အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အခြား အရိုးရောဂါများ

ကျောရိုးနေရာလွဲခြင်း ပုံစံ၃ မျိုး

ကျောရိုးနေရာလွဲခြင်းဆိုသည်မှာကျောရိုးပြဿနာတစ်ခုဖြစ်ပြီး ကျောရိုးဟာ သူ့မူလနေရာမှလွဲချော်သွားခြင်းဖြစ်ပါတယ်။ လူတွေမှာဖြစ်တဲ့ကျောရိုးနေရာလွဲခြင်းပုံစံမျိုးစုံရှိပါတယ်။ ယခုဆောင်းပါးကတော့ သင့်ကို ကလေးနဲ့လူကြီးတွေမှာအဖြစ်တတ်တဲ့ အဖြစ်အများဆုံးပုံစံ ၃ မျိုးကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ၁။ မွေးရာပါကျောရိုးနေရာလွဲနေခြင်း။ မွေးရာပါကျောရိုးနေရာလွဲနေခြင်းဆိုသည်မှာမွေးဖွားသည့်အချိန်ကတည်းက ကျောရိုးပုံစံမမှန်ခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလတွင် ကျောရိုးဟာ ပုံမှန်ဖြစ်ပေါ်မလာတဲ့အခါ ကလေးရဲ့ကျောရိုးများဟာ နေရာလွဲသွားနိုင်ချေပိုများသွားပါတယ်။ အကယ်၍ ကလေးဟာ နာကျင်မှုမခံစားရလျှင်ဖြစ်စေ ကျောရိုးနေရာလွဲ ခြင်းဟာ ပိုဆိုးမလာလျှင် ဖြစ်စေ အိမ်တွင်းကုသမှုများနှင့် ကုသနိုင်ပါတယ်။ ၂။ ကျောရိုးပျက်စီးသွား၍နေရာလွဲသွားခြင်း ။ ဒါကတော့ အဖြစ်အများဆုံးကျောရိုးနေရာလွဲတဲ့ပုံစံဖြစ်ပြီး အသက်ကြီးတဲ့လူတွေမှာပိုပြီးဖြစ်လေ့ရှိပါတယ်။ အသက်ကြီးလာ၍ကျောရိုးနေရာလွဲသွားခြင်းဟာ အသက်ကြီးလို့ဖြစ်တဲ့သဘာဝဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ကျောရိုးကြားထဲရှိ ကျောရိုးပြားများဟာ ရေဓါတ်နည်းလာတဲ့အခါ ကျောရိုးကို ကာကွယ်ပေးနိုင်စွမ်းနည်းလာပြီး အဆစ်ရောင်ခြင်း နှင့် ကျောရိုးပျက်စီး၍ နေရာလွဲ ခြင်းတို့ ဖြစ်ပေါ်လာရပါတယ် ။ အရွတ်များ ၊ ကျောရိုးပြားများ နှင့် အရိုးများဟာ အားနည်းလာပြီး ကျောရိုးကိုပုံမှန်အနေအထားမှာရှိအောင် ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ပါဘူး ။ ဆက်ထားတဲ့အဆစ်များဟာလည်း အသက်ကြီးလာတဲ့အခါ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ

အများစုသော ခါးဆစ်ချော်ခြင်း ဝေဒနာခံစားနေရသူများသည် ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်ကြပါ။ သောက်ဆေးစားခြင်း၊ လေ့ကျင့်ခန်း ကုထုံးများဖြင့်ကုသခြင်းအားဖြင့် အကျိုးရှိစေသလို စိတ်ချရပါသည်။ အောက်ပါဆောင်းပါးတွင် ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ နှင့် ပတ်သက်ပြီး ဖော်ပြသွားပါမည်။ ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ အကြောင်း လေ့လာကြည့်ရအောင်နော်။ မခွဲစိတ်ဘဲကုသခြင်း၏ ရည်ရွယ်ချက် ခွဲစိတ်ကုသခြင်းဖြင့် နာကျင်နေသော ပင်မနေရာကို ဖယ်ထုတ်လိုက်နိုင်ပါသည်။ မခွဲစိတ်ဘဲ ကုသခြင်းဖြင့် ခါးဆစ်ချော်ခြင်း ရဲ့ ဝေဒနာများဖြစ်သော နာကျင်ခြင်း၊ ထုံကျင်ခြင်းဝေဒနာများကို သက်သာစေမည်ဖြစ်ပါသည်။ မခွဲစိတ်ဘဲကုသခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုကို သက်သာစေခြင်း၊ ပုံမှန်လှုပ်ရှားမှုများ ပြုလုပ်နိုင်ခြင်း၊ အကွေးအဆန့်ပြုလုပ်နိုင်ခြင်းတို့ဖြစ်စေသောကြောင့် မခွဲစိတ်ဘဲကုသနိုင်သော နည်းလမ်များသ်ည စနစ်တကျ လုပ်ဆောင်ပါက စိတ်ချရစေပါသည်။ ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ နှင့် ခါးစည်းအသုံးပြုခြင်း သင်သည် လှုပ်ရှားမှုများ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းကြောင့် နာကျင်မှုဝေဒနာ ခံစားနေရသူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ

ခါးဆစ်ချော်ခြင်း ဝေဒနာ ခံစားနေရသူများတွင် ထိုသို့နာကျင်ခြင်းများကို သက်သာစေရန်၊ ကာကွယ်နိုင်ရန်မှာ လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်း၊ ကိုယ်လက်လေ့ကျင့်မှု ကုထုံးများ ခံယူခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အကွေးအဆန့်များ ပြုလုပ်နိုင်သလို နာကျင်မှုများလည်း သက်သာစေပါသည်။ အောက်ပါအချက်များသည် လေ့ကျင့်ခန်းများ မပြုလုပ်မီ သင်သိထားသင့်သော အချက်များဖြစ်ပါသည်။ ခါးဆစ်ချော်ခြင်းနှင့် ပတ်သက်ပြီး ဘယ်အချက်များကို သိထားရမလဲ။ ကျောရိုးတွင် ပြသနာဖြစ်ခြင်းကြောင့် ခါးဆစ်ချော်ခြင်း ဖြစ်ရပါသည်။ ခါးဆစ်ချော်ခြင်း ဆိုသည်မှာ ကျောရိုးဆစ်သည် ယင်းအောက်တွင် ရှိသော အဆစ်ပေါ်မှ ချော်ထွက်သွားခြင်းဖြစ်ပါသည်။ ထိုဖြစ်စဉ်ကြော်င့ အချို့က မည်သည့်ဝေဒနာမျှ မခံစားရသော်လည်း အချို့မှာ ဝေဒနာများကို ပြင်းထန်စွာ ခံစားရတတ်ပါသည်။ ယင်းတို့မှာ ခါးနာခြင်း၊ တင်ပါးနာခြင်း (ခါးနေရာတွင် အဆစ်ချော်ခြင်း)၊ လည်ပင်းနှင့် ပုခုံးများ နာကျင်ခြင်း (လည်ပင်းနေရာတွင် အဆစ်ချော်ခြင်း) နာကျင်မှုသည် ခြေသလုံးတောက်လျှောက် ပြန့်နှံ့သွားခြင်း ခြေထောက်များ ထုံကျဉ်ခြင်း၊ အားနည်းခြင်း လမ်းလျှောက်ရခက်ခြင်း၊လည်ပင်းကောင်းစွာ လှုပ်နိုင်ခြင်း ခါးကုန်းခြင်း၊ […]


အခြား အရိုးရောဂါများ

ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် လေ့ကျင့်ခန်းများ

ခါးနေရာတွင် အဆစ်ချော်ခြင်းသည် အဖြစ်အများဆုံး အဆစ်ချော်ခြင်း ဖြစ်ပါသည်။ ထိုပြသနာကို ကုသရန် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သော်လည်း သင့်ကိုသက်သာစေမည့် လေ့ကျင့်ခန်းများ ရှိသလို သင်ရှောင်ကျဉ်ရမည့် လေ့ကျင့်ခန်းများလည်း ရှိပါသည်။ ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် လေ့ကျင့်ခန်းများ အကြောင်းကို အောက်ပါဆောင်းပါးတွင် လေ့လာကြည့်ပါ။ ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် လေ့ကျင့်ခန်းများ ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် လေ့ကျင့်ခန်းများ အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ ခါးဆစ်ချော်နေသူများတွင် ပင်မကျောရိုးမကြီးတွင် ပြသနာဖြစ်နေခြင်းဖြစ်သည့် အတွက် ကျောရိုးအဆစ်များလည်း ပုံမှန်မအနေအထားအတိုင်း မဖြစ်တော့ပါ။ ခါးအောက်ပိုင်းတွင် နာကျင်ခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ အားနည်းခြင်းတို့ဖြစ်ပါမည်။ တခါတရံတွင် တင်ခံကြောကို ထိမိခြင်းကြောင့် ခြေသလုံးနာခြင်းပါ ဖြစ်နိုင်ပါသည်။ ထိုပြသနာများ အတွက် ပထမအဆင့် အနေနှင့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကုသနိုင်ပါသည်။ · လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် နောက်ကျော၊ တင်ပါး၊ တင်ပါးဆုံ ကြွက်သားများကို သန်မာစေပြီး […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ကျောရိုးကွေးနေခြင်းကိုခွဲစိတ်ခြင်း,အန္တရာယ်ရှိသည်များနှင့် ခွဲစိတ်ပြီးဂရုစိုက်ရမည့်အရာများ

ကျောရိုးကွေးခြင်းကို ခွဲစိတ်ခြင်းဆိုတာဘာလဲ။ ကျောရိုးကွေးခြင်းကိုခွဲစိတ်သည်ဆိုသည်မှာ ပြင်းပြင်းထန်ထန်ကျောရိုးကွေးနေမှုကို သက်သာကောင်းမွန်စေပြီး ကျောရိုးကွေးနေခြင်းကိုကုသပေးတဲ့ခွဲစိတ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ ကျောရိုးကို ပုံမှန်အတိုင်းတော့ပြန်မဖြစ်စေပါဘူး။ ခွဲစိတ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျောရိုးကို ညီညီမျှမျှဖြစ်စေပြီး ကျောရိုးကွေးခြင်းပိုဆိုးလာသည်မှကာကွယ်ရန်ဖြစ်ပါတယ်။ ဤသို့ပြုလုပ်ခွဲစိတ်ရာတွင် ခွဲစိတ်ဆရာဝန်များဟာ အရိုးများကိုဆက်နေစဉ်မှာ တုတ်ချောင်းကဲ့သို့အချောင်းလေးများကိုသုံးပြီး ကျောရိုးကိုကိုင်တွယ်ထိန်းချုပ်ထားပါတယ်။ အရိုးတွေဆက်သွားတာနှင့်အမျှ ကျောရိုးဟာ တည်ငြိမ်သွားပြီး အနာဂါတ်မှာပိုဆိုးမလာနိုင်တော့ပါဘူး။ အကယ်၍တုတ်ချောင်းလေးများကိုမဖယ်ဘူးဆိုလျှင် သူတို့ဟာ အနီးရှိတစ်ရှူးများကို အန္တရာယ်ပေးပါလိမ့်မယ်။ ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေကဘာတွေလဲ။ အခြားကုသမှုများကဲ့သို့ပင် ကျောရိုးကွေးခြင်းကိုကုသရာမှာလည်း အန္တရာယ်များရှိပါတယ်။ လေဖြတ်ခြင်း ။ လေဖြတ်ခြင်းဟာ ခွဲစိတ်ရာမှာအများဆုံးဖြစ်နိုင်တဲ့အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း ထိုသို့ဖြစ်ခြင်းမှာအယောက်တစ်ထောင်မှတစ်သောင်းတွင်တစ်ယောက်သာဖြစ်လေ့ရှိပြီး အရမ်းရှားပါးပါတယ်။ ခွဲစိတ်နေစဉ်လေဖြတ်ခြင်းမှကာကွယ်ရန် အာရုံကြောမကြီးကိုအထူးနည်းလမ်းများဖြင့် စီယဉ်ထားထားသင့်ပါတယ်။ - SSEPs and MEPs .ထိုအရာများဟာ သင့်ခြေထောက်မှလျှပ်စစ်ဓါတ်ပိုအသုံးပြုပြီး ဦနှောက်မှအချက်ပြမှုများ နှေးသွားခြင်းရှိမရှိ ဖော်ပြပေးနေမှာဖြစ်ပါတယ်။ - ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှသင့်ကို ခွဲစိတ်နေစဉ် နှိုးပြီး သင့်ခြေထောက်ကို လှုပ်လို့ရမရ မေးပါလိမ့်မယ်။ နာကျင်မှာမဟုတ်ပါဘူး။ ခွဲစိတ်ပြီးတဲ့အခါမှာလည်းသင်ဟာဒါကိုမှတ်မိမှာမဟုတ်ပါဘူး။ အကယ်၍ အာရုံကြောမကြီးအတွင်းပိုင်းမှာ ပုံမှန်မဟုတ်သောအရာတစ်ခုပေါ်လာခဲ့ပါက ဆရာ့ဝန်မျဟာ […]


အခြား အရိုးရောဂါများ

လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်ကျောရိုးအတက်ထွက်ခြင်းအတွက်မကောင်းပါ

သင့်တွင်ကျောရိုးအတက်ထွက်ခြင်းရှိနေလျှင် လေ့ကျင့်ခန်းများဟာ ကုသရေးအစီအစဉ်ထဲမှာပါဝင်ပါတယ် ။ သို့သော်လည်း လေ့ကျင့်ခန်းအားလုံးဟာတော့ သင့်အတွက်မကောင်းပါဘူး။ အောက်ဖော်ပြမည့် လေ့ကျင့်ခန်းတွေကတော့သင့်ရောဂါအခြေအနေ ပိုမဆိုးစေရန်နှင့် ပြန်မဖြစ်စေရန် မလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။   ကျောရိုးအတက်ထွက်ခြင်း။ သင့်ကို သင့်ရဲ့ကျောရိုး သို့ လည်ပင်းမှာ အရိုးအတက်ထွက်နေပြီဟု ပြောပါလိမ့်မယ် ။ ထိုအဓိပ္ပါယ်ကို သင်သေချာသိပါသလား ။ ကျောရိုးအတက်ထွက်ခြင်းဆိုသည်မှာ အချိန်တွေကြာလာတဲ့အခါ အရိုးပေါ်မှာ အရိုးပျော့လေးတစ်ခု ထပ်ထွက်လာခြင်းပဲဖြစ်ပါတယ်။ ကျောရိုးအတက်ထွက်ခြင်းကို ကျောရိုးတွင်ရောဂါကြောင့် အတက်ထွက်လာခြင်းဟု သိနိုင်ပါတယ် ။ အဖြစ်အများဆုံးကျောရိုးအတက်ထွက်ခြင်းတွေကတော့ လည်ပင်းနှင့် ခါး နေရာတွင် ကျောရိုးမကြီးအတက်ထွက်ခြင်းပဲဖြစ်ပါတယ်။ ကျောရိုးမကြီးအတက်ထွက်ခြင်းဟာ အသက်ကြီးလာလျှင်ပုံမှန်ဖြစ်လေ့ရှိပြီး ပုံမှန်အားဖြင့် ရောဂါလက္ခဏာပြလေ့မရှိပါဘူး ။ အဆစ်များဒဏ်ဖြစ်ပြီး လည်ပင်းနှင့် ကျောရိုးရှိကြွက်သားများ ဒဏ်ရာရလျှင် ဖြစ်လေ့ရှိပါတယ် ။ အရိုးအတက်ဟာ အာရုံကြောများ ၊ အာရုံကြောမကြီး ၊ကျောရိုးနောက်ခံပြားများ သို့ ကျောရိုးမကြီးအနီးတစ်ဝိုက်ရှိ သွေးကြောများကို ဖိမိသောအခါ […]


အရိုးပွခြင်း

အရိုးသိပ်သည်းဆဆိုတာဘာလဲ

သင်ဟာအရိုးသိပ်သည်းဆအကြောင်းကိုကြားဖူးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် အဲ့ဒါဟာ ဘာကိုဆိုလိုသလဲဆိုတာသင်သေချာသိပါသလား။ ယခုဆောင်းပါးကတော့ သင့်ကိုအရိုးသိပ်သည်းဆအကြောင်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ အရိုးသိပ်သည်းဆဆိုတာဘာလဲ။ သန်မာတဲ့အရိုးများဟာ ခန္ဓါကိုယ်တစ်ခုလုံးကိုထောက်ပံ့ပေးနေတာကြောင့်မို့ အရေးကြီးပါတယ် ။ သူတို့ဟာ ကြွက်သားများ၊ အရွတ်များ ၊ အင်္ဂါများတွယ်ကပ်နိုင်ဖို့ ဘောင်တစ်ခုသဖွယ်ဆောင်ရွက်ပေးပါတယ်။ အရိုးများဟာ သွေးဖြူဥနှင့် သွေးနီဥများထုတ်လုပ်ရာစက်ရုံကြီးဟု ဆိုလျှင်လည်း မမှားပါဘူး။ အရိုးသိပ်သည်းဆဆိုသည်မှာ သင့်ရဲ့အရိုးထဲမှာရှိနေတဲ့သတ္တုပမာဏကိုဆိုလိုတာပဲဖြစ်ပါတယ်။ အရိုးသိပ်သည်းဆကိုဘယ်လိုစမ်းသပ်မလဲ။ အရိုးသိပ်သည်းဆကိုစမ်းသပ်တဲ့ အရိုးသိပ်သည်းဆတိုင်းတာမှုဟာ သင့်အရိုးများကျန်းမာမှုကိုသိရှိရအောင်စမ်းသပ်တဲ့စမ်းသပ်မှုတစ်ခုပဲဖြစ်ပါတယ်။ ရလဒ်ဟာ သင့်ရဲ့အရိုးသိပ်သည်းဆကို ပြသပါတယ်။ ထို့နောက် ဆရာဝန်ဟာ ထိုရလဒ်ကို သာမာန်ကျန်းမာသူရဲ့အရိုးသိပ်သည်းဆနဲ့နှိုင်းယှဉ်ပြီး စစ်ဆေးပါလိမ့်မယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် သင့်အရိုးပြဿနာများကို သိရှိနိုင်ပါတယ်။ - အကယ်၍ သင့်မှာ အရိုးပွရောဂါရှိနေလျှင် ရလဒ်ဟာ ဆရာဝန်ကို ဆုံးဖြတ်ရ ပိုလွယ်ကူစေပါလိမ့်မယ်။ အကယ်၍ သင့်မှာ အရိုးပွရောဂါရှိနေလျှင် သင့်ရဲ့အရိုးတွေဟာ ပိုပြီး ကျိုးလွယ်ပါလိမ့်မယ်။ - ယခုလို စမ်းသပ်ခြင်းဟာ သင်အရိုးကျိုးနိုင်ချေမည်မျှရှိသည်ကိုလည်း သိရှိနိုင်ပါလိမ့်မယ်။ - အရိုးပွရောဂါအတွက် ကုသခြင်းဟာ ထိရောက်မှုရှိမရှိ (သို့) […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေကျင်းဝတ်နာကျင်ခြင်း။ သိထားရမည့် ရာဂါလက္ခဏာများ

ကျောနဲ့ လည်ပင်းတို့လိုပဲ ခြေကျင်းဝတ်လည်း နာကျင်မှုတွေခံစားရနိုင်ပါတယ်။ ခြေကျင်းဝတ်နာကျင်လာပြီဆိုရင် လမ်းလျောက်ဖို့တောင် မပြောနှင့် ခြေထောက်လှုပ်ဖို့တောင် ခက်ခဲပါတယ်။ ဒါပေမဲ့လည်း နာကျင်တယ်ဆိုတဲ့ လက္ခဏာတစ်ခုထဲ မဟုတ်ပါဘူး။ ထိုပြဿနာသင်ခံစားနေရပြီလားဆိုတာသိဖို့ အောက်ပါ ရောဂါလက္ခဏာတို့ဖြင့် တိုက်စစ်ကြည့်နိုင်ပါတယ်။ အဖြစ်များသော ရောဂါလက္ခဏာများ ခြေကျင်းဝတ်နာကျင်ခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာက နာကျင်ခြင်း ဖြစ်သော်လည်း ရောင်ရမ်းခြင်း၊ ထုံကျင်ခြင်းနဲ့ တစ်စစ်စစ်ဖြစ်ခြင်းလိုမျိုး အခြားလက္ခဏာများလည်း ရှိပါသေးတယ်။ နာကျင်ခြင်းကတော့ အဖြစ်များဆုံးပါ။ ခြေကျင်းဝတ်နာနေတဲ့လူတွေမှာ နာကျင်ခြင်းအများဆုံးဖြစ်တာပါ။ တိကျတဲ့နေရာတစ်နေရာတည်းမှာ နာကျင်နိုင်သလို ခြေကျင်းဝတ်တစ်ခုလုံးမှာလည်း နာကျင်နိုင်ပါတယ်။ လမ်းလျောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ အခြားသော ခြေကျင်းဝတ် အသုံးပြုရတဲ့ လုပ်ငန်းဆောင်တာကြောင့် နာကျင်ခြင်း ပိုဆိုးသွားနိုင်ပါတယ်။ ခြေကျင်းဝတ်ပေါ်မှာ အလေးချိန်တောင် မသက်ရောက်သင့်ပါဘူး။ ရောင်ရမ်းခြင်းလည်း ရံဖန်ရံခါဖြစ်တတ်ပါတယ်။ ခြေကျင်းဝတ်မှာ ထိခိုက်ဒဏ်ရာရတဲ့အခါမှာ ရောင်ရမ်းလာပါတယ်။ ခြေကျင်းဝတ်မှာရှိတဲ့ တစ်ရှုးတွေပျက်စီးသွားပြီး သွေးတွေ၊ ပြည်တွေနဲ့ ပြည့်နှက်ကာ ရောင်းရမ်းလာပါတယ်။ ခြေကျင်းဝတ်နာကျင်ခြင်းက […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကျောရိုးနာခြင်းကိုဘယ်လိုဖြေရှင်းမလဲ

ကျောရိုးနာခြင်းကိုလူအများစုကြုံတွေ့ဖူးကြမှာပါ။ ကျောရိုး နာကိုက်ခြင်းကလူကိုစိတ်ညစ်ညူးစေသောကြောင့်အတတ် နိုင်ဆုံးကုသသင့်ပါတယ်။ ကျောရိုးနာခြင်းကိုကုသရန်နည်း လမ်းအချို့ကိုအောက်တွင်ဖော်ပြထားပါတယ်။ ၁။ ဆေးဝါးများ ကျောရိုးနာသောပုံစံပေါ်မူတည်၍ဆရာဝန်ကအောက်ပါ ဆေးများကိုညွှန်ကြားပါလိမ့်မည်။ လတ်တလောခါးနာပျောက်စေရန်အကိုက်အခဲ ပျောက်ဆေးများ(acetaminophen, ibuprofen or naproxen) ကြွက်သားပြေလျော့ဆေးများ အကိုက်အခဲပျောက်ရန်လိမ်းဆေးများ အခြားအနာသက်သာစေသောဆေးဝါးများ (codeine or hydrocodone နှင့် tricyclic antidepressants) ယင်းဆေးဝါးများကိုဆရာဝန်ညွှန်ကြားမှုရှိမှ သောက်သင့်ပါတယ်။ အထက်ပါဆေးဝါးများနှင့်မသက်သာပါကထိုး ဆေး(cortisone)ကိုအသုံးပြုနိုင်ပါတယ်။ ၂။ ကျန်းမာရေးအသိပညာပေးခြင်း ကျောရိုးနာသောအခြေအနေကိုထိရောက်စွာဖြေရှင်းနိုင် ရန်ကျန်းမာရေးအသိလိုအပ်ပါတယ်။ တက်ကြွစွာနေခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ စိုးရိမ်ပူပန်မှုနည်းအောင်နှင့် နောင် အခါတွင်မထိခိုက်မိစေရန်သတိထားခြင်းစသည်တို့ကိုအသိ ပညာပေးသင့်ပါတယ်။   ၃။ ကိုယ်ကာယလေ့ကျင့်ခန်းနှင့် အရိုးအဆစ်များပြန်လည် သန်စွမ်းရေး ကိုယ်ကာယလေ့ကျင့်ခန်းသည်ကျောရိုးနာခြင်းကိုကုသရာ တွင်အလွန်အရေးကြီးပါတယ်။ ကိုယ်ကာယလေ့ကျင့်ရေး ပညာရှင်များကအနာသက်သာစေရန်ကုသမှုအမျိုးမျိုးကို ပေးပါလိမ့်မည်။ အနာသက်သာလျှင်ကျောရိုးနှင့် ဗိုက်ရှိ ကြွက်သားများပြန်လည်သန်စွမ်းလာစေရန်လေ့ကျင့်ခန်း များသင်ကြားပေးပါလိမ့်မည်။   ၄။ ခွဲစိတ်ကုသခြင်း အချို့သောလူအနည်းစုသည်ခွဲစိတ်ကုသဖို့လိုအပ်ပါလိမ့် မည်။ ကျောရိုးနာပြီးခြေထောက်တစ်လျှောက်နာကျင်သော အခါ သို့ ကြွက်သားများအားနည်းလာသောအခါများတွင် ခွဲစိတ်ကုသပါကသက်သာနိုင်ပါတယ်။ ထို့ပြင်ကျောရိုးနှင့် အာရုံကြောမ ဖွဲ့စည်းပုံမမှန်သောအခြေအနေများတွင်ခွဲစိတ် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေစွပ်တွေကို တစ်ချိန်လုံးဝတ်ထားရမှာလား

Orthotics တွေကို insoles, footbeds (ရှူးဖိနပ်ထဲထည့်ရတဲ့ ခြေနင်းပြား) လို့လည်း ခေါ်ကြပြီး ရှူးဖိနပ်ထဲထည့်လို့ ခြေထောက်ရဲ့အရိုးတွေ ပြန်ညီသွားအောင်နဲ့ နာကျင်မှုတွေသက်သာဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတစ်ခုပါ။ လူနာအများစုက ခြေထောက်ပြဿနာတွေအတွက် အမေးများကြတဲ့မေးခွန်းကတော့ သူတို့တွေဟာ orthotics တွေကို တစ်သက်လုံးဝတ်ထားရမှာလားဆိုတာပါပဲ။ ဒီဆောင်းပါးမှာတော့ အဆိုပါမေးခွန်းကို ဖြေရှင်းပေးနိုင်မယ့် အဖြေပါဝင်ပါတယ်။   Orthotics ခြေစွပ် ဆိုတာဘာလဲ။ Orthotics တွေ မလိုအပ်ဘူး။ သူတို့မှာ သိသာထင်ရှားတဲ့ အကျိုးသက်ကရောက်မှုလည်းမရှိဘူး ဆိုတဲ့ အမြင်တွေကြားကပဲ ခြေဖဝါးချိုင့်ခွက်မရှိတဲ့သူတွေဟာ Orthotics ကို သုံးရင် ပိုပြီးသက်တောင့်သက်သာရှိနေကြဆဲပါ။ ခြေထောက်ပြဿနာအမျိုးမျိုးအတွက် Orthotics တွေလည်း အမျိုးအစားအများကြီးရှိပါတယ်။ Orthotics တွေဟာ ခြေထောက်နဲ့ မြေကြီးကြားမှာ ကူရှင်တစ်ခုအဖြစ်ဆောင်ရွက်ပေးပြီး ခြေထောက်ကိုဖြတ်သွားတဲ့ ဖိအားတွေအတွက် လမ်းကြောင်းတွေ ပြောင်းလဲပေးပါတယ်။ Orthotics တွေမှာ Placebo သက်ရောက်မှုတွေလည်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း