backup og meta

ခြေထောက်ဒဏ်ရာရနေချိန်မှာတောင် လုပ်နိုင်ဦးမယ့် လေ့ကျင့်ခန်းများ

ခြေထောက်ဒဏ်ရာရနေချိန်မှာတောင် လုပ်နိုင်ဦးမယ့် လေ့ကျင့်ခန်းများ

ခြေထောက်ဒဏ်ရာရတယ်ဆိုတာဟာ တကယ်ကို အနှောက်အယှက်တစ်ခုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အများကြီးထိခိုက်စေနိုင်တယ်လေ။ ကျွန်တော်တို့အများစုဟာ အိမ်မှာတစ်နေကုန်ထိုင်ပြီး ခြေထောက်ဒဏ်ရာပြန်ကောင်းလာဖို့ စောင့်ဆိုင်းမနေနိုင်ကြဘူးလေ။

အထူးသဖြင့် နေ့စဉ်လေ့ကျင့်ခန်းလုပ်နေသူတွေပေါ့။ သူတို့အတွက် ဒီအခြေအနေကြီးကို ရင်ဆိုင်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒါပေမဲ့ သင့်ခြေထောက်ပြန်ကောင်းလာဖို့ စောင့်ဆိုင်းနေတဲ့အချိန်အတွင်းမှာ သင်လုပ်နိုင်သေးတဲ့ လေ့ကျင့်ခန်းအချို့ရှိနေပါသေးတယ်။

ခြေထောက်ကို ဆက်တိုက် အလုပ်လုပ်ခိုင်းခြင်းက ပြန်လည်ကောင်းမွန်လာမယ့်အချိန်ကို ပိုပြီးကြာမြင့်စေပါတယ်။ ဒါတွေကပဲ သင့်ခြေထောက်ကောင်းဖို့အတွက် အနားယူဖို့အချိန် လိုတယ်လို့ ဆိုနေတာပေါ့။ တကယ်လည်း ခြေထောက် ပုံမှန်အခြေအနေပြန်ရောက်ဖို့ အရေးကြီးတဲ့အချိန်ပါပဲ။

ဒါကြောင့် ကုသမှုခံယူပြီးတဲ့ ပထမတစ်ပတ်မှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေနဲ့ လှုပ်ရှားမှုတွေ ဥပမာ ပြေးခြင်း၊ ခုန်ခြင်း စသဖြင့် မလုပ်ဖို့ အကြံပြုထားတာပါ။ ဒဏ်ရာရသွားတဲ့အပိုင်းတွေကို လေ့ကျင့်ခန်းမလုပ်ခင် ကောင်းကောင်းအနားပေးလိုက်ပါဦး။

သင်ပထမဆုံးသတိထားရမယ့် အရာကတော့ သင့်ခြေထောက်အခြေအနေအကြောင်း ဆရာဝန်နဲ့ဆွေးနွေးသင့်တာပါ။ သင်ကဒဏ်ရာရနေပေမယ့် အချို့သော လေ့ကျင့်ခန်းတွေကို လုပ်လို့ ရမရဆိုတာ အတည်ပြုဖို့ လိုအပ်ပါတယ်။ ဒါက သင့်ခြေထောက်ကို နောက်ဆက်တွဲပြဿနာတွေမဖြစ်စေဖို့ပါ။

လေ့ကျင့်ခန်းမလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းအနည်းငယ်လုပ်ဖို့မမေ့ပါနဲ့။ အကြောလျှော့လေ့ကျင့်ခန်းတွေကို ပိုလုပ်ပါ။

Core exercises (တင်ပါးဆုံနဲ့ ခန္ဓါကိုယ်ပိုင်းအတွက် လေ့ကျင့်ခန်းများ)

ဒီလေ့ကျင့်ခန်းတွေကတာ့ အဓိကအားဖြင့်သင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုသာ အာရုံစိုက်ပါတယ်။ သူတို့မှာ crunches တွေ၊ ခြေထောက်မခြင်းတွေနဲ့ stability ball push-ups (ဘောလုံးပေါ်ခြေထောက်တင်လို့ ဒိုက်ထိုးခြင်း) တွေပါဝင်ပြီး ဒါတွေက သင့်ခြေထောက်ကို ဘယ်လိုမှမထိခိုက်စေဘဲ ကြွက်သားတွေကို သန်မာစေပါတယ်။

HIIT (လေ့ကျင့်ခန်းမြန်မြန်လုပ်လိုက် နားလိုက်လုပ်ခြင်း)

ဒါကတော့ မြန်ဆန်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီး ခဏတဖြုတ်ပြန်နားတဲ့လေ့ကျင့်ခန်းမျိုးကိုဆိုလိုတာပါ။ ဒီလိုလေ့ကျင့်ခန်းမျိုးဟာ သင့်ရဲ့ နှလုံးခုန်နှုန်းကို တိုးမြင့်စေပြီး အဆီတွေကို ပိုလောင်ကျွမ်းစေကာ သင့်ခြေထောက်ပေါ်တော့ ဘယ်လို ဖိအားမျိုးမှ သက်ရောက်စေမှာမဟုတ်ပါဘူး။

အလေးချိန်မပါတဲ့ cardio လေ့ကျင့်ခန်းများ

ဒီလေ့ကျင့်ခန်းတွေကလည်း ကောင်းပါတယ်။ သူ့မှာတော့ ရေကူးခြင်း၊ rowing machines (လှေလှော်ခတ်နေပုံလေ့ကျင့်ရသော စက်)၊ နဲ့စက်ဘီးစီးခြင်း စတာတွေပါဝင်ပါတယ်။ ရေကူးတာကတော့ ခြေထောက်မှာဒဏ်ရာနဲ့လူအပါအဝင် လူတိုင်းနဲ့ သင့်လျော်ပါတယ်။

ဒါ့အပြင် ရေကူးခြင်းက သင့်ရဲ့ ကျန်းမာရေး အလုံးစုံကို ကောင်းမွန်စေပါတယ်။ တကယ်လို့များ ရေဘယ်လိုကူးရမယ်ဆိုတာ မသိရင် ရေအောက်ထဲပြေးတာမျိုးကြိုးစားကြည့်ပါ။

အခြားသောရွေးချယ်မှုကတော့ rowing machines တွေဖြစ်ပြီး ဒါတွေက သင့်ခန္ဓါကိုယ် အပေါ်ပိုင်းအတွက်ကောင်းမွန်ပြီး ခြေထောက်လှုပ်ရှားမှုကတော့ နည်းပါးပါတယ်။

ဒါကြောင့် ခြေထောက်ပေါ်မှာ အလေးချိန်တွေပိုမပေးပါနဲ့။ သင့်ရဲ့ လေ့ကျင့်ခန်းတွေကို သင်မလွတ်ချင်ဘူးမဟုတ်လား။ ဒီလိုကုသနေဆဲကာလမှာ သင်ရွေးချယ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ တကယ်လို့ သင်လုပ်နေတဲ့အလုပ်က ခြေထောက်အတွက် ဒဏ်ရာရနိုင်မယ်လို့ ထင်နေတယ်ဆိုရင်တော့ ဆရာဝန်ကိုဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံပါ။

လေ့ကျင့်ခန်းကို သင့်လျော်ရာ ဆင်ဆင်ခြင်ခြင်ရွေးချယ်မယ်ဆိုရင်တော့ သင့်ခြေထောက်ကလည်း မကြာခင်မှာပဲ ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပြီး မကြာခင်မှာတော့ ပုံမှန်အလုပ်လုပ်နိုင်တော့မှာပါပဲ။

သင်နာကျင်နေတဲ့အချိန်တွေမှာတော့ ကိုယ့်ကိုကိုယ်ဖိအားတွေအရမ်းမပေးပါနဲ့။ မဟုတ်ရင်ဆရာဝန်ဆီ နောက်တစ်ခါပြန်သွားနေရပါလိမ့်မယ်။ လုပ်နေတဲ့လေ့ကျင့်ခန်း အားလုံးကို ရပ်ပစ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ခြုံပြောရရင်တော့ ခန္ဓါကိုယ် ကြံ့ခိုင်နေဖို့အတွက်ရော ခြေထောက်ဘေးကင်းဖို့ပါ လေ့ကျင့်ခန်းတွေကို ဆင်ခြင်ရွေးချယ်ဖို့ပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Working Out While Your Foot Recovers

http://healingfeet.com/foot-care/working-out-while-your-foot-recovers – Accessed July 24th, 2012

The Best Cardio Exercise for a Foot Injury

http://www.livestrong.com/article/303861-cardio-exercise-foot-injury/ – Accessed May 27th, 2015

How to Maintain Fitness While Injured

https://www.verywell.com/how-to-maintain-fitness-while-injured-3120777

Alternative Workouts When You Have A Foot Or Ankle Injury

http://www.drjefflamour.com/sports-injuries/alternative-workouts-when-you-have-a-foot-or-ankle-injury/ – Accessed Apr 21st, 2015

ယခုပုံစံ

09/01/2022

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement