Covid-19 နဲ့ အခုထိ အဖြေမထွက်တဲ့ အရေးအကြီးဆုံး မေးခွန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဒီရောဂါပိုးက နောက်တကျော့ပြန်ဖြစ်နိုင်လား…….. ရာသီအလိုက်ဖြစ်နိုင်လား…….. ရောဂါကို ဘယ်လို ပျံ့နှံ့တာလဲ…. ဆိုတာတွေက အခုချိန်ထိ သုတေသီတွေရဲ့ စိတ်ထဲမှာ သေသေချာချာ အဖြေမထုတ်နိုင်သေးတဲ့ မေးခွန်းတွေပေါ့။

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ဒီပြဿနာက အခုလောက်ကြီးမားလာမယ်လို့ မထင်ခဲ့ရပါဘူး။ ဒီ Covid-19 က ကမ္ဘာ့ကပ်ရောဂါအသွင်ပြောင်းလာမယ်လို့လည်း ဘယ်သူမှ ထင်မှတ်မထားပါဘူး။

ဒါပေမယ့် ဒီရောဂါပိုးတွေ စဖြစ်လာကတည်းက သုတေသီတွေဟာ ရောဂါပိုးကို လေ့လာခဲ့သလို ကုသနိုင်မယ့် နည်းလမ်း တွေကို အခါမလပ်စဉ်းစားဖော်ထုတ်ခဲ့ကြတာပါ။ ကာကွယ်ဆေးထုတ်ဖို့ စတင်ပြီး မနားမနေအားထုတ်ခဲ့ကြပေမယ့် ဒီရောဂါပိုးဟာ လူတစ်ယောက်ကနေ တစ်ယောက်စီကို ကူးစက်ရင်း ထိန်းချုပ်ဖို့ ပိုမိုခက်ခဲလာတဲ့ အနေအထားကို ရောက်ရှိ လာခဲ့တာမျိုးတွေတောင် ရှိနေပါတယ်။

ဒီလိုနဲ့ ရောဂါ မကူးစက်အောင် ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းအနေနဲ့ ရှာဖွေ တွေ့ရှိခဲ့ပြီး အမရိကန် ပြည်ထောင်စု နဲ့ ကမ္ဘာတလွှားက နိုင်ငံတွေမှာ အသုံးပြုနေတဲ့ နည်းလမ်းကတော့ လူတွေတစ်ဦးနဲ့တစ်ဦး ၃ ပေထက်မနည်း ကွာဝေးအောင် နေကြတဲ့ နည်းလမ်းပါ။

ဒီရောဂါကြောင့် လူအများအပြား ထိခိုက်မှု ခံစားနေရပေမယ့် အခုချိန်ထိ ဒီရောဂါက ဘယ်လိုတွေ ပျံ့နှံ့ကူးစက်နေသလဲ ဆိုတာကို တိတိကျကျအဖြေမထုတ်နိုင်သေးပါဘူး။ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး အဖြေမထုတ်နိုင်သေးတဲ့ မေးခွန်းတွေကလည်း အများကြီးပါ။ ဘာကများ ဒီရောဂါပိုးကို စတင်ခဲ့စေတာလဲ။ ဘယ်လိုနည်းလမ်းနဲ့ ဒီရောဂါပိုးကို ရပ်တန့်စေရမလဲ။

အခုချိန်ထိ ပြောနိုင်တာ တစ်ခုကတော့ ရောဂါပိုး ပျံ့နှံ့တာကို ကာကွယ်ဖို့အတွက် တစ်နှစ် ဒါမှမဟုတ် ဒီထက်ပိုများတဲ့ ကာလတစ်ခု အထိ လူတွေ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရနိုင်တယ်ဆိုတာပါ။ အချက်အလက်တွေ လုံလောက်အောင် သိရှိထားတာမျိုး မရှိတဲ့ အခြေအနေမျိုးမှာ အကောင်းဆုံးဖြစ်မယ်ထင်ရတဲ့ နည်းလမ်းတွေကို အကောင်းဆုံး လုပ်ဆောင်ဖို့ပါ။ ဒါပေမယ့် သေချာတာ တစ်ခုက ဒီရောဂါပိုးက ပြင်းထန်တယ်ဆိုပေမယ့် လူတွေ ပြောနေသလောက်ထိ ပြင်းထန်တာမျိုး မရှိတာတော့ အမှန်ပါ။

သတိပေးချင်တာ တစ်ခုကတော့ မရေရာမှုတွေများနေတဲ့ ကြားထဲမှာ ဖြစ်သလို မနေလိုက်ဖို့ပါ။ ထိရောက်မှုရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ နည်းလမ်းတွေကို အကောင်းဆုံး လုပ်ဆောင်ဖို့ပါ။

အခုချိန်ထိ ရေရေရာရာ အဖြေမထွက်သေးတဲ့ Covid-19 နဲ့ ပတ်သက်တဲ့ မေးခွန်းတွေက ဘာတွေများလဲ………..

ရောဂါပိုး စတင်ဖြစ်ပွားချိန်ကနေ အခုချိန်ထိရေရေရာရာ အဖြေမထွက်သေးတဲ မေးခွန်းတွေရှိနေပါတယ်။ ဒီမေးခွန်းတွေကို အဖြေထုတ်နိုင်ပြီဆိုရင် ဖြစ်ပွားမှုဖြစ်စဉ်ကို သိရှိရမှာဖြစ်သလို ဘယ်လို ကာကွယ်ရမလဲဆိုတာနဲ့ ကုသမှု နည်းလမ်းတွေကိုပါ အဖြေထုတ်နိုင်မှာပါ။

(၁) Covid-19 ဘယ်လို ပျံ့နှံ့တာလဲ…………

စတင်ဖြစ်ပွားချိန်ကနေ အခုချိန်ထိ လူပေါင်း ၂၂၂၀၀၀ ကျော်ကို ကူးစက်ခဲ့တဲ့ Covid-19 ကိုဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်ကို SARS-CoV-2 လို့ သိထားပါတယ်။ အခုချိန်ထိ ဒီရောဂါပိုးကြောင့် လူ ၉၀၀၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါက အတည်ပြုနိုင်တဲ့ အရေအတွက်သာဖြစ်ပြီး ဒီထက်ပိုများနေနိုင်ပါတယ်။

ဘယ်လိုများ မြန်မြန်ဆန်ဆန် ကူးစက်နိုင်လဲ……..

အခုလိုမျိုး ရောဂါပိုးတွေ မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့နေရတာဟာ ရောဂါပိုးရှိသူ ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေရာကနေ ထွက်ကျလာတဲ့ တံတွေး နဲ့ ချွဲအစအနတွေကြောင့်ပါ။ ဒီလိုကနေ ရောဂါပိုးတွေက လူတစ်ဦးကနေတစ်ဦးစီကို ကူးစက်သွားတာပါ။

အခုထိတော့ ဒီနည်း အပြင် အခြား ဘယ်နည်းလမ်းတွေနဲ့ ကူးစက်နိုင်လဲဆိုတာကို သေသေချာချာမသိရသေးပါဘူး။ နောက်ဖြစ်နိုင်တာတစ်ခုက အညစ်အကြေးတွေကနေတဆင့်လည်း ဒီရောဂါပိုး ကူးစက်နိုင်တယ် ဆိုတာပါ။ ဒါကြောင့် ညစ်ပေတာတွေကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့၊ အပြင်က ပြန်လာတိုင်း၊ အစားအစာတွေကို မကိုယ်တွယ်ခင်နဲ့ မကြာမကြာ ဆိုသလို လက်တွေကို ဆေးကြဖို့ ညွှန်ကြားနေကြတာပါ။

အခုထိ မရေရာသေးတဲ့ နည်းလမ်းတစ်ခုက ဒီရောဂါပိုးဟာ ရောဂါပိုးရှိသူ တစ်ယောက်က ချောင်းဆိုးပြီးတိုင်း နှာချေပြီးတိုင်း လူ့ခန္ဓာကိုယ်မှာ ဘယ်လောက်ထိ ကြာကြာ အသက်ရှင်နိုင်လဲ ဆိုတာကိုပါ။

ကံကောင်းတာတစ်ခုက ဒီရောဂါပိုးဟာ လေထဲကနေတဆင့် ကူးစက်တာမဟုတ်တာကြောင့် အရမ်းကြီး ကူးစက်မြန်တာမျိုး မဖြစ်နိုင်ဘူးဆိုတာပါ။ နာရီပိုင်းထက်ပိုပြီး အသက်ရှင်နိုင်ခြေကတော့ တော်တော်လေးနည်းပါတယ်။ ဒီလိုဆိုတာနဲ့ ဗိုင်းရပ်စ်က လေထုထဲမှာ ရှင်သန်နေနိုင်တာမျိုး မရှိဘူးလို့ မဆိုလိုပါဘူး။
ဒီရောဂါပိုး ကူးစက်ပုံကို အခုချိန်ထိ အတိအကျပြောဖို့ကတော့ ခက်ခဲနေဆဲပါ။

ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ ၃ ရပ်ကတော့ droplets (ရောဂါပိုးရှိသူ ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေရာကနေ ထွက်ကျလာတဲ့ တံတွေး နဲ့ ချွဲအစအနတွေ)၊ လေထဲကနေတဆင့် နဲ့ အညစ်အကြေးတွေကနေပါ။ ဘယ်အခြေအနေက ကူးစက်နိုင်ခြေ အများဆုံးဖြစ်ပြီး ဘယ်အခြေအနေက ကူးစက်နိုင်ခြေ အနည်းဆုံးလဲဆိုတာကို ပြောပြဖို့ခက်မှာပါ။

သတင်းကောင်းတစ်ခုက ရောဂါပိုးဟာ အရာဝတ္ထုတွေအပေါ်မှာ ဘယ်လောက်ကြာကြာ ရှင်သန်နေထိုင်နိုင်လဲဆိုတာကို အဖြေထုတ်ရှာဖွေနေတဲ့ ကိစ္စပါ။ နောက်ဆုံး ထွက်ရှိလာတဲ့ အဖြေက ရောဂါပိုးဟာ ပလပ်စတစ်နဲ့ စတီးတွေပေါ်မှာ ၃ ရက်၊ ကတ္တူပြားပေါ်မှာ ၁ ရက်၊ကော့ပါးပေါ်မှာတော့ တစ်ရက် မပြည့်တဲ့ ကာလလောက်ရှင်သန်နေနိုင်တယ်ဆိုတာပါ။ ဒီလို သိရှိမှုက ရောဂါပိုးတွေကို သန့်စင်တိုက်ဖျက်ဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။

CDC နဲ့ WHO က ထောက်ခံအကြံပြုထားတဲ့ ရောဂါကာကွယ်မှုဆိုင်ရာ အခြေခံနည်းလမ်းတွေက

• လက်ကို စက္ကန့် ၂၀ ကြာ ဆေးကြောပါ
• ချောင်းဆိုး၊ နှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို တစ်သျှူးနဲ့ အုပ်ပါ။ ပြီးရင်တစ်ခါတည်း အမှိုက်ပုံးထဲ ပစ်ပါ။
• ကိုင်တွယ်ထိတွေ့နေရတဲ့ အရာဝတ္ထုတွေ မျက်နှာပြင်တွေကို မကြာခဏဆိုသလို ပိုးသတ်သန့်စင်ပါ။
• ဖျားနေတဲ့အခါ အိမ်မှာပဲနေပါ
• အဖျားတက်တာ၊ ချောင်းခြောက်ဆိုးတာလိုမျိုး ရောဂါလက္ခဏာတွေ တွေ့ရမယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆက်သွယ်ပါ
• မျက်နှာကို လက်နဲ့မထိပါနဲ့
အဖျားရှိမယ် ချောင်းဆိုးနေမယ်ဆိုရင်ခရီးမသွားပါနဲ့
နှာခေါင်းစည်းတပ်ပါ
• ညွှန်ကြားချက်တွေကိ ပြောင်းလဲတာမျိုး ရှိနိုင်တာကြောင့် အချိန်တိုင်းမှာ ထုတ်ပြန်ချက်တွေကို နားထောင်ပါ။ လိုက်နာလုပ်ဆောင်ပါ။

(၂) ရောဂါပိုးက တကျော့ပြန် ပြန်ကူးစက်နိုင်လား……. ကူးစက်နိုင်တယ်ဆိုရင် ဘယ်လောက်ကြာရင် ပြန်ကူးစက်မှာလဲ….

နောက်ထပ် သိချင်ပေမယ့် အဖြေမထွက်တဲ့ မေးခွန်းတစ်ခုက Covid-19 ကူးစက်ခံရပြီး နေပြန်ကောင်းသွားတဲ့သူတွေမှာ နောက်တစ်ကြိမ်ရောဂါပိုး ကူးစက်နိုင်လားဆိုတာပါ။ ဂျပန် နဲ့ တရုတ်နိုင်ငံတို့မှာ ရောဂါကူးစက်ခံရတယ် သက်သာသွားတယ်။ နောက်ပြန်စစ်တဲ့အခါ ရောဂါပိုး ပြန်ကူးစက်ခံထားရတာကိုတွေ့ခဲ့ရတာတွေ ရှိနေပါတယ်။

ရောဂါကူးစက်ခံရပြီး သက်သာသွားတဲ့သူမှာ နောက်တကျော့ပြန်ကူးစက်နိုင်တာလား……… ဒါမှမဟုတ် ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးတွေကျန်ရှိနေပြီး အနည်းငယ် သက်သာသွားတာမျိုး လားဆိုတာကို သေသေချာချာ မသိရှိနိုင်သေးပါဘူး။

အခုထိ ရေရေရာရာ မသိရသေးတာက ရောဂါပိုး ကူးစက်ခံရသူတွေမှာ ကိုယ်ခံအားက ရောဂါပိုးတွေကို ဘယ်လို တိုက်ထုတ်လဲ ဆိုတာကိုပါ။ ဒီရောဂါပိုးကို တိုက်ထုတ်ဖို့ အချိန်ဘယ်လောက် ယူရသလဲဆိုတာပါ။ ဒီမေးခွန်းတွေကို အဖြေထုတ်နိုင်ပြီဆိုရင် ကိုယ်ခံအားက ရောဂါပိုးကို ဘယ်လောက်ထိ ထိထိရောက်ရောက် တိုက်ထုတ်နိုင်လဲဆိုတာကို အဖြေထွက်မှာပါ။

ရောဂါပိုး ကူးစက်ခံရပြီးချိန်မှာ ကိုယ်ခံအားက သိရှိပြီး တုံ့ပြန်မှုက ရောဂါခံစားရမှုကို နှေးစေနိုင်သလို ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်မှာပါ။ ကိုယ်ခံအားက အပြီးသတ် မတိုက်ထုတ်နိုင်တဲ့ အခြေအနေမျိုးမှာတော့ ရောဂါကို တကျော့ပြန် ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။

ဒီအဖြေက အခုထိ ပြောပြဖို့ ခက်ခဲနေဆဲပါ လေ့ာမှုတွေ အရကတော့ မျောက်တွေမှာ ရောဂါပိုး ကူးစက်ခံရပြီး ပြန်ကောင်းလာတယ်။ ဒီလိုနဲ့ ရောဂါပိုးနဲ့ ထပ်မံထိတွေ့မိပေမယ့် ရောဂါနောက်တစ်ကျော့ ပြန်ဖြစ်ပွားတာမျိုး မရှိပါဘူး။ ဒါက ကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် အလားအာလာကောင်းတစ်ရပ်ဖြစ်ပြီး အနည်းဆုံးတော့ ထပ်တစ်ကြိမ် ကူးစက်မခံရအောင် ကာကွယ်ပေးနိုင်မှာပါ။

(၃) အမေရိကန်မှာ ကူးစက်ခံရသူအရေအတွက် ဘယ်လောက်များလဲ…….

အကြောင်းအရင်းမသိရသေးတဲ့ ကြောက်စရာအကောင်းဆုံးရောဂါတစ်ရပ်အနေနဲ့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့ Covid-19 စစ်ဆေးမှုတွေကို လုပ်ဆေင်နေပေမယ့် အမေရိကန်တလွှားမှာ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် နိုင်ငံတွင်းက ကူးစက်ခံထားရသူ အရေအတွက်ကို အတိအကျပြောပြဖို့ ခက်ခဲနေဆဲပါ။

(၄) Covid-19 ကြောင့် သေဆုံးသူအရေအတွက် ဘယ်လောက်ထိများလဲ……….

အမေရိကန် အပါအဝင် ကမ္ဘာတလွှားမှာ Covid-19 ကြောင့် သေဆုံးသူအရေအတွက် အများအပြားရှိပေမယ့် အရေအတွက် အတိအကျကို ထုတ်ပြန်ဖို့ကတော့ ခက်ခဲပါတယ်။ ရောဂါကူးစက်ခံရူတွေက အများအပြားရှိသလို ရောဂါဖြစ်သူတိုင်း သေဆုံးတာမဟုတ်ပါဘူး။ ပြန်လည်ကျန်းမာလာသူတွေလည်း အများကြီးပါပဲ။

အခုချိန်ထိ ဒီရောဂါပိုးကြောင့် သေဆုံးမှု အများဆုံးဖြစ်နေတဲ့ နိုင်ငံကတော့ အီတလီနိုင်ငံပါ။ ဒီရောဂါကြောင့် အသေအပျောက် အများဆုံး ဖြစ်ရသူတွေက အသက် ၈၀ အထက် ဖိုးဖိုးဖွားဖွားတွေ၊ နာတာရှည်ရောဂါ ခံစားနေရသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေပါ။ ဒီလိုလူတွေက ကူးစက်ခံရနှုန်း မြင့်နေတာကြောင့် သေသေချာချာလေး ကာကွယ်ဖို့ လိုပါမယ်။

(၅) ရာသီဥတုကြောင့်ဖြစ်တဲ့ ရောဂါလား……….

ထင်မြင်ချက် အမျိုးမျိုးရှိပေမယ့် ဒီရောဂါပိုးက အပူချိန်မြင့်နေပြီး စိုထိုင်းဆမြင့်နေတဲ့ နွေလတွေမှာ ကူးစက်နိုင်ခြေ နည်းတယ်ဆိုတာကို တထစ်ချယုံကြည်လို့မရပါဘူး။ ရောဂါပိုးတွေက မျက်နှာပြင်တွေပေါ်မှာ အချိန်ကြာမြင့်စွာ အသက်မရှင်နိုင်ပါဘူး။ ရေစက်တွေ၊ မိုးစက်တွေနဲ့ စိုထိုင်းဆတွေကြောင့်လည်း အများကြီး ပိုကူးစက်သွားတာမျိုးလည်း မရှိပါဘူး။ တကယ်ကတော့ ရာသီဥတုဆိုတာထက် လူတွေရဲ့ ပြုမူနေထိုင်မှုပုံစံ ပြောင်းလဲမှုတွေကြောင့် ကူးစက်နိုင်ခြေက ပိုများနေတာပါ။

ဒီရောဂါပိုးက အေးမြတဲ့ ရာသီဥတုကာလကုန်သွားတဲ့အထိ မပျောက်ပျက်သွားဘဲ ဆက်ရှိနေမယ်ဆိုရင်တော့ ဒီရောဂါပိုးက ရာသီဥတုကြောင့် ဖြစ်တယ်လို့ဆိုဖို့ ခက်သွားပါပြီ။ အခုချိန်ထိ ဖြေပေးနိုင်မှာတစ်ခု ကဒီရောဂါပိုးက ရာသီဥတုကြောင့် ဖြစ်တာလားဆိုရင် ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုရုံလောက်ပါပဲ။

(၆) ကလေးတွေက Covid-19 ကို အလူးအလဲမခံရတာ ဘာကြောင့်လဲ……..

တုပ်ကွေးဆိုရင်တော့ အထိအနာဆုံးအုပ်စုက ကလေးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ထူးခြားတာတစ်ခုက Covid-19 က ပြင်းထန်တဲ့ အဖျားရောဂါတစ်ခုဆိုပေမယ့် ကလေးတွေ အလူးအလဲခံစားရတာမျိုးမရှိတာပါ။ ဒီအခြေအနေက ရောဂါပိုးက ဘယ်လိုကူးစက်လဲဆိုတာကို လေ့လာဖို့ တွန်းအားပေးခဲ့ပါတယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချဖို့ အထောက်အထား အများအပြား လိုအပ်မှာပါ။

လေ့လာမှုတွေ လုပ်နေပေမယ့် ကလေးတွေမှာ ဘာကြောင့် ရောဂါလက္ခဏာ မပြင်းထန်တာလဲ ဆိုတာကို သေသေချာချာ သိနိုင်ဖို့တော့ ခက်ခဲနေဆဲပါ။ ဒီလိုဆိုနေပေမယ့် အခုချိန်ထိ Covid-19 ကူးစက်ခံရမှုကြောင့် ကလေးတစ်ယောက် သေဆုံးတာတော့ရှိပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ ကလေးကို သေချာလေး ကာကွယ်ပေးဖို့ပါ။

(၇) Covid-19 ကို အဆိုးရွားဆုံး ခံစားရနိုင်သူတွေက ဘယ်သူတွေလဲ………

ရောဂါတိုင်းလိုလိုမှာ ခံစားရနိုင်ခြေ ပြင်းထန်တဲ့ အုပ်စုတွေကတော့ ရှိစမြဲပါ။ ဒီလို ခံစားရနိုင်ခြေက အသက်အရွယ် အပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။

ဒီ Covid-19 ရောဂါပိုးက အသက်အရွယ်ကြီးသူတွေမှာ အများဆုံးဖြစ်နိုင်လားဆိုတာကို ဖြေဖို့ ခက်နေဆဲဖြစ်သလို အမျိုးသားတွေက အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေ ပိုများနေလား ဆိုတဲ့ မေးခွန်းတွေပါ။

လူကြီးတွေက လူငယ်တွေထက် ရောဂါကို ခံစားရနိုင်ခြေက ပိုများပါတယ်။ အသက် ၂၀ ကနေ၅၄ နှစ်အထိ ရောဂါကြောင့် သေဆုံးနိုင်ခြေက ၁ ရာခိုင်နှုန်းလောက်သာရှိပြီး ကုသမှုခံယူနေသူကတော့ ၃၈ ရာခိုင်နှုန်းပါ။ အခုချိန်ထိတွေ့ရသလောက် ကတော့ လူငယ်တွေမှာ ရောဂါခံစားရမှုက သိပ်မပြင်းထန်သလို ပြန်ကောင်း လာနိုင်ခြေကလည်း တော်တော်လေး များပါတယ်။

ဘယ်အသက်အရွယ်အပိုင်းအခြားက ဒီရောဂါကို ခံစားရနိုင်ခြေ အများဆုံးလဲဆိုတာကိုတော့ အတိအကျပြောပြဖို့ ခက်ခဲနေဆဲပါ။

(၈) ဘယ်ကနေ စဖြစ်တာလဲ….

ဒါကတော့ ရေရေရာရာ အဖြေမထုတ်နိုင်သေးတဲ့ မေးခွန်းတွေထဲက တစ်ခုလို့ပဲပြောရမှာပေါ့။ သိပ္ပံပညာရှင် တော်တော်များများ လက်ခံထားတာက ဒီဗိုင်းရပ်စ်က တိရစ္ဆာန်ကနေ လူကို ကူးစက်တယ်ဆိုတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒါက သေချာလားဆိုတော့ အတိအကျကြီးတော့ မပြောနိုင်သေးပါဘူး။

အခုထိလက်ခံထားခဲ့တာက ရောဂါပိုးရှိနေတဲ့ အသားကို စားမိလို့၊ လင်းနို့တွေဆီကနေ လူတွေကို ကူးစက်တယ်ဆိုတာပါ။

(၉) ဘယ်တော့လောက် ကူးစက်ပျံ့နှံ့မှု ပြီးမလဲ….. ဘယ်လို အဆုံးသတ်ရမလဲ…….

လူတော်တော်များများ စိုးရိမ်နေတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ Covid-19 ကို ရပ်တန့်နိုင်ဖို့ အားလုံး ကြိုးပမ်းနေကြပေမယ့် ဘယ်အချိန် ပြီးဆုံးသွားမလဲ… ဘယ်လိုများ အဆုံးသတ် သွားမလဲ ဆိုတာကို အတိအကျပြောဖို့ ခက်နေဆဲပါ။

လက်ရှိမှာ HIV ကုသတဲ့ဆေးဝါးတွေ၊ ငှက်ဖျားကုသတဲ့ဆေးဝါးတွေကို အသုံးပြုပြီး စမ်းသပ်ကုသမှုတွေကို လုပ်ဆောင်နေပါတယ်။ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်းက ပြုလုပ်ခဲ့တဲ့ ကာကွယ်ဆေးတွေထဲက ဘယ်တစ်ခုက ထိရောက်မှုရှိတယ်ကို စမ်းသပ်မှဖြစ်ပါတယ်။

ကာကွယ်ဆေးတစ်ခုမှ အလုပ်မဖြစ်ရင်တော့ အခုချိန်ထိ ကျင့်သုံးခဲ့သလိုပဲ လူတွေ အချင်းချင်း ခပ်ခွာခွာနေရမှာပါ။ ဒါက တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက် ပိုပြီးလည်း ကြာမြင့်သွားနိုင်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

202

Confirmed

62

Recovered

6

Death
Distribution Map

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Stay at Home ရင်း Support from Home လုပ်ကြမယ် (၂)

စားစရာတွေ ကူးစက်ရောဂါ mask COVID-19 Hand Gel သဘာဝ အကာအကွယ် အိမ်ထဲကမထွက်ရ Surgical Mask ရောဂါပိုး ဗိုင်းရပ်စ် ကိုဗစ် ကိုရိုနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

ကျန်းမာရေးဝန်ထမ်း COVID-19 Corona virus ကူးစက်ရောဂါ ချောင်းဆိုး ထိခိုက်ဒဏ်ရာတွေ လုပ်ငန်းခွင် ပိုးမွှား မိသားစုဘဝ ရောဂါ ကိုဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

မိုးအေး အဆစ်အမြစ် ကိုက်ခဲ မိုးရွာ ရာသီဥတု ရောင်ရမ်းမှု အဆစ်အမြစ်ရောင် ဝေဒနာ မိုးလေဝသ လေထုဖိအား နာကျင်ကိုက်ခဲမှုတွေ အလွန်အကျွံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thurein Hlaing Win

နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ

နှာခေါင်းစည်း mask တပ်နည်း နှာခေါင်း ပါးစပ် အသက်ရှူလမ်းကြောင်း ကာကွယ်မှု Covid-19 virus ကိုဗစ် ကိုရိုနာ အဆုတ်ရောင် ရောဂါကူးစက်မှု ကာကွယ်ရေး ကပ်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020