backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရိုးပွတာကြောင့် နာကျင်တဲ့ဝေဒနာ သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရိုးပွတာကြောင့် နာကျင်တဲ့ဝေဒနာ သက်သာစေဖို့
အရိုးပွတာက အသက်အရွယ်ကြီးရင့်လာသူ အတော်များများ ရင်ဆိုင်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရိုးပွလာတဲ့အခါ အရိုးအက်တာအရိုးကျိုးလွယ်တာတွေ ဖြစ်သလို နာကျင်တဲ့ ဝေဒနာကိုလည်း ခံစားကြရပါတယ်။

ဒီတစ်ခေါက်တော့ အရိုးပွတာကြောင့် နာကျင်လာတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်သင့်လဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်။

အရိုးပွလာတဲ့အခါ ခံစားရတဲ့ နာကျင်မှုကို သက်သာစေဖို့

အရိုးပွလာတဲ့အခါ အာဟာရကို ဂရုစိုက်ဖို့လိုသလို လိုအပ်တဲ့ ကုသမှုကို ခံယူဖို့လည်း လိုပါတယ်။ ဒီလို လုပ်ဆောင်မှုတွေနဲ့အတူ အရိုးပွတာကြောင့် နာကျင်မှုကို သက်သာစေဖို့ဆိုရင်

ရေနွေးအိတ် ကပ်ပါ

ရေနွေးအိတ်ကပ်တာ၊ ရေနွေးနဲ့ ရေချိုးတာက ကြွက်သားတွေကို ပြေလျော့စေသလို အရိုးပွတာကြောင့် နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ရေနွေးနွေးလေးနဲ့ ရေချိုးတာ ဒါမှမဟုတ် ရေနွေးအိတ် ကပ်တာမျိုးလုပ်ပေးပါ။

ရေနွေးအိတ်ကပ်တဲ့အခါ ၁၅ မိနစ်ကပ်လိုက် နားလိုက် လုပ်ပေးပါ။ အသားလောင်မျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

ရေခဲကပ်ပါ

ရေခဲက အရောင်ကျစေနိုင်သလို နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တဘက်စ သန့်သန့်ထဲမှာ ရေခဲထည့်လို့ ကပ်ပေးပါ။ ရေခဲကပ်တဲ့အခါမှာလည်း ၁၅ မိနစ် ကပ်လိုက် နားလိုက် လုပ်ပေးပါ။ ရေခဲ အရမ်းအေးတာကလည်း အသားလောင်စေနိုင်ပါတယ်။

လှုပ်ရှားမှုလေး လုပ်ပါ

အရိုးပွတဲ့အခါ နာကျင်တာကြောင့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် မလှုပ်ရှားဘဲ နေတာက ပိုဆိုးစေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။

အထောက်အကူပစ္စည်း ဝတ်ဆင်ပါ

အရိုးပွတာကြောင့် နာကျင်တဲ့အခါ ဒူးစွပ်၊ ခြေစွပ်စတာလိုမျိုး အထောက်အကူ ပစ္စည်းလေးတွေ ဝတ်စေချင်ပါတယ်။ ဒီလို ဝတ်ဆင်တာက လှုပ်ရှားရတာ အဆင်ပြေစေသလို နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ကြွက်သားတွေကိုလည်း ထောက်ပံ့ပေးရာ ရောက်ပါတယ်။

နှိပ်နယ်ပါ

ဒီနည်းလမ်းက ကြွက်သားတွေကို ပြေလျော့စေသလို နာကျင်မှုကို သက်သာစေပြီး သွေးလည်ပတ်မှုလည်း ကောင်းစေနိုင်ပါတယ်။ ဒါပေမယ့် အရင်ဆုံးတော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့လိုပါမယ်။ ဒါမှ ဘေးကင်းစိတ်ချရမှာပါ။

အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ

အသက်ကို ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ အသက်ရှူနေတဲ့အပေါ်မှာ အာရုံစိုက်ထားပါ။ ဒီလို လုပ်ဆောင်ပေးတာက တင်းအားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

အာဟာရကို ပြည့်ဝအောင်စားမယ်။ လိုအပ်တဲ့ကုသမှုတွေ ခံယူမယ်။ ဒီ နည်းလမ်းလေးတွေကို လုပ်ဆောင်ရင်း အရိုးပွတာကြောင့် နာကျင်မှုကို ဖြေလျှော့လိုက်ကြရအောင်လား…………..

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement