အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီးတော့ သုက်လွှတ်ခြင်းကို နှောင့်နှေးစေပါတယ်။ ဒီနည်းတွေမှာ လိင်မဆက်ဆံခင် တစ်နာရီ၊ နှစ်နာရီလောက် ကြိုပြီး ဆန္ဒဖြေဖျောက်ခြင်း၊ လိင်ဆက်ဆံမှုကို အချိန်တစ်ခုထိ ရှောင်ရှားခြင်း၊ အခြား လိင်ဆက်ဆက်မှုနဲ့ ဆိုင်နဲ့ ပုံစံတွေကို အာရုံစူးစိုက်ခြင်းတွေ ပါဝင်ပါတယ်။
ရပ်လိုက်၊ ညှစ်လိုက် လုပ်တဲ့နည်းဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းအတွက် အခြားနည်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းမှာ လိင်ဆက်ဆံဖက်ဟာ အဓိကကျပြီးတော့ အမျိုးသားဟာ သုက်လွှတ်ခါနီးပြီဆိုရင် လိင်တံရဲ့အဆုံးကို ညှစ်ပေးထားရမှာပါ။ လိင်ဆက်ဆံဖက်ဟာ ဒါကို စက္ကန့်အနည်းငယ်ကြာအောင် လုပ်ပြီးတော့ သုက်လွှတ်ချင်တဲ့ ဆန္ဒပျောက်ကွယ်သွားအောင် စောင့်ရမှာပါ။ အမျိုးသားဟာ ထိုးသွင်းလိင်ဆက်ဆံစဉ်မှာ သုက်လွှတ်ခြင်းကို မထိန်းချုပ်နိုင်မချင်း လိင်ဆက်ဆံဖက်ကို ဒီလို ပြန်လည်ပြုလုပ်ဖို့ ပြောဆိုနိုင်ပါတယ်။
တိုင်ပင်ဆွေးနွေးခြင်း
အခြားစိတ်ရောဂါ ပြဿနာတွေ ဖြစ်တဲ့ စိဖိစီးမှု များခြင်း၊ စိတ်ကျခြင်း၊ စိတ်ပူခြင်းတွေဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ အချိန်မတိုင်ပဲ သုက်လွှတ်တဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ လိင်ဆက်ဆံဘက်နဲ့ ဆက်သွယ်မှု ပျောက်ဆုံးသလိုဖြစ်ပြီး စိတ်တိုလာတာတွေ၊ ရှက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တွေ့ဆုံဆွေးနွေးပေးတဲ့ ပညာရှင်နဲ့ ဒီပြဿနာတွေအကြောင်းကို ဆွေးနွေးပါ။ ဆွေးနွေးပြီးရင်တော့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လာပါ လိမ့်မယ်။
အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းကို နည်းတစ်မျိုးတည်းနဲ့ ဖြစ်စေ၊ ပေါင်းစပ်ကုသဖို့ ဖြစ်စေ အချိန်လိုတတ်ပါတယ်။ ကုသမှုသာ ခံယူရင် အချိန်နဲ့ အမျှ ပြန်ကောင်းလာနိုင်တာကြောင့် စိတ်ပူဖို့ မလိုပါဘူး။ များသောအားဖြင့် အပြုအမူပိုင်းဆိုင်ရာ နည်းလမ်းနဲ့ ဆေးတွေကို ပေါင်းစပ်အသုံးပြုခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။