အဆစ်ရောင်ရောဂါများ

အဆစ်ရောင်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အဆစ်ရောင်ရောဂါများ

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အဆစ်ရောင်ရောဂါများ ကို ရှာဖွေမည်။

အဆစ်ရောင်ရောဂါများ

Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ကဘာလဲ။ ရင်ဘက်ရိုးနဲ့နံရိုး ဆက်တွယ်ပေးထားတဲ့ အရုးနုရောင်ရမ်းခြင်းဖြစ်တယ်။ ထိုရောင်ရမ်းခြင်းကြောင့်ရတဲ့ နာကျင်မှုက နှလုံးဖောက်ခြင်း ဒါမှမဟုတ် တခြားနှလုံးရောဂါတွေနဲ့ဆင်တူနိုင်ပါတယ်။ နာကျင်မှုက သာမန်လောက်ကနေ ပြင်းပြင်းထန်ထန်ထိ ဖြစ်နိုင်တယ်။ သာမန်အခြေအနေမှာဆိုရင် ရင်ဘတ်ကို ထိမိ၊ ခိုက်မိမှ နာကျင်သွားတာမျိုးဖြစ်ပြီး ပြင်းထန်တဲ့နာကျင်မှုကတော့ လက်တွေ၊ ခြေတွေထိ ပျံ့ဆင်းသွားတဲ့နာကျင်မှုမျိုး၊ နေ့စဉ်ဘဝကိုတောင် အနှောင့်အယှက်ဖြစ်တဲ့ မခံနိုင်လောက်တဲ့ နာကျင်မှုမျိုးဖြစ်တယ်။ ထိုအရိုးနုရောင်ခြင်းက သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ပျောက်ဖို့ကတော့ ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် ပိုပြီးကြာနိုင်တယ်။ ကုသမှုက နာကျင်မှုကိုသက်သာဖို့ပဲ ဦးတည်ပါတယ်။ Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ဖြစ်လေ့ရှိတယ်။ အမျိုးသမီးတွေနဲ့ အသက် ၄၀ ကျော်သူတွေမှာ ပိုပြီးတွေ့ရတတ်တယ်။ ရောဂါဖြစ်စေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများCostochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်ခြင်းအကြောင်း- ရင်ညွှန့်ရိုးဘယ်ဘက်တွင်ဖြစ်တယ်။ စူးရှပြီး တစ်ဆစ်ဆစ်နာခြင်း ဒါမှမဟုတ် တင်းကြပ်စွာ ဖိအားတစ်ခုခုဖိထားသလိုနာခြင်းဖြစ်တယ်။ နံရိုးတစ်ချောင်းထက်ပိုနိုင်တယ်။ အသက်ပြင်းပြင်းရှူတဲ့အခါ […]


အဆစ်ရောင်ရောဂါများ

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ကဘာလဲ။ ဒူးဆစ်ရောင်ခြင်း သည် အသက်ကြီးလာသောကြောင့် ဒူးဆစ်များ ဒဏ်ဖြစ်ခြင်းသာဖြစ်ပါသည်။ အဆစ်များ၊ အရိုးနုများ သည် ဒူပေဒဏ်ပေ ခံနိုင်ရန် သဘာဝတရားကပေးထားသော လက်ဆောင်များဖြစ်ပါသည်။ ဒူးဆစ်ရောင်ခြင်းသည် ထိုအရာများ ချို့ယွင်းသွားသောကြောင် အရိုးအဆစ်များ ပွတ်တိုက်မှုအားများပြီး ဖြစ်လာရခြင်း ဖြစ်ပါသည်။ Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒူးဆစ်ရောင်ခြင်း သည် အလွန်အဖြစ်များသော အဆစ်ရောင် ဝေဒနာဖြစ်ပါသည်။ အမျိုသားများ၏ ၁၀% နှင့် အသက် ၆၀ ကျော် အမျိုးသမီးများ၏ ၁၃% သည် ဒူးဆစ်ရောင်ခြင်းကို ခံစာရပါသည်။ အသက်ကြီးလာသောကြောင့် အဝလွန်သောကြောင့် ဖြစ်သော ဒူးဆစ်ရောင်ခြင်းများက ပိုများပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများKnee Osteoarthritis […]


အဆစ်ရောင်ရောဂါများ

Rheumatoid Arthritis (လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rheumatoid Arthritis (လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း) ကဘာလဲ။ လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာ နာတာရှည် ရောင်ရမ်းနာတစ်ခုဖြစ်ပြီး အဆစ်များသာမက တခြားအရာများကိုပါ ထိခိုက်နိုင်ပါသည်။ လူတစ်ချိှု၌ ခန္ဓါကိုယ်၏ စနစ်တော်တော်များများကို ပျက်စီးစေပါသည်။ အရေပြား၊ မျက်လုံး၊ အဆုတ်၊ နှလုံးနှင့် သွေးကြော စသည်များ။ ကိုယ်ခံအားမှပြန်တိုက်သော ရောဂါဖြစ်သည့် လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာ သင်၏ကိုယ်ခံအားမှ သင့်ခန္ဓါကိုယ်အား မှားယွင်းစွာဖြင့် ပြန်တိုက်သည့်အခါတွင် ဖြစ်ပေါ်လာပါသည်။ သာမာန် အရိုးအဆစ်ရောင်ရောဂါနှင့်မတူသည်မှာ လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းသည် အဆစ်များမှ အမြှေးပါးအဖုံးတွင်ဖြစ်ပေါ်ပြီး ဖောင်းကြွလာစေ၏။ ထိုမှ အရိုးကိုလှိုက်စားသွားပြီး ပုံပန်းပျက်ခြင်း ဖြစ်လာနိုင်ပါသည်။ လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းနှင့် ဆက်စပ်သော ရောင်းရမ်းခြင်းမှာ ခန္ဓါကိုယ်၏ တခြားအစိတ်အပိုင်းများကိုပါ ထိခိုက်စေပါသည်။ ဆေးဝါးအမျိုးအစားသစ်များမှာ ရောဂါကို အံ့သြစရာကောင်းအောင် သက်သာစေသော်လည်း ပြင်းထန်သော လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကို ဖြစ်စေနိုင်ပါသည်။ Rheumatoid Arthritis (လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် […]


အဆစ်ရောင်ရောဂါများ

လေးဖက်နာအဆစ်ရောင် ရဲ့ အစောပိုင်း လက္ခဏာနဲ့ သင်္ကေတများ

လေးဖက်နာအဆစ်ရောင်  (Rheumatoid arthritis) တွေရဲ့ လက္ခဏာတွေကတော့ မြင်သာတဲ့ အဆစ်တွေ ယိုယွင်းပျက်စီးလာတဲ့ လက္ခဏာတွေကနေ သိပ်မမြင်ရဘဲ အခြားသော နာမကျန်းဖြစ်မှုတွေလိုထင်ရတဲ့ လက္ခဏာတွေထိရှိပါတယ်။ ဒါတွေကြောင့် ဒီရောဂါကို အစောပိုင်းအဆင့်တွေမှာ ရောဂါအတည်ပြုဖို့ ခက်ခဲတာပါ။ လေးဖက်နာအဆစ်ရောင် (Rheumatoid Arthritis - RA) ဆိုတာဘာလဲ။ RA ဆိုတာကတော့ ခုခံအားတုံ့ပြန်မှု ပုံမှန်မဟုတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဆစ်တွေကို နာတာရှည်(ကာလတာရှည်) ရောင်ရမ်းစေနိုင်ပါတယ်။ သူကတော့ စစချင်းမှာ ဖြစ်လိုက်ပျောက်သွားလိုက်ဖြစ်နေတဲ့ အပျော့စားလက္ခဏာလေးတွေနဲ့ အစပျိုးတတ်ပြီး ခန္ဓာကိုယ် နှစ်ခြမ်းလုံးမှာ ဖြစ်တတ်ပါတယ်။ ဒီကာလဟာ ရက်သတ္တပတ်အနည်းငယ်မှ လတွေထိ ကြာတတ်ပါတယ်။ ဒီနာတာရှည်ရောဂါရဲ့ လက္ခဏာတွေကတော့ လူတစ်ယောက်ချင်းစီပေါ်လိုက်ပြီး နေ့တိုင်းနေ့တိုင်းတောင် ပြောင်းလဲနိုင်ပါသေးတယ်။ ရောဂါလက္ခဏာပြတဲ့အချိန်တွေကိုတော့ flare-ups လို့ခေါ်ပြီး ငုပ်နေတဲ့အချိန်တွေကိုတော့ remission လို့ခေါ်ပါတယ်။ RAရဲ့ အစောပိုင်း လက္ခဏာများ ပင်ပန်းနွမ်းနယ်ခြင်း အခြားလက္ခဏာတွေ […]


အဆစ်ရောင်ရောဂါများ

ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ

ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဂေါက်ရောဂါဆိုတာ ဘာလဲ။ ဂေါက်ရောဂါက လူတိုင်းဖြစ်နိုင်တဲ့ အဆစ်ရောင်ခြင်း ပုံစံ တစ်မျိုး ဖြစ်ပါတယ်။ သင့်မှာ ဂေါက်ရောဂါ ရှိနေတယ် ဆိုရင် သင် တွေ့ကြုံနိုင်တဲ့အတွေ့ရ အများဆုံး အရာကတော့ အထူးသဖြင့် ခြေထောက်တွေမှာ ရှိတဲ့ အဆစ် တစ်ခု သို့မဟုတ် တစ်ခုထက် ပိုပြီး ပြင်းပြင်းထန်ထန်နာကျင်မှု ခံစားရခြင်း ဖြစ်ပါတယ်။ ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ ဆိုတာကို သင်သိပါသလား။ ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ။ ဂေါက်ရောဂါ ရှိနေတယ် ဆိုရင် သင့် ခြေထောက်ကို ရုတ်တရက်ကြီး အများအားဖြင့် ညအခါတွေမှာ သက်ရောက်မှုတွေ ထဖြစ်တတ်ပါတယ်။ ပြင်းပြင်းထန်ထန် အဆစ်နာခြင်းက ပထမဆုံး ကြုံရမှာ ဖြစ်ပါတယ်။ ခြေထောက်၊ ခြေချင်းဝတ်၊ ဒူး၊ midfoot၊ လက်နဲ့ လက်ကောက်ဝတ် […]


အဆစ်ရောင်ရောဂါများ

ဂေါက်ရောဂါအန္တရာယ်အတွက် စားသောက်နည်းလမ်းညွှန်

ဂေါက်ရောဂါအန္တရာယ်အတွက် စားသောက်နည်းလမ်းညွှန် အကြောင်းကို လေ့လာလိုက်ရအောင်နော်။ ဂေါက်ရောဂါ (Gout ) ဆိုတာဘာလဲ ဂေါက်ရောဂါဆိုတာသွေးတွင်း ယူရစ်အက်စစ်ပမာဏ မြင့်မားမှုကြောင့် ခရစ္စတယ်အမှုန်တွေ ဖြစ်လာစေပြီး အဆစ်ရဲ့ ပတ်လည်မှာ စုပုံလာတဲ့အခါ ခံစားရတဲ့အဆစ်ရောင် နာကျင်ကိုက်ခဲမှုတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်က purine လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးကို ပြိုကွဲစေတဲ့အခါ ယူရစ်အက်စစ်တွေ ထွက်ရှိလာပါတယ်။ Purine ဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်ဖြစ်လာတတ်ပေမယ့် အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ ယူရစ်အက်စစ်ကို ခန္ဓာကိုယ်ထဲကနေ ဆီးကတဆင့် စွန့်ထုတ်ပါတယ်။ ဂေါက်ရောဂါရဲ့ လက္ခဏာတွေကတော့ ရုတ်တရက်ပေါ်လာတတ်ပါတယ်။ တခါတရံ ညဘက်မှာ ချက်ချင်းကြီးဖြစ်လာတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေထဲမှာ - ပြင်းထန်တဲ့ အဆစ်နာကျင်ကိုက်ခဲမှု ဂေါက်ရောဂါက ခြေမအဆစ်မှာ ဖြစ်လေ့ရှိပေမယ့် ဒူး၊ လက်နဲ့ လက်ကောက်ဝတ် အဆစ်တွေမှာလည်းဖြစ်လာနိုင်ပါတယ်။ လက္ခဏာ စဖြစ်လာပြီး ၄ နာရီကနေ ၁၂ နာရီအတွင်းမှာ နာကျင်မှုက […]


အဆစ်ရောင်ရောဂါများ

လေးဖက်နာဖြစ်လာဖို့ အန္တရာယ်ပိုများစေတဲ့ အလုပ်အကိုင်များ

လေထုထဲက အဆိပ်သင့်အမှုန်အမွှားတွေနဲ့ ထိတွေ့နေရတဲ့ အလုပ်လုပ်ကိုင်သူတွေဟာ လေးဖက်နာအဆစ်ရောင်ရောဂါဖြစ်လာနိုင်ခြေ ပိုများနိုင်တယ်လို့ ဆွီဒင်နိုင်ငံကပြုလုပ်တဲ့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ လေးဖက်နာ (rheumatoid arthritis )ဟာ အဆစ်အမြစ်တွေမှာ ရောင်ရမ်း၊ နာကျင်မှုတွေဖြစ်ပေါ်စေတဲ့ ကိုယ်ခံအားစနစ်ရဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ သုတေသနအရ အမျိုးသားတွေမှာ ပန်းရန်ဆရာတွေ၊ လျှပ်စစ်ပြင်ဆရာတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေဟာ တခြားအလုပ်အကိုင် လုပ်နေသူတွေထက်လေးဖက်နာအဆစ်ရောင်ဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေမှာတော့ သူနာပြုဆရာမတွေက တခြားအလုပ်တွေမှာထက်လေးဖက်နာဖြစ်လာနိုင်တဲ့ အန္တရာယ် ၃၀ ရာခိုင်နှုန်းပိုများနေပါတယ်။ ကုန်ထုတ်လုပ်ရေးကဏ္ဍက အလုပ်သမားတွေက လေးဖက်နာရောဂါဖြစ်နိုင်ခြေပိုများတယ်လို့ အရင်သုတေသနတွေကဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ဒီကဏ္ဍကအလုပ်သမားတွေဟာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အသိပညာပေးခြင်းနဲ့ အဝလွန်ခြင်းအပါအဝင် လူနေမှုပုံစံမှာ သတိထားထိန်းချုပ်နေတာတောင်မှ rheumatoid arthritis အန္တရာယ်ရှိနေသေးတယ်ဆိုတာကို ထောက်ပြနိုင်တာဖြစ်တယ်လို့ ဆွီဒင် Karolinska Institute မှ ဦးဆောင်သုတေသီAnna Ilar ကပြောပါတယ်။ အဆစ်အမြစ်တွေ […]


အဆစ်ရောင်ရောဂါများ

Hip Osteoarthritis (တင်ပါးအဆစ်ရောင်ရောဂါ)

Hip Osteoarthritis (တင်ပါးအဆစ်ရောင်ရောဂါ)ဆိုတာဘာလဲ။ Osteoarthritis တင်ပါးအဆစ်ရောင်ရောဂါ ဟာ အဆစ်ရောင်ခြင်း၊ ဒဏ်ရာရခြင်းတွေကြောင့် အရိုးနု ပျက်စီးခြင်းပဲဖြစ်ပါတယ်။ အရိုးနုဟာ မာကြောပြီး ရာဘာပုံစံ အရာဖြစ်ကာ ပုံမှန်အဆစ်တွေမှာ အရိုးတွေရဲ့ အစွန်းကို ကာကွယ်ထားပါတယ်။ အရိုးနုပျက်စီးခြင်းဟာ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အရိုးနုတွေဟာ ပျက်စီးရင် ပြင်ဆင်မှုလိုအပ်ပေမယ့် ဒဏ်ရာရတဲ့အခါမှာ ကိုယ်ခန္ဓါက အရိုးနုအသစ် ပြန်ထွက်လာခြင်း မရှိပါဘူး။ Hip osteoarthritis ရှိသူတွေဟာ လမ်းလျှောက်ရင် ပြဿနာ ရှိတတ်ပါတယ်။ သူ့ကို သိရှိဖို့ အစောပိုင်းမှာ ခက်ခဲနိုင်ပါတယ်။ ဒါဟာ နာကျင်မှုက အခြားနေရာတွေဖြစ်တဲ့ ပေါင်ခြံ၊ ပေါင်၊ တင်ပါးဆုံ၊ ဒူးခေါင်းတွေမှာပါ ရှိတာကြောင့် ဖြစ်ပါတယ်။ နာကျင်မှုဟာ တစ်ခုခုနဲ့ ထိုးသလို စူးရှပြီး တင်ပါးဆုံက မာကျောနေပါတယ်။ Hip Osteoarthritis(တင်ပါးအဆစ်ရောင်ရောဂါ) ဟာ […]


အဆစ်ရောင်ရောဂါများ

Osteoarthritis အရိုးအဆစ်ရောင်ရောဂါအကြောင်း သိကောင်းစရာ

၁။ အဓိပ္ပါယ်ဖွင့်ဆိုချက် Osteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာဘာလဲ Osteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာအဆစ်ရောင်ခြင်းရဲ့ တွေ့ရအများဆုံးပုံစံတခုဖြစ်ပြီးလူသားသန်းပေါင်းများစွာ ကြုံတွေ့နေရပါတယ်။ အရိုးရဲ့အနားသတ်မှာဖုံးအုပ် ပေးထားတဲ့ အရိုးနုလေးတွေဟာအချိန်ကြာလာတာနဲ့ အမျှ ပျက်စီးလာရင် ဖြစ်ပွားတတ်ပါတယ်။ အရိုးအဆစ်ရောင်ရမ်းခြင်းဟာသင့်ခန္ဓါကိုယ်ရဲ့ ဘယ်အရိုးအဆစ်မှာမဆို ဖြစ်ပွားနိုင်ပေမယ့် လက်၊ ဒူး၊ ပေါင်ရင်း၊ ကျောရိုးစတဲ့အရိုးဆစ်တွေမှာအများဆုံး ဖြစ်ပွားတတ်ပါတယ်။ အရိုးအဆစ်ရောင်ရမ်းခြင်းဟာဆိုးရွားလာတတ်ပြီးနောက်ဆုံးကုသဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် တက်ကြွက်စွာ လှုပ်ရှားနေထိုင်ပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကိုထိန်းကာတခြားကုသခြင်းတွေကိုပါ ခံယူရင် ရောဂါဆိုးရွားလာမှုကိုထိန်းထားနိုင်ပါတယ်။ နာကင်ျမှုကိုသက်သာစေနိုင်ပြီးအဆစ်ကိုလည်းကောင်းစွာလှုပ်ရှား နိုင်စေပါတယ်။   ၂။ အကြောင်းအရင်းများ ဘာတွေကOsteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းကို ဖြစ်စေသလဲ ဒီရောဂါဟာအဆစ်တွေရဲ့ အရိုးအဆုံးသတ်မှာအခုအခံသဖွယ် ကာကွယ်ပေးတဲ့ အရိုးနုလေးတွေပျက်စီးလာရင် ဖြစ်တတ်ပါတယ်။ အရိုးနုဆိုတာခိုင်မာပြီးချောမွတ်တဲ့ တစ်သျှူးအမျိုးအစားဖြစ်ပြီးအဆစ်တွေရဲ့ လှုပ်ရှားမှုကိုချောမွေ့စေပါတယ်။ အရိုးအဆစ်ရောင်ရမ်းလာရင် အဲ့ဒီအရိုးနုမျက်နှာပြင်များဟာ ကြမ်းတမ်းလာပါတယ်။ အရိုးနုများ လုံးဝပျက်စီးသွားတဲ့ အခါမှာတော့ အဆစ်တွေမှာအရိုးအချင်းချင်းပဲပွတ်တိုက် နေပါတော့တယ်။   ၃။ ဖြစ်ပွားနိုင်ခြေအကြောင်းအရင်းများ အရိုးအဆစ်ရောင်ရမ်းခြင်းကို ဖြစ်ပွားနိုင်ခြေ မြင့်စေတဲ့ အကြောင်းတွေကတော့ အသက်အရွယ်ကြီးခြင်း ကျား/မကွဲပြားခြင်း။ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။ […]


အဆစ်ရောင်ရောဂါများ

Osteoarthritis အရိုးအဆစ်ရောင်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ

Osteoarthritis ဆိုသည်မှာအသုံးပြုပါများ၍ ဒဏ်ဖြစ်ကာအရိုးနု နှင့် အဆစ်တို့ ယိုယွင်းပျက်စီးသောအဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်ပြီးအသက်အရွယ်ကြီးရင့်သူများတွင် အဖြစ်များသည်။ ထိုရောဂါကိုအသက်အရွယ်ရလာတဲ့အခါ အဆစ်အမြစ်ပိုင်းမှာမလွဲမသွေကြုံရမယ့် ရိုးရှင်းတဲ့ ပြဿနာတစ်ခုလို့ တစ်ချိန်ကယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သုတေသနတွေအရOsteoarthritis အရိုးအဆစ်ရောင်ရောဂါ ဆိုတာအကြောင်းရင်းတွေအများကြီးရှိတဲ့ ရှုပ်ထွေးလှတဲ့ ဖြစ်စဉ်တစ်ခုဆိုတာသိလာကြပါတယ်။ သူဟာမရှောင်လွှဲနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အကြောင်းကိစ္စတွေ အများအပြားကြောင့် ဖြစ်လာရပြီးအတော်များများဟာပြောင်းလဲနိုင်၊ ကာကွယ်နိုင်ပါတယ်။ ယခုဖော်ပြမှာတွေကတော့ Osteoarthritis အရိုးအဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေတွေကိုလျှော့ချနိုင်ဖို့ဘာလုပ်ရမယ်ဆိုတာ ဆရာဝန်တွေအကြံပေးထားတဲ့ အချက်တွေ ဖြစ်ပါတယ်။   ၁။ ကျန်းမာရေးနှင့်ညီညွတ်သောကိုယ်အလေးချိန်ကိုထိန်းထားပါ။ ကိုယ်အလေးချိန်များခြင်းဟာOsteoarthritis အရိုးအဆစ်ရောင်ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ ပိုနေတဲ့ ကိုယ်အလေးချိန်ဟာတင်ပါးဆုံရိုး၊ ဒူးခေါင်းစတဲ့ ကိုယ်အလေးချိန်ကိုထမ်းထားရတဲ့ အဆစ်တွေပေါ်မှာဖိအားကိုပိုများစေပါတယ်။ အလေးချိန်တစ်ပေါင်တက်တိုင်းဒူးဆစ်ရိုးပေါ် လေးပေါင်သက်ရောက်စေပြီးတင်ပါးဆုံရိုးပေါ် ခြောက်ဆသက်ရောက်စေပါတယ်။ အချိန်ကြာလာတဲ့အမျှ အဆစ်တွေမှာအခုအခံလုပ်ပေးထားတဲ့ အရွတ်တွေကိုထိခိုက်လာစေပါတယ်။ ဒီဖိအားကြောင့် သက်သက်ပဲမဟုတ်ပါဘူး။ အဆီအသားတွေကနေ cytokine လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးထုတ်ပေးပြီးကိုယ်ခန္ဓါတစ်ခုလုံးမှာရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆစ်တွေမှာဆိုရင် cytokine […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်