ကိုရိုနာ၊ တုပ်ကွေးနဲ့ အအေးမိ ဘယ်လိုခွဲခြားမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 11, 2020 . 2 mins read
Share now

COVID-19 ပြန့်နေတာက ထိန်းမနိုင်အောင်ဖြစ်နေတဲ့အချိန် လူတွေကြားထဲမှာလည်း အကြောက်တရားတွေ ပိုပြီးစိုးမိုးလာတယ်။ နှာစေး ချောင်းဆိုးတာ ဖျားတာဖြစ်တာနဲ့ကို သို့လောသို့လောတွေ ဖြစ်ကုန်ကြတယ်။ နှာစေးချောင်းဆိုးပြီး ဖျားတိုင်း ကိုရိုနာမဟုတ်နိုင်ဘူး။ သူ့ထက်အဖြစ်များတဲ့ အအေးမိနဲ့ တုပ်ကွေးရောဂါတွေ ဖြစ်နိုင်နေသေးတယ်။

ဒီတော့ ကိုရိုနာ၊ တုပ်ကွေးနဲ့ အအေးမိတာတွေကို ယေဘုယျအားဖြင့် ခွဲခြားလို့ရနိုင်မယ့်အချက်တွေ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကနေ COVID-19 ရှိနေတဲ့ လူနာပေါင်း ၅၅၀၀၀ ကို စမ်းသပ်စစ်ဆေးပြီးတဲ့နောက် အဖြစ်အများဆုံး ရောဂါလက္ခဏာတွေနဲ့ ဘယ်လောက်ပမာဏမှာ ဒီလက္ခဏာတွေရှိလဲဆိုတာကို ထုတ်ပြန်ပေးထားပါတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့

၁။ အဖျားရှိခြင်း (၈၈ ရာခိုင်နှုန်း)

၂။ ချောင်းခြောက်ဆိုးခြင်း (၆၈ ရာခိုင်နှုန်း)

၃။ နုံးချိခြင်း (၃၈ ရာခိုင်နှုန်း)

၄။ ချွဲသလိပ်များထွက်ခြင်း (၃၃ ရာခိုင်နှုန်း)

၅။ အသက်ရှူမဝခြင်း (၁၉ ရာခိုင်နှုန်း)

၆။ အရိုးအဆစ်များနာကျင်ခြင်း (၁၅ ရာခိုင်နှုန်း)

၇။ လည်ချောင်းနာခြင်း (၁၄ ရာခိုင်နှုန်း)

၈။ ခေါင်းကိုက်ခြင်း (၁၄ ရာခိုင်နှုန်း)

၉။ ချမ်းတုန်ခြင်း (၁၁ ရာခိုင်နှုန်း)

၁၀။ မူးဝေအော့အန်ခြင်း (၅ ရာခိုင်နှုန်း)

၁၁။ နှာစေးနှာပိတ်ခြင်း (၅ ရာခိုင်နှုန်း)

၁၂။ ဝမ်းလျှောခြင်း (၄ ရာခိုင်နှုန်း)

၁၃။ ချောင်းဆိုးသွေးပါခြင်း (၁ ရာခိုင်နှုန်း)

COVID-19 က အသက်ရှူလမ်းကြောင်း အောက်ပိုင်းကိုထိခိုက်တဲ့ ရောဂါဖြစ်တဲ့အတွက် ရောဂါလက္ခဏာအများစုက အဆုတ်နဲ့ ရင်ဘတ်တွေမှာခံစားရပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာဖြစ်တဲ့အတွက် နှာစေး နှာပိတ်တာတွေ အရမ်းအဖြစ်များတယ်။ COVID-19 မှာလည်း ဖြစ်တတ်ပေမယ့် တခြားလက္ခဏာတွေနဲ့ယှဉ်ရင် ပမာဏနည်းတယ်။

COVID-19 ကူးစက်ခံရပြီးတဲ့နောက် ရောဂါလက္ခဏာတွေပြသဖို့အတွက် ပျမ်းမျှအားဖြင့် အများစုမှာ ငါးရက်လောက် ကြာနိုင်တယ်။ တချို့တွေ ပိုမြန်တယ်။ တချို့တွေကျနှေးတယ်။ အဲဒါကြောင့် ၂ရက်ကနေ ၁၄ရက်အတွင်းလို့ပြောထားတာ။ ခွဲထားတဲ့သူတွေကို ၁၄ရက်စောင့်ကြည့်တယ်ဆိုတာက ရောဂါကူးစက်ခံရပြီးရင် လက္ခဏာတွေပြသဖို့အတွက် အကြာဆုံးအချိန်ကိုစောင့်တာပါ။

ဒီဗိုင်းရပ်စ်ဟာ အသစ်ဖြစ်တာကြောင့် ဘယ်သူ့ဆီမှာမှ ဒီဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့အတွက် ကိုယ်ခံအားမရှိပါဘူး။ အဲဒါကြောင့် ဆက်ပြီးပြန့်နေဦးမှာပါ။ သေဆုံးမှုနှုန်းက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ၃ ရာခိုင်နှုန်းရှိတယ်။ ရောဂါပြင်းထန်မှုနှုန်းက ကူးစက်ခံထားရသူတွေရဲ့ ၁၀ ရာခိုင်နှုန်းရှီတယ်။

အသက် ၆၀ အထက်တွေမှာ ကူးစက်ခံရရင် ပြင်းထန်ပြီး သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကင်ဆာနဲ့ အဆုတ်ရောဂါအခံတွေရှိရင် ပိုဆိုးတယ်။ ဗိုင်းရပ်စ်ကို မကူးစက်အောင်ကာကွယ်နည်းက အကောင်းဆုံးဖြစ်တဲ့အတွက်

လက်ဆေးပါ
– ဖျားနေတဲ့သူတွေနဲ့ ထိတွေ့တာရှောင်ပါ။
– မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကိုထိတွေ့တာ မျက်နှာတွေကိုပွတ်သပ်တာ ရှောင်ပါ။
– လူအများကြီးကြား သွားတာလာတာရှောင်ပါ။

ကိုရိုနာ၊ အအေးမိနှင့် တုပ်ကွေးဘာကွာလဲ။

အအေးမိ အဖျားရှိတာရှား၊ ခေါင်းကိုက်တာရှား၊ ခန္ဓာကိုယ်အနည်းငယ်နာကျင်ကိုက်ခဲ၊ အနည်းငယ်နုံး၊ အလွန်အမင်းပင်ပန်းမှုမရှိ၊ နှာစေးနှာပိတ်နှာချေအဖြစ်များ၊ လည်ချောင်းနာအဖြစ်များ၊ ချောင်းအနည်းငယ်ဆိုး၊ အသက်ရှူရခက်မှု မဖြစ်သလောက်ရှား။

တုပ်ကွေး– အပူချိန်မြင့်၊ ခေါင်းအလွန်ကိုက်၊ ကိုယ်လက်ကိုက်ခဲမှုများ ပြင်းထန်၊ မလှုပ်ချင်မကိုင်ချင်အောင်နုံးခွေ၊ အလွန်အမင်းပင်ပန်း၊ နှာစေးနှာပိတ်နှာချေ တစ်ခါတရံဖြစ်၊ လည်ချောင်းနာအဖြစ်များ၊ ချောင်းပြင်းပြင်းထန်ထန်ဆိုး၊ အသက်ရှူရခက်မှု မဖြစ်သလောက်ရှား

COVID-19 – ကိုယ်ပူတာအဖြစ်များ၊ ခေါင်းကိုက်တတ်၊ ကိုယ်လက်များကိုက်ခဲတတ်၊ နုံးခွေတတ်၊ အလွန်ပင်ပန်းတတ်၊ နှာစေးနှာပိတ်နှာချေ အဖြစ်နည်း၊ လည်ချောင်းနာ အဖြစ်နည်း၊ ချောင်းဆိုးမှုအဖြစ်များ၊ အသက်ရှူရခက်

ဒါက လက်ရှိအခြေအနေပါ။ ဆက်ပြီး အပြောင်းအလဲတွေရှိနေနိုင်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်ပါ။ ဒါမှ မွေးကတည်းကတစ်ပါတည်းပါလာခဲ့တဲ့ သက်တော်စောင့်လေးက ရောဂါတွေ၊ ပိုးမွှားတွေ အန္တရာယ်ကနေ စွမ်းစွမ်းတမံ ကာကွယ်ပေးနေတဲ့အရာပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း က မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကာကွယ်နိုင်မယ့် နည်းးလမ်းတွေကို သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကူးစက်နိုင်သည့် အရေပြားရောဂါများ

အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာကနေ တားပေးဖို့ဆိုပေမယ့် အရေပြားကိုယ်တိုင်ကလည်း ရောဂါပိုးတွေ ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read