COVID-19 အတွက် Vaccine ထုတ်လုပ်မှု ခြေလှမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 11, 2020 . 4 mins read
Share now

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ကြောင့် စားသတိ၊ သွားသတိနဲ့ အရာရာကို သတိထားလာရတာ လအတော်ကြာနေပြီနော်။ new normal life မှာ အသားကျအောင် နေနေပေမယ့် အရင်လို ရင်းရင်းနှီးနှီး တိုးတိုးဝှေ့ဝှေ့နဲ့ ပေါ့ပေါ့ပါးပါး နေနိုင်ဖို့ ဒီ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ ဆေးထွက်လာရင် ကောင်းမှာပဲလို့ မျှော်လင့်နေမိမှာ လူတိုင်းပဲထင်ပါတယ်။

လူသားအားလုံး မျှော်လင့်နေတဲ့ ဒီ အိပ်မက်ကို အကောင်အထည် ဖော်ပေးဖို့ ကမ္ဘာ့ နိုင်ငံအသီသီး နဲ့ အဖွဲ့အစည်းတွေကလည်း နေ့ညမလပ် ကြိုးပမ်းနေကြပါတယ်။ ဒီကြိုးပမ်းမှု ခြေလှမ်းတွေက ဘယ်အနေအထားမှာ ရောက်နေကြပြီလဲ ဆိုတာကို ဒီဆောင်းပါးလေးကနေ အသိပေးလိုက်ပါရစေ။

ကိုဗစ် အတွက် Vaccine ကို ဘယ်သူတွေ ကြိုးစားထုတ်လုပ်နေသလဲ။

ကမ္ဘာ့ကပ်ရောဂါအသွင်ဆောင်နေတဲ့ ကိုဗစ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးထုတ်လုပ်ဖို့ အလားအလာရှိတဲ့ ကာကွယ်ဆေး အမျိုးအစား ၁၆၀ ကျော်လောက်ကို ကမ္ဘာ့တလွှားမှာ လေ့လာ စမ်းသပ်မှုတွေ လုပ်ဆောင်နေကြပါတယ်။

ကျွမ်းကျင်သူတွေကတော့ ယခုနှစ် ကုန်ပိုင်းလောက်မှာ ကာကွယ်ဆေးက အသုံးပြုဖို့ အသင့်ဖြစ်မယ်လို့ မျှော်လင့်နေကြပါတယ်။

ကျွမ်းကျင်သူအချို့ကတော့ ယခုနှစ်ကုန်ပိုင်းမှာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ဆိုတာ အခက်အခဲတွေ ရှိနိုင်တယ်၊ လို့ သတိပေး ပြောဆိုမှုတွေရှိနေပါတယ်။

လက်ရှိ ကြိုးစားလေ့လာမှုတွေထဲက အနည်းငယ်လောက်ကပဲ လူသားတွေမှာ စမ်းသပ်လို့ရတဲ့ အဆင့်ကို ရောက်ရှိတာဖြစ်ပြီး တော်တော်များများက ဓာတ်ခွဲခန်းမှာ စမ်းသပ်တဲ့ အဆင့်ကနေ ကျော်နိုင်ဖို့ အခက်တွေ့နေဆဲပါ။

ဒီလို အခြေအနေတွေ ရှိနေတယ် ဆိုပေမယ့်လည်း ကျွမ်းကျင်ပညာရှင်တွေက ကာကွယ်ဆေးထုတ်လုပ်ဖို့ အတွက် ရန်ပုံငွေတွေ အများကြီး ထောက်ပံ့ပေးနေတာ၊ အမျိုးမျိုးသော လေ့လာမှုတွေ များစွာ လုပ်ဆောင်နေတာ၊ လုပ်ငန်းငယ်လေးတွေ အချင်းချင်း ကာကွယ်ဆေး ထုတ်လုပ်ဖို့ ပူးပေါင်းဆောင်ရွက်နေတာ၊ ဆေးကုမ္ပဏီကြီးတွေရဲ့ ထုတ်လုပ်နိုင်စွမ်းတွေကို ပေါင်းလိုက်မယ်ဆိုရင်တော့ ကာကွယ်ဆေး ဒီနှစ်ကုန်ပိုင်းမှာ ထွက်ရှိအောင် လုပ်ဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်က အကောင်အထည်ပေါ်လာနိုင်တယ်လို့ ထောက်ပြ ပြောဆိုနေတာတွေလည်း ရှိပါတယ်။

အမေရိကန် အစိုးရကတော့ သူတို့အနေနဲ့ ကာကွယ်ဆေး ထုတ်လုပ်စမ်းသပ်မှုအတွက် ငွေကြေး ထောက်ပံ့ပေးမှာ ဖြစ်သလို ကာကွယ်ဆေး စမ်းသပ်မှု  phase III ကိုလည်း လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

ဒီ phase III ဆိုတာက ကာကွယ်ဆေးက ဘယ်လောက်ထိ ထိရောက်မှုရှိသလဲဆိုတာနဲ့ ဘေးကင်းစိတ်ချရမှု အတိုင်းအတာကို ဆုံးဖြတ်နိုင်မယ့်အပြီးသတ် ဆန်းစစ်မှု အဆင့်တစ်ခုဖြစ်ပါတယ်။

ဒီအဆင့်ကို ရောက်ရှိနေတဲ့ ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ငန်းတွေက Moderna Inc.၊ AstraZeneca နဲ့ Johnson & Johnson တို့ပါ။ ဒီ လုပ်ငန်း ၃ ခုအနက်မှာ Moderna Inc. နဲ့ AstraZeneca တို့က လူသားတွေမှာ စမ်းသပ်ပြီး ဖြစ်ကြောင်း ကြေညာထားပေမယ့်  Johnson & Johnson ကတော့ သူတို့အနေနဲ့ ဇူလိုင်လလယ်လောက်မှ ကာကွယ်ဆေးကို လူသားတွေမှာ စမ်းသပ်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကာကွယ်ဆေးအတွက် ကြိုးပမ်းနေတဲ့ ခြေလှမ်းများ

Vaccine ထုတ်လုပ်ဖို့ ကြိုးပမ်းမှု ပြေးလမ်းပေါ်က လုပ်ငန်းစုတွေက အများကြီးပါ ။ကမ္ဘာ့နိုင်ငံအသီးသီးက လုပ်ငန်းစု တော်တော်များများက ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထုတ်လုပ်ဖို့ တတ်စွမ်းသမျှ ကြိုးပမ်းနေကြပါတယ်။ သူတို့တွေရဲ့ ကြိုးပမ်းမှုတွေက ဘယ်လောက်ထိ အရာထင်နေပြီလဲဆိုတော့

Moderna 

Moderna က ထုတ်လုပ်တဲ့  vaccine ကို mRNA-1273 လို့ အမည်ပေးထားပါတယ်။ messenger RNA (mRNA) ကို အသုံးပြုထားတဲ့ ကာကွယ်ဆေးပါ။  ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့ ပုံစံတူ ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင်လုပ်တဲ့နည်းကို ကျင့်သုံးထားပါတယ်။

ဒီကာကွယ်ဆေးက ခန္ဓာကိုယ်မှာ ထိုးလိုက်တဲ့အခါ ကိုယ်ခံအားဆဲလ်တွေဆီကို  ရောက်ရှိသွားပြီး ကိုယ်ခံအား ဆဲလ်တွေထဲမှာ ဝင်ရောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေကို တိုက်ထုတ်နိုင်ဖို့အတွက်ကိုယ်ခံအားဆဲတွေကို ခုခံအားမြှင့်တင်ပေးမှာပါ။

ဒီကာကွယ်ဆေးက အခုလက်ရှိမှာ ဘေးကင်းစိတ်ချရမှုနဲ့ ထိရောက်မှု အတိုင်းအတာ ဘယ်လောက်ထိရှိလဲဆိုတာကို ဆန်းစစ်နေတဲ့ phase II အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာ ကာကွယ်ဆေးကို လူသားတွေဆီမှာ စမ်းသပ်ဖို့အတွက် ဇီဝနည်းပညာ ကုမ္ပဏီဖြစ်တဲ့ Moderna နဲ့ National Institute of Allergy and Infectious Diseases တို့က ပူးပေါင်းပြီး လူအင်အား ၆၀၀ လောက်ကို  ၁၈ နှစ် ကန ၅၅ နှစ်အထိ တစ်အုပ်စု၊ အသက် ၅၅ နှစ်နဲ့အထက် လူတွေကို တစ်အုပ်စုစီ ခွဲပြီး စမ်းသပ်သွားမှာ ဖြစ်ပါတယ်။

phase III ကို ဆက်လက်လုပ်ဆောင်ဖို့ ကြိုးပမ်းနေပြီဖြစ်ပြီး ဇူလိုင်လမှာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီအဆင့်က အပြီးသတ် ဆန်းစစ်မှု အဆင့်ဖြစ်ပြီး ဒီအဆင့်ကိုသာ အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်ဆိုရင် ကာကွယ်​ဆေးက အသုံးပြုလို့ရမယ့် အဆင့်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးက ၂ ကြိမ် ထိုးနှံရမှာဖြစ်ပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ ၂၈ ရက်ခြားရပါမယ်။

University of Oxford and AstraZeneca

ဒီ ကာကွယ်ဆေးကတော့ ချင်ပန်ဇီတွေဆီကနေ ရယူထားတဲ့ adenovirus ကို အသုံးပြုမှာပါ။ အအေးမိ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ပျော့အောင်လုပ်ထားတဲ့ adenovirus ကို အသုံးပြုပြီး ကာကွယ်ဆေး ထုတ်လုပ်မှာပါ။

ဒီဗိုင်းရပ်စ်ကို သူ့အလိုလျောက် မျိုးပွားတာမျိုး မလုပ်နိုင်အောင် မျိုးဗီဇ ပြုပြင်ထားမှာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ပိုးပြန့်ပွားမှာကို စိုးရိမ်စရာ မလိုပါဘူး။

ဒီကာကွယ်ဆေးက ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်တဲ့ ပရိုတင်းနဲ့ အသွင်တူအောင် ထုတ်လုပ်ထားတာပြီး ကိုယ်ခံအားစနစ်ကို ကိုဗစ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 virus ကို ခုခံတိုက်ထုတ်နိုင်အောင် လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးထုတ်လုပ်မှုရဲ့ phase I/II  စမ်းသပ်မှုကို ယူကေမှာ ဧပြီလက လူဦးရေ ၁၀၀၀ ကျော်နဲ့ စမ်းသပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ကာကွယ်ဆေးက နောက်ဆုံး စမ်းသပ်မှုအဆင့်အတွက် phase II/III ကို တပြိုင်နက်တည်း လုပ်ဆောင်သွားဖို့ ကြိုးပမ်းနေပါတယ်။

ဒီကာကွယ်ဆေးဟာ လက်ရှိမှာ အလားအလာ အကောင်းဆုံးဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေး အလုံးရေ သန်း ၄၀၀ ကျော် ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။

Pfizerနဲ့ BioNTech 

ဒီကုမ္ပဏီတွေက ကာကွယ်ဆေး ၄ မျိုးကို စမ်းသပ်ထုတ်လုပ်နေတာဖြစ်ပြီး သူတို့ကလည်း messenger RNA (mRNA) ကိုပဲ အသုံးပြု ထားတဲ့ ကာကွယ်ဆေး အမျိုးအစားပါ။ 
BNT162 လို့ ခေါ်ပြီး ကာကွယ်ဆေးထုတ်လုပ်စမ်းသပ်မှုရဲ့ phase I/II အဆင့်တွေကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။လက်ရှိမှာ အသက် ၁၈ နှစ် ကနေ ၅၅ နှစ်အတွင်း လူတွေမှာ ကာကွယ်ဆေး စမ်းသပ်အသုံးပြုမှုကို လုပ်ဆောင်နေပါတယ်။ ကာကွယ်ဆေးက တုံ့ပြန်မှု ကောင်းမယ်ဆိုရင် အသက် ၅၅ နှစ် အထက်လူကြီးတွေမှာလည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်နိုင်မယ် ခန့်မှန်းထားပါတယ်။

Inovio 

Inovioရဲ့ ကာကွယ်ဆေးဖြစ်တဲ့ INO-4800 ကတော့  DNA ကာကွယ်ဆေးပါ။  phase I အဆင့် စမ်းသပ်မှုကို လူအယောက် ၄၀ နဲ့ လုပ်ဆောင်နေပါတယ်။ ကိုယ်ခံအား ထွက်လာအောင် လှုံ့ဆော်ပေးဖို့ DNA ကို ပြုပြင်ထားတာပါ။

DNAက ဆဲလ်တွေထဲကို ရောက်သွားပြီဆိုတာနဲ့ DNA ပုံတူများစွာကို ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားကို ကိုဗစ်ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်ဖို့ လှုံ့ဆော်ပေးမှာပါ။

phase I trial ရဲ့ ရလဒ်ကို ဇွန်လမှာ သိရှိရမှာဖြစ်ပြီး ရလဒ်ထွက်လာတာနဲ့ phase II/III trial တွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ။ လူသားတွေမှာ စစမ်းသပ် ထိုးနှံတာကိုတော့ လာမယ့် နွေရာသီမှာ တရုတ်နဲ့ တောင်ကိုရီးယားတို့မှာ လုပ်ဆောင်သွားမှာပါပဲ ဖြစ်ပါတယ်။

CanSino 

တရုတ်အခြေစိုက် လုပ်ငန်းစု တစ်ရပ်ဖြစ်တဲ့ CanSino က Beijing Institute of Biotechnology နဲ့ ပူးပေါင်းပြီး Ad-5 လို့ သိကြတဲ့ adenovirus  ကို မျိုးဗီဇပြောင်းလဲပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။

မေလနှောင်းပိုင်းတုန်းက phase I ကို လူ ၁၀၈ ယောက်နဲ့ အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပြီး ကာကွယ်ဆေး စမ်းသပ်အထိုးခံခဲ့သူ အများစုက ကိုယ်ခံအားတုံ့ပြန်မှု ကောင်းခဲ့ပြီး ဗိုင်းရပ်စ်ကို ခုခံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Johnson & Johnson

သူတို့အနေနဲ့ ဇူလိုင်လလယ်လောက်မှာ ကာကွယ်ဆေးကို လူသားတွေမှာ စမ်းသပ်ထိုးနှံနိုင်ဖို့ မျှော်လင့်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီ ကာကွယ်ဆေးကလည်း adenovirus ကို မျိုးဗီဇ ပြုပြင်ထားတဲ့ ကာကွယ်ဆေး အမျိုးအစားပါပဲ။ ပထမအဆင့် စမ်းသပ်မှုမှာ လူဦးရေ ၁၀၀၀ ကျော် ပါဝင် စမ်းသပ်ခဲ့ပါတယ်။
ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကုမ္ပဏီအသီးသီးက အရှိန်မြှင့် ကြိုးပမ်းနေမှုကြောင့် လူတိုင်း စိုးထိတ်နေတဲ့ ရောဂါဆိုးကြီး ကိုဗစ်ကို ကာကွယ်နိုင်မယ့်ဆေးဟာ အခုနှစ် ကုန်ပိုင်းမှာ အောင်အောင်မြင်မြင် ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။အခုချိန်မှာတော့ ကိုယ်တိုင်နဲ့ ချစ်ရသူတွေကို ရောဂါဆိုးကြီး အန္တရာယ်ကနေ ကာကွယ်ဖို့ အပြင်သွားတိုင်း နှာခေါင်းစည်း တပ်တာ၊ လက်ကို မကြာခဏ ရေနဲ့ ဆပ်ပြာ သုံးပြီး စက္ကန့် ၂၀ ကြာဆေးကြောတာ၊ နှာချေ၊ ချောင်းဆိုးတိုင်း နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားတာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာ၊ အာဟာရပြည့်ဝအောင် စားတာတွေကို လုပ်ဆောင်စေချင်ပါတယ်။
COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ မျှော်လင့်ချက်မထားရင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read