သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ကာကွယ်ဆေးမတိုး တဲ့ COVID-19 မျိုးစိတ်သစ် ရှိနေပြီလား

    ကာကွယ်ဆေးမတိုး တဲ့ COVID-19 မျိုးစိတ်သစ် ရှိနေပြီလား

    ဗြိတိန်၊ တောင်အာဖရိက၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်နဲ့ ဂျပန်တို့မှာ သက်ဆိုင်ရာ တိုင်းပြည်အလိုက် ဗီဇပြောင်း COVID-19 မျိုးစိတ်သစ်တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေစတင်ပြီး ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဗီဇပြောင်း မျိုးစိတ်သစ်တွေထဲမှာ ကာကွယ်ဆေးမတိုး တဲ့ အမျိုးအစားတစ်ချို့လည်း ပါဝင်လာပါတယ်။

    COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ်ကို ပထမဆုံးစတင်နိုင်ခဲ့တဲ့ ဗြိတိန်မှာ မျိုးစိတ်သစ်တစ်မျိုး စတင် ပေါ်ပေါက်လာပြီးတဲ့နောက်မှာ နောက်ထပ်မျိုးစိတ်သစ်တွေအကြောင်းတွေကို ဆက်တိုက် ကြားသိလာနေရတာပါ။ အစောပိုင်းတုန်းက စတင်ပေါ်ထွက်လာတဲ့ COVID-19 ရဲ့ ဆင့်ကဲမျိုးဗီဇပုံစံနဲ့ မျိုးစိတ်သစ်တွေကို လက်ရှိထွက်ပေါ်နေတဲ့ ကာကွယ်ဆေးတွေနဲ့ ကာကွယ်လို့ရပါတယ်။

    ဒါပေမယ့် ဘရာဇီးလ်နိုင်ငံမှာ ထွက်ပေါ်လာတဲ့ မျိုးစိတ်သစ်ကတော့ ကူးစက်နှုန်းလျင်မြန်လှပါတယ်ဆိုတဲ့ ဗြိတိန်မျိုးစိတ်သစ်ထက် ပိုမိုလျှင်မြန်တဲ့ နှုန်းနဲ့ ကူးစက်နိုင်ပြီး တချို့စမ်းသပ်မှုတွေအရ ကာကွယ်ဆေးမတိုး ဘူး လို့လည်း သိလာရပါတယ်။

    ဘရာဇီးလ်မျိုးစိတ်သစ်ရဲ့ သတင်းဟာ ကမ္ဘာတစ်ဝှမ်းက လူသားတွေရဲ့ သောကကို မီးစာမြှင့်ပေးလိုက်တဲ့ အခြေအနေမျိုးဖြစ်လာပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ ကမ္ဘာတစ်ဝှမ်း စတင်နေချိန်မှ ခုလို ကာကွယ်ဆေးမတိုး ဘူး လို့ သတင်းထွက်လာတာမို့ ရေရှည်မှာရော ကာကွယ်ဆေးတွေက ဒီမျိုးစိတ်တွေကို တွန်းလှန်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။

    ကာကွယ်ဆေးမတိုး တဲ့ COVID-19 မျိုးစိတ်သစ် ရှိနေပြီလား

    ကာကွယ်ဆေးမတိုး တဲ့ မျိုးစိတ်သစ်လား

    P.1 လို့ နာမည်ပေးထားတဲ့ ဘရာဇီးလ်မျိုးစိတ်သစ်ဟာ မှတ်တမ်းမှတ်ရာတွေအရ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ရှိနေခဲ့တာပါတဲ့။ ဒါပေမယ့် ယခုလအတွင်းမှာ ဂျပန်နိုင်ငံမှာ ကူးစက်မှုနှုန်းမြင့်တက်လာပြီးတဲ့နောက်မှာမှ လူသိများလာခဲ့တာဖြစ်ပါတယ်။

    လက်ရှိအချိန်အထိလဲ ဘရာဇီးလ်ဟာ အမေရိကန်နဲ့ အိန္ဒိယပြီးရင် COVID-19 ဒါဏ်ကို အများဆုံးခံနေရတဲ့ တိုင်းပြည်ဖြစ်တာမို့ အဆိုပါမျိုးကွဲရဲ့ အန္တရာယ်ကို မြင်ယောင်နိုင်မယ်ထင်ပါတယ်။ ဘရာဇီးလ်ဟာ ရောဂါကူးစက်ခံခဲ့ရသူပေါင်း ၈ သန်းကျော်ရှိနေပြီး သေဆုံးသူဟာလည်း ၂ သိန်းကျော်အထိ ရှိနေတာပါ။

    P.1 မျိုးစိတ်ဟာ COVID-19 ရဲ့ မျိုးကွဲ ၁၇ မျိုးထဲက တစ်ခုဖြစ်လာသလို ပြင်းထန်မျိုးစိတ် ၈ မျိုးထဲမှာလည်း ပါဝင်လာခဲ့ပါတယ်။ WHO ကတော့ မျိုးစိတ်ဆင့်ကဲပြောင်းလဲမှုဟာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး ပိုမိုပြီးပြည့်စုံတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေးထုတ်လုပ်ရေးဘက်ကို ပိုမိုအာရုံစိုက်ဖို့ ကမ္ဘာတစ်ဝှမ်းလုံးကို တိုက်တွန်းထားပါတယ်။

    လက်ရှိမှာ ဘရာဇီးလ်နဲ့ ဂျပန်အပြင်၊ ပီရူး၊ ဂျာမနီ၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုတို့မှာပါ အဆိုပါ P.1 မျိုးစိတ် ရောက်ရှိပြန့်နှံ့နေပါတယ်။ လတ်လော လေ့လာချက်တွေအရဆိုရင်တော့ သူ့ရဲ့ လူ့ခန္ဓာကိုယ်မှာ တွယ်ငြိနိုင်တဲ့ Spike Protein တွေက တခြားမျိုးစိတ်တွေနဲ့ သိသိသာသာဆင်တူမှုမရှိဘူးလို့ ဆိုပါတယ်။

    အဆိုပါ Binds တွေဟာ ပိုပြီး လျှင်လျှင်မြန်မြန်ကူးစက်နိုင်စွမ်ရှိနေသလို လေ့လာချက်တွေအရလည်း လူ့ခန္ဓာကိုယ်အတွင်းက Antibodies တွေက ဒီမျိုးစိတ်ကို သိသိသာသာ အာရုံခံနိုင်စွမ်းမရှိဘူးလို့ ဆိုထားပါတယ်။ ဒါကြောင့် ပိုးကူးနှုန်းမြန်တဲ့အပြင် ပြန်လည်ကူးစက်နိုင်ခြေလည်း မြင့်မားသွားရတာပါ။

    ကာကွယ်ဆေးမတိုး တဲ့ COVID-19 မျိုးစိတ်သစ် ရှိနေပြီလား

    လက်ရှိကာကွယ်ဆေးတွေနဲ့ အလုပ်ဖြစ်မှာလား

    ကျွမ်းကျင်သူတွေကတော့ လက်ရှိကာကွယ်ဆေးတွေဟာ B.1.1.7. အပါအဝင် မျိုးစိတ်အတော်များများကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း P.1 ကတော့ ထူးခြားချက်တွေရှိနေပါတယ်။ ဒါကတော့ ကနဦးသတင်းတွေအရ Moderna ရဲ့ ကာကွယ်ဆေးဟာ အဆိုပါ မျိုးစိတ်သစ်နဲ့ဆိုရင် အလုပ်မဖြစ်ဘူးလို့ ထွက်ပေါ်လာနေပါတယ်။

    လက်ရှိအချိန်အထိ တိကျရေရာတဲ့ သက်သေအထောက်အထားတွေ မရှိသေးပေမယ့် တွယ်ငြိနိုင်တဲ့ Spike Protein တွေ ပုံသဏ္ဍာန်ကွဲပြားနေတဲ့အချက်နဲ့ Antibodies တွေကို တိမ်းရှောင်နိုင်တဲ့အချက်တွေကြောင့် ကာကွယ်ဆေးမတိုး တဲ့ အနေအထားဖြစ်လာဖို့ အလွန်နီးစပ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိထွက်ပေါ်နေတဲ့ ကာကွယ်ဆေးတွေဟာ Antibodies တွေကို လှုံ့ဆော်ပေးတဲ့ နည်းလမ်းကို အဓိက အသုံးပြုနေကြတာကြောင့်ပါပဲ။

    လေ့လာမှုတွေ ပိုမိုပြုလုပ်ဖို့လိုအပ်နေသေးပေမယ့် ဆေးဝါးကုမ္ပဏီတွေကတော့ သူတို့ရဲ့ ဆေးဝါးတွေဟာ ဒီမျိုးစိတ်သစ်ကို ကောင်းကောင်းကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဗြိတိန်နဲ့ ကျန်တဲ့ဗီဇပြောင်းမျိုးကွဲတွေဟာ မူရင်းမျိုးစိတ်နဲ့ ၉၉% တူညီတာကြောင့် လက်ရှိကာကွယ်ဆေးတွေ အလုပ်ဖြစ်လိမ့်မယ်လို့ ဆေးဝါးကုမ္ပဏီတွေဘက်က အခိုင်အမာဆိုထားပါတယ်။

    WHO ရဲ့ တာဝန်ရှိသူတွေကတော့ ဗိုင်းရပ်စ်ဟာ အလွန်အမင်း စိုးရိမ်ထိတ်လန့်ဖွယ် မဟုတ်ရင်တောင်မှ သတိထားဖို့ လိုအပ်တဲ့အခြေအနေတစ်ရပ်ဖြစ်နေဆဲလို့ သတိပေးစကားဆိုခဲ့ပြီး ကာကွယ်ဆေး လုံလောက်စွာမဖြန့်ချိနိုင်သေးခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းထိခိုက်နစ်နာမှုတွေ ပိုမိုလာနိုင်တယ်လို့ သုံးသပ်ခံထားရပါတယ်။

    လက်ရှိမှာဆိုရင်လည်း ပြည်တွင်းမှာ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွေကို စတင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကနဦး ကာလသာဖြစ်သေးပြီး လူအများစုကို ကာကွယ်ဆေးထိုးနှံဖို့ အချိန်ယူရဦးမှာဖြစ်သလို မြန်မာပြည်မှာ အသုံးပြုမယ့် Covishield ကာကွယ်ဆေးကလည်း ဒီမျိုးစိတ်သစ်ကို ကာကွယ်နိုင်စွမ်းရှိမရှိ မသိရှိရသေးပါဘူး။

    ဒါကြောင့် မိမိတို့တိုင်းပြည်ကို မျိုးစိတ်သစ်ရောက်လာသည်ဖြစ်စေ၊ မရောက်လာသေးသည်ဖြစ်စေ နေအိမ်ထဲမှာ စည်းကမ်းလိုက်နာနေထိုင်ပြီး Mask တပ်တာ၊ လက်ဆေးတာတွေကိုလည်း ပုံမှန်စနစ်တကျလုပ်ဆောင်ပြီး ကာကွယ်ဆေးမရခင်အချိန်အထိ နေထိုင်သွားဖို့ တိုက်တွန်းလိုပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Ye Zon Aung မှ ရေးသားသည်။ 08/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: