backup og meta

ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ

    ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    ဂေါက်ရောဂါဆိုတာ ဘာလဲ။

    ဂေါက်ရောဂါက လူတိုင်းဖြစ်နိုင်တဲ့ အဆစ်ရောင်ခြင်း ပုံစံ တစ်မျိုး ဖြစ်ပါတယ်။ သင့်မှာ ဂေါက်ရောဂါ ရှိနေတယ် ဆိုရင် သင် တွေ့ကြုံနိုင်တဲ့အတွေ့ရ အများဆုံး အရာကတော့ အထူးသဖြင့် ခြေထောက်တွေမှာ ရှိတဲ့ အဆစ် တစ်ခု သို့မဟုတ် တစ်ခုထက် ပိုပြီး ပြင်းပြင်းထန်ထန်နာကျင်မှု ခံစားရခြင်း ဖြစ်ပါတယ်။

    ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ ဆိုတာကို သင်သိပါသလား။

    ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ။

    ဂေါက်ရောဂါ ရှိနေတယ် ဆိုရင် သင့် ခြေထောက်ကို ရုတ်တရက်ကြီး အများအားဖြင့် ညအခါတွေမှာ သက်ရောက်မှုတွေ ထဖြစ်တတ်ပါတယ်။ ပြင်းပြင်းထန်ထန် အဆစ်နာခြင်းက ပထမဆုံး ကြုံရမှာ ဖြစ်ပါတယ်။ ခြေထောက်၊ ခြေချင်းဝတ်၊ ဒူး၊ midfoot၊ လက်နဲ့ လက်ကောက်ဝတ် အဆစ်တွေကို နာကျင်မှုတွေ ဖြစ်စေနိုင်ပေမယ့် အများဆုံး ဖြစ်လေ့ရှိတာ ကတော့ ခြေမ အဆစ် ကြီးခြင်း ဖြစ်ပါတယ်။

    နာကျင်မှု စပြီး ပထမ ၁၂ နာရီ အတွင်း ပိုပြီး ဆိုးဆိုးရွားရွား နာကျင်မှုကို ထပ်ခံစားရနိုင်ပါတယ်။ လမ်းလျှောက်ခြင်းကြောင့် နာကျင်မှု ပိုဆိုးသွားစေနိုင်ပါတယ်။ အိပ်ရာခင်း စောင်တွေရဲ့ ဖိအားကိုတောင် မခံနိုင် ဖြစ်တတ်ပါတယ်။

    အဆိုးဆုံး နာကျင်မှု တဖြည်းဖြည်းချင်း သက်သာသွားတဲ့အခါမှာ မသက်မသာဖြစ်မှုကို ရက် အနည်းငယ် သီတင်းပတ် အနည်းငယ် တွေ့ကြုံရနိုင် ပါသေးတယ်။

    ဂေါက်ရောဂါ ဖြစ်ချိန် ကြာလာတဲ့အခါမှာ နာကျင်မှု အချိန်လည်း ပိုလာနိုင်ပြီး ခြေထောက်က အဆစ် တော်တော်များများလည်း သက်ရောက်ခံရနိုင်ပါတယ်။ နာကျင်မှု မပျောက်သေးခင် ရက် အနည်းငယ် သို့မဟုတ် သီတင်းပတ်ပေါင်းများစွာ ကြာနိုင်ပါတယ်။

    ဒါ့အပြင် အဆစ်တွေ ခြေမတွေမှာ ရောင်ရမ်းခြင်း၊ အထိမခံနိုင်ခြင်း၊ ပူခြင်း၊ နီခြင်းနဲ့အတူ သင့်ခြေထောက်မှာ ရောင်ရမ်းခြင်း၊ နီမြန်းခြင်းတွေရနိုင်ပါတယ်။ ဒါတွေကြောင့် ဂေါက်ရောဂါက သင့်ခြေထောက်ကို ရုတ်တရက် တိုက်ခိုက်လိုက်တဲ့အခါမှာ အဆစ် လှုပ်ရှားနိုင်မှု နည်းသွားစေပါတယ်။

    အဆစ်နေရာတွေမှာ ပူခြင်း၊ အထိမခံနိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အရောင်ကျလာတာတဲ့အခါမှာ အရေပြား ကွာကျခြင်း၊ ယားခြင်း၊ အလွှားလိုက် ကွာကျခြင်းတွေ ဖြစ်နိုင်ပါတယ်။

    ဂေါက်ရောဂါကို မကုသဘဲ ထားမယ်ဆိုရင် ယာယီ သက်သာသွားနိုင်ပြီး လအနည်းငယ် နှစ်အနည်းငယ် အတွင်းမှာ ပြန်ဖြစ်နိုင်ပါတယ်။ အရင်ထက် အကြိမ်ရေ ပိုစိပ်သွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။

    အဆိုးဆုံး အခြေအနေတွေမှာ ဆိုးဆိုးရွားရွား အဆစ်နာခြင်း၊ ခြေထောက်ရောင်ခြင်း၊ 38C သို့မဟုတ် အထက် ဖျားခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီ အခြေအနေတွေက သင့် အဆစ်အတွင်း ကူးစက်ပိုးတွေ ဝင်နေကြောင်း သိနိုင်ပါတယ်။ အရေးပေါ် အခြေအနေတွေမှာ သင့်ဆရာဝန်ကိုချက်ချင်း ခေါ်သင့်ပါတယ် ။

    သတင်းကောင်းကတော့ ဂေါက်ရောဂါကို ကုသနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်နိုင်ခြေတွေကို သိပြီး ပြန်ဖြစ်ခြင်းကို ကာကွယ်နိုင်ဖို့ ထိုအချက်တွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဂေါက်ရောဂါ နဲ့ ဝေးစေဖို့ ကျန်းမာရေး ပိုမို ကောင်းမွန်လာအောင် နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement