နိုဝင်ဘာလမှာ စတင်ဖြန့်ဖြူးတော့မယ့် တရုတ်နိုင်ငံရဲ့ COVID-19 ကာကွယ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 2 mins read
Share now

တစ်ကမ္ဘာလုံးမှာ COVID-19 ပြဿနာကြောင့် လူတွေ အခက်အခဲ၊ အကျပ်အတည်းနဲ့ ဘေးဒုက္ခတွေကို ရင်ဆိုင်နေကြရတာ ၉ လနီးပါးရှိနေပါပြီ။ ကာကွယ်ဆေး နဲ့ ကုသဆေးတွေ မထုတ်လုပ်နိုင်သေးတာကြောင့် တစ်ကမ္ဘာလုံးအခက်ကြုံနေရတာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရသူပေါင်း သန်း ၃၀ နီးပါးရှိခဲ့ပြီး သေဆုံးသူပေါင်း ၁ သိန်းနီးပါးရှိလာပြီဖြစ်တာမို့ ကာကွယ်ဆေးနဲ့ ကုသဆေးထုတ်လုပ်နိုင်ဖို့ကိစ္စက အထူးကို အရေးကြီးတဲ့ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ တစ်ကမ္ဘာလုံးက ထိပ်တန်းဆေးဝါးကုမ္ပဏီတွေက ကာကွယ်ဆေး (COVID-19 vaccines) ထုတ်လုပ်နိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြပြီး ထုတ်လုပ်နိုင်ဖို့ နီးစပ်မှုရှိနေတဲ့ကုမ္ပဏီတွေ၊ နောက်ဆုံးအဆင့် စမ်းသပ်မှုပြုလုပ်နေတဲ့ကုမ္ပဏီတွေ အများအပြားရှိလာနေကြပါပြီ။

ဒီလိုအချိန်ကာလမှာ COVID-19 ရောဂါပိုးကို ပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံက သတင်းတစ်ရပ်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါကတော့ တရုတ်အခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ China National Pharmaceutical Group (Sinopharm) က တီထွင်ဖန်တီးထားတဲ့ COVID-19 ကာကွယ်ဆေးကို လာမယ့် နိုဝင်ဘာလ (နောက်အကျဆုံး ဒီဇင်ဘာလ) မှာ စတင်ဖြန့်ဖြူးတော့မယ်လို့ ကြေညာလိုက်တာပါပဲ။

ဒီကြေညာချက်ကို တရုတ်နိုင်ငံရဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုဌာန (Chinese Center for Disease Control and Prevention) က တရားဝင်ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် COVID-19 ကာကွယ်ဆေးကို မကြာခင်မှာ လူထုလက်ထဲကို အရောက်ပို့ပေးနိုင်ဖို့နဲ့ ရောဂါဆိုးကြီးကို ထိန်းချုပ်နိုင်ဖို့ ပိုမိုနီးစပ်သွားပြီလို့ ဆိုရမှာပါ။

Sinopharm က ထုတ်လုပ်မယ့် ဒီကာကွယ်ဆေးဟာ အဆင့်ဆင့် စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးပြီဖြစ်ပြီး လာမယ့်နိုဝင်ဘာမှာ လူထုကို တရားဝင်အသုံးပြုခွင့်ပေးသွားမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ တရုတ်နိုင်ငံဟာ COVID-19 ရောဂါကာကွယ်ဆေး ၄ မျိုးလောက်ကို စမ်းသပ်နေပြီး ၃ ခုလောက်ဟာ ဇူလိုင်လကတည်းက နောက်ဆုံးအဆင့် လူသားနဲ့ စမ်းသပ်မှုတွေကို ပြုလုပ်နိုင်တဲ့အဆင့်ကို ရောက်ရှိနေခဲ့တာပါ။

နောက်ဆုံးအဆင့် စမ်းသပ်မှုမှာအောင်မြင်ခဲ့တာကြောင့် လာမယ့်နိုဝင်ဘာလဆန်း ဒါမှမဟုတ် နောက်အကျဆုံး ဒီဇင်ဘာမှာ လူထုဆီကို ဖြန့့်ချိနိုင်အောင် ကြိုးစားမယ်လို့ CCDC က ဇီဝလုံခြုံရေးဌာန အကြီးအကဲ ကွီရှန်းဝူက အစိုးရပိုင်ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ တရားဝင်ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အဆိုပါဆေးဝါးကို တရုတ်အစိုးရပိုင် Sinopharm ကုမ္ပဏီနဲ့ အမေရိကန်အခြေစိုက် Sinovac Biotech SVA.O တို့ကပူးပေါင်းဖန်တီးထားတာဖြစ်ပြီးတော့ ဆေးဟာ အဆင်သင့်ဖြစ်နေပြီလို့ ပြီးခဲ့တဲ့ဇွန်လကုန်ကတည်းက သက်ဆိုင်ရာကုမ္ပဏီတွေက ထုတ်ဖော်ပြောဆိုထားခဲ့တာပါ။

တစ်ဖက်မှာ ရုရှားနိုင်ငံကလည်း ကိုဗစ်ကာကွယ်ဆေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီလို့ ကြေညာထားပြီး သူတို့ရဲ့ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုးတွေမရှိဘူးဆိုတဲ့ သတင်းအချက်အလက်ကို ကမ္ဘာ့ထိပ်တန်းကျန်းမာရေးစာဆောင် The Lancet က အတည်ပြုဖော်ပြထားပါတယ်။

အဆိုပါ ရုရှားထုတ် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို သူတို့တိုင်းပြည်တွင်းမှာ အသုံးပြုဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မှတ်ပုံတင်ခဲ့ပြီး လာမယ့် နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာလကနေစပြီး သူ့နိုင်ငံအတွင်းမှာ ကာကွယ်ဆေး ထိုးပေးသွားမယ့်အစီအစဉ်ကို စတင်တော့မယ်လို့လည်း ကြေညာထားပါတယ်။

ဒါကြောင့် ယခုနှစ်မကုန်ခင်မှာ COVID-19 ကာကွယ်ဆေးတွေကို သက်ဆိုင်ရာတိုင်းပြည်တွေရဲ့ လူထုတွေဆီ ပထမဆုံးဖြန့်ချိနိုင်ဖွယ်ရှိနေပြီး တစ်ကမ္ဘာလုံးဆီကိုဖြန်ချိနိုင်ဖို့ဆိုရင်တော့ ၂၀၂၁ နှစ်ဦးပိုင်းအထိ အချိန်ယူရဦးဖွယ်ရှိနေပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ကာကွယ်ဆေး ထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရတယ်ဆိုရင် နောက်တစ်ကြိမ်ထိုးသင့်ရဲ့လား။ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုသက်သာအောင် လုပ်လို့ရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

အပ်ကြောက် တဲ့သူတွေ ကာကွယ်ဆေးထိုးမယ်ဆို ဘာတွေ ပြင်ဆင်ထားသင့်သလဲ။ ကာကွယ်ဆေးလည်း ထိုးချင်တယ်၊ အပ်လည်းကြောက်တယ်ဆိုရင် ဘယ်လိုလုပ်လို့ရနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ဓာတ်မတည့်ခြင်း ဆိုတာဘာလဲ။ အန္တရာယ်ရှိလား။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်ရော ဓာတ်မတည့်တာ ဖြစ်နိုင်သလား။ မဖြစ်အောင် ဘာတွေ ကြိုပြင်ဆင်ထားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ (၁၀) မျိုး

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ များ ကဘာတွေဖြစ်မလဲ။ ရောဂါတွေက ဘယ်လောက်ထိ ပြင်းထန်ပြီး ကာကွယ်ဆေးတွေက ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

COVID စစ်ဆေးဖို့ စအိုကနေ Swab ရယူ ရတော့မလား

COVID စစ်ဆေးဖို့ စအိုကနေ Swab ရယူ ရတော့မလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
သတိ ကိုဗစ် ရှိသေးသည်

သတိ ကိုဗစ်ရှိသေးသည်

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 2 mins read