COVID-19 ကပ်ဘေးကာလကြီးက ဘယ်အထိ ခရီးဆက်ဦးမလဲ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။ ရောဂါကူးစက်ပြန့်နှံ့မှုတွေ ရှိနေဆဲဖြစ်သလို သက်သာပျောက်ကင်းလာသူတွေကလည်း ထုနဲ့ထေးရယ်ပါ။
ထွက်မှာ သေချာပြီလား။
COVID-19 ကပ်ဘေးကာလကြီးက ဘယ်အထိ ခရီးဆက်ဦးမလဲ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။ ရောဂါကူးစက်ပြန့်နှံ့မှုတွေ ရှိနေဆဲဖြစ်သလို သက်သာပျောက်ကင်းလာသူတွေကလည်း ထုနဲ့ထေးရယ်ပါ။
ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ထုတ်ဖော်နိုင်ခြင်းမရှိသေးတာမို့ တိကျရေရာစွာ ကုသနိုင်တဲ့နည်းလမ်းတွေ မရှိသေးပါဘူး။ ဒါကြောင့် လူတိုင်းအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကိုသာ အားကိုးပြီး ရောဂါဆိုးကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောတာ၊ တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေတာနဲ့ အပြင်သွားတဲ့အခါတိုင်း လုံခြုံစိတ်ချရတဲ့ Mask တပ်ဆင်တာတွေက ကာကွယ်တားဆီးရေးအတွက် အဓိကကျတဲ့ လုပ်ငန်းစဉ်တွေဖြစ်ကြပါတယ်။
ဒီလိုအခြေအနေမှာ ရင်သွေးတွေ ရှိထားတဲ့ မိဘတွေမှာလည်း ပူပင်သောကတွေ ရှိလာရပါတယ်။ မဖြစ်မနေ အပြင်သွားရမယ့် အခြေအနေမျိုး ကြုံဆုံလာချိန်မှာ မိမိတို့ရင်သွေးတွေအတွက် Mask တွေ တပ်ဆင်ပေးတာမျိုးတွေလည်း ပြုလုပ်လာကြပါတယ်။
ဒါပေမယ့် အသက် ၂ နှစ်အောက် ကလေးတွေကို Mask တပ်ဆင်မပေးဖို့ အမေရိကန် CDC က ညွှန်ကြားချက်ထုတ်ပြန်ထားခဲ့ဖူးပါတယ်။ WHO ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အတိအကျပြောဆိုတာမျိုး မရှိသေးပါဘူး။
လက်ရှိချိန်မှာနိုင်ငံအတွင်း ပိတ်ပင်မှုအများအပြားကို စတင်ဖြေလျှော့ပေးနေတဲ့ ဂျပန်နိုင်ငံက ကျန်းမာရေးပညာရှင်တွေကလည်း အသက် ၂ နှစ်အောက် ကလေးတွေကို Mask မတပ်ဆင်ပေးသင့်ဘူးလို့ သတိပေးစကားဆိုလာပါတယ်။
လက်ရှိ အချက်အလက်တွေအရ ကလေးတွေဆီမှာ COIVD-19 ရောဂါကူးစက်ခံရမှုနည်းပါးပါတယ်။ ၁ နှစ်နဲ့ ၉ နှစ်အကြားကလေးငယ်တွေမှာ ရောဂါကူးစက်နိုင်ခြေ ၁% သာရှိပြီးတော့ သေဆုံးမှုလည်း လုံးဝမရှိသလောက်ပါပဲ။
ဘာလို့ ဒီလိုအဖြစ်နည်းရတာလဲဆိုတဲ့ အကြောင်းရင်းကို သေချာမပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ဖြစ်နိုင်တာကတော့ ကလေးတွေနဲ့ ဗိုင်းရပ်စ် အထိအတွေ့ နည်းတာ၊ ကူးစက်ခံရမှုနှုန်း နည်းတာနဲ့ ကူးခံရရင်တောင်မှ လက္ခဏာ သေချာမပြလို့ မသိလိုက်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အသက် ၂ နှစ်အောက်ကလေးတွေကို Mask ပေးမတပ်ရင်တောင်မှ အန္တရာယ်က လူကြီးတွေလောက် မကြီးမားလှဘူးလို့ Japan Pediatric Association က ဆိုပါတယ်။
ဒီအသက်အရွယ်ကလေးတွေရဲ့ အသက်ရှုလမ်းကြောင်းက ကျဉ်းမြောင်းနေသေးတာမို့ တကယ်လို့ Mask ပေးတပ်လိုက်မယ်ဆိုရင်သာ အန္တရာယ်ပိုရှိနိုင်တယ်လို့ CDC နဲ့ Japan Pediatric Association အဖွဲ့အစည်း ၂ ခုလုံးကတော့ ဆိုထားပါတယ်။
အသက် ၂ နှစ်နဲ့အောက် ငယ်ရွယ်တဲ့ ကလေးတွေကို Mask ပေးတပ်ထားတဲ့အခါမှာ
Mask မတပ်ပေးထားတဲ့အခါ ကလေးတွေကို ရောဂါပိုးကူးစက်နိုင်ခြေ Risk တချို့ရှိလာတာတော့ အမှန်ပါ။ ဒါကြောင့် ဒီအရွယ်ကလေးတွေမှာ ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
တခြားအခြေအနေတွေမှာဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ရောဂါဘေးကနေ ကင်းဝေးအောင် ကာကွယ်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
အကြံပြုလိုသည့် ဆောင်းပါးများ