backup og meta

ခါးဆစ်ချော်ခြင်းကြောင့် နာကျင်မှုဝေဒနာ ခံစားနေရသူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးဆစ်ချော်ခြင်းကြောင့် နာကျင်မှုဝေဒနာ ခံစားနေရသူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ

    ခါးဆစ်ချော်ခြင်း ဝေဒနာ ခံစားနေရသူများတွင် ထိုသို့နာကျင်ခြင်းများကို သက်သာစေရန်၊ ကာကွယ်နိုင်ရန်မှာ လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်း၊ ကိုယ်လက်လေ့ကျင့်မှု ကုထုံးများ ခံယူခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အကွေးအဆန့်များ ပြုလုပ်နိုင်သလို နာကျင်မှုများလည်း သက်သာစေပါသည်။ အောက်ပါအချက်များသည် လေ့ကျင့်ခန်းများ မပြုလုပ်မီ သင်သိထားသင့်သော အချက်များဖြစ်ပါသည်။

    ခါးဆစ်ချော်ခြင်းနှင့် ပတ်သက်ပြီး ဘယ်အချက်များကို သိထားရမလဲ။

    ကျောရိုးတွင် ပြသနာဖြစ်ခြင်းကြောင့် ခါးဆစ်ချော်ခြင်း ဖြစ်ရပါသည်။ ခါးဆစ်ချော်ခြင်း ဆိုသည်မှာ ကျောရိုးဆစ်သည် ယင်းအောက်တွင် ရှိသော အဆစ်ပေါ်မှ ချော်ထွက်သွားခြင်းဖြစ်ပါသည်။ ထိုဖြစ်စဉ်ကြော်င့ အချို့က မည်သည့်ဝေဒနာမျှ မခံစားရသော်လည်း အချို့မှာ ဝေဒနာများကို ပြင်းထန်စွာ ခံစားရတတ်ပါသည်။

    ယင်းတို့မှာ

    ခါးနာခြင်း၊ တင်ပါးနာခြင်း (ခါးနေရာတွင် အဆစ်ချော်ခြင်း)၊ လည်ပင်းနှင့် ပုခုံးများ နာကျင်ခြင်း (လည်ပင်းနေရာတွင် အဆစ်ချော်ခြင်း)

    နာကျင်မှုသည် ခြေသလုံးတောက်လျှောက် ပြန့်နှံ့သွားခြင်း

    ခြေထောက်များ ထုံကျဉ်ခြင်း၊ အားနည်းခြင်း

    လမ်းလျှောက်ရခက်ခြင်း၊လည်ပင်းကောင်းစွာ လှုပ်နိုင်ခြင်း

    ခါးကုန်းခြင်း၊ ခေါင်းငြိမ့်ခေါင်းမော့လုပ်ခြင်းတို့တွင် နာကျင်မှုများ ပိုပြင်းထန်ခြင်းတို့ဖြစ်ပါသည်။

    ခါးနေရာတွင် အဆစ်ချော်ခြင်းသည် အဖြစ်အများဆုံးဖြစ်ပါသည်။ လည်ပင်းအဆစ်ချော်ခြင်းသည် အဖြစ်နည်းသော်လည်း အချို့သူများတွင် တွေ့ရပါသည်။

    ခါးဆစ်ချော်ခြင်းကြောင့် နာကျင်မှုဝေဒနာ ခံစားနေရသူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ

    လေ့ကျင့်ခန်းများကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုကို သက်သာစေရန်၊ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်စေရန်နှင့် ဒဏ်ဖြစ်ခြင်းကို လျော့ကျစေရန် ဖြစ်ပါသည် ။

    ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်းများ

    ဝမ်းဗိုက်ကြွက်သားများကို လေ့ကျင့်ခန်းများပြုလုပ်ပေးရန် အရေးကြီးပါသည်။ ဝမ်းဗိုက်ကြွက်သားများ ကြံ့ခိုင်နေမှသာ ကျောရိုးကို ကောင်းကောင်း ထောက်ပံ့နိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အောက်ပါလေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်ပါသည်။

    · ကျောချပြီး လဲလျောင်းပါ။ ခြေဖဝါးများကိုလည်း ကြမ်းပြင်ပေါ်တွင် ချထားပါ။

    · သင့်လက်များကို လည်ပင်းအောက်တွင်ထားပြီး ခေါင်းကိုကြွပေးပါ။ ထိုအခါ သင့်ဗိုက်ရှိကြွက်သားများ ကျုံ့သွားပါလိမ့်မည်။

    · ထို့နောက် ကြမ်းပြင်ပေါ်တွင် ဖြေးညှင်းစွာ လဲလျောင်းလိုက်ပါ။

    · ၁၀ ကြိမ် ပြုလုပ်ပါ။

    · ပြီးလျှင် ခဏနားပါ။

    · နောက် ၂ ကြော့ ပြုလုပ်ပါ။

    အကယ်၍ သင်သည် ခါးဆစ်ချော်ခြင်းကြောင့် ကောင်းစွာ မလှုပ်နိုင်လျှင် ခေါင်းကို များစွာ မကြွပါနှင့်။ တတ်နိုင်သလောက်သာ လုပ်ပါ။ သို့သော် လည်ပင်းဆစ်များတွင် ပြသနာရှိပါက ထို လေ့ကျင့်ခန်းများကို မပြုလုပ်သင့်ပါ။

    ပေါင်အနောက်ဖက်ရှိကြွက်သားများကို ဆန့်ထုတ်ခြင်း

    ခါးနေရာတွင် အဆစ်ချော်နေသူများသည် ပေါင်အနောက် ကြွက်သားများတင်းနေသည်ကို ခံစားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ထိုကြွက်သားကို ဆန့်ထုတ်ပေးသော လေ့ကျင့်ခန်းများက သင့်ကို သက်တောင့်သက်သာဖြစ်အောင် ကူညီပေးပါလိမ့်မည်။ အောက်ပါအတိုင်း ပြုလုပ်ကြည့်နိုင်ပါသည်။

    · ပက်လက် လဲလျောင်းလိုက်ပါ။

    · သင့်ခြေတစ်ဖက် ကို ဆန့်ဆန့်ထားပြီး ကြိမ်းပြင်နှင့် ၉၀ ဒီဂရီအနေအထား မြှောက်တင်လိုက်ပါ။

    · သင့်လက်ဖြင့် ထိုခြေထောက်ကို ရင်ဘတ်ဆီသို့ ဦးတည်ပြီး ဆွဲသွင်းပါ။

    · ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ထားပါ။

    · ကြွက်သားများကို ဖြေလျော့ လိုက်ပါ။

    · အထက်ပါနည်းအတိုင်း နောက်ခြေတဖက်ကို ပြုလုပ်ပါ။

    ထိုလေ့ကျင့်ခန်းများ ပြုလုပ်နေချိန်တွင် ပေါင်အနောက်ဖက်ရှိကြွက်သားများ ဆန့်သွားသည့် ခံစားမှုမျိုး ခံစားရပါလိမ့်မည်။

    နောက်ကျောရှိကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများ

    ကျောရိုးပေါ်တွင် ဖိအားများသက်ရောက်ခြင်းကြောင့်လည်း ခါးဆစ်ချော်ခြင်း ကို ဖြစ်နိုင်ခြေများစေပါသည်။ နောက်ကျောရှိကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများသည် ကျောရိုးပေါ်တွင် ဖိအားများသက်ရောက်ခြင်းကို နည်းစေပါသည်။ အောက်ပါအတိုင်း ပြုလုပ်ကြည့်နိုင်ပါသည်။

    · ကျောချပြီး လဲလျောင်းပါ။ ခြေဖဝါးများကိုလည်း ကြမ်းပြင်ပေါ်တွင် ချထားပါ။

    · နောက်ကျောကို ကြမ်းပြင်ပေါ်သို့ ဖိချပါ။

    · ထို့နောက် ကျောနှင့် ဗိုက်ရှိကြွက်သားများကို အားပြုပြီး ကျောကော့ပြီး ခြေတစ်ဖက်ကို အပေါ်သို့ကြွပါ။

    · ၈ စင်တီမီတာခန့်ကြွပါ။

    · ဖြေးဖြေးပြန်ချပါ။

    · အထက်ပါနည်းအတိုင်း နောက်ခြေတဖက်ကို ပြုလုပ်ပါ။

    · အကြိမ် ၂၀ ပြုလုပ်ပါ။

    ထို လေ့ကျင့်ခန်းသည် နောက်ကျောရှိကြွက်သားများကို သန်မာစေပါသည်။

    လည်ပင်းရှိ ကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများ

    လည်ပင်းဆစ်ချော်သူများတွင် လည်ပင်းကို အနောက်သို့ဆွဲထားသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းဖြင့် လည်ပင်းကို အနေအထား မှန်စေပါသည်။ ထို့ပြင် လည်ပင်းရိုးကိုလည်း ထောက်ပံ့အား ကောင်းစေပါသည်။

    · နံရံမှ ခြေဖဝါးများကို ၈စင်တီမီတာအကွာတွင် ရပ်ပါ။

    · ကျောရိုးကို နံရံနှင့် ဆန့်ကျင်ဘက်အနေအထားတွင်ထားပါ။

    · ခေါင်းနှင့် ကျောအပေါ်ပိုင်းကို နံရံကိုထိသည်အထိ နောက်ပြန်ကော့ပါ။

    · ထိုအနေအထားတွင် မေးစေ့ထားပြီး ခေါင်းကိုလည်း နောက်ပြန်တည့်တည့်ထားပါ။ အောက်ကို မကြည့်ပါနှင့်။ ၅ စက္ကန့် ငြိမ်နေပါ။

    · မူလအနေအထားအတိုင်း ပြန်နေပါ။

    · ထိုသို့ ၁၀ ကြိမ် ပြန်လုပ်ပါ။

    ထို လေ့ကျင့်ခန်းများကို တနေ့လျှင် အကြိမ်များစွာပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်လည်ပင်းပေါ်တွင် ဖိအားသက်ရောက်မှုများ မှန်လာစေသလို လည်ပင်းအနေအထားကိုလည်း မှန်လာစေပါသည်။

    စဉ်းစားရမည့် အချက်များ

    · သင်ပြုလုပ်မည့်လေ့ကျင့်ခန်းများနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် တိုင်ပင်မှုများပြုလုပ်သင့်ပါသည်။ အချို့လေ့ကျင့်ခန်းများသည် သင့်အတွက် ကောင်းသော်လည်း အချို့သည် ပိုဆိုးစေနိုင်သောကြောင့် ဖြစ်ပါသည်။

    · ကြမ်းပေါ်တွင် လဲလျောင်း ပြုလုပ်ရမည့် လေ့ကျင့်ခန်းများ အတွက် အခင်းဖျာတစ်ခုထားရှိခြင်းဖြင့်၊ သင့်ကို ထိခိုက်နိုင်မှုများ၊ ချော်ထွက်ခြင်းများမှ ကာကွယ်နိုင်ပါသည်။

    · လေ့ကျင့်ခန်းများကို နည်းစနစ်မှန်စွာ ပြုလုပ်ရန် ကျွမ်းကျင်သော နည်းပြလိုအပ်ပါသည်။

    · အချို့သောလေ့ကျင့်ခန်းများ မပြုလုပ်မီ သွေးပူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဒဏ်ဖြစ်ခြင်းများကို လျှော့ချနိုင်ပါသည်။

    · လေ့ကျင့်ခန်းပြုလုပ်စဉ် သင့်တော်သော အားကစားပစ္စည်း၊ ရှုးဖိနပ်များနှင့် အဝတ်အစားများကို ဝတ်ဆင်ခြင်းက သင့်ကို သက်တောင့်သက်သာရှိစေပါသည်။

    · သင့်ကို ပြင်းပြင်းထန်ထန်ဖြစ်စေမည့် လေ့ကျင့်ခန်းများကို ရှောင်ကြဉ်ပါ။

    အချုပ်ဆိုရသော် ကျောရိုးအဆစ်ချော်ခြင်းများအတွက် ပြုလုပ်ရသော လေ့ကျင့်ခန်းများသည် နာကျင်မှုကို သက်သာစေသလို အကွေးအဆန့်ပြုလုပ်ရာတွင် ကောင်းမွန်စေနိုင်ပါသည်။ သို့သော် လူတိုင်းသည် ထိုလေ့ကျင့်ခန်းများနှင့် မသက်သာသောကြောင့် သင့်အခြေအနေနှင့် သင့်တော်သော လေ့ကျင့်ခန်းများဖြစ်အောင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement