လိင်တံ ဘာလို့ယားယံနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
Share now

လူကြားသူကြားထဲမှာ လိင်တံယားကျိကျိဖြစ်နေရင် အတော်လေးနေရထိုင်ရခက်မှာ အသေချာပါပဲ။ ဘာလို့ လိင်တံယားနေရသလဲ၊ သက်သာအောင် ဘာတွေလုပ်နိုင်မလဲဆိုတာသိဖို့ ပြောပြပါ့မယ်။

လိင်တံယားယံတာက အတော်လေးအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ကံကောင်းတာက ယားယံမှုဖြစ်စေတဲ့ အကြောင်းရင်းအတော်များများက တအားကြီးစိုးရိမ်စရာ မလိုအပ်ပါဘူး။ များသောအားဖြင့် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့ ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါဆို လိင်တံယားယံမှုဖြစ်စေတဲ့ အကြောင်းရင်းတွေကို သေချာလေ့လာကြည့်ရအောင်ပါ။

လိင်မှုတစ်ဆင့်ကူးစက်တဲ့ရောဂါများ

ရောဂါရှိသူနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိရာကနေ ကူးစက်တဲ့ရောဂါတွေကြောင့် လိင်တံယားယံနိုင်ပါတယ်။ လိင်အင်္ဂါရေယုန်၊ ကာလသားရောဂါ၊ ဆီးပူညောင်းကျ (ဒါမှမဟုတ်) ဂနိုရောဂါ၊ ခုခံအားကျဆင်းမှု ရောဂါနဲ့ လိင်အင်္ဂါကြွက်နို့တွေ ကူးစက်ခံရရင် လိင်တံယားယံနိုင်ပါတယ်။ ဒါ့အပြင်လိင်တံမှာ အနာတွေ၊ အဖုတွေပေါက်တာ၊ နီရဲရောင်ရမ်းတာတွေလည်း ခံစားရနိုင်ပါတယ်။

ဓာတ်မတည့်ခြင်း

သုံးစွဲတဲ့ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာရည်၊ လိုးရှင်းစတာတွေထဲမှာ ပါဝင်တဲ့ ဓာတုဓာတ်တချို့နဲ့ ဓာတ်မတည့်ရင်လည်း လိင်တံယားယံနိုင်ပါတယ်။ လိင်တံအရေပြားက ခန္ဓာကိုယ်က တခြားအရေပြားတွေထက် ပိုပြီးနူးညံ့တဲ့အတွက် ဒီလိုယားယံမှုတွေ ပိုဖြစ်နိုင်တာကို သိထားသင့်ပါတယ်။ နောက်ပြီး latex (ရာဘာစေး) နဲ့ ဓာတ်မတည့် သူဆိုရင် latex ကွန်ဒုံးတွေအသုံးပြုချိန်မှာ လိင်တံယားယံနိုင်ပါတယ်။

မှိုစွဲခြင်း

လိင်အင်္ဂါကို ကူးစက်နိုင်တဲ့ မှိုရောဂါတွေအများကြီးရှိပြီး Candida albicans လို့ခေါ်တဲ့ မှိုရောဂါကတော့ အဖြစ်အများဆုံးပါ။ မှိုစွဲတာကြောင့် လိင်တံတစ်ချောင်းလုံး နေမထိထိုင်မသာဖြစ်အောင် ယားယံပြီး အနီရောင်အစက်တွေလည်း ထွက်ပေါ်လာတတ်ပါတယ်။ တချို့တွေမှာဆိုရင် လိင်တံကပူစပ်ပြီး အဖြူရောင်အကွက်တွေလည်း ပေါ်လာတာကိုတွေ့ရပါတယ်။ ကံကောင်းတဲ့အချက်က မှိုရောဂါအများစုကို သောက်ဆေးနဲ့ကုသနိုင်ပါတယ်။

လိင်တံထိပ်ဖူးအရေပြား ရောင်ရမ်းနေခြင်း

လိင်တံထိပ်ဖူးကို ဖုံးအုပ်ပေးထားတဲ့ အရေပြားကို foreskin လို့ခေါ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းပြီး လိင်တံကို မှန်မှန်မဆေးကြောခဲ့ရင်၊ ဓာတ်မတည့်တာတစ်ခုခု သုံးစွဲမိခဲ့ရင်၊ အရေပြားပြဿနာတစ်ခုခုခံစား နေရရင် (ဒါမှမဟုတ်) ဆီးချိုရောဂါလို နာတာရှည်ရောဂါတစ်ခုခု ရှိနေခဲ့ရင် လိင်တံထိပ်အရေပြား ရောင်ရမ်းတတ် ပါတယ်။ အရေပြားရောင်ရမ်းတာနဲ့အတူ လိင်တံယားယံခြင်း၊ ဖူးရောင်ခြင်း၊ နာကျင်ခြင်း၊ အနံ့နံတဲ့အရည်များ ဆင်းခြင်း စတဲ့လက္ခဏာတွေပါ ခံစားရတတ်ပါတယ်။

အရေပြားပြဿနာများ ခံစားရခြင်း

မွေးရာပါကိုယ်ခံအားနဲ့ဆိုင်တဲ့ psoriasis အရေပြားပြဿနာကြောင့် လိင်တံမှာ အနီကွက်ထွက်လာခြင်း၊ လိင်တံအရေပြား မာကျောကြွပ်ဆတ်လာခြင်း၊ ယားယံခြင်းတွေ ခံစားရနိုင်ပါတယ်။ psoriasis အရေပြားရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတာ အခုချိန်ထိ တိတိကျကျမသိရသေးပါဘူး။

နှင်းခူရောဂါက ခန္ဓာကိုယ်ရဲ့ ဘယ်အရေပြားမှာမဆို ဖြစ်နိုင်ပါတယ်။ လိင်တံအရေပြားလည်းအပါအဝင်ပေ့ါ။ နှင်းခူကြောင့် အရေပြားယားယံခြင်း၊နီရဲခြင်း၊ အရေပြားလန်ခြင်းတွေ ခံစားရနိုင်ပါတယ်။

လိင်တံမှာလည်းဝဲပေါက်ပါတယ်။ ဝဲပေါက်စေတဲ့ အကောင်သေးသေးလေးတွေကို ပိုးလှေးလို့ခေါ်ပြီး ဒီအကောင် လေးတွေက အရေပြားအောက်ကိုတူးဝင်ပြီးဥဥချကြပါတယ်။ လိင်တံနဲ့ကပ္ပါယ်အိတ်လို နေရာတွေက စိုစွတ်မှု များပြီး အမွှေးအမျှင်လည်းရှိတဲ့အတွက် ပိုးလှေးတွေသဘောကျတဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းတဲ့သူတွေဆို လိင်အင်္ဂါမှာဝဲပေါက်နိုင်တာကို သတိပြုပါ။ မကုတ်ရ မနေနိုင်အောင်ယားယံ နေပြီဆို ဝဲပေါက်နေတာဖြစ်နိုင်ပါတယ်။

လိင်တံယားယံရတဲ့ပြဿနာအမျိုးမျိုးကို အထိုက်အလျောက်သက်သာအောင် လုပ်လို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင်

တစ်ကိုယ်ရည်သန့်ရှင်းရေးကိုသေချာပြုလုပ်ပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်းရင် အရေပြားပြဿနာ အတော်များများ တစ်ချိန်မဟုတ်တစ်ချိန်ဖြစ်မှာပါပဲ။ လိင်အင်္ဂါတဝိုက်ကို ရေချိုးတိုင်း ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောပါ။ လိင်တံထိပ်အရေပြားအတွင်းဖက်ကိုပါ သေချာဆေးကြောပေးပါ။ အသုံးပြုတဲ့ဆပ်ပြာ၊ အမွှေးနံ့သာတွေကိုလည်း တအားမမွှေးလွန်းတဲ့ အမျိုးအစားတွေကိုသုံးစွဲပါ။ ရေချိုးပြီးတိုင်း အရေပြားကိုသေချာ ခြောက်သွေ့အောင်သုတ်ဖို့ မမေ့ပါနဲ့

ရေခဲအိတ်ကပ်ပေးခြင်းက ယားယံမှုလုံးဝမပျောက်ရင်တောင် အထိုက်အလျောက်တော့ သက်သာစေပါတယ်။ ရေခဲတုံးကို အရေပြားပေါ် တိုက်ရိုက်မတင်ပါနဲ့၊ အဝတ်တစ်ခုခုနဲ့ထုပ်ပြီးမှ ကပ်ပေးပါ

အုန်းဆီက အရေပြားခြောက်သွေ့ယားယံခြင်းကို အတိုင်းအတာတစ်ခုထိ သက်သာစေတဲ့အတွက် ရံဖန်ရံခါ လိမ်းပေးနိုင်ပါတယ်

– မှိုစွဲခြင်းကြောင့် လိင်တံယားယံမှုကို အိမ်သုံးမုန့်ဖုတ်ဆော်ဒါသုံးပြီး သက်သာအောင်လုပ်နိုင်ပါတယ်။ ဆော်ဒါမှုန့်ကို ရေနွေးနည်းနည်းနဲ့ရောပြီး ရလာတဲ့အနှစ်ကို လိင်တံမှာလိမ်းကျံပါ။ မိနစ်အနည်းငယ်ထားပြီး ရေနဲ့ဆေးကြောလိုက်ပါ

လိင်တံယားယံမှုတိုင်းကို ကိုယ့်အိမ်မှာတင် ကုသလို့မရတာတော့ သိစေချင်ပါတယ်။ လိင်ကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကြောင့် လိင်တံယားယံတတ်ကြောင်း ပြောပြီးပါပြီ။ လိင်ဆက်ဆံမှုကနေ ရောဂါကူးစက်ခံ ရတယ်လို့ သံသယရှိရင် ကိုယ့်ဖာသာ ကြိတ်ကုဖို့ ယောင်လို့တောင်မစဉ်းစားပါနဲ့။ ဆရာဝန်နဲ့ ပြသဖို့ လိုကိုလိုအပ် ပါတယ်။ ရောဂါလုံးဝမပျောက်မချင်း လိင်ဆက်ဆံမှုကို လုံးဝရှောင်ရှားပြီး တခြားသူကို ရောဂါမကူးစက်အောင် ကာကွယ်ပါ။ တကယ်လို့ ကိုယ့်လိင်တံယားယံနေရတဲ့အကြောင်းရင်းကို သေချာမသိရင်လည်း ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ကုသမှုခံယူတာသာ အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။

Dr. Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မျိုးဗီဇ မှားယွင်းတာ (သို့မဟုတ်) သန္ဓေ​ပြောင်းတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

မှတ်ဉာဏ်က မျက်စိမှိတ်ထားချိန်မှာတောင် စိတ်ကူးထဲမှာ ပုံရိပ်တွေပေါ်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ဒီလိုလုပ်ဆောင်နိုင်စွမ်း မရှိကြပါဘူး။

ရေးသားသူ Ye Zon Aung

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

တင်ပါးဆုံဆိုတာက  ဝမ်းဗိုက်အောက်ဘက်နားမှာရှိတဲ့ ဇလုံလို ခပ်ခွက်ခွက် အစိတ်အပိုင်းပါ။ ကျောရိုးကို ထောက်ကန်ပေးထားပြီး အတွင်းအင်္ဂါကို ကာကွယ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား………

ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 2, 2021 . 2 mins read
blurry-vision-causes အမြင်မကြည်

အမြင်မကြည် ရသည့် အကြောင်းတရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 4, 2021 . 3 mins read