home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

COVID-19နဲ့ Hydroxychloroquine အရှုပ်တော်ပုံ

COVID-19နဲ့ Hydroxychloroquine အရှုပ်တော်ပုံ

ခုထိ COVID-19 အတွက် ကာကွယ်ဆေးရော၊ ကုနိုင်တဲ့ဆေးပါ မပေါ်သေးဘူးဆိုပေမယ့် တစ်ကမ္ဘာလုံးက ပညာရှင်တွေက ဒီကပ်ရောဂါဆိုးကြီးကို နှိမ်နင်းဖို့ ဆေးတွေကို ဆက်လက်ရှာဖွေစမ်းသပ်လျက်ရှိပါတယ်။ ဒီထဲမှာ Hydroxychloroquine လည်း ပါပါတယ်။ ကိုဗစ်ကို ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ပြီး သိပ်မကြာခင်မှာပဲ ဆေးတွေ စမ်းသပ်ကြတဲ့အထဲမှာ Hydroxychloroquine က ထိပ်ဆုံးမှာ ပါခဲ့ပါတယ်။ ခုတော့ ဒီဆေးဟာ လူနာတွေအတွက် အန္တရာယ်များလို့ စမ်းသပ်တာကို ခဏရပ်နားလိုက်မယ်လို့ WHOက ထုတ်ပြန်ခဲ့ပါတယ်။ ဘာတွေ ဖြစ်ကုန်တာလဲဆိုတာ ဆက်ကြည့်ရအောင်။

COVID-19နဲ့ Hydroxychloroquine အရှုပ်တော်ပုံ

စဖြစ်ဖြစ်ချင်းတုန်းကတော့ လေ့လာချက်တွေအရ Hydroxychloroquine က ကိုဗစ်ရောဂါကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့သူတွေမှာ မြန်မြန်နာလန်ထူစေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးခဲ့တာပါ။ ပိုးဝင်သွားရင် Azithromycinဆိုတဲ့ ပိုးသတ်ဆေးလေးတောင် တွဲပေးခဲ့ကြပါတယ်။ အမေရိကန်သမ္မတ Donald Trumpကြီးကတောင် အပီအပြင်ထောက်ခံခဲ့ပါသေးတယ်။

ဒါပေမယ့် မေလ ၂၅ရက် ထုတ်ပြန်ချက်တွေအရဆိုရင်တော့ WHOက လူနာတွေအတွက် စိတ်ချရမှု မရှိဘူးဆိုပြီး ကိုဗစ်ရောဂါမှာ ဒီဆေး အသုံးပြုမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ Lancet ဂျာနယ်မှာ ဖော်ပြထားချက်အရဆိုရင် WHO ဒါရိုက်တာက ကိုဗစ်ရောဂါရှိသူတွေမှာ ဒီဆေးကို သုံးသူနဲ့ မသုံးသူ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သုံးတဲ့သူမှာ သေနှုန်းနဲ့ နှလုံးထိခိုက်တာ (နှလုံးခုန်မမှန်)တာတွေ ပိုတွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့် စမ်းသပ်နေတာတွေကို ရပ်ဆိုင်းဖို့ ပြောလိုက်တာပဲ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါအတွက်သာ ရပ်ဆိုင်းလိုက်တာ ဒီဆေးက ငှက်ဖျားနဲ့ တခြား ခုခံအား ကမောက်ကမ ရောဂါတွေ (ဥပမာ လေးဖက်နာ အဆစ်ရောင်)အတွက် အစွမ်းထက်ဆေးဖြစ်ပြီး ဆက်လက်အသုံးပြုလို့ရပါတယ်။

ဒီဆေးကို ကိုဗစ်ရောဂါအတွက် စမ်းသပ်ဖို့ ရပ်ဆိုင်းလိုက်ပေမယ့် တခြားဆေးတွေကိုတော့ (ဥပမာ remdesivir၊ HIVမှာ သုံးတဲ့ဆေး) ဆက်လက် စမ်းသပ်ဆဲ ဖြစ်ပါတယ်။

ပြင်သစ်မှာလည်း ကိုဗစ်လူနာတွေကို တချို့သော အခြေအနေတွေမှာ ကျွမ်းကျင်ဆရာဝန်နဲ့ စောင့်ကြပ်မှုနဲ့ ဆေးရုံတွေမှာ Hydroxychloroquineကို အသုံးပြုဖို့ မတ်လအကုန်လောက်တည်းက ခွင့်ပြုထားခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကြောင့် မေလ ၂၇ရက်နေ့ကစပြီး ပြင်သစ်နိုင်ငံက ဆေးရုံတွေမျာ ကိုဗစ်ရောဂါကုသဖို့အတွက် Hydroxychloroquine ကို မသုံးတော့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Hydroxychloroquineဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ နှလုံးခုန်မမှန်တာ၊ တခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်တာ၊ G6PDချို့တဲ့တဲ့သူတွေ သုံးလို့မရတာ၊ မြင်လွှာထိခိုက်တာတွေ ဖြစ်နိုင်တဲ့အတွက် သတိထားပြီး သုံးရတဲ့ ဆေးဖြစ်ပါတယ်။ ကောင်းကျိုး ဆိုးကျိုး ချိန်ဆကြည့်လိုက်တော့ ဆိုးကျိုးပိုများနေတဲ့အတွက် ခုလို ရပ်ဆိုင်းလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

ပြန်ချုပ်မယ်ဆိုရင် Hydroxychloroquineကို ကိုဗစ်ကုသတဲ့နေရာမှာ သုံးဖို့ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါပေမယ့် ငှက်ဖျားရောဂါနဲ့ တခြား ခုခံအား ကမောက်ကမဖြစ်တဲ့ ရောဂါတွေမှာ အစွမ်းထက်ကြောင်းကို အကြိမ်ကြိမ်သက်သေပြပြီးသား ဖြစ်တဲ့အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆက်လက်သုံးစွဲလို့ ရပါတယ်။

ခုထိတော့ COVID-19 အတွက် ကာကွယ်ဆေးရော၊ ကုနိုင်တဲ့ဆေးရော မပေါ်သေးတဲ့အတွက် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း စိတ်မကောင်းစွာနဲ့ ပြောပြရစေ။

ဒါကြောင့် ကာကွယ်နည်းတွေ ဖြစ်တဲ့

-လူတစ်ယောက် တစ်ယောက် ၆ပေ အကွာမှာ နေတာ

လူစုလူဝေးရှောင်တာ

-မကြာခဏ လက်ဆေးတာ

နှာခေါင်းစည်းတပ်တာ

ကိုယ်ခံအားကောင်းအောင် နေတာတွေကသာ ခုချိန်မှာ အကောင်းဆုံးနည်းလမ်းတွေ ဖြစ်ကြောင်း အကြံပြုလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 03/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။