backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ

ယခင်ခေတ်များမှာရော ယခုခေတ်မှာပါ ကိုယ်ဝန် မရနိုင်တဲ့ အကြောင်းရင်းက အမျိုးသမီးကြောင့်ပဲလို့ မှားယွင်းတဲ့ အယူအဆ ရှိတတ်ကြပါတယ်။ လက်တွေ့မှာတော့ အမျိုးသားများရဲ့ သုက်ပိုး ကလည်း တစ်စိတ်တပိုင်း ပါဝင်နေပါတယ်။ အမျိုးသား သုက်ပိုး အကောင်ရေ လုံလောက်မှ၊ အရည်အသွေး ကောင်းမှ ကိုယ်ဝန် ရနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ က ဘာတွေများ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ

သုက်ပိုး ကို သေစေနိုင်သော အစားအစာများ ကတော့

(၁) အရက်

အရက် သောက်သုံးခြင်းက အသည်းကို ထိခိုက်နေရုံ သာမက ကိုယ်တွင်း လုပ်ဆောင်ချက်များ အထူးသဖြင့် ကာမ လုပ်ဆောင်နိုင်စွမ်းနဲ့ မျိုးပွား အင်္ဂါများကိုပါ ထိခိုက်စေပါတယ်။

အရက်ကြောင့် အသည်း ထိခိုက်လောက်တဲ့အထိ မပျက်စီးသေးဘူး ဆိုရင်တောင် ကပ္ပာယ်အိတ်က သုက်ပိုး ထုတ်လုပ်စွမ်းက ကျဆင်းနေနိုင်ပါတယ်။ အကြောင်းက သုက်ပိုးရဲ့ အပေါ်ခွံနဲ့ အမြီး ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ ဇင့်ဓာတ်ကို အရက်က သွေးတွင်း စုပ်ယူခြင်း မရှိအောင် တားဆီးတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အရက်ကို လျှော့ သောက်ပါ။ ဖြစ်နိုင်ရင် ဖြတ်ပါ။

(၂) တာရှည်ခံအစားအစာများ

ဒီ အစားအစာတွေမှာ BPA ဓာတ် ပါဝင်တာကြောင့် လေ့လာချက်အရ ရေရှည် စားသုံးသူတွေမှာ ၂၃% ခန့် သုက်ပိုး နည်းပါးတတ်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ တာရှည်ခံ အစားအစာတွေ တတ်နိုင်သမျှ လျှော့စားပါ။ ဖြစ်နိုင်ရင် လုံးဝ ရှောင်ပေးပါ။

(၃) ကဖင်း၊ ဆိုဒါများ

ဒါတွေကို အလွန်အမင်း စားသုံးပါမယ် ဆိုရင် ရေရှည်မှာ သုက်ပိုး နည်းပါးစေနိုင်ပါတယ်။ ကဖင်း နဲ့ ဆိုဒါပါတဲ့ အရာတွေက ၅၀% သုက်ပိုး နည်းပါးစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်ဖက်ရည် ကော်ဖီ၊ ကိုလာ၊ စွမ်းအားဖြည့် အချိုရည်တွေကို ရှောင်ပါ။ ဒါတွေက ကဖင်း ပါဝင်နေတာကြောင့်ပါ။

(၄) အသင့်စားအစားအစာများ

ဒီ အစားအစာတွေမှာ trans fatty acid ( အဆီဓာတ်) များစွာပါဝင်နေတတ်ပါတယ်။ အလွန်အကျွံ စားသုံးပါမယ်ဆိုရင် ၉၆% ခန့် သုက်ပိုးနည်းသွားတတ်ပါတယ်။

(၅) ပဲနဲ့ ဆက်စပ်အစားအစာများ

အထူးသဖြင့် Oestrogen ဟော်မုန်းများစွာ ပါဝင်တဲ့ ပဲအမျိုးအစားတွေက မျိုးအောင်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် သားသမီး ရလိုသူများအတွက် မိမိ ဘာစားသုံးနေလဲ ဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။

ဗီတာမင် E၊ ဇင့်၊ ဆီလီနီယမ် ကြွယ်ဝအောင် စားသုံးပြီး သုက်ပိုး များပြီး သားသမီးရရန် ကြိုးစားနိုင်ပါတယ်။

အခုပြောခဲ့တဲ့ အစားအစာတွေကို သတိထား ဆင်ခြင်တာက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး သားသမီး ရရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။

သုက်ပိုးကို ထိခိုက်စေနိုင်သော အရာများ

ဒါတွေက သုက်ပိုးကို ထိခိုက်စေနိုင်ပါတယ်။
  •  အရက်
  • တာရှည်ခံအစားအစာများ
  • ကဖင်း၊ ဆိုဒါများ
  • အသင့်စားအစားအစာများ
  • ပဲနဲ့ ဆက်စပ်အစားအစာများ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement