မိခင်က COVID_19 ကူးစက်ခံထားရရင် ခွဲမွေးဖို့လိုမလား………….
မလိုပါဘူး။ WHO က ခွဲမွေးတယ်ဆိုတာက မွေးဖွားဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာမှ လိုအပ်မှာပါ။ မိခင်က ရောဂါပိုး ကူးစက်ခံထားရတယ်ဆိုရင်တောင် ရိုးရိုးမွေးဖွားနိုင်မယ်ဆိုရင် မွေးဖွားလို့ရပါတယ်။ လိုအပ်မယ်ဆိုရင် ဆရာဝန်က ခွဲမွေးဖို့ ညွှန်ကြားပါလိမ့်မယ်။
မိခင်က COVID_19 ကူးစက်ခံထားရရင် ကလေးကို နို့တိုက်လို့ရပါ့မလား………
ရပါတယ်။ မိခင်က COVID_19 ကူးစက်ခံထားရပေမယ့် ဆန္ဒရှိရင် ကလေးကို နို့တိုက်လို့ရပါတယ်။ ဒါပေမယ့်
- နို့ချိုတိုက်ကျွေးနေတဲ့အခါ နှာခေါင်းစည်း တပ်ဆင်ရပါမယ်
- ကလေးကို မချီခင် လက်ကို သေချာစင်ကြယ်စွာ ဆေးကြောရပါမယ်
- မကြာခဏဆိုသလို ကိုင်တွယ်ထိတွေ့တဲ့အရာတိုင်းကို ပိုးသတ် သန့်စင်ရပါမယ်။
မိခင်က COVID_19 ကူးစက်ခံထားရရင် ကလေးကို ချီလို့ရပါ့မလား………..
ရပါတယ်။ ဒါပေမယ့် ကလေးကို ရောဂါပိုး မကူးစက်စေဖို့အတွက်ဆိုရင် မေမေအနေနဲ့
- နို့ချိုတိုက်ကျွေးနေတဲ့အခါ နှာခေါင်းစည်းတပ်ဆင်ရပါမယ်
- ကလေးကို မချီခင် လက်ကို သေချာစင်ကြယ်စွာ ဆေးကြောရပါမယ်
- မကြာခဏဆိုသလို ကိုင်တွယ်ထိတွေ့တဲ့အရာတိုင်းကို ပိုးသတ် သန့်စင်ရပါမယ်
- နှာချေ၊ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တစ်သျှူးစနဲ့သေချာ အုပ်ပြီး၊ တစ်သျှူးစကို အမှိုက်ပုံးထဲ စွန့်ပစ်ပါ။ လက်ကို သေချာ စင်ကြယ်စွာ ဆေးကြောပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။