home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လည်ချောင်းနာနေရင် ဒီအချက် (၉)ချက်ကို လုပ်ကြည့်ပါ

လည်ချောင်းနာနေရင် ဒီအချက် (၉)ချက်ကို လုပ်ကြည့်ပါ

ရာသီဥတု အပူအအေးမမျှတာနဲ့ လည်ချောင်းကနာလာတော့တာပဲနော်။ တစ်ခါတလေကိုယ်တိုင်ကတောင် သတိမထားမိချိန်မှာ လည်ချောင်းကနာနေပြီလေ။ လည်ချောင်းနာတဲ့အခါခေါင်းကိုက်တာ၊ အသံဝင်တာတွေက တဆက်တည်းကိုဖြစ်လာပါတော့တယ်။ လည်ချောင်းနာ၊ခေါင်းကိုက်ဖြစ်ပြီဆိုရင်တော့ အလုပ်တွေကို အာရုံစိုက်နိုင်ဖို့ကတော်တော်လေးခက်ပြီလေ။ ဒီလိုစိတ်ညစ်စရာအခြေအနေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။

လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတွေက

လည်ချောင်းနာတာကို ဘဝတစ်လျှောက်မှာ တစ်ခါလောက်တော့ကြုံဖူးမှာပါ။ လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလိုဖြစ်မယ်၊ အရမ်းပြင်းထန်တဲ့အခါ တံထွေးတောင်မျိုချလို့မရအောင်နာတာမျိုးရှိနိုင်ပါတယ်။ လည်ချောင်းနာတဲ့အခါ ခန္ဓါကိုယ်မှာ အဖျားဝင်တာပါ တွဲလာတတ်တယ်။ လည်ချောင်းနာတာက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာက ပုံမှန်အားဖြင့် သက်သာသွားတတ်ပေမယ့်မြန်မြန်သက်သာချင်ရင်တော့ အခုပြောတဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ကြည့်နိုင်ပါတယ်။

လည်ချောင်းနာတဲ့အခါ –

  • ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ
  • ငုံဆေးငုံပါ
  • ပျားရည်စားသုံးပေးပါ
  • ရေဓါတ်ပြည့်အောင်နေပါ
  • အစိုဓါတ်ထိန်းစက် (humidifier) လေးဖွင့်ထားပေးပါ
  • ကြက်သွန်ဖြူစားသုံးပေးပါ
  • ပန်းသီးရှာလကာရည်သောက်ပေးပါ
  • အနားယူပေးပါ
  • ခံတွင်းသန့်ဆေးရည်အသုံးပြုပေးပါ။

ဘယ်လိုထိရောက်မှုတွေရှိစေမှာလဲ

ဆားရည်နဲ့ပလုပ်ကျင်းပေးခြင်း –ရေနွေး ခပ်နွေးနွေးလေးထဲမှာဆားခပ်ပြီး ပလုပ်ကျင်းပေးပါ။ ဆားကလည်ချောင်းထဲမှာရှိတဲ့ ချွဲတွေကိုပျော်စေပြီး၊ လည်ချောင်းအတွင်းပိုင်းက တစ်ရှုးတွေကို ကျန်းမာလာအောင်လှုံ့ဆော်ပေးတာကြောင့် လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။

ငုံဆေးငုံခြင်း-ပရုတ်ပါတဲ့ငုံဆေး ခပ်ပျော့ပျော့လေးငုံပေးတာက လည်ချောင်းထဲက တစ်ရှုးတွေကို အာရုံခံစားမှုလျော့သွားအောင်လုပ်ဆောင်ပေးပြီး ယာယီတော့ သက်သာမှုရရှိစေမှာဖြစ်ပါတယ်။ ငုံဆေးငုံပေးတာက တံထွေးထွက်ရှိမှုကို တိုးစေပြီး စိုစွတ်စေတဲ့အတွက် လည်ချောင်းနာတာကို သက်သာအောင်အထောက်အကူပေးနိုင်ပါတယ်။

ပျားရည်စားသုံးခြင်း –ရေနွေးကြက်သီးနွေးလေးထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးသောက်ပေးရင်လည်း လည်ချောင်းနာသက်သာစေနိုင်ပါတယ်။ရေနွေးကြမ်းက ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ရေဓါတ်ကိုဖြည့်ပေးပြီး လည်ချောင်းနာတာကိုမြန်မြန်သက်သာအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ ပျားရည်ထဲမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် လည်ချောင်းအတွင်းပိုင်းရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

ရေဓါတ်ပြည့်ဝစေခြင်း –ရေဓါတ်ပြည့်ဝအောင်နေတာက လည်ချောင်းနာတာကိုသက်သာအောင်လုပ်ဆောင်ရာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ ခန္ဓါကိုယ်မှာရေဓါတ်မပြည့်ဝတဲ့အခါ လည်ချောင်းထဲမှာ တံထွေးအလုံအလောက်မရရှိတာမျိုးဖြစ်ပြီး လည်ချောင်းနာတာကို ပိုဆိုးစေနိုင်ပါတယ်။

ရေသောက်ဆိုတဲ့နေရာမှာလည်း ကဖင်းတို့ အယ်လ်ကိုဟောတို့ပါဝင်မှုမရှိတဲ့ သန့်စင်တဲ့ရေ ဒါမှမဟုတ် အသီးဖျော်ရည်တွေကိုသောက်သုံးရမှာဖြစ်ပါတယ်။

အစိုထိန်းစက်အသုံးပြုခြင်း– အစိုဓါတ်ပါဝင်နေတဲ့လေထုက လည်ချောင်းနဲ့နှာခေါင်းအတွင်းပိုင်းကရောင်ရမ်းနေတဲ့ တစ်ရှုးတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ အစိုဓါတ်ထိန်းတဲ့စက်လေးဖွင့်ထားပေးပါ။ရေနွေးငွေ့ခံပေးလို့လည်းရပါတယ်။ရေနွေးနွေးလေးဇလုံထဲမှာထည့်ပြီးခေါင်းမှာ တဘက်အုပ်ရင်း ရေနွေးငွေ့ခံပေးတာကလည်း လည်ချောင်းနာတာကိုသက်သာစေနိုင်ပါတယ်။

ကြက်သွန်ဖြူစားပေးခြင်း – ြကက်သွန်ဖြူက သဘာဝအတိုင်းကိုantibacterial အာနိသင်ရှိတာပါ။ ကြက်သွန်ဖြူမှာ ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ allicinဒြပ်ပေါင်းပါဝင်နေပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါ ကြက်သွန်ဖြူကို ဟင်းခါးချက်သောက်တာဖြစ်ဖြစ် မီးကင်စားတာဖြစ်ဖြစ်စားပေးပါ။ ကြက်သွန်ဖြူက အနာကျက်စေနိုင်စွမ်းလည်းရှိတာကြောင့် လည်ချောင်းအတွင်းပိုင်းတစ်ရှုးတွေရောင်ရမ်းတာကို သက်သာစေမှာဖြစ်ပါတယ်။

ပန်းသီးရှာလကာရည်နဲ့ ပလုပ်ကျင်းပေးခြင်း –ပန်းသီးရှာလကာရည်ကလည်း ပိုးမွှားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။လေ့လာမှုတွေအရ ပန်းသီးရှာလကာရည်က ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တယ်လို့သိခဲ့ရပါတယ်။ လည်ချောင်းထဲကချွဲတွေကိပျော်စေပြီး ဘက်တီးရီးယားတွေပြန့်နှံ့မှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ လည်ချောင်းနာနေတယ်ဆိုရင် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၂ ဇွန်းစာကိုရေတစ်ခွက်စာနဲ့ရောစပ်ပြီး ပလုပ်ကျင်းပေးလိုက်ပါ။ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။

ပည့်ပြည့်ဝဝအနားယူပေးခြင်း– အနားယူတာက လည်ချောင်းနာတာကိုသက်သာစေမယ့် အကောင်းဆုံးသောနည်းလမ်းတစ်ခုလို့ပြောလို့ရပါတယ်။ ခန္ဓါကိုယ်ကကောင်းကောင်းအနားယူလိုက်တဲ့အခါ အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

ခံတွင်းသန့်ဆေးရည် အသုံးပြုပေးပါ – ဒါတွေအပြင် လည်ချောင်းနာတာကို သက်သာစေနိုင်မယ့်နောက်ထပ်နည်းလမ်းတစ်ခုက ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းတာပါ။BETADINE ကနေထုတ်ထားတဲ့ Throat and Oral Care ခံတွင်းသန့်ဆေးရည်လိုမျိုး ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးမယ်ဆိုရင်လည်း အအေးမိတုပ်ကွေးရောဂါပိုးတွေကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် လည်ချောင်းနာတာကို ပါ သက်သာစေနိုင်မှာ အသေအချာပါ။ ဒီခံတွင်းသန့်ဆေးရည်က စက္ကန့် ၃၀ ကြာပလုပ်ကျင်းပေးရုံနဲ့ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။ ပလုပ်ကျင်းပေးရုံနဲ့ရောဂါပိုးတွေကိုသေစေနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့်နောက်ထပ်လည်ချောင်းနာတာမျိုး အဖျားဝင်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့်လည်ချောင်းနာတာကိုမြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုရှိစေတဲ့ နည်းလမ်းတစ်ခုအနေနဲ့BETADINE Throat and Oral Care ခံတွင်းသန့်ဆေးရည်ကို ညွှန်းပေးပါရစေ။

လည်ချောင်းနာဝေဒနာကို ဒီလိုကာကွယ်လို့ရပါတယ်

လည်ချောင်းနာတာမဖြစ်စေဖို့အတွက် မဖြစ်မနေလုပ်ရမယ့်နည်းလမ်းတစ်ခုကရောဂါပိုးတွေမကူးစက်အောင်နေတာပါ။နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မျာ မျက်စိမမြင်နိုင်တဲ့ ဘက်တီးရီးယားတွေတော်တော်လေးများပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့်ရောဂါပိုးကူးစက်တာမျိုးမဖြစ်စေဖို့အတွက်က လက်ကိုသန့်ရှင်းအောင်ထားဖို့လိုပါတယ်။ အများသုံးပစ္စည်းတွေကိုင်ပြီးတဲ့အခါမျိုး၊ ဘတ်စ်ကားစီးပြီးတဲ့အခါတိုင်းမှာ လက်ကိုသန့်စင်ဆေးကြောပါ။ သွားလေရာကိုရေမလိုလက်သန့်ဆေးယူသွားဖို့မမေ့ပါနဲ့။နေ့စဉ်ကောင်းကောင်းအိပ်စက်အနားယူပြီး အာဟာရပြည့်ဝအောင်စားသုံးပေးဖို့လည်းမမေ့ပါနဲ့။နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ဖို့လည်း မမေ့ပါနဲ့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။