အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ

အမျိုးသား အများစုက သူတို့ရဲ့ လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး တော်တော်လေး စိုးရိမ်စိတ်များတတ်ကြသလို အချို့သော အခြေအနေမှာ ဒီအခြေအနေအပေါ် အရမ်း အာရုံထားမိပြီး စိုးရိမ်စိတ်များတာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ခံစားကြရပါတယ်။ တကယ်ကတော့ လိင်တံအရွယ်အစား ကြီးခြင်း သေးခြင်းက လိင်မှုဘဝအပေါ်မှာ ကြီးကြီးမားမား သက်ရောက်သွားတာမျိုးတော့ မရှိပါဘူး။  ဒါပေမယ့်လည်း ဘယ်လိုလို ပြောပြော လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့ အမျိုးသားထုကြီးအတွက် သိထားလို့ ရအောင် အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/mens-health/penis-health/how-to-treat-scrotum-wound/ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ ကို ဗဟုသုတ အနေနဲ့ သိရှိရအောင် လေ့လာကြည့်လိုက်ဦးနော် ပုရိသတို့ရေ ……. အသီးအရွက် […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ

အသားအရေ ထိန်းသိမ်းတာက မိန်းကလေးတွေပဲ လုပ်ရမှာ မဟုတ်ဘူးနော်။ ယောက်ျားလေးတွေလည်း အသားအရေထိန်းသိမ်း ဖို့ လိုပါတယ်။ ဒါမှ ကျန်းမာလှပပြီး ကြံ့ခိုင်တဲ့ ယောက်ျားလေးတစ်ဦးဖြစ်မှာပါ။ ယောက်ျားလေး တော်တော်များများကတော့ အသားအရေကို အရမ်းဂရုမစိုက်ကြပါဘူး။ တကယ်တော့ လိုအပ်တဲ့အရာမို့ ဘာတွေ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ဆက်လက်ဖတ်ရှုပေးပါဦးနော်။ မျက်နှာသစ်တဲ့အခါမှာ ရေအေးအေးလေး သုံးပြီး သစ်ပေးပါ။ တချို့ယောက်ျားလေးတွေက ဆပ်ပြာနဲ့ပဲ မျက်နှာသစ်ကြပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ အသားအရေကိုလိုက်ပြီး သင့်တော်တဲ့ မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်သုံးစွဲရမှာပါ။ ဆဲလ်သေတွေဖယ်ရှားပြီး ဆဲလ်အသစ်ပြန်လည်ဖြစ်တည်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့ မျက်နှာသစ်ဆပ်ပြာ ဖြစ်ရင် ပိုကောင်းပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေ ကောင်းမွန်နေဖို့အတွက် ရေများများသောက်ဖို့ လိုပါတယ်။ အရက်နဲ့ ကော်ဖီက ရေဓာတ်ဆုံးရှုံးစေတာမို့ အသားအရေ ခြောက်နိုင်ပါတယ်။ အကယ်လို့ ကိုယ်က ကော်ဖီနဲ့ အရက်သောက်လေ့သောက်ထ ရှိတယ်ဆိုရင် ရေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဘာကြောင့် ယောင်္ကျားလေးတွေ အပြာကား ကြိုက်ကြတာလဲ

ညတိုင်းလိုလိုမှာ ဇနီး ဖြစ်သူ ကိတ်တစ်ယောက် အိပ်ရာဝင်သွားတာနဲ့ Tom တစ်ယောက် Internet မှာ အပြာရုပ်ရှင်ကားတွေကို ရှာဖွေလှန်လှောကြည့်ရှုပါတော့တယ်။ ဒါကိုလည်း ကိတ်က သူတို့လင်မယား စုံတွဲကုသမှု ဒုတိယ အကြိမ်မှာမှ သိခဲ့တာ ဖြစ်ပါတယ်။ တွမ်ကတော့ ဒီလို ညဘက်မှာ အပြာ ဇာတ်ကားတွေ ကြည့်ရှုတာက သူတို့ ဇနီးမောင်နှံရဲ့ လိင်မှုဘဝနဲ့ ဘာမှ ပတ်သတ်မှုမရှိဘူးလို့ဆိုပေမဲ့ ကိတ်ကတော့ တွမ်တစ်ယောက် သူမထက် အပြာရုပ်ရှင် ဇာတ်ကားတွေကိုပိုပြီး စွဲလန်းသွားမလားလို့ စိုးရိမ်နေမိပါတယ်။ ဒါက အမျိုးသမီးတွေရဲ့ ပုံမှန်တုံ့ပြန်ချက်ပါပဲ။ " အဖော်ဖြစ်သူ က အပြာဇာတ်ကားတွေကို စိတ်ဝင်စားနေတယ်ဆိုရင် တခြားတစ်ယောက်က ဒါဟာ ပြဿနာ လို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို ပြဿနာ ဖြစ်တာမျိုးက တော်တော်ရှားပါတယ်။ လေ့လာချက်တွေအရတော့ အပြာကားကြည့်ရှုသူ ၅ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း

အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း ကမ္ဘာကြီးမှာ သက်ရှိ၊ သက်မဲ့အရာတွေအားလုံး အချိန်သက်တမ်းတစ်ခုကို ကျော်လွန်လာတာနဲ့အမျှ ပြောင်းလဲတတ်ကြပါတယ်။ ဒီလိုပဲ အမျိုးသားလိင်အင်္ဂါကလည်း ဘဝသက်တမ်းတစ်လျှောက် အဆင့်အမျိုးမျိုးပြောင်းလဲပါတယ်။ ဒီပြောင်းလဲမှု အဆင့်တစ်ဆင့်ချင်းစီတိုင်းကို ခန္ဓါကိုယ်ရဲ့ တက်စတိုစတီရုန်း ဟော်မုန်း (testosterone)ပမာဏ က ထိန်းချုပ်ပေးထားတာပါ။ အသက် ၉ နှစ် ကနေ ၁၅ နှစ်ကြား အချိန်အတွင်း ပီကျူထရီ ဂလင်း (Pituitary) လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားမှုကို ထိန်းချုပ်ထားတဲ့ ဂလင်းက တက်စတိုစတီရုန်း ဟော်မုန်း စတင်ထုတ်လုပ်ဖို့ ခန္ဓါကိုယ်ကို အမိန့်ပေးတဲ့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ အဲ့လို ပီကျူထရီဂလင်းက အမိန့်ပေးတဲ့ အချိန်မှာ လူပျိုဖော် စဝင်ပြီး ခန္ဓါကိုယ်ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်ပါတယ်။ ဝှေးစေ့၊ ကပ်ပယ်အိတ်၊ လိင်တံနဲ့ ဆီးခုံအမွှေးတွေက အဲ့အချိန်ကစလို့ စတင်ကြီးထွားလာပါတော့တယ်။ တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အာသာဖြေခြင်း နဲ့ပတ်သတ်ပြီး အမှန်၊ အမှား သိကြစေဖို့

အာသာဖြေခြင်း နဲ့ပတ်သတ်ပြီး အမှန်၊ အမှား သိကြစေဖို့ အာသာဖြေခြင်း ဆိုတာ ကျွန်တော်တို့ တစ်ယောက်တည်းရှိနေတဲ့အချိန် လုပ်လေ့ရှိတတ်ကြတဲ့ Sex ပုံစံ တစ်မျိုးဖြစ်ပါတယ်။ လူတိုင်းနီးပါး အာသာဖြေခြင်းကို အသက်အရွယ်တစ်ခု ရောက်ရင်လုပ်တတ်ကြပေမဲ့ လူအများစုက ဒီအချက်နဲ့ ပတ်သတ်ပြီး မပြတ်မသား ရှက်ကြောက်တတ်ကြပါတယ်။ ရှက်ရွံ့ရခြင်းအကြောင်းရင်းကတော့ ငယ်ငယ်က သူတို့ အာသာဖြေရင်း မိဘတွေ မိသွားတဲ့အချိန် အဆူခံခဲ့ရတာကြောင့်တာပဲဖြစ်ဖြစ်၊ အာသာဖြေခြင်းကို မလုပ်သင့်တဲ့ အချက်ဖြစ်ကြောင်း သူတို့ကိုယ်၌က ခံစားနေကြလို့လည်း ဖြစ်ပါတယ်။ တကယ့် အဖြစ်မှန်ကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုတာ ဘယ်အသက်အရွယ်မှာပဲ လုပ်လုပ် ပုံမှန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ကလေးအရွယ်တုန်းကတော့ လိင်ပိုင်းဆိုင်ရာခံစားမှု အနည်းငယ်ကို ရချင်လို့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ အပျိုပေါက်၊ လူပျိုပေါက် ဖြစ်လာချိန်ကြတော့ အဖော်ဖြစ်သူနဲ့ နှစ်ဦးနှစ်ဖက် အပေးအယူမျှအောင်နဲ့ အဖော်ဖြစ်သူနဲ့ လက်တွဲပြီး ကိုယ်အိုးကိုယ်အိမ်ထူထောင်ချင်စိတ်ကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက်

ကျွန်တော်တို့ယောက်ျားလေးအများစုဟာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါ နဲ့ လုပ်ဆောင်ချက် အများစုကို သိပြီးသားဖြစ်ပေမဲ့ ကျွန်တော်တို့ လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့ အချက်အလက်တွေရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက် ကို Hellosayarwon စာဖတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။ အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက် အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက်တွေက ဘာတွေများလဲ။ ၁။ အမျိုးသားတွေရဲ့ လိပ်အင်္ဂါဟာ မမွေးခင်ကတည်းက ထောင်မတ်နိုင်ပါတယ်။ အမျိုးသား လိင်အင်္ဂါတွေဟာ မွေးကတည်းက အဆင်သင့် ဖြစ်နေကြတာပါ။ ယောက်ျားလေးတွေအနေနဲ့ မိခင်ဝမ်းမှာကတည်းက ထောင်မတ်နေတဲ့ ဖြစ်စဉ်မျိုးတွေဟာ ရှိတတ်ပါတယ်။ တချို့သော ultrasound scan တွေမှာဆိုရင် သန္ဓေသားရဲ့ လိင်အင်္ဂါက ထောင်မတ်နေတာမျိုးကို တွေ့ရှိခဲ့ကြဖူးပါတယ်။ ၁၉၉၁ ခုနှစ်က လေ့လာချက်အရတော့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဇင့်ဓာတ်နဲ့ အမျိုးသားကျန်းမာရေး

ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့  ခုခံအားစနစ်၊ အင်မ်ဇိုင်းတွေ ပုံစံတမျိုးမှ တမျိုး ပြောင်းလဲခြင်း၊ ဆဲလ်အတွင်းသို့ အစာအာဟာရများစုပ်ယူခြင်း နဲ့ ပရိုတင်းဓာတ်ကို ဖြိုခွဲခြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာတွေမှာ ဇင့်ဓာတ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဇင့်ဟာ အမျိုးသားအားကို တိုးပွားစေပြီး မျိုးအောင်မှုကို အားပေးကူညီပေးပါသေးတယ်။ ဒီတော့  ဇင့်ဓာတ်နဲ့ အမျိုးသားကျန်းမာရေး အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ ဇင့်ဓာတ်နဲ့ အမျိုးသားကျန်းမာရေး ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာ ဇင့်ဓာတ်ကို သိုမှီးထားနိုင်ခြင်းမရှိတဲ့အတွက် နေ့စဉ်လိုအပ်တဲ့ ဇင့်ဓာတ် ပမာဏကို ပြည့်မှီစွာ ရရှိနိုင်ဖို့ အစားအစာ ဒါမှမဟုတ် ဖြည့်စွက်စာတွေက တဆင့် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။ မြေပဲ၊ ကမာ၊ အနက်ရောင် ချောကလက်၊ အနီရောင်အသားတွေနဲ့ ကိုကာအမှုန့်တွေဟာ ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ မျိုးပွားစနစ်အပေါ်မှာ ဇင့်ဓာတ်က ဘယ်လိုအကျိုးသက်ရောက်မှု […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သင့်ရဲ့သုက်ပိုးများကို ဒုက္ခပေးတတ်သော အစားအစာများ

သင့်ရဲ့သုက်ပိုးများကို ဒုက္ခပေးတတ်သော အစားအစာများ က ဘာတွေများလဲ။ ကလေးရယူဖို့ ကြိုးစားတဲ့အခါ အနှောင့်အယှက် ဖြစ်စေတဲ့ အရာတွေ အများကြီးရှိပါတယ်။ မျိုးဥ အရည်အသွေး မကောင်းခြင်း၊ သုက်ပိုး အရည်အသွေး မကောင်းခြင်း စတာမျိုးတွေ ဖြစ်ပါတယ်။ သုတေသနအချို့ရဲ့ အဆိုအရ ကလေးမရနိုင်ခြင်းရဲ့ ၃၀%ခန့်ဟာ ယောက်ျားလေးကြောင့် ဖြစ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဟာလည်း အကြောင်းအရင်းထဲ ပါဝင်ပါတယ်။ သင့်ရဲ့ သုက်ပိုးများကို ဒုက္ခပေးတတ်တဲ့ အစားအစာတွေကို လေ့လာပြီး ဘေးကင်းအောင် ရှောင်ကြဉ်ပါ။ သင့်ရဲ့သုက်ပိုးများကို ဒုက္ခပေးတတ်သော အစားအစာများ သင့်ရဲ့သုက်ပိုးများကို ဒုက္ခပေးတတ်သော အစားအစာများ ကတော့ စည်သွပ်စားစရာများ စည်သွပ်စားစရာများဟာ BPA ဓါတ်ရဲ့ အကြီးဆုံး ရင်းမြစ်တခုဖြစ်ပါတယ်။ အဲဒီဓါတ်ကို စည်သွပ်ဗူး ထုတ်လုပ်ရာမှာ သုံးပါတယ်။ ဆီးထဲမှာ BPA ပမာဏ မြင့်တက်ခြင်းဟာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Low Sperm Count (သုက်ပိုးနည်းခြင်း)

Low Sperm Count (သုက်ပိုးနည်းခြင်း) အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Low Sperm Count (သုက်ပိုးနည်းခြင်း) ကဘာလဲ။ အမျိုးသားတစ်ယောက် ကာမဆက်ဆံတဲအချိန်မှာ ထုတ်လွှတ်လိုက်တဲ့ သုက်ရည်ထဲမှာ ပါဝင်တဲ့သုက်ပိုးပမာဏ ပုံမှန်ထက်နည်းနေခြင်းကိုဆိုလိုပါတယ်။ သုက်ပိုးနည်းခြင်းကို oligospermia ဟုခေါ်တတ်ပြီး သုက်ပိုးလုံးဝမပါခြင်းကိုတော့ azoospermia လို့ခေါ်ပါတယ်။ တကယ်လို့ သုက်ရည်တစ်မီလီမီတာမှာ သုက်ပိုး ၁၅ မီလီယံထက် နည်းနေရင် သုက်ပိုးနည်းတယ်လို့ဆိုနိုင်ပါတယ်။ သုက်ပိုးနည်းခြင်းဟာ အမသားဥနဲ့ သားဖောက်နိုင်ချေကိုနည်းစေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သုက်ပိုးနည်းနေလည်း အဖေဖြစ်နိုင်ချေတော့ရှိပါသေးတယ်။ Low Sperm Count (သုက်ပိုးနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ရန်အားပေးသော အခြေအနေများကိုရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများ Low Sperm Count (သုက်ပိုးနည်းခြင်း)ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့လက္ခဏာတွေကတော့ – ကာမဆက်ဆံရာတွင် အခက်အခဲဖြစ်ခြင်း ၊ ဆန္ဒနည်းခြင်း နာကျင်ခြင်း၊ ယောက်ျားအင်္ဂါတဝိုက်တွင် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Andropause (အမျိုးသားများသွေးဆုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Andropause (အမျိုးသားများသွေးဆုံးခြင်း) ကဘာလဲ။ အမျိုးသားများသွေးဆုံးခြင်းဆိုတာအမျိုးသမီးများသွေးဆုံးခြင်းကဲ့သို့ပဲဖြစ်ပါသည်။ အမျိုးသားများအသက်ကြီးလာသောအခါ ကျားဟော်မုန်း (testosterone) လျော့နည်းလာခြင်းကိုခေါ်ပါသည်။ အမျိုးသမီးများကဲ့သို့ အချိန်ကာလတိတိကျကျတစ်ခုတွင် သွေးဆုံးခြင်းမျိုးမဟုတ်ပဲအသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်းလျော့နည်းလာခြင်းကြောင့် အချို့ဆရာဝန်များကကျားဟော်မုန်းပမာဏနည်းသွားခြင်းဟုလဲခေါ်ကြပါသည်။ ပုံမှန်အားဖြင့် အသက်ကြီးလာမှသာကျားဟော်မုန်းထုတ်လုပ်မှုကျဆင်းတတ်သော်လဲဆီးချိုကဲ့သို့သောရောဂါများဖြစ်လျှင်လဲကျားဟော်မုန်းလျော့နည်းလာတတ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်းပမာဏကျဆင်းလာပါသည်။ Mayo ဆေးခန်း၏တွေ့ရှိချက်အရအမျိုးသားအများစုသည် အသက် ၂၀ကျော်အရွယ်တွင် ကျားဟော်မုန်းထုတ်လုပ်မှု အများဆုံးဖြစ်ပြီးအသက် ၃၀/၄၀ ကျော်လာလျှင် ကျားဟော်မုန်းထုတ်လုပ်မှုသည် တစ်နှစ်လျှင် ၁% လောက်ကျဆင်းသွားပါသည်။ အသက် ၇၀ လောက်ရောက်လျှင် ကျားဟော်မုန်းပမာဏသည် ထုတ်လုပ်မှုအများဆုံးအချိန်ကပမာဏ၏ ၅၀% လောက်သာကျန်ပါတော့သည်။ ထိုသို့ ဟော်မုန်းပမာဏအပြောင်းအလဲဖြစ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်စေနိုင်ပါသည်။ အမျိုးသားများသွေးဆုံးခြင်းသည် အမျိုးသမီးများသွေးဆုံးခြင်းနှင့် ခြားနားချက်များစွာရှိပါသည်။ တစ်ချက်မှာအမျိုးသားတိုင်းသွေးဆုံးခြင်းကိုမခံစားရပါ။ နောက်တစ်ချက်မှာမျိုးပွားအင်္ဂါများအားလုံးအလုပ်မလုပ်တော့ခြင်းလဲမဟုတ်ပါ။ သို့သော်လည်းကျားဟော်မုန်းပမာဏကျဆင်းလာမှုကြောင့်လိင်ပိုင်းဆိုင်ရာဆိုးကျိုးများရှိတတ်ပါသည်။ Andropause (အမျိုးသားများသွေးဆုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်ကြီးသောအမျိုးသားများတွင် ပိုအဖြစ်များပါသည်။ သွေးဆုံးခြင်းပိုမိုဖြစ်ပွားစေနိုင်သောအကြောင်းရင်းများကိုလျှော့ချခြင်းပြုလုပ်နိုင်ပါသည်။ အချက်အလက်များပိုမိုရှိနိုင်ရန်အတွက် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ လက္ခဏာများAndropause (အမျိုးသားများသွေးဆုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသောလက္ခဏာများမှာ အားမရှိခြင်း စိတ်ဓါတ်ကျခြင်း၊ဝမ်းနည်းခြင်း စိတ်တက်ကြွမှုနည်းခြင်း မိမိကိုယ်ကိုယုံကြည်မှုကျခြင်း အာရုံစူးစိုက်ရခက်ခဲခြင်း အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း ခန္ဓါကိုယ်တွင်အဆီများလာခြင်း ကြွက်သားများလျော့နည်းလာခြင်း၊ ခန္ဓါကိုယ်ကြံ့ခိုင်မှုနည်းလာသည်ဟုခံစားရခြင်း ရင်သားများကြီးလာခြင်း အရိုးများကြံ့ခိုင်မှုနည်းလာခြင်း ပန်းသေပန်းညှိုးဖြစ်ခြင်း လိင်စိတ်နည်းပါးလာခြင်း ကလေးမရနိုင်ခြင်း ရင်သားများဖောင်းလာ၊ နာလာခြင်း၊ လိင်အင်္ဂါသေးသွားခြင်း၊ ခန္ဓါကိုယ်ရှိအမွှေးများနည်းသွားခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်းတို့ကိုလဲခံစားရနိုင်ပါသည်။ အမျိုးသားများသွေးဆုံးခြင်းသည် ကျားဟော်မုန်းနည်းသွားခြင်းကြောင့် အရိုးပွခြင်းနှင့်လည်းဆက်စပ်နေပါသည်။ အရိုးပွခြင်းဆိုသည်မှာအရိုးများအားနည်းပြီးကြွတ်ဆတ်လာခြင်းဖြစ်ပါသည်။ ဤအချက်များကတော့ တွေ့ရနည်းပါသည်။ အမျိုးသမီးများသွေးဆုံးသည့် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဘယ်ဆေးတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းပေါ် အကျိုးသက်ရောက်နေတာလဲ

တကယ်လို့ သင်က ကလေးရနိုင်ဖို့ ကြိုးစားနေတဲ့သူဆိုရင် မျိုးအောင်နှုန်းကို သက်ရောက်နေတဲ့ အကြောင်းရင်းတွေအများကြီးရှိနေတယ်ဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။ အားလုံးထဲက အကြီးမားဆုံး အကြောင်းရင်းကတော့ ဆေးဝါးကုသမှုခံယူနေရတာပါပဲ။ ကိုယ်ဝန်ရနိုင်ချေ မြင့်မားလာဖို့အတွက် ဘယ်လိုဆေးဝါးတွေကို ရှောင်ရှားသင့်တာလဲ။   အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို အနှောက်အယှက်ဖြစ်စေသော ဆေးများ အောက်ပါ အမျိုးအစားတွေမှာတော့ အမျိုးသားတွေရဲ့ မျိုးပွားမှုနဲ့ သုက်ပိုးတွေရဲ့ အရည်အသွေးတွေ၊ မျိုးအောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ဟော်မုန်းတွေ( ဥပမာ gonadotropin ထုတ်လွှတ်ပေးတဲ့ ဟော်မုန်း၊ follicleကို လှုံ့ဆော်ပေးနိုင်တဲ့ဟော်မုန်းတွေ သို့မဟုတ် luteinizing ဟော်မုန်းတွေ) ပေါ်ကို ဆိုးကျိုးတွေဖြစ်စေတဲ့ဆေးဝါးတွေပါဝင်နေပါတယ်။   Testosterone ဒီကုထုံးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒကိုတိုးတက်လာစေတာမှန်ပေမယ့်လည်း ဒီ testosterone ဖြည့်စွက်ဆေးတွေကို မှီခိုနေရသူတွေမှာတော့ သုက်ရည်ထုတ်လွှတ်မှုထဲမှာ သုက်ပိုးပါဝင်မှုနည်းနေတာ ဒါမှမဟုတ် သုက်ပိုးလုံးဝမပါလာတာတွေဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာ သူတို့ရဲ့ခန္ဓါကိုယ်က testosterone ဟာ လူလုပ်ပစ္စည်း (သဘာဝမဟုတ်တာ)ကို မသိလို့ဖြစ်နိုင်ပြီး ဒါကြောင့်လည်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်