backup og meta

အရိုးပွနေရင် ဒါတွေရှောင်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 15/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးပွနေရင် ဒါတွေရှောင်ပါ။

    အရိုးပွတာက အသက်အရွယ်ရလာသူ အတော်များများ ခံစားရတဲ့ ကျန်းမာရေးပြဿနာပါ။ အသက်အရွယ် ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆက နည်းလာပြီး အရိုးပွလာ ပါတယ်။

    အရိုးပွလာ တာက သေချာ ဂရုစိုက်ဖို့ လိုမယ့် ကျန်းမာရေးပြဿနာပါ။ အကြောင်းကတော့ အရိုးပွနေတာကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရိုးကျိုးလွယ်တာအရိုးအက်တာတွေကို ဖြစ်စေနိုင်လို့ပါ။

    အရိုးပွတာက သေချာလေး ကုသမှု ခံယူဖို့ လိုသလို အစားအသောက်ကိုလည်း သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ အရိုးပွရောဂါ ခံစားနေရသူတွေအနေနဲ့ ဘာတွေကို သတိထား ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

    အရိုးပွနေရင် ဒါတွေရှောင်ပါ။

    အရိုးပွနေရင် ဒါတွေရှောင်ပါ။ အရိုးပွနေတဲ့အခါ ခံစားနေရတဲ့ ဝေဒနာကို ပိုဆိုး မသွားစေဖို့ ဒါတွေကို မစားဖို့ ပြောပါရစေ။

  • သကြား
  • သကြားဆိုလို့ သကြားကိုပဲ မစားရတာ မဟုတ်ပါဘူး။ အချိုကဲတဲ့ အစားအစာတွေကိုပါ မစားရမှာပါ။ ဥပမာ ကိတ်မုန့်၊ ကွတ်ကီးလိုမျိုး အချိုကဲတဲ့ အစားအစာတွေ၊ အချိုရည်ကိုရော ရှောင်ရမှာပါ။

    ဒီအစားအစားတွေက အရိုးပွတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သကြား အစား အချိုဓာတ် ပြည့်စေဖို့ သဘာဝ အချိုတွေ ဖြစ်တဲ့ သစ်သီး အချိုနဲ့ ပျားရည်စစ်စစ်တွေကို စားပေးလို့တော့ ရပါတယ်။

    ဆား အများကြီး စားတာက ကျန်းမာရေးအတွက် မကောင်းသလို အရိုးပွနေသူတွေအတွက်လည်း မသင့်တော်ပါဘူး။ ဆား အများကြီးစားတာက အရိုးတွေအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို ဆုံးရှုံးမှု များစေပါတယ်။ အကြောင်းကတော့ ဆီးကနေတဆင့် ကယ်လ်ဆီယမ် ပြင်ပကို ထွက်ရှိသွားတာကြောင့်ပါ။

    ဆား အစားများတိုင်း ကယ်လ်ဆီယမ် ဆုံးရှုံးမှုကလည်း မနည်းတာကြောင့် အရိုးပွနေသူတွေအနေနဲ့ ဆားကို လျှော့စားစေချင်ပါတယ်။

    အခုနောက်ပိုင်း ပိုးသတ်ဆေးတွေ များလာသလို စိုက်ပျိုးမှုတိုင်းမှာလည်း ပိုးသတ်ဆေးတွေကို အများအပြား သုံးလာကြပါတယ်။ အကြောင်းကတော့ လူတွေက အလုံးလှပြီး ပိုးကိုက်ရာ ကင်းတဲ့ အသီးအရွက်တွေကို သဘောကျတာကြောင့်ပါ။ တကယ်ကတော့ ဒီလို ပိုးသတ်ဆေးသုံးထားတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက အရိုးသိပ်သည်းဆကို လျော့ကျစေပါတယ်။

    ဒါကြောင့် အရိုးပွနေမယ်ဆိုရင် အရိုးပွတာ ပိုဆိုးမလာစေဖို့ အော်ဂဲနစ် မဟုတ်တဲ့ အသီးအရွက်တွေကို ရှောင်ပါ။

    ဆီကြော်စာတွေက စားရတာ အရသာရှိလှပေမယ့် အရိုးပွနေသူတွေအတွက်ကတော့ မသင့်တော်ပါဘူး။ ဆီကြော်စာတွေက သွေးတွင်း အဆီကို များစေသလို အရိုးပွတာကြောင့် နာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။

    ဒါကြောင့် ဆီကြော်စာတွေအစား အသား၊ ငါး စတာတွေကို ပြုတ်စားတာ၊ ဆီနည်းနည်းနဲ့ ချက်စားတာမျိုးက ပိုအဆင်ပြေပါတယ်။ ပေါင်းစားတာကလည်း သင့်တော်တဲ့ စားသောက်ပုံတစ်မျိုးပါ။

    ဆီကြော်စာတွေအပြင် အနီရောင်အသား၊ ချိစ်၊ ကြက်ဥကြော်၊ ထောပတ်၊ ပြုပြင်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်ဖို့ လိုပါမယ်။

    သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတေါက မသင့်တော်ပါဘူး။ ဒီလို အစားအစာတွေက အရိုးပွတာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေ အစား ဂျုံကြမ်း ပေါင်မုန့်လိုမျိုးကို ရွေးချယ် စားပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 15/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement