်။ ပြင်းထန်တဲ့ဒူးနာကျင်ခြင်းတွေဟာ မရွေ့လျားနိုင်တာမျိုးထိတောင် ဖြစ်စေတတ်ပါတယ်။ ဒီပြဿနာတွေအတွက် ကုသမှုနည်းလမ်းတွေရှိနေပေမယ့် အချိန်ကာလတစ်ခုထိတော့ ဒီနာကျင်မှုတွေကို ခံစားနေရဦးမှာပါ။ ပြင်းထန်တဲ့ ဒူးနာကျင်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် သူ့ကိုဖြစ်စေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်။   ထိခိုက်ဒဏ်ရာများ အရွတ်နဲ့ ကြွက်သားကြောတို့ စုတ်ပြဲခြင်း ပြင်းထန်တဲ့ဒူးနာကျင်မှုတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘောလုံး၊တင်းနစ် စတဲ့ အားကစားတွေနဲ့ အလုပ်တွေ၊ မတော်တဆမှုတွေကရတဲ့ ဒဏ်ရာတွေဟာ အရွတ်နဲ့ ကြွက်သားကြောတွေကို စုတ်ပြဲစေခြင်းဖြစ်စေနိုင်ပါတယ်။ အရွတ်ဟာ အဆစ်မှာ အရိုးတွေကို ဆက်သွယ်ထားတာဖြစ်ပြီး ကြွက်သားကြောကတော့ ကြွက်သားနဲ့ အရိုးကို ဆက်ထားပေးတာပါ။ တကယ်လို့များ ဒူးရဲ့ဘေးက ကြွက်သားကြောနဲ့ အရွတ်တွေ စုတ်ပြဲခဲ့မယ်ဆိုရင် သင်အနားယူလိုက်ရင်တောင်မှ နာကျင်မှုကို ခံစားရမှာပါ။ နာကျင်မှုတွေဟာ ဒူးပေါ် အလေးချိန်တင်လိုက်ရင် ပိုပြီးဆိုးရွားနိုင်ပါတယ်။ ရောင်ယမ်းခြင်း၊ ပူနွေးခြင်းနဲ့ အညိုအမည်းစွဲခြင်းတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်ဒဏ်ရာရနေချိန်မှာတောင် လုပ်နိုင်ဦးမယ့် လေ့ကျင့်ခန်းများ

ခြေထောက်ဒဏ်ရာရတယ်ဆိုတာဟာ တကယ်ကို အနှောက်အယှက်တစ်ခုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အများကြီးထိခိုက်စေနိုင်တယ်လေ။ ကျွန်တော်တို့အများစုဟာ အိမ်မှာတစ်နေကုန်ထိုင်ပြီး ခြေထောက်ဒဏ်ရာပြန်ကောင်းလာဖို့ စောင့်ဆိုင်းမနေနိုင်ကြဘူးလေ။ အထူးသဖြင့် နေ့စဉ်လေ့ကျင့်ခန်းလုပ်နေသူတွေပေါ့။ သူတို့အတွက် ဒီအခြေအနေကြီးကို ရင်ဆိုင်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒါပေမဲ့ သင့်ခြေထောက်ပြန်ကောင်းလာဖို့ စောင့်ဆိုင်းနေတဲ့အချိန်အတွင်းမှာ သင်လုပ်နိုင်သေးတဲ့ လေ့ကျင့်ခန်းအချို့ရှိနေပါသေးတယ်။   ခြေထောက်ကို ဆက်တိုက် အလုပ်လုပ်ခိုင်းခြင်းက ပြန်လည်ကောင်းမွန်လာမယ့်အချိန်ကို ပိုပြီးကြာမြင့်စေပါတယ်။ ဒါတွေကပဲ သင့်ခြေထောက်ကောင်းဖို့အတွက် အနားယူဖို့အချိန် လိုတယ်လို့ ဆိုနေတာပေါ့။ တကယ်လည်း ခြေထောက် ပုံမှန်အခြေအနေပြန်ရောက်ဖို့ အရေးကြီးတဲ့အချိန်ပါပဲ။ ဒါကြောင့် ကုသမှုခံယူပြီးတဲ့ ပထမတစ်ပတ်မှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေနဲ့ လှုပ်ရှားမှုတွေ ဥပမာ ပြေးခြင်း၊ ခုန်ခြင်း စသဖြင့် မလုပ်ဖို့ အကြံပြုထားတာပါ။ ဒဏ်ရာရသွားတဲ့အပိုင်းတွေကို လေ့ကျင့်ခန်းမလုပ်ခင် ကောင်းကောင်းအနားပေးလိုက်ပါဦး။ သင်ပထမဆုံးသတိထားရမယ့် အရာကတော့ သင့်ခြေထောက်အခြေအနေအကြောင်း ဆရာဝန်နဲ့ဆွေးနွေးသင့်တာပါ။ သင်ကဒဏ်ရာရနေပေမယ့် အချို့သော လေ့ကျင့်ခန်းတွေကို လုပ်လို့ ရမရဆိုတာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

စူးစူးရှရှနာကျင်မှုများနဲ့ ကာလကြာရှည် နာကျင်မှုများ ခါးနာမှုအတွက် ကုထုံးများ

နောက်ကျောနာကျင်ခြင်း၊ ခါးနာခြင်းတွေဟာ ကျောရိုးမှာ ဖြစ်နေတဲ့ ဖိအားတွေကြောင့်ဖြစ်ရတာပါ။ ဒီဖိအားတွေဟာလည်း ဒဏ်ရာရခြင်း၊ ရောဂါ ဒါမှမဟုတ် ခန္ဓါကိုယ်လှုပ်ရှားမှုမမှန်ခြင်းတွေကြောင့် ဖြစ်တာပါ။ ကျောအောက်ပိုင်း စူးစူးရှရှနာကျင်မှုဟာ ရုတ်တရက်ဖြစ်လာတတ်ပြီး ပြင်းပြင်းထန်ထန်နာကျင်တာမျိုးဖြစ်ကာ ရက်အတန်ကြာ ဒါမှမဟုတ် ရက်သတ္တပတ် အတန်ကြာပြီးမှ သက်သာလာတတ်ပါတယ်။ ဒါပေမဲ့ ဒါကို သေချာ မကုသရင်တော့ နာတာရှည် နာကျင်မှုတွေဖြစ်နိုင်ပြီး နောက်ထပ်နောက်ထပ် စမ်းသပ်ကုသမှုတွေ အများကြီးလိုအပ်လာပါလိမ့်မယ်။   ခါးနာခြင်းအမျိုးအစားများ ကျောနာခြင်း၊ ခါးနာခြင်းတွေဟာ ဒဏ်ရာရရှိမှုပမာဏတွေ ၊ ဘယ်လောက်နာကျင်ရလဲဆိုတာတွေ ဒါမှမဟုတ် ကာလဘယ်လောက်ကြာရှည် နာကျင်ခဲ့တာလဲဆိုတာတွေပေါ်မူတည်ပြီး အပျော့စားအခြေအနေကနေ ပြင်းထန်တဲ့အခြေအနေတွေထိ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ခါး စူးရှစာနာကျင်မှုဟာ ရုတ်တရက်ဖြစ်လာတတ်ပြိး အများအားဖြင့် ရက်အနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ်လောက် ကြာမြင့်တတ်ပါတယ်။ နာကျင်မှု ရင်းမြစ်တွေဟာ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆစ်ရောင်တာတွေ ဒါမှမဟုတ် အရိုးချပ်ပြားတွေကြောင့် ဖြစ်နေတတ်ပါတယ်။ ကာလကြာရှည် နာကျင်မှုကတော့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကာလကြာရှည် နာကျင်မှုတွေနဲ့ အိပ်စက်နေရခြင်းအတွက် လူသိနည်းသေးတဲ့ အချက် (၅)ချက်

Chronic pain လို့ခေါ်တဲ့ နာကျင်မှုတွေနဲ့ နေရောင်တွေကွယ်ပျောက်လို့ ညရောက်တဲ့ချိန်ထိတောင် မပျောက်သွားတဲ့ ဒီနာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒီနာကျင်မှုတွေဟာ သင့်ရဲ့ အိပ်စက်ခြင်းကိုပါ ထိခိုက်စေပါတယ်။ ဒီလိုဆိုရင်တော့ ဒါဟာ ကိစ္စသေးသေးလေးမဟုတ်တော့ပါဘူး။ မအိပ်စက်နိုင်ဘူးဆိုတာက သင့်ရဲ့ နာကျင်မှုတွေက ပိုဆိုးလာတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီမှာတော့ သင်ခံစားနေရတဲ့ နာကျင်မှုတွေနဲ့အတူ အိပ်စက်နိုင်ဖို့ နည်းလမ်း (၅)ခု ကို ဖော်ပြပေးထားပါတယ်။   အိပ်ချင်နေတဲ့အချိန်မှာ အိပ်ရာဝင်ငပါ။ သင်ပင်ပန်းပြီး အိပ်ချင်နေတဲ့အချိန်မျိုးမှာမှ အိပ်ရာဝင်ပါ။ အိပ်ချင်စိတ်နည်းနည်းလေးမှ မရှိသေးဘူးဆိုရင် အိပ်ဖို့ မကြိုးစားပါနဲ့။ အိပ်စက်ဖို့ အာရုံစိုက်နေခြင်းက ဖိအားတွေနဲ့ အကြောက်တရားတွေကို ပိုမိုခံစားရစေပါတယ်။ သင့်ကို သက်တောင့်သက်သာအနားယူစေနိုင်ပြီး အိပ်ချင်လာစေနိုင်တဲ့ အရာအချို့ကို ပြုလုပ်နိုင်ပါတယ်။ ဥပမာ စာအုပ်ဖတ်တာမျိုး၊ သီချင်းနားထောင်တာမျိုးပေါ့။ အပျော့စား လေ့ကျင့်ခန်းတွေကလည်း ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ လှဲနေပြီး နာရီဝက်ကြာပြိးတဲ့ထိ အိပ်မပျော်နိုင်သေးဘူးဆိုရင် အိပ်ရာပေါ်ကထပြီး တကယ့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာနိုင်ခြေကို ဘာတွေက မြင့်မားစေတာလဲ

ခါးနာနေပါသလား။ ဘာတွေကဖြစ်စေတာလဲဆိုတာကော သိပါသလား။ ခါးပိုနာအောင်ဘာတွေက လုပ်နေတာလဲဆိုတာကော သိပါသလား။ အောက်ပါဆောင်းပါးမှာ သင်သိချင်တာတွေ ရှိပါတယ်။ အသက်အရွယ် ခါးနာခြင်းဟာ အသက်ကြီးတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အသက်ကြီးခြင်းဇီဝဖြစ်စဉ်တွေဟာ ခါးနာခြင်းကို ပိုအားပေးလာပါတယ်။ အသက်၃၀နဲ့အထက်ရှိနေပြီဆိုရင်တော့ ခါးနာနိုင်ခြေများနေပါပြီ။ ကိုယ်လက်လှုပ်ရှားမှုများ ကိုယ်လက်လှုပ်ရှားမလုပ်ခြင်းက ခါးနာစေပါတယ်။ အသုံးမပြုတဲ့ ကြွက်သားတွေဟာ အားနည်းလာပြီး ခန္ဓါကိုယ်ကို ကောင်းကောင်းမထောက်ပံ့နိုင်တော့ပါဘူး။ အချိန်တော်တော်ကြာလှုပ်လှုပ်ရှားရှားမရှိဘဲနေလာရာကနေ ချက်ချင်းကြီး အလွန်အကျွန် ခန္ဓါကိုယ်ကို အလုပ်ပေးလိုက်ရင် ခါးနာသွားနိုင်ပါတယ်။ ခန္ဓါကိုယ်ကို သိပ်အလုပ်မပေးတဲ့ အပျော့စားလေ့ကျင့်ခန်းတွေကိုသာ ဖြည်းဖြည်းသက်သာလုပ်သွားပါ။ အဝလွန်ခြင်း ကိုယ်အလေးချိန်များနေမယ်၊ အဝလွန်နေမယ်ဆိုရင် သင့်ခါးက အလေးချိန်အမြောက်အများကို သယ်ဆောင်ထားရပါတယ်။ ကိုယ်အလေးချိန်များနေခြင်းက ခါးပေါ်မှာသာမက အဆစ်တွေပေါ်မှာလည်း ဖိအားတွေသက်ရောက်နိုင်ပါတယ်။ အလုပ်အကိုင် ကုန်း၊ကွ၊ဆွဲ၊တင်၊မ၊ချ စတဲ့ ကျောကိုအလုပ်ပေးရတဲ့အလုပ်တွေ လုပ်နေမယ်ဆိုရင် ခါးနာခြင်း၊ ဒဏ်ဖြစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေဖြင့် တစ်နေကိုယ်ဘာမှလှုပ်လှုပ်ရှားရှားမလုပ်ရဘဲ ထိုင်ခုံပေါ်မှာ အေးဆေးထိုင်လုပ်ရတဲ့ အလုပ်ဆိုလျင်လည်း ခါးနာနိုင်ပါသေးတယ်။ အထက်ပါအလုပ်တွေက သင့်ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ခါးကိုထိခိုက်မှုမရှိဘဲ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အဆစ်အမြစ်ကိုက် ရောဂါ က ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ

Rheumatoid Arthritis (RA) ကို လက်ချောင်းတွေနဲ့ လက်ကောက်ဝတ်တွေရဲ့ အဆစ်တွေ နာကျင်မှု ဖြစ်စေတဲ့ အကြောင်းတရားလို့ သိကြပါတယ်။ ဒါပေမယ့် သင့်လည်ပင်းလိုမျိုး ခန္ဓါကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေအပေါ်လည်း သက်ရောက်မှု ရှိစေနိုင်ပါတယ်။ တကယ်လို့ သင့်လည်ပင်းက တောင့်တင်းနေမယ်၊ ခေါင်းလှည့်တဲ့အခါ နာကျင်မှု ခံစားရမယ် ဆိုရင် Rheumatoid Arthritis (RA) ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။   အရေပြားအပေါ် သက်ရောက်မှု - Rheumatoid nodule လို့ခေါ်တဲ့ တစ်သျှူးအလုံးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အများအားဖြင့် သင့်အရေပြားပေါ်မှာ ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် တံတောင်၊ ခြေဖနောင့်၊ လက်ဖျံ သို့မဟုတ် လက်ချောင်းတွေမှာ ဖြစ်တတ်ပါတယ်။ သူတို့ဟာ တဖြည်းဖြည်း ကြီးထွားလာတာ သို့မဟုတ် ရုတ်တရက်ပေါ်လာတာမျိုး ဖြစ်နိုင်ပါတယ်။ အလုံးအခဲပေါ်လာပြီဆိုရင် သင့် rheumatoid arthritis က […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက် နာကျင်ခြင်းကို သက်သာစေနိုင်မယ့် နည်း ၅ နည်း

တစ်နေ့လုံး မတ်တပ်ရပ်ရတာ၊ တခြားရောဂါတွေ ရှိတာ စတဲ့ အကြောင်းပြချက် တစ်ချို့ကြောင့် ခြေထောက်နာကျင်မှု ခံစားရနိုင်ပါတယ်။ အိမ်မှာပဲ လုပ်လို့ ရတဲ့ ဒီလေ့ကျင့်ခန်း တချို့က အကုန်အကျ သက်သာစွာနဲ့ ခြေထောက်နာကျင်မှုကို သက်သာစေနိုင်ပါလိမ့်မယ်။ ခြေထောက် နာကျင်ခြင်းကို သက်သာစေနိုင်မယ့် နည်း ၅ နည်း ကို အတူတူ ကြည့်လိုက်ရအောင်နော်။ ခြေထောက် နာကျင်ခြင်းကို သက်သာစေနိုင်မယ့် နည်း ၅ နည်း ခြေထောက် နာကျင်ခြင်းကို သက်သာစေနိုင်မယ့် နည်း ၅ နည်း ကတော့ ခြေဖနောင့် ဆွဲဆန့်ခြင်း မျက်စိနဲ့ တန်းတန်းမှာ လက်နှစ်ဘက်ကို နံရံပေါ်မှာ ဆန့်ဆန့်ထားပါ။ သင့် ညာခြေထောက်ကို ဘယ်ခြေထောက်နောက်မှာ ထားခဲ့ပါ။ ဖြည်းဖြည်းညင်ညင်သာသာ ဘယ်ခြေကို ကွေးလိုက်ပြီး နံရံကို တွန်းထားပါ။ အဲ့အနေအထားအတိုင်း စက္ကန့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်း

ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်း ဆိုတာ ဘာလဲ ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းဆိုတာ သင့်ဦးနှောက်ရဲ့ နာကျင်မှုအချက်ပြခြင်းတွေအပေါ် သက်ရောက်မှုရှိတဲ့ ရောဂါတမျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အရိုးတွေပါ နာကျင်နေတတ်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်စက်မှုပုံစံ၊ မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာကိစ္စတွေ ပါဝင်ပတ်သက်နေပါတယ်။ ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းဟာ ဘယ်လောက် အဖြစ်များလဲ ဒီရောဂါဟာ တွေ့ရများတတ်ပါတယ်။ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီရောဂါလို့ အမည်တပ်လိုက်ရတဲ့ ကေ့စ်တွေရဲ့ ၉၀%ဟာ အမျိုးသမီးတွေမှာ ဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်တတ်ပါတယ်။ ဖြစ်ပွားနိုင်ခြေ အချက်တွေကို လျှော့ချပြီး ကာကွယ်နိုင်ပါတယ်။ အချက်အလက်ပိုသိလိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။   လက္ခဏာများ ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ အတွေ့များတဲ့ လက္ခဏာတွေကတော့ နာကျင်မှုပြန့်နှံ့ခြင်း။ ကိုယ်ခန္ဓါ ဘယ်ညာ၊ ခါးရဲ့ အထက်အောက် အားလုံးမှာ ဖြစ်နိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်း။ နာကျင်မှု၊ ခြေထောက် ဂနာမငြိမ်ခြင်း […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း