အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ

အမျိုးသား အများစုက သူတို့ရဲ့ လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး တော်တော်လေး စိုးရိမ်စိတ်များတတ်ကြသလို အချို့သော အခြေအနေမှာ ဒီအခြေအနေအပေါ် အရမ်း အာရုံထားမိပြီး စိုးရိမ်စိတ်များတာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ခံစားကြရပါတယ်။ တကယ်ကတော့ လိင်တံအရွယ်အစား ကြီးခြင်း သေးခြင်းက လိင်မှုဘဝအပေါ်မှာ ကြီးကြီးမားမား သက်ရောက်သွားတာမျိုးတော့ မရှိပါဘူး။  ဒါပေမယ့်လည်း ဘယ်လိုလို ပြောပြော လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့ အမျိုးသားထုကြီးအတွက် သိထားလို့ ရအောင် အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/mens-health/penis-health/how-to-treat-scrotum-wound/ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ ကို ဗဟုသုတ အနေနဲ့ သိရှိရအောင် လေ့လာကြည့်လိုက်ဦးနော် ပုရိသတို့ရေ ……. အသီးအရွက် […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာ ၆ မျိုး

အမျိုးသားများ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာ ၆ မျိုး သင်တို့ သိထားကြတဲ့အတိုင်း ကျန်းမာရေးအတွက် ကောင်းတဲ့ အစာတွေစားဖို့က အလွန် အရေးကြီးပါတယ်။ ဒါပေမယ့် ဒီလို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ လုံလောက်တဲ့ အာဟာရတွေရမယ်လို့ ထင်ပါသလား။ အမျိုးသားတွေရဲ့ ကျန်းမာရေး ပြဿနာတွေကို ဝေးဝေးရှောင်နိုင်ဖို့ ဘယ်လို အစားအစာတွေ စားသင့်တယ်ဆိုတာ ရှာဖွေကြည့်ကြပါစို့။   ခရု ကမာများ တခြား အစားအစာတွေ ထက်စာရင် ခရု ကမာတွေမှာ ဇင့် (zinc) ပိုပါ ပါတယ်။ ဇင့် (zinc) ဆိုတာ ဆီးကျိတ် ကျန်းမာရေးအတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် Zinc ပမာဏ နည်းသွားခြင်းဟာ ဆီးကျိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေနဲ့ မျိုးပွားမှု ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ကျွန်ုပ်တို့ ခန္ဓါကိုယ်မှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောက်ျားစွမ်းဆောင်ရည်တိုးစေတဲ့ ဗီတာမင်များ

သင့်ရဲ့ယောက်ျားတန်ဆာ အရွယ်အစားကို စိတ်တိုင်းမကျလို့ သဘာဝအလျောက်ကြီးထွားလာဖို့ နည်းလမ်းတွေ ရှာဖွေနေပါသလား။ သင်တယောက်ပဲ မဟုတ်ပါဘူး။ အမှန်တော့ ယောက်ျားအများစုဟာ သူတို့ရဲ့ လိင်အင်္ဂါအရွယ်အစားကို စိတ်တိုင်းမကျပါဘူး။ အဲဒီအထဲမှာ ပုံမှန်အရွယ်အစားထက် ကြီးမားသူတွေတောင် ပါဝင်တတ်ပါတယ်။ တကယ်တော့ ယောက်ျားတွေဟာ သူတို့တန်ဆာကို အရွယ်အစားပိုကြီးစေချင်ကြတာဟာ ကျိုးကြောင်း ဆီလျော်တဲ့ ကိစ္စထက်စာရင် စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်ခုသာ ဖြစ်ပါတယ်။ ဒီဆန္ဒကိုဖြည့်ဆည်းဖို့ ယောက်ျားများဟာ နည်းမျိုးစုံကို သုံးကြပါတယ်။ တချို့က ထိရောက်ပေမယ့် တချို့ကတော့ အချိန်ကုန်ငွေကုန် ဖြစ်ရုံသာရှိပါတယ်။ အောက်ပါအချက်အလက်များကတော့ ယောက်ျား တန်ဆာကို ပိုပြီးဖွံ့ဖြိုးကြီးထွားအောင် ကြိုးစားရာမှာ ထည့်သွင်းစဉ်းစားနိုင်မယ်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ဗီတာမင် အီး ဗီတာမင်အီး ဟာ သင့်ယောက်ျားတန်ဆာကို များစွာ အကျိုးပြုပါတယ်။ အထူးသဖြင့် တန်ဆာတောင့်တင်း လာတဲ့အခါ ကွေးကောက်သွားတတ်သူတွေအတွက် သင့်တော်ပါတယ်။ ဒီလိုကွေးကောက်ရခြင်းဟာ တန်ဆာအတွင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Epididymitis And Epididymo-Orchitis (သုက်ပို့ပြွန်ရောင်ခြင်း နဲ့ သုက်ပို့ပြွန်နှင့်အတူဝှေးစေ့ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Epididymitis And Epididymo-Orchitis (သုက်ပို့ပြွန်ရောင်ခြင်း နဲ့ သုက်ပို့ပြွန်နှင့်အတူဝှေးစေ့ရောင်ခြင်း) ကဘာလဲ။ သုက်ပို့ပြွန်ဆိုသည်မှာ ဝှေးစေ့များမှ ဆီးစွန့်ပြွန်ဆီသို့ သုက်ကောင်များကို သယ်ဆောင်ပေးသော ပြွန်ဖြစ်ပြီး ဝှေးစေ့ အနောက်တွင် ရှိသည်။ သုက်ပို့ပြွန်ရောင်ခြင်းသည် ရောဂါပိုး ကူးစက်ခြင်း သို့မဟုတ် အခြား အခြေအနေများကြောင့် သုတ် ပို့ပြွန် ရောင်သော အခြေအနေတစ်ခု ဖြစ်သည်။ သုက်ပို့ပြွန်ရောင်ခြင်းသည် ဘတ်တီးရီးယား ကူးစက်ခြင်း သို့မဟုတ် လိင်မှတစ်ဆင့် ရောဂါပိုးကူးစက်မှု ကြောင့် အများ ဆုံး ဖြစ်ပွားပါသည်။ ဝှေးစေ့ကိုပါ ကူးစက်ခံရပြီး ၎င်းကို သုက်ပို့ပြွန် နှင့်အတူ ဝှေးစေ့ရောင်ခြင်း ဟုခေါ်သည်။ Epididymitis And Epididymo-Orchitis (သုက်ပို့ပြွန်ရောင်ခြင်း နဲ့ သုက်ပို့ပြွန်နှင့်အတူဝှေးစေ့ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သုက်ပို့ပြွန်ရောင်ခြင်းသည် အမျိုးသားများတွင် အလွန် အဖြစ်များပါသည်။ ၎င်းသည် အသက် ၁၉-၃၅ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ) ကဘာလဲ။ Varicocele ဆိုသည်မှာ ကပ်ပယ်အိတ် အတွင်း သွေးပြန် ကြောများ ဆန့်ကားခြင်း ဖြစ်သည်။ ခြေထောက်ရှိ သွေးပြန် ကြောများ ဖောင်းခြင်းနှင့် ဆင်တူ သည်။ ကပ်ပယ်အိတ် ဆိုသည်မှာ လိင်တံအောက်ရှိ အရေ ပြားအိတ်တစ်ခုဖြစ်ပြီး ဝှေးစေ့များ ပါဝင်သည်။ ကပ်ပယ်အိတ် သည် ညာဖက်နှင့် ဘယ်ဖက်ဟူ၍ နှစ်ဖက်ရှိပါသည်။ သွေးပြန်ကြောများသည် ဆဲလ်များနှင့်တစ်ရှူးများမှ သွေးများကို နှလုံးသို့ သယ်ဆောင် ပေးသည်။ နှလုံးတွင် သွေးဆဲလ်များ သည် အောက်စီဂျင်ကို ရရှိသည်။ Varicocele သည် တစ်ဖက်ထဲ သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်သည်။ ရောဂါသည် များသော အားဖြင့် ဘယ်ဖက်တွင် ဖြစ်ပေါ်သည်။ အဘယ်ကြောင့် ဆိုသော် သွေးပြန်ကြောများ သည် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ

ယောက်ျားတွေရဲ့ မျိုးမအောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံး အကြောင်းရင်း တစ်ခုက သုက်ကောင်အရေအတွက် နည်းခြင်းပဲ ဖြစ်ပါတယ်။ သုက်ကောင် အရေအတွက်ကို နည်းစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ ရှောင်ရှားလို့ ရတဲ့ အချက် တစ်ခုကတော့ လွန်ကဲတဲ့ အပူနဲ့ ထိတွေ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။ ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ ဆိုတော့ သုက်ကောင်လေးတွေကို ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံး အပူချိန်ကတော့ ပုံမှန် လူ့ခန္ဓာကိုယ် အပူချိန်ထက် ၃-၄ ဒီဂရီ နိမ့်တဲ့ အပူချိန်ပဲ ဖြစ်ပါတယ်။ အပူချိန် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

လိင်တံထိပ် အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း

Circumcision (လိင်တံထိပ်အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း) ဆိုတာဘာလဲ Circumcision ဆိုတာ လိင်တံထိပ်ရှိ အရေပြားအားဖြတ်တောက် ဖယ်ရှားခြင်းဖြစ်ပါတယ်။ Circumcisionကို အချို့နိုင်ငံတွေမှာ မွေးကင်းစယောက်ျားလေးတွေမှာ လုပ်လေ့ရှိပါတယ်။ Circumcision ကို မွေးမွေးပြီးချင်း မလုပ်လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်ရတာ ပိုရှုပ်ထွေးလာပါလိမ့်မယ်။ ကလေးငယ်တွေကို လိင်တံထိပ် အရေပြားဖြတ်တောက်တာ ဘယ်လို အကျိုးကျေးဇူးတွေရလဲ လေ့လာကြတဲ့အခါမှာ အမျိုးမျိုးကွဲပြားနေတာကိုတွေ့ရပါတယ်။ လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်းက - • ဆီးလမ်းကြောင်းပိုးဝင်ခြင်း • လိင်တံကင်ဆာ • HIV/AIDS အစရှိသော လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်သည်ဟုသိရပါတယ်။ လိင်တံထိပ်အရေပြားဖြတ်တောက်ခြင်း ရဲ့သိသာတဲ့ အကျိးကျေးဇူးကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို လျော့ချပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပထမ ၃လ ကနေ ၆ လ အတွင်းမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေဟာ လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ ယောက်ျားလေးတွေမှာ ဖြတ်ထားသော ယောက်ျားလေးတွေထက် ဆယ်ဆပိုများပါတယ်။ မွေးကင်းစကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောက်ျားများမြုံရခြင်း၏ အဓိကအကြောင်းရင်းများ

ယောင်္ကျားမျိုးမအောင်ခြင်းဆိုတာ အိမ်ထောင်သည်မိဘဖြစ်ရေးအတွက် အလွန်ဆိုးရွားတဲ့ အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရောဂါအခြေအနေကို ကျန်းမာရေးအကြောင်းခံ၊ ပတ်ဝန်းကျင် အကြောင်းခံ နှင့် လူနေမှုပြသနာအနေနဲ့ သတ်မှတ်လို့ရပါတယ်။ ကျန်းမာရေး အကြောင်းခံများ ပထမဆုံးအနေနဲ့ ဝှေးစေ့ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်တဲ့ varicocele ( သွေးပြန်ကြောဖူးရောင်ခြင်း) သို့ ဝှေးစေ့အောက်သို့အကျခြင်းတွေက ယောင်္ကျားမျိုးမအောင်ခြင်းကို ဦးတည်ဖြစ်ပေါ်စေပါတယ်။ varicocele ဟာ သုက်ပိုးအရေအတွက် ကျဆင်းခြင်းကို ဖြစ်စေပြီး ဝှေးစေ့အောက်သို့မကျခြင်းကအမျိုးသားတွေမှာ မျိုးမအောင်ဖို့ အခွင့်အလမ်းတွေကို ပိုဖြစ်စေပါတယ်။ ဒုတိယအနေနဲ့ ကူးစက်ရောဂါများ ဥပမာ လိင်ဆက်ဆံခြင်းမှ ကူးနိုင်သော ဂနိုရောဂါ ( gonorrhea ) သို့ HIV နှင့် ဝှေးစေ့ပြွန်ရောင်ရောဂါ ( epididymitis) သို့ ဝှေးစေ့ရောင်ခြင်း (orchitis) တို့ကလည်း ယောင်္ကျားမျိုးမအောင်ခြင်းကို ဖြစ်စေပါတယ်။ ထို့ပြင် နောက်ထပ်ဖြစ်နိုင်တာတွေကတော့ သုက်ပိုးတွေကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ

ယခင်ခေတ်များမှာရော ယခုခေတ်မှာပါ ကိုယ်ဝန် မရနိုင်တဲ့ အကြောင်းရင်းက အမျိုးသမီးကြောင့်ပဲလို့ မှားယွင်းတဲ့ အယူအဆ ရှိတတ်ကြပါတယ်။ လက်တွေ့မှာတော့ အမျိုးသားများရဲ့ သုက်ပိုး ကလည်း တစ်စိတ်တပိုင်း ပါဝင်နေပါတယ်။ အမျိုးသား သုက်ပိုး အကောင်ရေ လုံလောက်မှ၊ အရည်အသွေး ကောင်းမှ ကိုယ်ဝန် ရနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ က ဘာတွေများ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ သုက်ပိုး ကို သေစေနိုင်သော အစားအစာများ ကတော့ (၁) အရက် အရက် သောက်သုံးခြင်းက အသည်းကို ထိခိုက်နေရုံ သာမက ကိုယ်တွင်း လုပ်ဆောင်ချက်များ အထူးသဖြင့် ကာမ လုပ်ဆောင်နိုင်စွမ်းနဲ့ မျိုးပွား အင်္ဂါများကိုပါ ထိခိုက်စေပါတယ်။ အရက်ကြောင့် အသည်း ထိခိုက်လောက်တဲ့အထိ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောက်ျားတန်ဆာနှင့်ပတ်သက်၍ သင်မည်မျှသိသနည်း

ယောက်ျားတန်ဆာမှာ အဓိကကိစ္စနှစ်ရပ် ရှိပါတယ်။ လိင်မှုကိစ္စ ဆောင်ရွက်ဖို့နဲ့ ဆီးစွန့်ဖို့ ဖြစ်ပါတယ်။ ယောက်ျားတန်ဆာ၏ ဖြတ်ပိုင်းပုံ ယောက်ျားတန်ဆာဟာ ယောက်ျားလေးတွေအတွက် အရေးအပါဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သိထားပါသလဲ။ ယောက်ျားတန်ဆာမှာ အစိတ်အပိုင်းများစွာ ပါဝင်ပါတယ်။ တန်ဆာခေါင်း။ ထိပ်ပိုင်းအရေပြား မဖြတ်ထားသူတွေမှာ တန်ဆာထိပ်ပိုင်းကို mucosa လို့ခေါ်တဲ့ ပန်းရောင်ရှိပြီး စိုစွတ်တဲ့ အလွှာနဲ့ ဖွဲ့စည်းထားပါတယ်။ ဖုံးအုပ်နေတဲ့ အရေပြားကို foreskin (prepuce) လို့ ခေါ်ပါတယ်။ အရေပြားဖြတ်ထားသူတွေမှာတော့ foreskin ကို ခွဲစိတ်ဖြတ်တောက်ထားပြီး တန်ဆာခေါင်းဟာ ခြောက်သွေ့နေတတ်ပါတယ်။ Corpus cavernosum။ အစိတ်အပိုင်းနှစ်ခုနဲ့ တန်ဆာတလျှောက်ကို ဖွဲ့စည်းထားပါတယ်။ သွေးဝင်လာတဲ့အခါ တန်ဆာထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။ Corpus spongiosum။ အခေါင်းပွပုံစံဖြစ်ပြီး တန်ဆာရှေ့ပိုင်းတလျှောက်မှာရှိပြီး တန်ဆာခေါင်းထိ ရှိပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေက သူတို့ကိုယ်သူတို့ ဘာလို့ ဂရုမစိုက်တာလဲ။

အမျိုးသားတွေက သူတို့အသက်ငယ်စဉ်မှာ ဘာမဆိုလုပ်ဆောင်နိုင်ဖို့ ကျန်းမာ၊ကြံ့ခိုင်တယ်လို့ ထင်တတ်ကြတယ်။ ဒါကြောင့် အမျိုးသားတွေဟာ ကျန်းမာရေးကို ဂရုမစိုက်ဘဲ အန္တရာယ်များတဲ့ ရူးမိုက်မိုက်အလုပ်တွေကို လုပ်တတ်ကြတယ်။ သူတို့က HIVပိုး၊ အသည်းရောင်အသားဝါ စီ ပိုး ၊အဝလွန်ရောဂါနှင့် သေစေတတ်တဲ့ရောဂါတွေအကြောင်း ကြားဖူးတာနည်းတဲ့အပြင် ဒီရောဂါတွေက တခြားလူတွေမှာဖြစ်တတ်ပေမယ့် သူတို့မှာတော့ မဖြစ်တတ်ဘူးလို့ထင်တတ်ကြတယ်။ ဒီလိုကြားရတာ တစ်မျိုးဖြစ်နေပေမယ့် ဒါကအမှန်တရားပါပဲ။   အမျိုးသားတွေရဲ့ ပြဿနာတွေက ဘာလဲ။ ဖြစ်နိုင်တာကတော့ သူတို့ကိုဒုက္ခပေးနိုင်တဲ့ အရာတွေကို သတိမပြုမိတာပဲ ဖြစ်မယ်။ အချို့အမျိုးသားတွေဟာ ယောကျာ်းဆန်လွန်းတယ်။ သူတို့ဟာမိသားစုကို ကာကွယ်နိုင်တယ်၊ အရာအားလုံးလုပ်ဆောင်နိုင်တယ်လို့ ထင်ကြတယ်။ တချို့ဆို ကျိုးကြောင်းမစဉ်းစားဘဲ လုပ်လေ့ရှိတယ်။ အမျိုးသားတွေဟာ ဆရာဝန်နှင့် ပြသဖို့လမ်းညွှန်သောအခါတွင်လည်း မပြဘဲနေတတ်တယ်။ နိုင်ငံတကာအမျိုးသားကျန်းမာရေးအဖွဲ့၏ ဥက္ကဌ၊ နယူးယောက်မြို့ရှိ ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန် Dr.RRidwan Shabsigh က နယူးယောက် NBC […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်