အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

လက်ပြင်ကြောနာတာက အဖြစ်များတဲ့ အရိုးအကြောနာကျင်မှု တစ်ခုပါပဲ။ ဒီလိုနာကျင်တာက နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ပြင်ကြောနာတာကို သက်သာစေဖို့  အထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကဲ .... လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ပြင်ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ လက်ပြင်ဆိုတာက ပခုံးအောက်ဖက်နားက တြိဂံပုံစံ အရိုးပြားပါ။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခု ရှိပါတယ်။ လက်တွေကို လှုပ်ရှားမှု ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းကို ကြွက်သား အုပ်စု ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အချက်တွေက လက်ပြင်ကြောနာစေတာလဲဆိုတာနဲ့ လက်ပြင်ကြောနာတာ သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/ways-to-ease-neck-pain/ ဘယ်လိုအချက်တွေက လက်ပြင်ကြော နာတာကို […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) ကဘာလဲ။ ကြွက်သားများရောင်ရမ်းခြင်းဆိုသည်မှာသင့်ခန္ဓါကိုယ်ကိုလှုပ်ရှားရာတွင်အသုံးပြုသောကြွက်သားများ ရောင်ရမ်းခြင်းကိုဆိုလိုပါသည် ။ ဒဏ်ရာရခြင်း ၊ ပိုးဝင်ခြင်းနဲ့မိမိကိုယ်ကိုပြန်တိုက်သောခုခံအားစနစ်.. စသည်တို့ကြောင့် ကြွက်သားရောင်ရမ်းခြင်းများဖြစ်ပေါ်လာရပါတယ် ။ ကြွက်သားနာကျင်ခြင်းတွင် polymyositis နှင့်dermatomyositis ဟူ၍နှစ်မျိုးရှိပါတယ် ။ polymyositis ဆိုသည်မှာခန္ဓါကိုယ်နှင့်အနီးဆုံးကြွက်သားများ အားအင်ချည့်နဲ့ခြင်းဖြစ်ပါတယ် ။ dermatomyositis ဆိုသည်မှာကြွက်သားများအားနည်းသည့်အပြင် အရေပြားတွင်အနီကွက်များပါပေါ်လာခြင်းမျိုးဖြစ်ပါတယ် ။ Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ များသောအားဖြင့် ကြွက်သားရောင်ရမ်းခြင်းဟာ ဖြစ်ခဲပါတယ် ။ အမျိုးသားများထက်အမျိုးသမီများတွင်ပို၍အဖြစ်များပါတယ် ။ အန္တရာယ်ရှိသည့်အရာများကိုရှောင်ရှား၍ ရောဂါကိုသက်သာအောင်စီစဉ်နိုင်ပါတယ် ။ အသေးစိတ်သိရှိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။ လက္ခဏာများMyositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာကတော့ ကြွက်သားများအားနည်းခြင်းပဲဖြစ်ပါတယ် ။ ဒီလိုအားနည်းခြင်းဟာ သတိထားမိကောင်းထားမိနိုင်၍ စမ်းသပ်ကြည့်မှသိရှိရသည်မျိုးလည်း ရှိပါတယ် ။ ကြွက်သားနာကျင်ခြင်းကတော့ ရှိချင်လည်းရှိပါမယ် ..မရှိတာမျိုးလည်းရှိပါတယ် ။ ကြွက်သားများအားနည်းခြင်းဟာ လဲကျစေနိုင်ပြီး လဲကျပြီးတဲ့အခါပြန်ထရန် သို့ ကုလားထိုင်မှပြန်ထရန်ခက်ခဲစေပါတယ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

သင့်တံတောင် နာကျင်ရခြင်းအကြောင်းရင်းများကို လေ့လာပါ။

သိုင်းပညာမှာတံတောင်ဆစ်ဟာအမာဆုံးအရိုးလို့ ပြောတာ ကြားဖူးကြပါလိမ့်မယ်။ တံတောင်ဆစ် နာကျင်တာကိုလည်းခဏဖြစ်ဖြစ် ကြုံဖူးနိုင်ပါတယ်။ တံတောင်ဆစ်ဟာအရိုး၊ အရိုးနု၊ အရည်တချို့နဲ့ ဖွဲ့စည်းထားပါတယ်။ ကြွက်သားနဲ့ ကြွက်သားအရွတ် တွေဟာတံတောင်ဆစ်ကို လှုပ်ရှားနိုင်ဖို့ ပြုလုပ်ပေးပါတယ်။ အဲဒီအရာတွေထဲကတခုခုထိခိုက်မိရင်ဖြစ်ဖြစ်၊ ရောဂါရရင် ဖြစ်ဖြစ် တံတောင်ဆစ်မှာပြဿနာရှိပါတယ်။ ကိစ္စပေါင်းများစွာဟာတံတောင်ဆစ်ကိုထိခိုက်စေ နိုင်ပါတယ်။ • အလွန်အကျွံသုံးခြင်း၊ အားကစားပြုလုပ်စဉ် ဒဏ်ရာရခြင်း • မတော်တဆလဲကျ၊ ပြုတ်ကျခြင်း • ထိခိုက်မှုပြင်းထန်သောအားကစားများ ပြုလုပ်ခြင်း • ခန္ဓါကိုယ်အစိတ်အပိုင်းများကိုထိခိုက်စေသောရောဂါများ၊ ချို့ယွင်းမှုများ လဲကျခြင်းကြောင့်ဖြစ်စေ၊ လက်ကိုပြင်းထန်စွာဆွဲဆန့်ခြင်းကြောင့် ဖြစ်စေတံတောင်ဆစ်ဟာ ကျိုးပဲ့တာ၊ အဆစ်လွဲတာတွေ ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ဟာ အဆစ်လွဲခြင်းကို ပြန်တည့်ပေးနိုင်ပါတယ်။ မိမိဖာသာတော့ မလုပ်ပါနဲ့။ အဆစ်လွဲမယ်၊ ကျိုးပဲ့မယ်ဆိုရင် ရှေးဦးသူနာပြုစုခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ တံတောင်ဆစ်ကိုမလှုပ်ရှားစေဘဲကျပ်စည်းပေးရပါမယ်။ ရောင်နေတဲ့နေရာကိုရေခဲအိတ် ကပ်ပေးနိုင်ပါတယ်။   ဘယ်အခြေအနေတွေကတံတောင်ဆစ်ကိုနာစေသလဲ။ အကောင်းဆုံးကုသမှုကိုရရှိဖို့ သင့်တံတောင်ဆစ်ကိုဘယ်အရာကနာကျင်စေသလဲဆိုတာသိထားဖို့ လိုပါတယ်။ အောက်ပါအချက်တွေကြောင့် တံတောင်ဆစ်ကိုထိခိုက်နာကျင်စေနိုင်ပါတယ်။ • ကြွက်သားအရွတ် ကြွက်သားအရွတ်ဒဏ်ရာရရင် တံတောင်ဆစ် နာတတ်ပါတယ်။ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်ကိုအသုံးပြုလွန်းတာဥပမာဘေ့စ်ဘောပစ်တာ၊ ဂေါ့ဖ်ရိုက်တာ၊ တင်းနစ်ရိုက်တာတွေဟာတံတောင်ဆစ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာတာကို ဘယ်လိုကုကြမလဲ

ဒူးနာရင်လှုပ်ရှားသွားလာ၊အလုပ်လုပ်ရ၊နေရထိုင်ရတာ ဘာဆိုဘာမှ အဆင်မပြေပါဘူး။ ဒူးနာတာကိုကုသဖို့အတွက် နည်းလမ်းအသွယ်သွယ်ရှိပေမယ့် ဘယ်လောက်ထိပြင်းထန်သလဲဆိုတဲ့ အချက်နဲ့လက္ခဏာတွေအပေါ်မူတည်ပြီး သင့်အတွက်အကောင်းဆုံးနဲ့အသင့်တော်ဆုံးဖြစ်နိုင်မယ့် ကုသမှုနည်းလမ်းကို စိတ်ရှည်ရှည်နဲ့ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေက ဒူးနာဝေဒနာခံစားနေရသူတွေအတွက် အတိုင်းအတာတခုထိ အထောက်အကူ ဖြစ်စေမှာပါ။ ဒူးနာခြင်းအတွက် ဘယ်ဆေးတွေသုံးလေ့ရှိသလဲ။ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ(NSAIDs) ဒီဆေးတွေဟာ ရောင်ရမ်းခြင်းကို လျော့နည်းသက်သာစေပါတယ်။ စတီးရွိုက်မဟုတ်သောအကိုက်အခဲပျောက်ဆေးတွေကို ရောင်ရမ်းနာကျင်တဲ့အခြေအနေအများစုမှာ လူနာရဲ့အနေအထားပေါ်မူတည်ပြီး အသုံးပြုလေ့ရှိပါတယ်။ ဥပမာ- ကျောက်ကပ် ဒါမှမဟုတ် အသည်းရောဂါရှိသူတွေမှာ NSAIDs တွေကို မသုံးစွဲသင့်ပါဘူး။ NSAIDs တွေကို ဆရာဝန်ဆေးစာမလိုဘဲ အလွယ်တကူဝယ်ယူနိုင်သလို ဆရာဝန်ဆေးစာလိုတဲ့ NSAIDs တွေလည်း ရှိပါတယ်။ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး (NSAIDs)တွေကို အဆစ်အမြစ်ရောင်ရောဂါမှာ အများဆုံးအသုံးပြုပါတယ်။ Cox-1 နဲ့ Cox-2 လို့ခေါ်တဲ့ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်တဲ့ အင်ဇိုင်းတွေကို ပိတ်ဆို့ခြင်းအားဖြင့် NSAIDs တွေအာနိသင်ပြပါတယ်။ တစ်ရှူးထိခိုက်တဲ့နေရာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာတာကို ဘယ်လိုကုသမလဲ

ခါးနာတာကို ဘယ်လိုကုသမလဲ ..... ခါးနာဝေဒနာကိုခံစားနေရတဲ့အခါ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပြုလုပ်ရတာ အခက်အခဲရှိလာပါတယ်။ ဒီဝေဒနာခံစားနေရသူအများအပြားဟာ ပုံမှန်လှုပ်ရှားမှုတွေကို ကောင်းစွာ ပြုလုပ်နိုင်ခြင်းမရှိဘဲ လစဉ်ဆရာဝန်နဲ့သွားရောက်ပြသပြီး ကုသမှုတွေကိုခံယူရလေ့ရှိပါတယ်။ သင်ဝေဒနာခံစားနေရတာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်လောက်ထိဆိုးရွားသလဲ၊ တခြားလိုအပ်ချက်တွေရော ဘာတွေရှိသေးလဲ အစရှိတဲ့အချက်တွေပေါ်မူတည်ပြီး ခါးနာခြင်းကိုကုသမယ့်နည်းလမ်းတွေ ကွာခြားပါလိမ့်မယ်။ နာတာရှည်ခါးနာခြင်းအတွက် အသုံးဝင်ထိရောက်မယ့် ကုသမှုနည်းလမ်းတချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။ ခါးနာတာကို ဘယ်လိုကုသမလဲ ခါးနာတာကို ဘယ်လိုကုသမလဲ ဆိုတော့ ဆေးဝါးကုသမှုများ ခါးနာဝေဒနာရှင်အများစုနဲ့ သင့်တော်တဲ့ပထမဆုံးကုသမှုနည်းလမ်းကတော့ ဆေးသောက်ခြင်းပဲ ဖြစ်ပါတယ်။ စစချင်းမှာ ဆရာဝန်ဆေးစာမလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေကိုသုံးစွဲနိုင်ပြီး မသက်သာဘဲပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားရောက်ပြသပြီး ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ခါးနာခြင်းအတွက် အသုံးပြုတဲ့ဆေးတွေကတော့- • ပါရာစီတမောလိုမျိုး အလွယ်တကူဝယ်ယူနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ဒါမှမဟုတ် naproxen sodium၊ ibuprofen တို့လိုမျိုး စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲခြင်းအားဖြင့် လတ်တလောခါးနာခြင်းကို သက်သာစေပါလိမ့်မယ်။ • ကြွက်သားတွေကိုဖြေလျှော့ပေးနိုင်တဲ့ ဆေးတွေဟာလည်း နောက်ကျောအတန်အသင့်နာကျင်ခြင်းကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု )

အဓိပ္ပါယ်ဖွင့်ဆိုချက်Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) ကဘာလဲ။ ကလေးတွေ ကြီးထွားဖွံ့ဖြိုးလာခြင်းကြောင့် ဖြစ်လေ့ရှိတဲ့ ကြွက်သားနဲ့ အရိုးအဆစ်နာကျင်မှုတွေကို growing pains လို့ခေါ်ပါတယ်။   Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) က ဘယ်လောက်အဖြစ်များသလဲ။ ဒီပြဿနာဟာ မူလတန်းအရွယ်ကလေးတွေရဲ့ ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းလောက်မှာ ဖြစ်ပွားလေ့ရှိပြီး နာကျင်တဲ့ ပုံစံ၊နေရာ နဲ့ လက္ခဏာတို့အပေါ်မူတည်ပြီး အမျိုးအစားခွဲခြားလေ့ရှိပါတယ်။ ကလေးကြီးထွားမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီပြဿနာဟာ အသက်လေးနှစ်နဲ့ ဆယ့်နှစ်နှစ်ကြားကလေးတွေမှာ အဓိကဖြစ်ပွားပြီး ညဖက်တွေမှာ နာကျင်တတ်ပါတယ်။ အသေးစိတ်သိရှိလိုတာတွေရှိရင် သင့်ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများGrowing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ) ရဲ့လက္ခဏာတွေကဘာတွေလဲ။ ကလေးအနေနဲ့ မကြာခဏဆိုသလို ခြေထောက်အရမ်းနာပါလိမ့်မယ်။ ဒါဟာ သာမန်ခြေထောက်နာတာနဲ့ မှားနိုင်ပေမယ့် ကလေးကြီးထွားမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Knee Pain (ဒူးနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee Pain (ဒူးနာခြင်း) ကဘာလဲ။ ဒူးနာခြင်း ဆိုသည်မှာ ခုံညင်းရိုးအောက် သို့ မဟုတ် ဒူးခေါင်း အရိုးဆစ်ကြား နာသော ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒူးနာခြင်းသည် ဒူးခေါင်းရိုး၊ ခုံညင်းရိုး၊ အရွတ် နဲ့ အရိုးနု တစ်နေရာရာတွင် ထိခိုက်ချို့ယွင်းခြင်းမှ အစပြုနိုင်ပါသည်။ Knee Pain (ဒူးနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါအကြောင်းရင်းကို ရှာဖွေကုသနိုင်သောအခါ ရောဂါ အလိုအလျောက် ပျောက်သွားသည်က များသည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက်ကြီးသူများတွင် အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်း အားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန့်နဲတိုင်ပင် ဆွေးနွေးသင့် ပါတယ်။ လက္ခဏာများKnee Pain (ဒူးနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာသောနေရာသည် ရောဂါဖြစ်နိုင်ချေအများဆုံး အကြောင်းရင်းကို ညွှန်ပြနိုင်သည်။ ထို့ကြောင့် ဘယ်နေရာမှာနာလဲဆိုတာ သိဖို့အရေးကြီးပါသည်။ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာတဲ့ သင့်ဇနီး မယားကို သင်ဘယ်လိုကူညီရမလဲ

ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက် နာကျင်ခံစားနေရတာကို မြင်ရတာဟာ အရမ်းဘဲခက်ခဲလွန်းတဲ့အရာပါ။ အထူးသဖြင့် သင့်ရဲ့ဇနီးမယား နာကျင်ခံစားနေရတယ် ဆိုရင်ပေါ့။ သူမဟာ ခါးအောက်ပိုင်းနာခြင်းကြောင့် ပျော်ရွှင်တော့မှာမဟုတ်တော့သလို ဒါကပဲ သင့်ကို သူမဆီက ရှောင်ခွာလိုစိတ် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါဟာ အိမ်ထောင်ရေးမှာ ကြီးမားတဲ့အဟန့်အတားကြီးတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရှောင်ပုန်းမနေပါနဲ့။ သင့်ဇနီးကို ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အခုပြောပြမှာကတော့ သင့်ဇနီးကို ကူညီနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆိုကြပါ။ ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံခြင်းက အိမ်ထောင်ရေးမှာ အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ သင့်အနေနဲ့ သူမရဲ့ ခါးနာခြင်းအကြောင်းကို ပြောဆိုပြီး သူမရဲ့နာကျင်မှုကို နားလည်အောင်လုပ်ပါ။ သူမဟာ သူမနာကျင်နေတယ်ဆိုတာကို သင့်ကိုရော သူမရဲ့အနီးကလူတွေကိုပါ ဖုံးကွယ်ထားဖို့ ကြိုးစားနိုင်ပါတယ်။ အကြောင်းကတော့ သူမဟာ သူမချစ်တဲသူတွေအပေါ် သူမကြောင့် ဝန်မပိစေချင်လို့ပါ။ သူမဟာ သူမအားနည်းနေတယ်လို့လည်း အမြင်ခံမှာမဟုတ်ပါဘူး။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားနာကျင်နေတဲ့ သင့်ကလေးငယ်ကို သင်ဘယ်လိုကူညီရမလဲ

မိဘတစ်ယောက်အနေနဲ့ သားသမီး ထိခိုက် အနာတရမဖြစ်အောင် ကာကွယ်ပေးကြတာချည်းပါပဲ။ ဘယ်လောက်ပဲ ကာကွယ်ပေးပါစေ ကလေးဆိုတာ ကလေးသဘာဝအရ ဆော့ကစားပြီး အနာတရဖြစ်တာချည်းပါဘဲ။ မိဘတွေက ကလေးတွေကို တကယ်သင်ပေးရမယ့်အချက်ကတော့ နာကျင်မှုကနေ သူတို့ကိုယ်တိုင် ဘယ်လိုပြန်ထရမလဲ ဆိုတာပါပဲ။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့နာကျင်မှုအများစုက ကြွက်သားနာကျင်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင့်ကလေးကို သင်ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပါမယ်။ စကားမပြောတတ်သေးတဲ့ သင့်ကလေးက သင့်ဆီကို “ဘူး ဘူး” လို့အော်ပြီး ပြေးလာတဲ့အခါမှာ သင့်အနေနဲ့ ကလေးငယ်က နာကျင်နေလားဆိုတာကို သေချာကြည့်ပြီး သင့်တော်တဲ့ကုသမှုပေးဖို့ လိုအပ်ပါတယ်။ ပိုငယ်တဲ့ ကလေးငယ်တွေက ဘာမှတောင်ပြောနိုင်မှာမဟုတ်တဲ့အတွက် သူတို့နာကျင်မှုခံစားနေရလားဆိုတာ သူတို့မငိုမချင်း သင်မသိနိုင်ပါဘူး။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးရဲ့ အပြုအမူကိုအကဲခတ်ပြီးတော့ သူတို့ဘာခံစားနေရလဲဆန်းစစ်ပါ။ ဥပမာ - အံကြိတ်ခြင်း လိုမျိုး အပြုအမူပြောင်းလဲသွားတာမျိုးကိုဆိုလိုတာပါ။ တချို့ကလေးတွေကတော့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာနေတဲ့ သင့်ရဲ့ခင်ပွန်း (သို့) ဇနီးကို ဘယ်လိုဂရုစိုက်မလဲ

သင့်ရဲ့ လက်တွဲဖော်က ခါးနာရောဂါခံစားနေရပါသလား? ခါးနာခြင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်ခြင်း တစ်မျိုးပါ။ ကျွန်တော်တို့အားလုံး တစ်သက်မှာ တစ်ခါတော့ ခါးနာဖူးကြမှာပဲ။ ဒါပေမယ့် တချို့သူတွေက ခါးနာခြင်းကို နာတာရှည်ပုံစံ ဆက်တိုက်ခံစားလာရတဲ့အခါမှာ သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်ကိုင်နိုင်တော့တဲ့ထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုတော့ နာတာရှည်ခါးနာရောဂါလို့ ယေဘူယျခေါ်ပါတယ်။ ခါးနာနေတဲ့ သင့်ရဲ့လက်တွဲဖော်ကို ကူညီနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အခုပြောပြသွားမှာကတော့ ခါးနာရောဂါရှိနေတဲ့ သင့်ရဲ့ လက်တွဲဖော်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ခါးနာခြင်းနဲ့ ပတ်သက်သမျှ သင်လေ့လာနိုင်သလောက် လေ့လာပါ။ သင်ကိုယ်တိုင် ခါးနာရောဂါအကြောင်း အခြေခံ နားလည်ထားဖို့ အရေးကြီးပါတယ်။ အဲဒီထဲမှာ ခါးနာစေတဲ့အကြောင်းအရင်းများ ကုသနည်းများ နာကျင်မှုကိုဘယ်လိုထိန်းညှိရမလဲဆိုတဲ့ နည်းလမ်းများကိုလည်း သိထားရပါမယ်။ ဒီလိုလေ့လာထားခြင်းက သင့်လက်တွဲဖော်ရဲ့ နေ့စဉ်ဘဝမှာ ဖြတ်သန်းနေရတဲ့ နာကျင်မှုကို သင့်အားနားလည်စေပါတယ်။ ခါးနာခြင်းအကြောင်း လေ့လာထားခြင်းက သင့်လက်တွဲဖော်ရဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကျွန်တော့အမေရဲ့ ခါးနာရောဂါကို ကျွန်တော်ဘယ်လိုကူညီရမလဲ

သင့်ရဲ့အမေဟာ ခါးနာရောဂါခံစားနေရပါသလား ? သင်ဟာ သူမဒီရောဂါကြောင့်နာကျင်ရခြင်းကိုမြင်ပြီး ဝမ်းနည်းပါသလား ? သင်အကူအညီမဲ့သလိုခံစားနေစရာမလိုပါဘူး။ အခုပြောပြသွားမှာက သင့်အမေရဲ့ ခါးနာရောဂါကို ထိန်းချုပ်နိုင်အောင် စီမံခန့်ခွဲမှုလုပ်နိုင်ဖို့ သင်ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေပါ။ သင့်အမေရဲ့ ခါးနာအခြေအနေကို သေချာသိအောင်အရင်လေ့လာပါ။ ခါးနာခြင်းဆိုတာ နာကျင်ရုံသက်သက်မဟုတ်ဘဲ နာတာရှည်ဖြစ်သွားနိုင်တဲ့ ရောဂါတစ်ခုပါ။ သင့်အမေကိုကူညီနိုင်ဖို့အတွက်က သင်ကိုယ်တိုင်သူမရဲ့ အခြေအနေကိုနားလည်နိုင်ဖို့လိုပါတယ်။ ခါးနာခြင်းနဲ့ပတ်သက်သမျှ သင်လေ့လာနိုင်သမျှ လေ့လာခြင်းက သင့်အမေကို သက်တောင့်သက်သာဖြစ်အောင်ကူညီနိုင်ဖို့အတွက် အရေးပါပါတယ်။ ခါးနာခြင်းအကြောင်းလေ့လာခြင်းက သင့်ကိုကူညီရုံသာမက သင့်အမေကိုလည်း သူမရဲ့အခြေအနေကိုနားလည်စေနိုင်ဖို့ကူညီပေးပါတယ်။ သင့်အမေကလည်း သူမအတွက်သင့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမှာပါ။ သင်ခါးနာခြင်းအကြောင်း နားလည်လာသမျှ သူမကိုသင်ပိုပိုပြီး ကိုယ်ချင်းစာလာနိုင်မှာပါ။ ဒီလိုလေ့လာခြင်းကြောင့် သင့်ဟာ သူမအတွက် ခါးနာခြင်းအတွက် မှန်ကန်တဲ့အထူးကုဆရာဝန်ရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် သူမအတွက်သင့်တော်တဲ့ကုသမှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်။ အိမ်ရဲ့အသုံးအဆောင်တွေကို ပြန်လည်နေရာချပါ။ သင့်အမေလှုပ်ရှားမှုနည်းလေ သူမသက်တောင့်သက်သာရှိလေ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အသုံးအဆောင်တွေကို ရင်ဘတ်လောက်အမြင့်ရှိတဲ့ နေရာရွှေ့ပါ။ ဒါက […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း