အပူသို့မဟုတ် အအေးများကပ်ရာတွင် အရေပြားလောင်ကျွမ်းမှုမဖြစ်အောင် ကြားထဲတွင် အဝတ်စဖြစ်စေ တခုခုခံကပ်သင့်ပါသည်။
အကြောပြင်ခြင်း
အကြောပြင်ခြင်းဆိုသည်မှာ ကျောရိုးအနေအထားလွဲနေသောနေရာ၊ ပုံမှန်အတိုင်းမလှုပ်ရှားနိုင်သော နေရာများကို လက် သို့မဟုတ် အကြောပြင်ပစ္စည်းကိရိယာဖြင့် အကြောပြင် ကုသခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်လျှင် အကျောဆစ်များနှင့် ကြွက်သားများတွင် အနည်းငယ် နာကျင်နိုင်ပါသည်။
ခါးအဆစ်ထဲသို့ စတီးရွိုက်အရောင်ကျဆေး ထိုးခြင်း
နာကျင်မှုများ မခံမရပ်နိုင်အောင်ဖြစ်လာသောအခါ ခါးအဆစ်ထဲသို့ စတီးရွိုက်အရောင်ကျဆေး ထိုးခြင်းနည်းဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါသည်။ ထိုနည်းကို ခွဲစိတ်ကုသ၍ကောင်းလာနိုင်ချေမရှိသော သူများတွင်လည်း အသုံးပြုပါသည်။
ရောင်ရမ်းမှုများကို လျော့ကျစေရန် ခါးအဆစ်များအတွင်သို့ အရောင်ကျဆေးထိုးခြင်းဖြစ်ပြီး ထိုသို့ ပြုလုပ်ရန် မိနစ် ၃၀ ခန့်ကြာပါသည်။ ဆေး၏အရှိန်သည် ရပ်သတ္တပတ်များစွာမှ နှစ်ချီသည်အထိကြာမြင့်နိုင်ပါသည်။ ဆေးထိုးခြင်းကို အများအားဖြင့် ကာယလေ့ကျင့်ခန်းများမပြုလုပ်မီတွင် ထိုးကြပြီး ဆေးထိုးလိုက်လျှင် လေ့ကျင့်ခန်းများကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်စေရန် ရည်ရွယ်ပါသည်။
ခွဲစိတ်ကုသရန် လိုအပ်လာသောအခါ
ခွဲစိတ်ပြီး ချိန်တွင် နာလန်ထရန်အတွက် အချိန်ယူရပါသည်။ ထို့ကြောင့် သေချာစွာ ဆုံးဖြတ်ပြီးမှ ခွဲစိတ်မှုများ ခံယူသင့်ပါသည်။
သင့်တွင် အောက်ပါတို့ ခံစားနေရပါက ဆရာဝန်က သင့်အား ခွဲစိတ်မှုခံယူရန် အကြံပေးပါလိမ့်မည်။
- ပြင်းထန်စွာ နာကျင်ခြင်း၊ နာကျင်မှုများ တဖြေးဖြေးဆိုးလာခြင်း
- အာရုံကြောနှင့် ပတ်သက်သော ပြသနာများ ခံစားနေရခြင်း
- သင့်ခါးရိုးများ တဖြေးဖြေး မူမမှန်သော အနေအထားဖြစ်လာခြင်း၊ ကုန်းလာခြင်း
- မခွဲစိတ်ရသော အထက်ပါကုထုံးများကို ခံယူသော်လည်း အခြေအနေတိုးတက်မှု မရှိခြင်း တို့ဖြစ်ပါသည်။
သင့်တွင် ခါးဆစ်ချော်ခြင်းဝေဒနာကို ခံစားနေရပါက မခွဲစိတ်ဘဲကုသသော ကုထုံးများသည် ပိုပြီး စိတ်ချရသလို အကျိုးရှိစေပါသည်။ သို့သော် တခါတရံတွင် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်ပါသည်။ ထို့ကြောင့် သင့်တော်သော ကုသမှုများ ခံယူရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။