backup og meta

Osteoarthritis အရိုးအဆစ်ရောင်ရောဂါအကြောင်း သိကောင်းစရာ


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Osteoarthritis အရိုးအဆစ်ရောင်ရောဂါအကြောင်း သိကောင်းစရာ

    ၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်

    Osteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာဘာလဲ

    Osteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာအဆစ်ရောင်ခြင်းရဲ့ တွေ့ရအများဆုံးပုံစံတခုဖြစ်ပြီးလူသားသန်းပေါင်းများစွာ ကြုံတွေ့နေရပါတယ်။ အရိုးရဲ့အနားသတ်မှာဖုံးအုပ် ပေးထားတဲ့ အရိုးနုလေးတွေဟာအချိန်ကြာလာတာနဲ့ အမျှ ပျက်စီးလာရင် ဖြစ်ပွားတတ်ပါတယ်။

    အရိုးအဆစ်ရောင်ရမ်းခြင်းဟာသင့်ခန္ဓါကိုယ်ရဲ့ ဘယ်အရိုးအဆစ်မှာမဆို ဖြစ်ပွားနိုင်ပေမယ့် လက်၊ ဒူး၊ ပေါင်ရင်း၊ ကျောရိုးစတဲ့အရိုးဆစ်တွေမှာအများဆုံး ဖြစ်ပွားတတ်ပါတယ်။ အရိုးအဆစ်ရောင်ရမ်းခြင်းဟာဆိုးရွားလာတတ်ပြီးနောက်ဆုံးကုသဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် တက်ကြွက်စွာ လှုပ်ရှားနေထိုင်ပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကိုထိန်းကာတခြားကုသခြင်းတွေကိုပါ ခံယူရင် ရောဂါဆိုးရွားလာမှုကိုထိန်းထားနိုင်ပါတယ်။ နာကင်ျမှုကိုသက်သာစေနိုင်ပြီးအဆစ်ကိုလည်းကောင်းစွာလှုပ်ရှား နိုင်စေပါတယ်။

    ၂။ အကြောင်းအရင်းများ

    ဘာတွေကOsteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းကို ဖြစ်စေသလဲ

    ဒီရောဂါဟာအဆစ်တွေရဲ့ အရိုးအဆုံးသတ်မှာအခုအခံသဖွယ် ကာကွယ်ပေးတဲ့ အရိုးနုလေးတွေပျက်စီးလာရင် ဖြစ်တတ်ပါတယ်။ အရိုးနုဆိုတာခိုင်မာပြီးချောမွတ်တဲ့ တစ်သျှူးအမျိုးအစားဖြစ်ပြီးအဆစ်တွေရဲ့ လှုပ်ရှားမှုကိုချောမွေ့စေပါတယ်။ အရိုးအဆစ်ရောင်ရမ်းလာရင် အဲ့ဒီအရိုးနုမျက်နှာပြင်များဟာ ကြမ်းတမ်းလာပါတယ်။ အရိုးနုများ လုံးဝပျက်စီးသွားတဲ့ အခါမှာတော့ အဆစ်တွေမှာအရိုးအချင်းချင်းပဲပွတ်တိုက် နေပါတော့တယ်။

    ၃။ ဖြစ်ပွားနိုင်ခြေအကြောင်းအရင်းများ

    အရိုးအဆစ်ရောင်ရမ်းခြင်းကို ဖြစ်ပွားနိုင်ခြေ မြင့်စေတဲ့ အကြောင်းတွေကတော့

    • အသက်အရွယ်ကြီးခြင်း
    • ကျား/မကွဲပြားခြင်း။ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။ အကြောင်းရင်းတော့ သေချာမသိရသေးပါဘူး။
    • အဝလွန်ခြင်း
    • အဆစ်ထိခိုက်ခြင်း
    • အလုပ်အကိုင်။ အဆစ်တခုခုပေါ်ကိုဖိအားအမြဲသက်ရောက်ရင် အဆစ်ရောင်တာဆိုးလာတတ်ပါတယ်။
    • မျိုးရိုးဗီဇ
    • အရိုးများပုံပျက်ခြင်း
    • အခြားရောဂါများ။ ဆီးချိုနဲ့ လေးဖက်နာရောဂါ ရှိခြင်းဟာဒီရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။

    ၄။ လက္ခဏာများ

    Osteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ

    ဒီရောဂါလက္ခဏာတွေဟာအချိန်နဲ့ အမျှ တဖြည်းဖြည်းဆိုးရွားလာတတ်ပါတယ်။

  • နာကျင်ခြင်း။ အဆစ်လှုပ်ရှားနေစဉ်နဲ့ လှုပ်ရှားပြီးချိန်မှာနာကျင်တတ်ပါတယ်။
  • ဖိလျှင်နာခြင်း။ အဆစ်တွေဟာအနည်းငယ်မျှ ဖိအားရှိရင်တောင် နာကျင်တတ်ပါတယ်။
  • တောင့်တင်းခြင်း။ မနက်အိပ်ရာထရင်၊ မလှုပ်ရှားတာ ကြာသွားရင် တောင့်တင်းတာအဆိုးဆုံး ဖြစ်တတ်ပါတယ်။
  • ပျော့ပြောင်းမှုမရှိခြင်း။ အဆစ်ရဲ့ လှုပ်ရှားမှုကို ပြည့်ပြည့်၀၀ မလုပ်နိုင်ပါဘူး။
  • အသံမြည်ခြင်း။ သင့်အရိုးဆစ်တွေ လှုပ်ရှားတဲ့အခါ အသံတွေမြည်နေသလိုခံစားရပါတယ်။
  • အရိုးအတက်ထွက်ခြင်း။ ဖြစ်ပွားတဲ့ အရိုးဆစ်တွေနားမှာအခုအခ့ ဖြစ်နေတတ်ပါတယ်။
  • အရိုးဆစ်နာခြင်း၊ တောင့်တင်းခြင်းတွေ ရက်သတ္တပတ် အနည်းငယ်ထိရှိနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။

    ၅။ နောက်ဆက်တွဲပြသနာများ

    အရိုးအဆစ်ရောင်ရမ်းခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကဘာတွေလဲ

    အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာအချိန်ကြာလာတာနဲ့အတူပိုပြီးဆိုးရွားလာတတ်ပါတယ်။ အဆစ်အမြစ်နာခြင်း၊ တောင့်တင်းခြင်းတွေ ဆိုးရွားတာမို့ နေ့စဉ်လှုပ်ရှားမှုတွေကိုဒုက္ခပေးပါတယ်။ တချို့လူများဟာအလုပ်မလုပ်နိုင်တော့ပါဘူး။ အရိုးအဆစ်နာကျင်ခြင်းအရမ်းဆိုးရွားရင်တော့ အဆစ်အစားထိုးကုဖို့ ဆရာဝန်က အကြံပြုပါလိမ့်မယ်။

    ၆။ ရောဂါရှာဖွေခြင်း၊ စမ်းသပ်ခြင်း

    အရိုးအဆစ်ရောင်ရမ်းခြင်းကိုရောဂါရှာဖွေခြင်းဘယ်လိုလုပ်သလဲ

    ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချိန်မှာ ဆရာဝန်ဟာ ဖြစ်နေတဲ့ အရိုးအဆစ်ကိုသေချာစမ်းသပ်ပါလိမ့်မယ်။ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်းတွေ ရှိမရှိနဲ့ ဘယ်လောက်ထိ လှုပ်ရှားနိုင်လဲဆိုတာစမ်းသပ်ပါလိမ့်မယ်။ သင့်ဆရာဝန်ဟာ ပုံရိပ်ဖော်စစ်ဆေးဖို့၊ ဓါတ်ခွဲစစ်ဆေးမှုတွေလုပ်ဖို့ အကြံပြုပါလိမ့်မယ်။

    ပုံရိပ်ဖော်စစ်ဆေးခြင်းများ

    ရောဂါရှိနေတဲ့ အရိုးဆစ်ကို

    • ဓါတ်မှန်ရိုက်ခြင်း
    • MRI သံလိုက် ဓါတ်မှန် ရိုက်ခြင်းစတာတွေနဲ့ စစ်ဆေးပါလိမ့်မယ်။

    ဓါတ်ခွဲစစ်ဆေးမှုများ

  • သွေးဖောက်စစ်ခြင်း
  • အဆစ်ထဲမှအရည်စုပ်ယူစစ်ဆေးခြင်း
  • ၇။ ရောဂါကုသခြင်း

    အရိုးအဆစ်ရောင်ရမ်းခြင်းအတွက် ကုသမှုတွေကဘာတွေလဲ

    အရိုးအဆစ်ရောင်ရမ်းခြင်းကို လုံးဝပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နာကျင်မှုကိုသက်သာစေပြီး လှုပ်ရှားမှုကောင်းအောင် ကုသနိုင်ပါတယ်။

    ဆေးဝါးများ

    အရိုးအဆစ်ရောင်ရမ်းခြင်းလက္ခဏာတွေကိုတချို့ဆေးဝါးတွေနဲ့ သက်သာစေနိုင်ပါတယ်။

    • Acetaminophen
    • စတီးရွိုက်မဟုတ်သောအရောင်ကျဆေးများစတာတွေ သောက်သုံးနိုင်ပါတယ်။

    လေ့ကျင့်ခန်းဖြင့်ကုသခြင်း

    လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းဟာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဆရာဝန်ဟာ အောက်ပါကုထုံးတွေ ညွှန်နိုင်ပါတယ်။

    • ကာယကုထုံး
    • လုပ်ငန်းခွင်ဆိုင်ရာကာယကုထုံး
    • လက်ပတ်ခြေပတ်များ၊ ဖိနပ်များသုံးခြင်း
    • နာတာရှည်နာကျင်ခြင်းအတွက် လေ့ကျင့်ခန်းအစီအစဉ်များ

    ခွဲစိတ်ကုသခြင်းနှင့် အခြားကုသခြင်းများ

    ပုံမှန်ကုသခြင်းများနဲ့ မပျောက်ရင် အောက်ပါနည်းတွေ သုံးနိုင်ပါတယ်။

    • ကော်တီဆုန်းထိုးခြင်း
    • ချောဆီထိုးခြင်း
    • အရိုးကို ပြန်ချိန်ညှိခြင်း
    • အရိုးအဆစ်အစားထိုးခြင်း

    ၈။ အရိုးအဆစ်ရောင်ရမ်းခြင်းကိုဘယ်လိုဖြေရှင်းနိုင်မလဲ

    အောက်ပါနည်းတွေ ဆောင်ရွက်နိုင်ပါတယ်။

    လေ့ကျင့်ခန်း။လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်အရိုးဆစ်အနီးတဝိုက်က ကြွက်သားတွေကိုပိုသန်မာပြီးခံနိုင်ရည် ရှိစေပါတယ်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းစတာတွေ လုပ်ပေးနိုင်ပါတယ်။

    ကိုယ်အလေးချိန်လျှော့ချခြင်း။ အဝလွန်ခြင်းဟာဒူးဆစ်၊ ပေါင်ဆစ် စတဲ့ အဆစ်အမြစ်တွေအပေါ် ပိုပြီးဖိအားသက်ရောက်စေပါတယ်။

    အပူအအေးပေးခြင်း။၂မျိုးလုံးဟာနာကျင်မှုကိုသက်သာစေပါတယ်။ အပူဓါတ်ဟာတောင့်တင်းမှုကိုသက်သာစေပြီး၊ အအေးဓါတ်ဟာ ကြွက်သားအကြောဆွဲခြင်း၊ နာကျင်ခြင်းတွေကိုသက်သာစေပါတယ်။

    ဆေးလိမ်းခြင်း။ဆေးဆိုင်တွေကနေအကိုက်အခဲပျောက်ဆေးခရင်မ်နဲ့ အဆီတွေ လိမ်းခြင်းဟာအရိုးအဆစ်နာခြင်းကိုသက်သာစေပါတယ်။

    အကူပစ္စည်းသုံးခြင်း။ အကူပစ္စည်းကိရိယာများသုံးခြင်းဟာသင့်တနေ့တာလုပ်ဆောင်မှုတွေကိုအဆင်ပြေချောမွေ့စေပြီးနာကျင်မှုကိုသက်သာစေပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement