ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း
ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း ကတော့
၁။ တစ်ကိုယ်လုံး စစ်ဆေးမှုကို ပုံမှန် ပြုလုပ်ပါ။
လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာရှိတဲ့ အမျိုးသား သန်းပေါင်းများစွာဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ဆရာဝန်ကို ပြောပြဖို့ ရှက်တတ်ကြပါတယ်။ ဒီရောဂါဟာ အမျိုးသားတွေကြားမှာ အလွန်အတွေ့များတာကြောင့် ဆရာဝန် အကြံဉာဏ်တောင်းပြီး ကုသမှုယူဖို့ ဘာမှ ရှက်စရာ မလိုပါဘူး။ ဒီရောဂါဟာ အသက်ကြီးလို့ ဖြစ်တာမဟုတ်ပဲ ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ အရာတစ်ခုခုက မှားယွင်းလို့ဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။ နောက်တစ်မျိုးပြောရရင် သူဟာ ကုသဖို့လိုအပ်တဲ့ အခြေခံ ရှိနေတဲ့ ရောဂါတွေကို မီးမောင်းထိုး ပြနေတာဖြစ်ပါတယ်။ ကိုယ်တိုင် ကုသမှုမပြုခင်မှာ ဆရာဝန်ကို သွားရောက်တိုင်ပင်သင့်ပြီး လိင်တံထောင်မတ်မှုကို သက်ရောက်မှုရှိတဲ့ ပြဿနာတွေ ရှိသလားဆိုတာ ရှာဖွေစစ်ဆေးသင့်ပါတယ်။ သင့်မှာ သွေးတွင်းသကြားဓါတ်များနေရင်၊ ကိုလက်စထရော များနေရင်၊ သွေးပေါင်တက်နေရင် ဒီရောဂါတွေဟာ လိင်တံထောင်မတ်မှုကို အခက်အခဲ ဖြစ်စေပါတယ်။ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေဟာလည်း လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတတ်တဲ့ အကြောင်းရင်းနှစ်ခု ဖြစ်ပါတယ်။
၂။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပြီး ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းပါ။
လေ့ကျင့်ခန်းလုပ်ခြင်းကို မမေ့သင့်ပါဘူး။ သူဟာ သင့်ကျန်းမာရေးကို တိုးတက်စေပြီး ကိုယ်အလေးချိန်ထိန်းဖို့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ လှုပ်ရှားမှုတွေ ဖြစ်တဲ့ အားကစားရုံကို သွားခြင်း၊ ယောဂ လေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်း၊ ရေကူးခြင်း၊ တိုက်ကွမ်ဒို ကစားခြင်း၊ စက်ဘီးစီးခြင်း အစရှိတဲ့ ကိုယ်ခန္ဓါကို ကျန်းမာစေပြီး စိတ်ကြည်လင်စေတဲ့ အရာတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို အနည်းဆုံး တစ်ပတ်ကို လေးကြိမ်၊ တစ်ခါလုပ်ရင် နာရီဝက်ခန့် ပြုလုပ်သင့်ပါတယ်။ ဟားဗတ် က ပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုအရ ကိုယ်လက်လှုပ်ရှားမှု မလုပ်တဲ့ အမျိုးသားတွေဟာ လိင်တံထောင်မတ်မှု ဆိုင်ရာ ပန်းသေပန်းညှိုး ပြဿနာတွေကို ၄၁ ရာခိုင်နှုန်း ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ထိန်းပေးဖို့လဲ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်သင့်ပါတယ်။ တကယ်တော့ အဝလွန်ခြင်းဟာ လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာတွေ ဖြစ်နှုန်းကိုမြင့် စေပါတယ်။ ကိုယ်ခန္ဓါ ကျန်းမာအောင် ပြုလုပ်တဲ့ ဖြစ်စဉ်ကို မြန်မြန်ဆန်ဆန် ဖြစ်စေဖို့ ကျန်းမာရေးနဲ့ ညီမျှတဲ့ အစားအသောက်ကို စားသောက်သင့်ပါတယ်။ အစားအသောက်မှာ အသီးအရွက် အမြောက်အမြား၊ လုံလောက်တဲ့ ပရိုတင်းပမာဏနဲ့ ကျန်းမာတဲ့ အဆီတွေ ပါဝင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။