နေအိမ်ကွာရန်တင်းဝင်နေသူတွေအတွက် စားသောက်မှုပုံစံလမ်းညွှန်ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 1, 2020 . 2 mins read
Share now

ရောဂါပိုး ကူးစက်ခံရပြီး ၁၄ ရက် ကွာရန်တိုင်းဝင်ပြီးသူတွေဟာ နေအိမ်မှာပြန်ပြီး ၇ ရက်ကြာ ကွာရန်တင်းဝင်ကြရပါတယ်။ ဒီလိုမှမဟုတ်လဲ သံသယလူနာတွေဖြစ်နေမယ်ဆိုရင်လည်း ခုချိန်မှာတော့ နေအိမ်မှာ ကွာရန်တင်းဝင်ရတော့မှာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ကွာရန်တင်းဝင်နေသူတွေဟာ နေချင်သလိုနေတာ၊ စားချင်သလိုစားတာတွေ ပြုလုပ်မိကြပြီး ကျန်းမာရေးနဲ့မကိုက်ညီစွာ နေထိုင်စားသောက်မိတာတွေရှိလာနေကြပါတယ်။

ကွာရန်တင်းဝင်တယ်ဆိုတာဟာ မိမိမှာ ပိုးမကူးအောင်၊ မိမိပတ်ဝန်းကျင်ကလူတွေကို ပိုးမကူးစက်အောင် ခေတ္တကာကွယ်နေထိုင်တာဖြစ်တာကြောင့် ကိုယ်တိုင်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ့်ကို ဂရုစိုက်ပြီး ကျန်းမာအောင်နေထိုင်မှ ကိုယ်လည်း ရောဂါကင်းရှင်းပြီး တခြားသူတွေကိုလည်း ကာကွယ်ပေးနိုင်မှာမို့ ကုသိုလ်လည်းရ ကိုယ်လည်းအကျိုးရှိတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။

နေအိမ်မှာ Home Quarantine ဝင်သူတွေရဲ့ စားသောက်မှုပုံစံနဲ့ပတ်သက်ပြီး WHO နဲ့ EU တို့က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေရှိပါတယ်။ ဒီလမ်းညွှန်ချက်တွေကို ပြန်လည်ပြောပြလိုပါတယ်။

Home Q နေချိန်မှာ ဘယ်လိုစားသောက်မလဲ

အစီအစဉ်ချပါ – ကိုယ်ဘာစားမယ်။ ဘယ်အချိန်တွေစားမယ်။ ဘယ်လို အစားအစားမျိုးကို ရွေးချယ်မှီဝဲမယ်ဆိုတာကို ကြိုတင်အစီအစဉ်ချပြီး ဖြည့်တင်းထားဖို့ လိုအပ်ပါတယ်။ Home Q ဝင်နေပါတယ်ဆိုမှ လမ်းထဲဝင်လာသမျှ အသည်တွေကို ခေါ်ပြီးစားနေလို့မဖြစ်ဘူးလေ။

လတ်ဆတ်တဲ့ အစားအစာတွေစားပါ – လတ်ဆတ်တဲ့ အသားငါး၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပြီး နေ့စဉ်မှီဝဲတာမျိုးပြုလုပ်ပါ။ တတ်နိုင်သမျှ အသင့်စားအစားအစာတွေနဲ့ အေးခဲထုပ်ပိုးစာတွေကို မစားဖြစ်အောင် ရှောင်ပါ။

အိမ်ချက်လက်ရာတွေကို စမ်းသပ်မှီဝဲပါ – နေအိမ်မှာနေထိုင်ပြီး ခေါက်ဆွဲပြုတ်စားလိုက် ကြက်ဥကြော်စားလိုက်ချည်းလုပ်နေလို့ မဖြစ်ပါဘူး။ မိမိတတ်သလောက် မှတ်သလောက် ဟင်းချက်နည်းတွေေ လေ့လာပြီး ချက်ပြုတ်စားသောက်တာက စိတ်ပင်ပန်းမှုကိုလည်း ပြေလျော့စေပါလိမ့်မယ်။

မှာယူစားသောက်ပါ – အိမ်မှာချည်း ချက်မစားချင်တာမျိုး၊ သေချာမချက်မပြုတ်တာမျိုးဆိုရင် Food Delivery တွေကနေ မှာယူစားသောက်တာကလည်း ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် စနစ်တကျ လက်ခံရယူဖို့နဲ့ အသင့်စား အစားအစာတွေကို မှာယူမစားသောက်ဖို့တော့ မှာပါရစေ။

စားမယ့် ပမာဏကို ဂရုစိုက်ပါ – များများစားမှာလား၊ နည်းနည်းစားမှာလား သေချာစဉ်းစားပြီးမှ ချက်ပြုတ်စီမံပါ။ ဒီကာလတွေမှာ အပြင်ထွက်ဖြစ်မှာမဟုတ်တာကြောင့် မိမိမှာရှိနေတဲ့ အစားအစာတွေကို စနစ်တကျ စီမံချက်ပြုတ်နိုင်ဖို့ အရေးကြီးပါတယ်။ Home Q စဝင်တဲ့နေ့ကတည်းက ရှိသမျှ တစ်ထိုင်တည်းစားလိုက်မိတာမျိုးဆိုရင် နောက်ရက်တွေမှာ ဒုက္ခများပါလိမ့်မယ်။

ချက်ပြုတ်ရာမှာ ထိခိုက်မှုနည်းအောင် ဂရုစိုက်ပါ – အပူလောင်တာ၊ ထိတာ ရှာတာတွေ မဖြစ်အောင် ဂရုစိုက်ပါ။ ခုချိန်မှာ မတော်တဆပဲဖြစ်ဖြစ် အပြင်ကို ထွက်ဖို့ အကြောင်းမဖန်လာအောင် ဂရုစိုက်နေရမှာမို့ပါ။ နောက်ပြီး မီးဖိုချောင်ကိုလည်း ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

ဆားလျော့စားပါ – ဆားဟာ သွေးတိုးသမားတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ ဆိုဒီယမ်ကို လိုအပ်တာထက် ပိုပြီးမှီဝဲမိရင် လူ့ကျန်းမာရေးကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ တစ်နေ့ကို ၅ ဂရမ်ထက်ပိုမစားမိဖို့ ဂရုစိုက်သင့်ပါတယ်။

သကြားစားသုံးမှုကိုလည်း လျော့ချပါ – ဆားတင်မကပါဘူး သကြားကလည်း သင့်ကို အန္တရာယ်ပေးနိုင်ပါတယ်။ ခွန်အားဖြည့်အချိုရည်တွေ သောက်သုံးတာမျိုး၊ အချိုတွေလွန်လွန်ကဲကဲစားတာမျိုးတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ အချိုစားချင်စိတ်ပေါ်လာရင်တောင် တော်ရုံသင့်ရုံပဲ မှီဝဲဖို့ လိုအပ်ပါတယ်။

အဆီလျော့စားပါ – Quarantine ကာလမှာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတတ်ကြတာမို့ အဆီအလွန်အကျွံမှီဝဲမိတယ်ဆိုရင် ကိုယ်အလေးချိန်မြင့်တက်တာမျိုး ကျန်းမာရေးနဲ့ မညီညွတ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အဆီဓာတ်ကို နေ့စဉ် Energy လိုအပ်ချက်ရဲ့ ၃၀% အောက်သာ မှီဝဲဖို့ WHO က တိုက်တွန်းထားပါတယ်။

ဖိုင်ဘာဓာတ်ကို ပြည့်ဝအောင် မှီဝဲပါ – အမျှင်ဓာတ်လို့ခေါ်တဲ့ ဖိုက်ဘာဓာတ်ဟာ အစာခြေစနစ်ကို အကျိုးပြုတဲ့ ဓာတ်တစ်မျိုးပါ။ ဗိုက်ပြည့်စေတဲ့ ခံစားချက်လည်း ရစေပါတယ်။ အလွန်အကျူးစားသောက်မိတာတွေ မဖြစ်အောင် ဖိုင်ဘာဓာတ်က ကူညီနိုင်ပါတယ်။ ဖိုက်င်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုမှီဝဲရင် ပိုကျန်းမာစေမှာပါ။

ရေဓာတ် ပြည့်ဝနေပါစေ – ရေများများသောက်တာက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အလေ့အထတစ်ခုပါ။ ရေဓာတ်ဆုံးရှုံးရင် ကိုယ်ခံအားစနစ် ထိခိုက်နိုင်တာမို့ ရေဓာတ်မဆုံးရှုံးအောင် နေဖို့ လိုအပ်ပါတယ်။ ရေချည်းမသောက်ချင်ရင် ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးလေးတွေ မှီဝဲပေးနိုင်ပါတယ်။

ဆေးလိပ်၊ အရက်ရှောင်ပါ – အိမ်မှာပဲဆိုပြီး တစ်ခွက်တဖလား ကစ်တာမျိုးတွေ မလုပ်ပါနဲ့။ အရက် ဆေးလိပ် အလွန်အကျွံမှီဝဲသူတွေမှာ COVID-19 ပိုး ကူးစက်နိုင်ခြေမြင့်မားပါတယ်။ ကိုယ်တိုင်က သံသယလူနာ ဒါမှမဟုတ် ရောဂါပိုးကင်းစင်လို့ နေအိမ်မှာ Q နေရတာမို့ ပြန်ပြီးပိုးကူးစက်နိုင်ခြေရှိနေတာကို သတိထားပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

လည်ချောင်းနာ တာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ သက်သာစေဖို့ ဒီနည်းလမ်းတွေ လိုက်လုပ်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
drinking-too-much-during-the-pandemic

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read