အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အခြား အရိုးရောဂါများ

Flatfeet (ခြေပြားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Flatfeet (ခြေပြားခြင်း) ကဘာလဲ။ ခြေဖဝါးအလယ်ပိုင်းခွက်နေခြင်းမရှိပဲ ပြားနေသော အခြေအနေကို ခြေပြားခြင်းဟုခေါ်သည်။ ထို့ကြောင့် မတ်တပ်ရပ်သည့်အခါ ခြေဖဝါးနှင့်ကြမ်းပြင် တစ်ပြေးတည်းဖြစ်နေပါမည်။ Flatfeet (ခြေပြားခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အဖြစ်များ၏။ အချက်အလက်များကို ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများFlatfeet (ခြေပြားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေပြားခြင်း၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ- လူအများစုတွင် လက္ခဏာပြသည်များမရှိပါ။ သို့သော် တစ်ချို့ခြေပြားသူများတွင် ခြေထောက်နာခြင်း အထူးသဖြင့် ဖနောင့်နှင့် ဖဝါးခွက်အတွင်းနာခြင်းတို့ ဖြစ်တတ်၏။ လှုပ်ရှားလျှင် နာကျင်မှုပိုဆိုးတတ်သည်။ ခြေကျင်းဝတ်အတွင်းတွင် ဖူးယောင်ခြင်းများလည်း ဖြစ်တတ်ပါသည်။ အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။ ခြေဖဝါးများနာခြင်း၊ ကိုယ့်နှင့်အံကိုက်ဖြစ်သည့် အထောက်အပံ့ပေးရှူးများစီးလျှင်တောင် နာခြင်း ဖိနပ်အကုန်မြန်ခြင်း ခြေဖဝါးများ ပိုပိုပြားလာသည်ဟုထင်ရခြင်း ခြေဖဝါးများအားနည်း ထုံကျင် တောင့်တင်းခြင်း အကြောင်းရင်းများFlatfeet (ခြေပြားခြင်း) ကိုဘာတွေကဖြစ်စေသလဲ တစ်နှစ်သားအရွယ် […]


အခြား အရိုးရောဂါများ

Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ) ကဘာလဲ။ သွေးမရနိုင်ခြင်းကြောင့် အရိုးတစ်သျှူးများသေပြီး အရိုးအပိုင်းသေးသေးလေးများဖြစ်ကာ အရိုးပြိုကွဲသည်အထိ ဖြစ်နိုင်ပါတယ်။ Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAvascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါရဲ့ အစောပိုင်းမှာတော့ ထင်ရှားတဲ့ လက္ခဏာများကို တွေ့ရမှာ မဟုတ်ပါ။ သို့သော် ကြာလာလျှင် စပြီးနာလာပါလိမ့်မယ်။ အစပိုင်းမှာတော့ ထိခိုက်တဲ့အရိုးပေါ်အားပြုမှသာ နာတတ်ပါတယ်။ အရိုးနဲ့ အနီးအနားက အဆစ်များပါ ပိမိလာလျှင်တော့ ဆက်တိုက်နာလာပါလိမ့်မယ်။ နာကျင်မှုပြင်းထန်လွန်းတဲ့အတွက် သင့်အဆစ်ကို သုံးနိုင်တော့မှာ မဟုတ်ပါ။ ဥပမာ တင်ပါးဆုံမှာ သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်းဖြစ်ခဲ့လျှင် သင်လမ်းလျှောက်နိုင်မှာ မဟုတ်ပါ။ ရောဂါလက္ခဏာ စပေါ်ချိန်မှ အရိုးလုံးဝပြိုကွဲသွားချိန်အထိ တစ်လမှ တစ်နှစ်ကျော်အထိ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းကို ဖြစ်စေသော အကြောင်းများ

ခါးဆစ်ချော်ခြင်းဖြစ်လျှင် ကွေးရဆန့်ရ လှုပ်ရှားရ မလွယ်ကူခြင်းများဖြစ်စေသောကြောင့် ထိုပြသနာကို သေချာစွာ ကုသမှု ခံယူသင့်ပါသည်။ ထိုသို့ ထိရောက်သော ကုသမှုများ ခံယူရန် ခါးဆစ်ချော်ခြင်းကိုဖြစ်စေသော အကြောင်းများကို သိထားရမည်ဖြစ်ပါသည်။   ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း ခါးအရိုးဆစ်များတခုနှင့် တခုကြားတွင် အနောက်ဘက်တွင် ဆက်ထားသော အဆစ်ငယ်တစ်ခုနှင့် ကြားခံချပ်ပြား တခုစီရှိကြပါသည်။ ထိုကြားခံချပ်ပြားများသည် ကျောရိုးကို မထိခိုက်အောင် ကာကွယ်ပေးပါသည်။ အနောက်ဘက်ရှိ အဆစ်လေးများက ခါးရိုးကို အနေအထားမှန်စေရန် ကူညီပေးပါသည်။ ထို့ကြောင့် ထိုနှစ်ခုပေါင်းပြီး ခါးကို အရှေ့ကုန်းခြင်း၊ အနောက်ကော့ခြင်း၊ ဘေးစောင်းခြင်းတို့ကို ပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။ အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့်ကြောင့် ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ အဆစ်များချော်ထွက်ခြင်း ဖြစ်လာရပါသည်။   ခါးအဆစ်အလယ်နေရာ ချော်ခြင်း ပင်မကျောရိုးကြီးတွင် ကျောရိုးများ၏နောက်တွင် အရိုးငယ်လေးများရှိပါသည်။ ယင်းတို့ကို ကြားခံအရိုးငယ်လေးများဟုခေါ်ပြီး ယင်းတို့သည် ကျောရိုးအနောက်ရှိ အဆစ်ငယ်လေးများကို အထက်အောက်ဆက်ပေးထားသော […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လည်ပင်းဆစ်ချော်ခြင်း အခြေအနေများနှင့် ကုသမှုနည်းလမ်းများ

လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ ပင်မကျောရိုးရှိ လည်ပင်းဆစ်နေရာတွင် အဆစ်လေးများနေရာမမှန်ဘဲ ချော်ထွက်သွားခြင်း ဖြစ်ပါသည်။ ထိုအခါ လည်ပင်း၊ ပခုံးများနာခြင်း၊ ကျဉ်ခြင်း၊ လက်မောင်းများနှင့် လက်ချောင်းများအားနည်းခြင်း တို့ဖြစ်လာမည်ဖြစ်လာပြီး နေ့စဉ် အလုပ်များကို ထိခိုက်လာနိုင်ပါသည်။ ထို့ကြောင့် လည်ပင်းဆစ်ချော်ခြင်း အကြောင်းနှင့် ကုသမှုနည်းလမ်းများကို ဖော်ပြလိုက်ရပါသည်။   လည်ပင်းဆစ်ချော်ခြင်း အကြောင်း လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ ပင်မကျောရိုးရှိ လည်ပင်းဆစ်နေရာတွင် အဆစ်လေးများနေရာမမှန်ဘဲ ချော်ထွက်သွားခြင်း ဖြစ်ပါသည်။ ထိုအခါ ခါးရိုးကောက်ကြောင်းသည် မူမမှန်ဖြစ်လာပြီး ခါးဆစ်များကြားတွင် နေရာကျဉ်းသွားပြီး လည်ပင်းနှင့် လည်ပင်းတလျှောက်နေရာများ နာကျင်ခြင်းတို့ဖြစ်နိုင်ပါသည်။ မခွဲစိတ်ဘဲကုသနိုင်သော နည်းလမ်းများ · ဆေးသောက်ခြင်း Ibuprofen, naproxen, aspirin စသည့်ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သော အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်ပါသည်။ နာကျင်မှုဝေဒနာများ ပိုဆိုးလာသောအခါ ဆရာဝန်ညွှန်ကြားထားသော ဆေးများကို သောက်ခြင်းက ဆေးလွန်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေနိုင်ပါသည်။ ထို့ပြင် ကြွက်သားများကို ပြေလျော့စေသော […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လည်ပင်းဆစ်များ အနေအထားမမှန်ခြင်းဖြစ်သူများအတွက် အသုံးဝင်သည့် ယောဂလေ့ကျင့်ခန်းများ

သင်သည် လည်ပင်းဆစ်ချော်ခြင်းကြောင့် ဝေဒနာများ ခံစားနေရလျှင် ရောဂလေ့ကျင့်ခန်းများသည် သင့်အတွက် အကူအညီဖြစ်စေပါလိမ့်မည်။ သို့သော ရောဂလေ့ကျင့်ခန်းများ မပြုလုပ်မီ သိထားရမည့်အချက်များရှိပါသည်။   ရောဂလေ့ကျင့်ခန်းများနှင့် လည်ပင်းဆစ်ချော်ခြင်း လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ လည်ပင်းရှိ အဆစ်များသည် မူလအနေအထားမှ အနေအထားမမှန်ဖြစ်ကာ ချော်ထွက်ခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် လည်ပင်းတွင် နာကျင်ခြင်းကို ခံစားရမည်ဖြစ်ပြီး လက်မောင်း၊ ပခုံးများပါနာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် လည်ပင်းသည် လှုပ်ရှားချိန်တွင် ပိုနာပြီး ငြိမ်နေလျှင် သက်သာပါသည်။ ရောဂလေ့ကျင့်ခန်းသည် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကတည်းက ပြုလုပ်ကြသော လေ့ကျင့်ခန်းဖြစ်ပြီး ယင်းသည် အသက်ရှုခြင်း၊ ကိုယ်ဟန်အနေအထားမှန်ကန်ခြင်းနှင့် စိတ်ငြိမ်စေအောင် တရားထိုင်ခြင်းတို့ ပြုလုပ်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။ အောက်ပါတို့သည် ရောဂလေ့ကျင့်ခန်း၏ကောင်းကျိုးများဖြစ်ပါသည်။ ကြွက်သားများကို သန်မာစေခြင်း ရောဂလေ့ကျင့်ခန်းကို ပြုလုပ်နေစဉ်တွင် စက္ကန့်၊ မိနစ်အနည်းငယ်မျှ အနေအထားတစ်ခုတွင် ငြိမ်နေရမည်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် အချို့သောကြွက်သားများကို အသုံးပြုလိုက်ရသောကြောင့် ထိုကြွက်သားများကို သန်မာလာစေပါသည်။ ရောဂလေ့ကျင့်ခန်းသည် လှုပ်ရှားနိုင်မှုစွမ်းရည်များကို မြင့်တက်စေသည့်အတွက် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လည်ပင်းကျီးပေါင်းတက်သူများတွင် ကုသမှုများ

သင့်ကျန်းမာရေး အခြေအနေနှင့် ပင်မကျောရိုးတွင် ဖြစ်နေသော ရောဂါ ပြင်းထန်မှုအပေါ်မူတည်ပြီး လည်ပင်းကျီးပေါင်းတက်ခြင်းကို ကုသမှုများ ကွာခြားပါသည်။ ထိုကုသမှုများ၏ ရည်ရွယ်ချက်မှာ လည်ပင်းနာကျင်မှုများကို သက်သာစေရန်နှင့် လည်ပင်းလှုပ်ရှားမှုများ ကောင်းမွန်စေရန် ဖြစ်ပါသည်။ အောက်ပါတို့သည် လည်ပင်းကျီးပေါင်းတက်သူများတွင် ကုသနိုင်သော နည်းလမ်းများဖြစ်ပါသည်။ သောက်ဆေးများ သောက်ဆေးများတွင် ဆရာဝန်ညွှန်ကြားသောဆေးများနှင့် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သောဆေးများ ပါဝင်ပါသည်။ NSAID အကိုက်အခဲပျောက်၊ အရောင်ကျဆေးများ ibuprofen, acetaminophen, naproxen စသည့် NSAID ဆေးများ သည် ရောင်ရမ်းမှုနှင့် နာကျင်မှုများကို သက်သာစေပါသည်။ သို့သော် NSAID ဆေးများကို ပန်းနာရင်ကျပ်ရောဂါရှိသူများ၊ သွေးတိုးသမားများနှင့် နှလုံးရောဂါရှိသူများတွင် မပေးရပါ။ ကိုဒင်း ထိုဆေးကို ပြင်းထန်သော နာကျင်မှုများကို သက်သာစေရန် အသုံးပြုပါသည်။ ကိုဒင်းကို NSAID ဆေးများနှင့် တွဲပြီးပေးပါသည်။ သို့သော် ကိုဒင်းဆေးတွင် ဘေးထွက်ဆိုးကျိုးများရှိပါသည်။ ဝမ်းမှန်မှန်မသွားခြင်း(ဝမ်းချုပ်ခြင်း) ဖြစ်တတ်ပါသည်။ ထိုသို့မဖြစ်ရန် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ကောက်ဝတ်နာကျင်ခြင်းကို သက်သာစေဖို့အတွက် ပြုလုပ်နိုင်တဲ့ ယောဂပုံစံ သုံးမျိုး

နေ့စဉ်ဘာအလုပ်ပဲလုပ်လုပ် လက်ကို အသုံးပြုပြီး လုပ်ရတဲ့ အလုပ်တွေက အင်မတန် များပါတယ် (ဥပမာ ကွန်ပြူတာကီးဘုတ်နဲ့ စာရိုက်တာ၊ထမင်းဟင်းချက်တာ၊အရာဝတ္ထုတွေကို ကိုင်တွယ်တာ၊အဝတ်အစားဝတ်တာ စသဖြင့်ပေါ့)။ ဒါကြောင့် သင့်လက်ကောက်ဝတ်ဟာ နာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။ လက်ကောက်ဝတ်နာကျင်မှုဝေဒနာကို ခံစားရတဲ့အခါ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့် ယောဂနဲ့ အခြားသော အကြောလျှော့လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးခြင်းအားဖြင့် ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ လက်ကောက်ဝတ်နာကျင်ခြင်းကို ကုသရာမှာ အရေးပါတဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း သင့်လက်ချောင်းလေးတွေ၊ လက်ကောက်ဝတ်၊ လက်ဖျံ၊ လက်မောင်း၊ ပုခုံး စတဲ့အစိတ်အပိုင်းတွေဟာ လှုပ်ရှားမှုအများစုကို ပြုလုပ်ရပါတယ်။ ဒီလို လှုပ်ရှားမှုတွေကို ပြုလုပ်ရတာနဲ့အမျှ လက်ကောက်ဝတ်တွေဟာ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပြီး နာကျင်မှုကို ခံစားလာရပါတော့တယ်။ သင်ဟာ လက်ကို အသုံးပြုပြီး နေ့စဉ်လှုပ်ရှားမှုတွေကို ပြုလုပ်နေရတာဖြစ်တဲ့အတွက် ဒီနာကျင်မှုဝေဒနာ အမြန်ပျောက်ကင်းသွားဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းနှင့် အရွတ်ရောင်ခြင်း

တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းနှင့် အရွတ်ရောင်ခြင်း တို့အကြာင်း သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မည်။ နှစ်မျိုးလုံးသည် ခြေဖနောင့်နာခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သင့်ခြေဖနောင့်များ နာနေလျှင် ဘာကို စဉ်းစားမလဲ။ ယခုဆောင်းပါးတွင် ထိုအခြေအနေ ၂ မျိုး၏ ကွာခြားချက်များကို ဖော်ပြထားပါသည်။   တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်း ဖြစ်နိုင်သော နေရာများ တွယ်ဆက်တစ်သျူးအလွှာသည် ခြေဖဝါးနှင့် ခြေချောင်းများအထိ ဖြန့်ကျက်လျက်ရှိသော တစ်သျူးပြင် ဖြစ်ပါသည်။ ထိုတစ်သျူးလွှာသည် ခြေအခုံးကိုလည်း ထောက်ပံ့ပေးပါသည်။ လက္ခဏာများ တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်း၏ အဓိက လက္ခဏာမှာခြေဖဝါးများ နာခြင်းဖြစ်ပါသည်။ ခြေဖနောင့် အနားတွင် ပိုနာတတ်ပါသည်။ နာကျင်မှုသည် မနက်အိပ်ရာထချိန် လမ်းစလျှောက်ချိန်တွင် အဆိုးဆုံးဖြစ်ပါသည်။ အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်း၊ ထိုင်ခြင်းတို့ ပြုလုပ်ပြီးလျှင် ပိုနာပါသည်။ လေ့ကျင့်ခန်းများ ပြုလုပ်နေချိန်တွင်မူ မနာကျင်ပါ။ အကြောင်းများ တွယ်ဆက်တစ်သျူးအလွှာသည် ဒဏ်မဖြစ်အောင် လေးကိုင်းသဖွယ် ကာပေးသော အလွှာဖြစ်ပါသည်။ သို့သော် ထိုပေါ်သို့ ဖိအားသက်ရောက်မှုများလာသောအခါ ရောင်ရမ်းပြီး နာကျင်မှုအပြင် အောက်ပါတို့လည်း ခံစားရနိုင်ပါသည်။ · လမ်းလျှောက်ပုံ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး

ဒူးဆစ်များ တောင့်တင်းနေပါသလား၊ ပုံမှန်လောက် လှုပ်ရှားမှုများ မပြုနိုင်ဖြစ်နေပါသလား။ သင့်နေစဉ် အလုပ်များပျက်သည်အထိ ဖြစ်နေပါသလား။ ထိုလက္ခဏာများ ခံစားနေရပါက ဆရာဝန်က သင့်ကို လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် တက်ကြွစွာနေထိုင်ရန် အကြံပေးပါလိမ့်မည်။ အောက်ပါတို့သည် ဒူးဆစ်တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ ဖြစ်ပါသည်။ ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး ကို ဖတ်ရင်း အတူတူ လိုက်လုပ်ကြည့်စို့နော်။ ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး ကတော့ ပေါင်အနောက် ကြွက်သားများကို ဆန့်ထုတ်ခြင်း ထိုနည်းသည် သင့်ကို နာကျင်မှုများ သက်သာစေခြင်း၊ လှုပ်ရှားမှုများကောင်းစွာ ပြုလုပ်နိုင်ခြင်းနှင့် အဆစ်များကို ထိခိုက်မှုများမှ ကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။ ကြမ်းပေါ်တွင် လှဲချလိုက်ပါ။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ချောင်းများ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး

သင့်လက်ချောင်းများသည် အကွေးအဆန့် ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် လက်ချောင်းများကို အသုံးပြုပြီး စာရိုက်ခြင်း၊ အသီးများအခွံနွှာခြင်း၊ အလှဆင်ခြင်းနှင့် ပန်းခူးခြင်းကဲ့သို့သော အလုပ်များ လုပ်နိုင်ခြင်းဖြစ်ပါသည်။ ထိုလက်ချောင်းလေးများ တောင့်တင်းနေသောအခါ နေ့စဉ်အလုပ်များ ထိခိုက်လာနိုင်ပါသည်။ ထိုအခါ ကုသမှုများခံယူရန် လိုအပ်သလို ရိုးရှင်းသောလေ့ကျင့်ခန်းများက သင့်ကို အထောက် အကူဖြစ်စေပါလိမ့်မည်။   လက်ချောင်းထိပ်များကို တလှည့်စီထိခြင်း ထိုလေ့ကျင့်ခန်းသည် အဆစ်များနှင့် အရွတ်များကို ဆန့်ထုတ်ပေးသော လေ့ကျင့်ခန်းဖြစ်ပါသည်။ လက်ချောင်းများကို အလွန်တရာ ဆုပ်နယ်ခြင်း မပြုရပါ။ ထိုလေ့ကျင့်ခန်းကို ပြုလုပ်ရန် လက်ချောင်းများကို ဆန့်ကားထားပြီး လက်ကောက်ဝတ်နှင့် လက်ဖဝါးနှစ်ခုကို ရေပြင်ညီတွင် ပက်လက်လန်ထားပါ။ လက်ချောင်းများဖြင့် OK ပုံစံ ပြုလုပ်ပါ။ ထိုအချိန်တွင် လက်ညှိုးနှင့် လက်မထိပ်ကို ထိထားရမည်ဖြစ်ပြီး အခြားလက်ချောင်းများသည် အရှေ့ဘက်ကို ဦးတည့်ထားရမည် ဖြစ်ပါသည်။ ထို့နောက် လက်ညှိုးပြီးလျှင် အခြားသော လက်ခလယ်၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း