လွန်ခဲ့တဲ့ ၄ လ နီးပါးကာလတွေကတည်းက စတင်လာခဲ့တဲ့ COVID-19 ကူးစက်ရောဂါဟာ လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးကို ထိခိုက်မှုတွေဖြစ်လာစေနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်ခံထားရသူတွေ စတင်တွေ့ရှိနေရပြီဖြစ်ပြီးတော့ သံသယလူနာလည်း ရာရှိနေပါပြီ။
လွန်ခဲ့တဲ့ ၄ လ နီးပါးကာလတွေကတည်းက စတင်လာခဲ့တဲ့ COVID-19 ကူးစက်ရောဂါဟာ လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးကို ထိခိုက်မှုတွေဖြစ်လာစေနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်ခံထားရသူတွေ စတင်တွေ့ရှိနေရပြီဖြစ်ပြီးတော့ သံသယလူနာလည်း ရာရှိနေပါပြီ။
ဒီရောဂါဆိုးကြီး နိုင်ငံအများအပြားဆီ ကူးစက်မှုစတင်လာချိန်ကတည်းက ထူးခြားချက်အနေနဲ့ ရောဂါကြောင့် ထိခိုက်မှုမှာ သက်ကြီးရွယ်အိုတွေ ပိုမိုထိခိုက်ခံစားကြရကြောင်း သက်သေအထောက်အထားတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အသက်အရွယ်အလိုက် ထိခိုက်မှုတွေမှာ အသက် ၃၅ နှစ်အောက် လူတွေမှာ သေဆုံးနိုင်ချေက ဝ.၂% နီးပါးသာရှိပြီးတော့ အသက် ၄၀ – ၈၀ ကြား မှာ ရောဂါကူးစက်နိုင်ခြေအများဆုံးဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၇၀-၇၉ သက်ကြီးရွယ်အိုတွေ ရောဂါကူးစက်ခံရမယ်ဆိုရင် သေဆုံးနိုင်ချေ ၈% အထိရှိပြီးတော့ အသက် ၈၀ နဲ့အထက် အရွယ်မှာဆိုရင်တော့ သေဆုံးနိုင်ချေ ၁၄.၈% အထိ ရှိပါတယ်။
ဒါကြောင့် အိမ်မှာ သက်ကြီးရွယ်အိုရှိသူတိုင်းဟာ မိမိတို့ရဲ့ မိဘဘိုးဘွားတွေ ရောဂါကူးစက်ခံရမှာကို အထူးစိုးရိမ်နေကြတာဖြစ်ပါတယ်။
နေအိမ်တိုင်း မိသားစုတိုင်းမှာ လူကြီးသူမ၊ သက်ကြီးရွယ်အိုတွေ ရှိချင်မှ ရှိမှာပါ။ ရှိနေမယ်ဆိုရင်တော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ခုချိန်မှာက လူကြီးတွေကို ပိုထိခိုက်စေနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ပိုမိုပေါ်ထွက်လာနေတာကြောင့် ဖြစ်ပါတယ်။
အဓိကကတော့ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကျန်းမာနေစေဖို့ပါပဲ။ နေအိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဖယ်မထားပဲ မိသားစုကိစ္စတွေမှာ ပါဝင်စေပြီး သူတို့ အထီးမကျန်နေအောင် ထားပေးဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ဟာ စိတ်ပင်ပန်းမှုဒါဏ်ကို အများဆုံး ခံနေရသူတွေမို့ ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုတွေအတွက် စိတ်ပင်ပန်းမှုဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ သိသိသာသာ ထိခိုက်စေနိုင်တယ်မဟုတ်လား။ နောက်ပြီး အောက်ပါနည်းလမ်းတွေနဲ့လည်း သူတို့ကို ကာကွယ်မှုပေးနိုင်ပါတယ်။
ဒါ့အပြင် နာတာရှည်ဝေဒနာခံစားနေရတဲ့ လူကြီးတွေ အိမ်မှာရှိနေမယ်ဆိုရင် –
သက်ကြီးရွယ်အိုတွေရှိတိုင်း ရောဂါကူးစက်နိုင်တာမဟုတ်သလို၊ သက်ကြီးရွယ်အိုတွေ ကူးစက်ခံရတိုင်း သေဆုံးဖို့ နီးစပ်တယ်လို့လည်း တထစ်ချယုံကြည်ထားလို့မရတာကို နားလည်ထားစေချင်ပါတယ်။
သက်ကြီးရွယ်အိုတွေဟာ ဒီရောဂါကြောင့် ထိခိုက်နိုင်ခြေမြင့်ပေမယ့် နဂိုမူလ နာတာရှည်ရောဂါအခံ တစ်စုံတစ်ရာမရှိရင် ပြန်လည်သက်သာနိုင်ခြေ အခွင့်အလမ်းရှိတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။ သက်ကြီးရွယ်အိုတွေ ထိခိုက်မှုမြင့်မားတာဟာ ကိုယ်ခံအားစနစ် အားနည်းတာနဲ့ နာတာရှည်ရောဂါအခံရှိနေတာတွေကြောင့်သာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုပြဿနာတွေရင်ဆိုင်နေရတဲ့ သက်ကြီးရွယ်အိုတွေ မိမိတို့မိသားစုထဲမှာ ရှိနေရင်တောင်မှ ကြိုတင်ကာကွယ်မှုတွေ စနစ်တကျပြုလုပ်ထားနိုင်မယ်ဆိုရင် လူကြီးမိဘတွေသာမက မိမိတို့ရဲ့ မိသားစုတွေနဲ့ မိမိတို့ရဲ့ လူအဖွဲ့အစည်းကို ရောဂါကူးစက်မှုဘေးကနေ ကင်းဝေးနိုင်ပါတယ်။
လူစုလူဝေး၊ လူစိမ်းတွေနဲ့ ထိတွေ့မှုရှောင်တာမျိုး၊ တတ်နိုင်သမျှ အိမ်ပြင်မထွက်စေတာမျိုး၊ မိသားစုဝင်တွေအကြား Social Distancing အနေနဲ့ နေထိုင်တာမျိုးတွေက သူတို့တွေထံ ရောဂါကူးစက်မလာဖို့ အလွန်အထောက်အကူပြုမှာဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်ခံအားစနစ် ကောင်းမွန်အောင် အာဟာရပြည့်ဝစွာ ကျွေးမွေးတာမျိုးလည်း ဂရုတစိုက်ပြုလုပ်ပေးနိုင်မယ်ဆိုရင် လူကြီးတွေကိုလည်း ရောဂါကပ်ဘေးကနေ ကင်းဝေးအောင် ကာကွယ်ပေးထားနိုင်မှာဖြစ်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။