အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ

အမျိုးသား အများစုက သူတို့ရဲ့ လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး တော်တော်လေး စိုးရိမ်စိတ်များတတ်ကြသလို အချို့သော အခြေအနေမှာ ဒီအခြေအနေအပေါ် အရမ်း အာရုံထားမိပြီး စိုးရိမ်စိတ်များတာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ခံစားကြရပါတယ်။ တကယ်ကတော့ လိင်တံအရွယ်အစား ကြီးခြင်း သေးခြင်းက လိင်မှုဘဝအပေါ်မှာ ကြီးကြီးမားမား သက်ရောက်သွားတာမျိုးတော့ မရှိပါဘူး။  ဒါပေမယ့်လည်း ဘယ်လိုလို ပြောပြော လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့ အမျိုးသားထုကြီးအတွက် သိထားလို့ ရအောင် အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/mens-health/penis-health/how-to-treat-scrotum-wound/ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ ကို ဗဟုသုတ အနေနဲ့ သိရှိရအောင် လေ့လာကြည့်လိုက်ဦးနော် ပုရိသတို့ရေ ……. အသီးအရွက် […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ တစ်ကိုယ်ရည်အာသာဖြေ ခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်တွေ

တစ်ကိုယ်ရည်အာသာဖြေ တယ်ဆိုတာ ကိုယ့်ရဲ့ လိင်အင်္ဂါကို လက်နဲ့ဖြစ်စေ၊ အရာဝတ္ထုတစ်ခုနဲ့ ဖြစ်စေ နှိုးဆွပြီး လိင်စိတ်ပြီးမြောက်အောင် နှိုးဆွပေးတာ ဖြစ်ပါတယ်။ လိင်စိတ်တအားထကြွနေတဲ့အချိန်၊ စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးမှာ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။ တကယ်တော့ တစ်ကိုယ်ရည်အာသာဖြေ တဲ့ကိစ္စဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အပြုအမူမျိုးပါ။ အမျိုးသားအများစုဟာ ပုံမှန် တစ်ကိုယ်ရည် အာသာဖြေတတ်ကြပြီး အမျိုးသမီးတွေမှာလည်း တစ်ခါတစ်ရံ လိင်စိတ်ဖြေဖျောက်တာမျိုး လုပ်တတ်ကြပါတယ်။ အမျိုးသားတွေ တစ်ကိုယ်ရည်အာသာဖြေ လို့ ဘာကောင်းကျိုးတွေ ဖြစ်စေလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းတာတွေကို ဖြေလျှော့ပေးနိုင်တယ်။ စိတ်ကို ပြန်လည်တက်ကြွလာစေတယ်။ စိတ်ကျရောဂါ မဖြစ်အောင် တားဆီးပေးနိုင်တယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထောက်အကူပေးတယ်။ လိင်ဆက်ဆံတဲ့အခါမှာ လိင်စိတ်အထွဋ်အထိပ်ရောက်ဖို့ ကြာစေတယ်။ ထိုးသွင်းဆက်ဆံရာကနေတစ်ဆင့် ကူးစက်တတ်တဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ

အလှအပဆိုတာ ကျား၊ မ မဟူ လူတိုင်းကြိုက်ကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ကိုရီးယားမင်းသားလေးတွေလို မိတ်ကပ်တွေ ဖုံနေအောင်လိမ်း၊ နှုတ်ခမ်းနီတွေ ဆိုးထားရမယ်လို့ မဆိုလိုပေမယ့် မိမိနဲ့ တွေ့ဆုံဆက်ဆံပြောဆိုရသူတွေရဲ့အမြင်မှာ ဆိုးဆိုးရွားရွား ဖြစ်မနေစေဖို့အတွက် ခန္ဓာကိုယ်ကို ထိန်းသိမ်းသင့်တာလေးတွေ ထိန်းသိမ်းရပါမယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ နဲ့ အဆိုပါပြဿနာများကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ မျှဝေတင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ ကတော့ (၁) နောက်ကျောအမွေးအမျှင်များ ပေါက်ခြင်း သင် လူလတ်ပိုင်းရောက်လာချိန်မှာ ကျောကုန်းအမွေးအမျှင် အခြေအနေကို သိနိုင်ပါပြီ။ အမွေးမရှိသလောက် နည်းလား၊ လုံးဝမရှိဘူးလား၊အသင့်အတင့်ရှိနေသလား သို့တည်းမဟုတ် တောထနေပြီလား။ ဘရက်ဒလေကူးပါးလို ရင်ဘတ်မွေးက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပေမယ့် ကျောကုန်းမှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းက ယောက်ျားမိန်းမ မရွေး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ဒုက္ခအတော်ပေးတယ်ဆိုပြီး သိထားကြပြီးသားပါ။ ဒါပေမယ့် ခုဆောင်းပါးမှာ အမျိုးသားတွေ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုသာ ဖော်ပြသွားမှာပါ။ ဒါဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ၊ ဘာအန္တရာယ်တွေ ရှိလဲ၊ ဘယ်လို ကာကွယ်မလဲ၊ ကုသမှုတွေက ဘာတွေလဲ။ အောက်မှာဖော်ပြထားတဲ့ ဆောင်းပါးက အဲ့ဒီအကြောင်းအရာတွေရဲ့ အချက်အလက်များကို ပေးသွားမှာပါ။   ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) ဆိုတာ ဘာလဲ။ ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ သင့်ဆီးလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုး ဝင်ရောက်ပြီးနောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ သင်ဆီးသွားတဲ့အခါ သင့်ဆီးလမ်းကြောင်းထဲကို ဝင်ထားတဲ့ ဘက်တီးရီးယား အများစုက ထုတ်ပစ်ခြင်းခံလိုက်ရပါတယ်။ ဒါပေမယ့် ကျန်ခဲ့တယ့် တချို့ဘက်တီးရီးယားတွေကြောင့် Urinary Tract Infection (UTI) ဖြစ်တာပါ။ UTI ရဲ့ အန္တရာယ်တွေက ဘာတွေလဲ။ အကယ်၍ သင်က […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုတ်ပို့ပြွန်လိမ်ခြင်း

အမျိုးသားတွေမှာအဖြစ်အများဆုံးပြဿနာတွေထဲက တစ်ခုဖြစ်ပြီး ရုတ်တရတ်ပြင်းပြင်းထန်ထန်နာကျင်စေတဲ့ အခြေအနေတစ်ခုဖြစ်တယ်။ သုတ်ပိုးလွှတ်တဲ့ပြွန်လိမ်ခြင်းကြောင့် ကပ်ပယ်အိတ်ဆီသို့ သွေးစီးခြင်းရပ်တန့်သွားတယ်။ အများစုမှာတစ်ဖက်ထဲသာဖြစ်တတ်ပြီး နှစ်ဖက်လုံးလိမ်တာတော့ ရှားပါတယ်။ ဆယ်ကျော်သက်တွေမှာအဖြစ်များတယ်ဆိုပေမယ့် တခါတလေမှာလည်းအသက်ကြီးသူတွေအပြင် မမွေးခင်မှာလည်းဖြစ်တတ်ပါတယ်။ အကြောင်းအရင်းများ မွေးရာပါအကြောင်းမဲ့ဖြစ်နိုင်သလို ပေါင်ခြံထိခိုက်ခြင်းကြောင့်လည်းဖြစ်နိုင်တယ်။ မွေးရာပါ ပါလာသူတွေမှာလည်း အခြေအနေဆိုးလာမှ သတိထားမိတတ်ပါတယ်။ သာမန်အခြေအနေတွေမှာ သုတ်ထုတ်အင်္ဂါဟာ ဘေးပတ်လည်က မာကြောတဲ့တစ်သျူးတွေကြောင့် ကယ်ပယ်အိတ်ထဲမှာ သီးသန့်မလှုပ်၇ှားနိုင်ပါဘူး။ သုတ်ပို့ပြွန်လိမ်ခြင်းကတော့ ထိုတစ်သျှူးတွေအားနည်းသွားသောကြောင့် ကပ်ပယ်အိတ်ထဲမှာ သုတ်ထုတ်အင်္ဂါလွတ်လွတ်လပ်လပ်ရွေ့သွားတာကြောင့် ဖြစ်တယ်။ ထိုသို့လှုပ်ရှားနိုင်တဲ့အခါ သုတ်ပို့ပြွန်လိမ်နိုင်ချေများတယ်။ ဒါ့အပြင် အားကစားတွင်ထခိုက်ခြင်း၊ ပြင်းထန်သောလှုပ်ရှားမှုများ သို့ အိပ်ပုံမှားခြင်းတို့ကြောင့်လည်း သုတ်ပို့ပြွန်လိမ်သွားနိုင်တယ်။ လက္ခဏာများ တွေ့ရအများဆုံးလက္ခဏာတွေကတော့ ကပ်ပယ်အိတ်ထဲမှာ နာကျင်ခြင်းဖြစ်တယ်။ နာကျင်ရုံအပြင်ကပ်ပယ်အိတ်ရောင်ရမ်းနိုင်ပါတယ်။ နာကျင်မှုဟာ သာမန်ကနေ ပြင်းပြင်းထန်ထန်ထိဖြစ်နိုင်တယ်။ တခြားလက္ခဏာတွေကတော့ - ဗိုက်နာခြင်း ပျို့ခြင်း၊ အန်ခြင်း သုတ်ထုတ်အင်္ဂါနေရာမြင့်နေခြင်း သို့ ပုံစံမမှန်ခြင်း ဆီးသွားရာတွင်နာခြင်း ဖျားခြင်း ကပ်ပယ်အိတ်တွင်အလုံးတွေ့ခြင်း သုတ်ရည်တွင်သွေးပါခြင်း ကုသမှု သုတ်ပို့ပြွန်လိမ်ပါက ခွဲစိတ်ရန်လိုပါတယ်။ […]


အမျိုးသားကျန်းမာရေး

မိမိဝှေးစေ့ကို မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်း

မိမိဝှေးစေ့ကို မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်းဆိုတာ ဘာလဲ ဝှေးစေ့ကင်ဆာအများစုကို အစောပိုင်းအဆင့်မှာတင် စစ်ဆေးသိရှိနိုင်ပါတယ်။ အချို့အမျိုးသားတွေမှာ ကနဦးအဆင့်မှာကတည်းက လက္ခဏာပြတဲ့အတွက် စောစောစီးစီး ဆေးကုသမှုခံယူကြတာကို တွေ့နိုင်ပါတယ်။ များသောအားဖြင့် အစောဆုံးပြလေ့ရှိတဲ့ လက္ခဏာကတော့ ဝှေးစေ့မှာ အလုံးအကျိတ်ပေါ်လာခြင်းဖြစ်ပြီး တစ်ခါတရံမှာ အလုံးအကျိတ်မပေါ်ဘဲ ဝှေးစေ့ရောင်ရမ်းခြင်း၊ အရွယ်အစားကြီးလာခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အချို့အမျိုးသားတွေဟာ ကင်ဆာအဆင့်မြင့်လာပြီး အခြားကိုယ်အင်္ဂါများဆီ ပျံ့နှံ့သွားတဲ့အထိ ရောဂါရှိနေမှန်းမသိဘဲ ဖြစ်တတ်ပါတယ်။ အမျိုးသားများကို ယေဘုယျကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တဲ့အခါ ဝှေးစေ့များကိုပါ စစ်ဆေးဖို့လိုအပ်ကြောင်း ဆရာဝန်အများစုက သဘောတူလက်ခံထားပါတယ်။ ကင်ဆာဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်တိုင်း ဝှေးစေ့များကိုပါ စစ်ဆေးဖို့ အမေရိကန်ကင်ဆာအဖွဲ့အစည်း (ACS) က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ACS က အမျိုးသားများကို ဝှေးစေ့ကင်ဆာအကြောင်း သတိပြုကြဖို့နဲ့ ဝှေးစေ့မှာ အလုံးအကျိတ်တစ်စုံတစ်ရာ စမ်းသပ်မိရင် ဆရာဝန်ဆီ ချက်ချင်းသွားရောက်ပြသဖို့ အကြံပြုထားပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

လမ်းကြောင်းမှားသုတ်လွှတ်ခြင်း

လမ်းကြောင်းမှားသုတ်လွှတ်ခြင်းဟာ ကာမဆက်ဆံစဉ်မှာ သုတ်လွှတ်စဉ်သုတ်ရည်များလမ်းကြောင်းမှားကာ ဆီးအိတ်ထဲဝင်သွားခြင်းဖြစ်တယ်။ ကာမသာယာမှုမှာအနှောင့်အယှက်မဖြစ်သော်လည်း သုတ်ရည်မထုတ်နိုင်ဘဲဖြစ်ရပါတယ်။   အကြောင်းအရင်း လမ်းကြောင်းမှားသုတ်လွှတ်ရခြင်းအမျိုးမျိုးရှိတယ်။ ပထမဆုံးကတော့ ဆီးအိတ်နဲ့ပတ်သတ်တဲ့ခွဲစိတ်ခြင်း ဥပမာ ဆီးကျိတ်ခွဲစိတ်ခြင်း၊ တင်ပါးဆုံးရိုးနဲ့ပတ်သတ်ပြီးခွဲစိတ်ခြင်း တို့ရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တယ်။ ဆီးလမ်းကြောင်းကိုဖြတ်ပြီး ဆီးကျိတ်ခွဲစိတ်ခြင်းဟာ သုတ်ရည်လမ်းကြောင်းမှားစေဖို့ ၁၀ မှ ၁၅ ရာနှုန်းထိရှိပါတယ်။ အူမကြီးကင်ဆာ၊ ဝမ်းအိတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အမျိုးသားအင်္ဂါကင်ဆာတို့မှာ ပြုလုပ်ရတတ်တဲ့ တင်ပါးဆုံရိုးတဝိုက်ခွဲစိတ်မှုတွေကြောင့်လည်း လမ်းကြောင်းမှားသုတ်ရည်လွှတ်ခြင်းဖြစ်ရတတ်တယ်။ တချို့သောရောဂါတွေကြောင့်အာရုံကြောထိခိုက်မှုတွေလည်းဖြစ်နိုင်တယ်၊ ဥပမာ မကုသသောနာတာရှည်ဆီးချိုးသွေးချိုသမား များမှာဖြစ်တတ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ဆေးတချို့ရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်။ စသည်ဖြင့် ဆီးကျိတ်ကြီးခြင်းအတွက်ဆေးများ၊ စသည့် စိတ်ဓါတ်ကျခြင်းအတွက်ဆေးများ၊ စိတ်ရောဂါအတွက် ဆေးများဟာလည်း လမ်းကြောင်းမှားသုတ်လွှတ်ခြင်းဖြစ်စေတယ်။ ကုသမှု အကြောင်းအရင်းပေါ်မူတည်ပြီးကုသမှုကွဲပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ပါက ဆရာဝန်ကထိုဆေးကိုပြောင်းလိမ့်မယ်။ ခွဲစိတ်မှုနောက်ဆက်တွဲဆိုးကျိုးကြောင့်ဖြစ်ပါက ကဲ့သို့ဆီးအိတ်အဝင်လမ်းမှကြွက်သားများသန်မာစေမယ့်ဆေးမျိုး မှီဝဲရနိုင်တယ်။ ဒါ့အပြင် ထိုသို့ လမ်းကြောင်းမှားသုတ်ရည်လွှတ်ရောဂါရှိသော အမျိုးသားများ ကလေးလိုချင်ပါက မျိုးပွားခြင်းဆိုင်ရာကျွမ်းကျင်သူက သုတ်ပိုးများစုပြီး သန္ဓြေတည်ခြင်းဖန်တီးပေးလိမ့်မယ်။ သားအိမ်တွင်းသုတ်ပိုးတိုက်ရိုက်ထည့်ခြင်းနည်း နဲ့ ဖန်ပြွန်သန္ဓြေသားနည်းတို့ဟာ အသုံးအများဆုံးနည်းဖြစ်တယ်။ လမ်းကြောင်းမှားသုတ်လွှတ်ခြင်းကိုဘယ်လိုကာကွယ်နိုင်မလဲ ဆီးကျိတ်ကြီးခြင်းခွဲစိတ်မှုတွေမှာ တတ်နိုင်သမျှသေးငယ်သောခွဲစိတ်နည်းသုံးခြင်းဟာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပိုကြည့်ကောင်းလာအောင် နှင့် ပိုနေလို့ကောင်းအောင် ကူညီပေးနိုင်မည့် အမျိုးသားကျန်းမာရေး နည်းလမ်း ၁၀ မျိုး

သင်စားသောအကျင့်က သင့်ကျန်းမာရေးနှင့်သင့်ပုံစံကိုများစွာသက်ရောက်မှုရှိသည်။ ထိုကြောင့် သင့်အစာပေါ်များစွာဂရုစိုက်သင့်သည်။ အောက်ပါဆယ်ချက်ကသင့်ကို ပိုကြည့်ကောင်းလာအောင် နှင့် ပိုနေလို့ကောင်းအောင် ကူညီပေးပါလိမ့်မယ်။ ၁။ ဒဏ္ဍာရီဆန်တာမျိုးကိုမယုံပါနှင့်။ မှော်ဆန်သောအစာ သို့မဟုတ် သင့်ခန္ဓါကိုယ်အတွက်လိုအပ်သည်ကိုတစ်ချက်နှင့်ပေးနိုင်သောအရာဆိုတာမျိုးမရှိပါ။ အမျိုးသမီးများကဲ့သို့ လူများက သူတို့၏အာဟာရကို အစားအသောက်အဖွဲ့မျိုးစုံမှရသည်။ ၂။ ရနိုင်သည့် ကျန်းမာသောအစာကိုအမြဲစားပါ။ သင်ရေခဲသေတ္တာကိုအသီးအရွက် အသား ပင်လယ်စာ အဆီနည်းသောဒိန်ချဉ် ကြက်ဥစသည်ဖြင့်အမြဲဖြည့်ထာပါ။ ၃။ ကောက်စပါးပြည့်ဝသောစပါးကိုစားပါ။ ကောက်စပါးတဝက်မဟုတ်သောအရာအစား ပြည့်ဝစွာပါသောအရာကိုစားပါ။ ပြည့်ဝကြောက်စပါးက ဗိုက်ဝစေရုံမက သင်အတွက်လိုအပ်သောအာဟာရများကိုပါပေးနိုင်သည်။ ပါမှန့်ဖြူ ဆန် နှင့် ပြန်တင်ထားသောစပါးများအစား ကောက်စပါးပြည့်ဝစွာပါသော ပါမှန့် ပါစတာ ဆန်အညို စသည်တို့ကိုစားနိုင်သည်။ ၄။ အဆီကိုမစားပါနှင့်။ အဆီများ သကြားထက်ထည့်ထားသောအစာများကိုရှောင်ပါ။ ကိတ် ကွတ်ကီး သကြာလုံရေခဲမှန့် စသည်တို့ကို မစားသင့်ပါ။ သေးသောပန်းကန်ဖြင့်စားပါ။ ၅။ ရေဓါတ်ပြည့်ဝအောင်နေပါ။ အချိုရည်သည် ယောက်ျားလေးများအစာတွင် တနေ့ ကယ်လိုရီ ၄၀၀ ထိတက်စေသည်။ ထို့ကြောင့် ကယ်လိုရီများသောအချိုရည် အရက်များကိုကန့်သတ်သောက်သင့်သည်။ သကြားများသောအရည်များကိုရှောင်ပါ။ ရေကိုသာသောက်သုံးသင့်သည်။ ၆။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ထိပ်ပြောင်ခြင်းသည် အမျိုးသားများတွင် နှလုံးရောဂါ ဖြစ်နိုင် ချေကို မြင့်တက်စေသည်။

ထိပ်ပြောင်သော အမျိုးသားများသည် နှလုံးရောဂါ ဖြစ်နိုင် ချေ ပိုပြီးမြင့်သည်ဟု သုတေသနအသစ်တစ်ခုက ဆိုသည်။ ကံကောင်းသည်မှာ ၎င်းသည် ခေါင်း၏ ထိပ်ပိုင်းတွင် ပြောင်ခြင်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။ နဖူး ဆံပင်စပ်တွင် ပြောင်ခြင်း သည် ဖြစ်နိုင်ချေ မမြင့်ပါ။   ငယ်ရွယ်သူများသည် ဖြစ်နိုင်ချေ ပိုမြင့်သည်။ အမျိုးသားများတွင် ထိပ်ပြောင်ခြင်းနှင့် နှလုံးသွေးကြော ကျဉ်းရောဂါတို့အပေါ် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထို လေ့လာမှုများအနက် ၃ခုသည် ထိပ်ပြောင်သော အမျိုးသား များ၏ ကျန်းမာရေးကို အနည်းဆုံး ၁၁ နှစ်ကြာ စောင့်ကြည့် ခဲ့သည်။ ထိပ်ပြောင်သော အမျိုးသားများသည် ဆံပင်ပုံမှန်ရှိ သူများထက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ ၃၂ ရာနှုန်း မြင့်တက်သည်ကို တွေ့ရသည်။ အသက် ၅၅-၆၀ အောက် အသက်အုပ်စုတွင် အံ့သြဖွယ်ကောင်းသော တွေ့ရှိမှု […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဖီးလိမ်းပြင်ဆင်ရာတွင် အမျိုးသားများ ပြုလုပ်တတ်သည့် အမှားများ

အမျိုးသား အများစုသည် အလှအပနှင့် ပတ်သက်ပြီး ခန္ဓါကိုယ်ကို ပုံမှန်ဂရုစိုက်ရန် လိုအပ်သည်ဟု မထင်ကြပါ။ ထို့အတူ ဖီးလိမ်းပြင် ဆင်ခြင်း၊ အသားအရေ ထိန်းသိမ်းခြင်းကိုလည်း ပုံမှန်ပြုလုပ်ရန် မလိုအပ်ဟု ထင်ကြပါသည်။ ကြည့်ကောင်းစေရန်၊ သန့်ရှင်းစေရန် အတွက် ဖီးလိမ်းပြင်ဆင်ခြင်းကို သေချာစွာ ဂရုစိုက်ရန် လိုအပ်ပါ သည်။ ဤဆောင်းပါးတွင် ဖီးလိမ်းပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အများဆုံး ပြုလုပ်လေ့ ရှိသော အမှားများကို တင်ပြပါမည်။ ၁။ မျက်နှာကို ရေဓါတ်ဖြည့်ပေးသော အလှကုန်များ မသုံးခြင်း အမျိုးသားအများစုမှာ မျက်နှာ အရေပြားကို ဘာမှလိမ်းလေ့ မရှိပါ။ ထိုသို့ပြုလုပ်ခြင်းက အရေပြားကို ခြောက်သွေ့စေပြီး မျက်နှာကို တစ်ပြေးညီ ချောမွေ့စေခြင်း မရှိတော့ပါ။ ထိုအခါ အသားပတ်ပြီး ပုံမှန်ထက် အိုမင်း ရင့်ရော်စေပါသည်။ ထို့ကြောင့် ရေဓါတ်ပြန်လည် ဖြည့်တင်းပေးနိုင်သော […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ

ယောကျာ်းလေး တော်တော်များများ လက်မောင်း ကြွက်သား၊ ရင်အုပ် ကြွက်သားတွေ ထွက်လာတာကို သဘောကျ နှစ်ခြိုက်ကြပါတယ်။ ဒီလိုမျိုး ကြွက်သားတွေ ဖြစ်လာဖို့ကိုလည်း တချို့တွေကတော့ gym မှာ သွားဆော့ကြသလို အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဆော့ဆော့ ကြွက်သားတွေ အမြန် ထွက်လာအောင် လုပ်လို့ ရမယ့် နည်းလမ်းတွေ ထဲမှာ အစားအစာတွေ စားပေးလို့ ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ စားပေးရမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ ..... ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ ဆိုတော့ ကြက်ဥ ကြက်ဥ စားရင် အားရှိတယ် ဆိုတာ သိထားပြီး ဖြစ်မှာပါနော်။ ကြက်ဥ စားသုံးတာက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်