ညတိုင်းလိုလိုမှာ ဇနီး ဖြစ်သူ ကိတ်တစ်ယောက် အိပ်ရာဝင်သွားတာနဲ့ Tom တစ်ယောက် Internet မှာ အပြာရုပ်ရှင်ကားတွေကို ရှာဖွေလှန်လှောကြည့်ရှုပါတော့တယ်။ ဒါကိုလည်း ကိတ်က သူတို့လင်မယား စုံတွဲကုသမှု ဒုတိယ အကြိမ်မှာမှ သိခဲ့တာ ဖြစ်ပါတယ်။ တွမ်ကတော့ ဒီလို ညဘက်မှာ အပြာ ဇာတ်ကားတွေ ကြည့်ရှုတာက သူတို့ ဇနီးမောင်နှံရဲ့ လိင်မှုဘဝနဲ့ ဘာမှ ပတ်သတ်မှုမရှိဘူးလို့ဆိုပေမဲ့ ကိတ်ကတော့ တွမ်တစ်ယောက် သူမထက် အပြာရုပ်ရှင် ဇာတ်ကားတွေကိုပိုပြီး စွဲလန်းသွားမလားလို့ စိုးရိမ်နေမိပါတယ်။