အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား .....

    အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား .....

    ကော်လာဂျင်ဆိုရင် တွဲမြင်မိတာက လေဒီလေးတွေနဲ့ဟုတ်။ ဒါဆို မေးစရာရှိတာက ကော်လာဂျင်က လေဒီလေးတွေပဲ သောက်လို့ရတာလားပေါ့။ အမျိုးသားတွေရော ကော်လာဂျင် သောက်လို့ရလား ….. တကယ်ကတော့ ကော်လာဂျင်ကို အလှအပအတွက်လို့ မှတ်ယူထားကြရင်းက ကော်လာဂျင်က လေဒီလေးတွေနဲ့ သက်ဆိုင်တဲ့အရာလို့ တွဲမှတ်ထားကြတာပါ။

    တကယ်ကတော့ ကော်လာဂျင်ကို လူတိုင်း လိုအပ်ပါတယ်။ လူတိုင်း လိုအပ်တယ်ဆိုမှတော့ အမျိုးသားတွေလည်း ကော်လာဂျင် သောက်လို့ရတာပေါ့။

    အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား …….

    ရပါတယ်။ အမျိုးသားတွေကလည်း အရေပြား၊ အရိုးအဆစ်၊ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ကော်လာဂျင် သောက်လို့ရသလို ကော်လာဂျင် သောက်ဖို့လည်း လိုအပ်ပါတယ်။

    ငယ်ရွယ်စဉ်မှာ ကော်လာဂျင်က ပြည့်ဝတာကြောင့် ခန္ဓာကိုယ်မှာ အင်အားတွေ ပြည့်နေသလို အရိုးအဆစ်တွေကလည်း သန်မာပါတယ်။ အသက်အရွယ်အလိုက်လည်း ကြွက်သားတွေက ဖွံ့ဖြိုးလာပါတယ်။

    ကော်လာဂျင်က အသားအရေ လှပဖို့ပဲ ထောက်ကူပေးတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က သွေးကြောတွေ၊ အစာခြေစနစ် နံရံတွေ၊ ဆံပင်တွေ၊ သွားတွေ၊ အရိုးအဆစ်တွေ ကျန်းမာစေဖို့လည်း ကော်လာဂျင်က ထောက်ပံ့ပေးပါတယ်။

    အသက် ၂၀ မတိုင်ခင်မှာ ခန္ဓာကိုယ်က ကော်လာဂျင် ထွက်ရှိမှု အကောင်းဆုံး ဖြစ်တာကြောင့် အသားအရေက တင်းရင်း လှပသလို၊ ကြွက်သားတွေ ဖွံ့ဖြိုးမှုကလည်း အကောင်းဆုံးပါ။ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတယ်ဆိုကလည်း ဖြစ်ခဲပါတယ်။

    ဒါပေမယ့် အသက် ၂၀ နောက်ပိုင်းရောက်လာတဲ့အခါ ခန္ဓာကိုယ်မှာ ကော်လာဂျင် ထွက်ရှိမှုက သိသိသာသာ နည်းလာပါတယ်။ ဒီလိုနဲ့ ကြွက်သားတွေ နာကျင်တာ၊ အဆစ်တွေ ကိုက်ခဲတာ၊ အရေးအကြောင်းတွေဖြစ်တာ၊ ဆံပင်ကျွတ်တာ၊ သွားတွေ ကျိုးတာ၊ ယိုင်နဲ့တာတွေကို ခံစားလာရပါတယ်။

    အမျိုးသားတွေ ကော်လာဂျင်သောက်သင့်တဲ့ အကြောင်းအရင်း

    အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား .....

    အမျိုးသားတွေနဲ့ ကော်လာဂျင် သောက်ပေးတဲ့အခါ အခုလို အကျိုးကျေးဇူးတွေ ရရှိမှာပါ။

    ဆံပင်ကျွတ် သက်သာစေတယ်

    အမျိုးသမီးတွေပဲ ဆံပင်ကျွတ်တာကို စိတ်ညစ်တတ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း ဆံပင်ကျွတ်တာကို စိတ်ညစ်တတ်ကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကော်လာဂျင်တွေက နည်းလာပြီး ဆံပင်တွေက ကျွတ်လာတတ်ပါတယ်။

    ဒါကြောင့် အမျိုးသားတွေအနေနဲ့ ဆံပင်ကျွတ်တာကို သက်သာချင်တယ်ဆိုရင်ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။ ကော်လာဂျင်က ဆံပင်ကျွတ်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ဆံပင် အသစ်တွေ ထွက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အရိုးအဆစ်တွေ ကျန်းမာစေနိုင်တယ်

    ကော်လာဂျင်ကို ပုံမှန် သောက်သုံးပေးတာက အဆစ်တွေကို ကျန်းမာစေနိုင်ပါတယ်။ လှုပ်ရှားရလွယ်ကူစေပြီး အသက်အရွယ်ကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။

    အားကစားလုပ်တာကြောင့် အဆစ်တွေ ထိခိုက်မိရင်လည်း အမြန်ဆုံး သက်သာစေနိုင်ပါတယ်။

    ကြွက်သားနာကျင်မှုတွေကို သက်သာစေနိုင်တယ်

    ကော်လာဂျင်တွေက လေ့ကျင့်ခန်း လုပ်ရင်း ဖြစ်တဲ့ ကြွက်သား နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ထိခိုက်မှုတွေကြောင့် ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။

    အရွတ်တွေမှာ ထိခိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

    အရွယ်တင်စေနိုင်တယ်

    လူတိုင်းက လှလှပပနဲ့ အိုမင်းချင်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက လက်တွေ့ အကောင်အထည်ဖော်နိုင်ကြပေမယ့် အမျိုးသားတွေကတော့ ဒီဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲကြပါတယ်။

    အကြောင်းကတော့ အမျိုးသားတွေက ကော်လာဂျင်ကို သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ယူဆထားလို့ ကြပါ။ တကယ်ကတော့ အမျိုးသားတွေရော အမျိုးသမီးတွေရော အသားအရေ တင်းတင်းရင်းရင်းလေးနဲ့ ကျက်သရေရှိရှိ အိုမင်းချင်တယ်ဆိုရင် ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။

    ဇီဝကမ္မ ဖြစ်စဉ်ကို တိုးတက်စေနိုင်တယ်

    အမျိုးသားတွေ အနေနဲ့ ကော်လာဂျင် သောက်ပေးရင် နောက်ထပ်ရမယ့် အကျိုးကျေးဇူး တစ်ရပ်က ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေပြီး ကိုယ်ထဲမှာ အင်အားပြည့်ဝစေတာပါ။

    လေ့ကျင့်လမ်းတွေ လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အင်အားပြည့်ဝစေသလို အရောင်ကျစေပြီး ကြွက်သားတွေ ထိခိုက်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သား တက်စေနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေနိုင်တယ်

    အစာအိမ် အတွင်းနံရံတွေ၊ အူနံရံက ဆဲလ်တွေကို ကျန်းမာစေပြီး အစာခြေစနစ်ကို ကျန်းမာစေသလို အစာခြေစနစ်ထဲကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။

    ကော်လာဂျင်က အမျိုးသားတွေအတွက် အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရှိတာကြောင့် အမျိုးသားတွေလည်း ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement