COVID-19 ဗိုင်းရပ်စ် နှင့် လက်ရှိနိုင်ငံတကာအခြေအနေ အရေးပေါ်သတင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

COVID-19 ဗိုင်းရပ်စ်ကို စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ လူပေါင်း ၈၀အထိ သေဆုံးမှုရှိခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၂၇၀၀ ခန့်ရှိနေပြီလို့ သတင်းရရှိထားပါတယ်။ တခြားနိုင်ငံသို့ လျင်မြန်စွာ ပြန့်ပွားခြင်းမဖြစ်စေဖို့ လူသန်းပေါင်း ၆၀ ကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းကနေ ပြည်ပထွက်ခွင့် လုံးဝပိတ်ပင်ထားလိုက်ပြီလို့ တရုတ်သမ္မတကလည်း ကြေညာထားပါတယ်။

ဝူဟန်မြို့မှ ရောက်ရှိလာတဲ့ ခရီးသွားပြည်သူများကိုလည်း သက်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရောဂါထိန်းချုပ်ဖို့အတွက် ထိန်းသိမ်းထားလျက်ရှိပြီး တချို့သော လေကြောင်းခရီးစဉ်ကိုလည်း ဖျက်သိမ်းထားပါတယ်။ တရုတ်နိုင်ငံမှ ရောက်ရှိလာတဲ့ ခရီးသွားတိုင်းကို လေဆိပ်မှာတင် အဖျားတိုင်းတဲ့ စက်ကိရိယာဖြင့် အပူချိန်ကို တိုင်းတာစစ်ဆေးမှု ပြုလုပ်လျက်ရှိပါတယ်။

ကမ္ဘာအနှံ့အရ ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံတွင်းမှာ ရှိတဲ့ တချို့သောဒေသတွေ၊ ပြင်သစ်နိုင်ငံတွေကို ပြန့်နေတယ်ဆိုတဲ့ သတင်းများထွက်ပေါ်နေပြီး အရှေ့တောင်အာရှမှာဆိုရင် တရုတ်နိုင်ငံနဲ့ နီးကပ်နေတဲ့ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကိုပါ ပြန့်နှံ့သွားခြေ မြင့်တယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရောဂါပိုးတစ်စုံတစ်ရာ ပြန့်နှံ့ခြင်းတော့ မရှိသေးပါဘူး။

အစပိုင်းမှာ COVID-19 ဗိုင်းရပ်စ် (Coronavirus) ကို လေမှတစ်ဆင့်သာ ကူးစက်နိုင်တဲ့ ရောဂါပိုး (Airborne Disease) စာရင်းထဲသာ ထည့်ထားပေမဲ့ ယခုအချိန်မှာ လူတစ်ယောက်မှ တစ်ယောက်ဆီသို့ လျင်မြန်စွာ ကူးစက်နိုင်တယ်ဆိုတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ COVID-19 ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာရှိလား။

ဟိုတလောတုန်းက လေဆိပ်ကို ဝူဟန်နိုင်ငံမှ ခရီးသည်များ ဆိုက်ရောက်လာတာနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေ အများစု စိတ်လက်မအေးဖြစ်ခဲ့ရတယ်ဆိုပေမဲ့ စစ်ဆေးကြည့်ရသလောက် ရောဂါပိုးရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ကျန်းမာရေးဌာနက ပြောထားပါတယ်။ ဒါ့အပြင် လက်ရှိအချိန်ထိ ကူးစက်ခံရတဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံ မပါဝင်သေးတဲ့အတွက် အရမ်းကြီးစိုးရိမ်ကြောင့်ကြတာမျိုးထက် ကိုယ့်ဘက်က လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေကိုတော့ ပြုလုပ်ထားနိုင်ရင် အကောင်းဆုံးပါပဲ။

အဓိက ပြင်ဆင်ထားဖို့ လိုတာကတော့

၁။ စိတ်ကို အေးအေးထားပါ။ လက်ရှိမှာ မြန်မာနိုင်ငံအတွင်းသို့ ပျံ့နှံ့ခြင်း မရှိသေးပါဘူး။ ကူးစက်ခံရသူလို့ သံသယရှိတယ်လို့ သတင်းထွက်နေတယ်ဆိုပေမယ့် အရမ်းကြီးထိတ်လန့်တုန်လှုပ်ရလောက်တဲ့အထိ မဆိုးရွားသေးပါဘူး။ တွေ့သမျှ သတင်းအမှားတွေကို အရမ်းကြီးမယုံဖို့ ပြည်သူလူထုကို ထပ်ပြီးမှာကြားချင်ပါတယ်။

၂။ ကိုယ်ခံအားကို ကောင်းအောင်လုပ်ပါ။ ကိုယ်ခံအားကောင်းနေရင် ရောဂါပိုးဘယ်လောက်ဝင်ဝင် ကိုယ်ခန္ဓာက တိုက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့အတွက် အစာအာဟာရကို မျှတစွာ စားပေးဖို့၊ အိပ်ချိန်ကို တစ်နေ့ ၇နာရီအနည်းဆုံးရှိဖို့၊ ရေများများသောက်ပေးဖို့၊ ကိုယ်လက်လေကျင့်ခန်းတွေ နေ့စဉ်လုပ်ပေးဖို့ လိုပါတယ်။

၃။ ဘယ်အရာဝတ္ထုကိုမဆို ကိုင်ပြီးတာနဲ့ လက်ကိုဆေးပါ။ ဝူဟန်ဗိုင်းရပ်စ်မှ မဟုတ်ဘဲ တခြားရောဂါပိုးပေါင်းစုံက လက်ကနေ ကိုယ်ခန္ဓာကို ကူးစက်နိုင်တာပါ။ ဒါကြောင့် လက်ကို အမြဲတမ်းလိုလို ဆေးပေးပါ။ လက်ဆေးလို့ မရတဲ့နေရာမှာ ရောက်နေတယ်ဆိုရင် ရေမလို လက်သန့်စင်ဆေးရည် (Hand Sanitizer) တွေကို ဆောင်ထားပြီး အမြဲလိုလို ထုတ်ဆေးပါ။

၄။ ရေကို နာရီဝက်ခြားတစ်ခါ သောက်ပေးပါ။ ရေမဆာဘူးရင်တောင် အာစွတ်ရုံလောက် သောက်ပေးပါ။ အဓိက လည်ချောင်းခြောက်မနေဖို့ပါပဲ။ လည်ချောင်းက ခြောက်နေတဲ့အခါ ပြင်ပက ဝင်လာတဲ့ရောဂါပိုးတွေက လည်ချောင်းမှာ ကပ်ငြိနေပြီး ပိုးတွေပွားလာဖို့ ပိုမြန်နိုင်ပါတယ်။

၅။ Mask ကို အမြဲတပ်ထားပါ။ Mask လို့ဆိုရာမှာ ခွဲစိတ်ခန်းသုံး Facial Mask တွေကသာ ပြင်ပက ရောဂါပိုးတွေကို အပြည့်အဝကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

၆။ အားဆေးအနေနဲ့ ဗီတာမင် စီ အားဆေးတွေကို တစ်နေ့ တစ်လုံး (ပုံမှန်အားဖြင့် 500mg အားပါဝင်မှု) သောက်ပေးရင် လုံလောက်ပါတယ်။

၇။ အိမ်မှာ စားနပ်ရိက္ခာတွေကို ကြိုတင်လှောင်ထားပါ။ စည်သွပ်ဘူး၊ ဆန်၊ ဆီ၊ ဆား၊ သကြား အစရှိတဲ့ တာရှည်ခံအစားအစာတွေကို နည်းနည်းစီ ဝယ်ထားနိုင်ရင် ပိုကောင်းပါတယ်။

၈။ လူစုလူဝေးနေရာ သွားတာမျိုး တတ်နိုင်သလောက်ရှောင်ပါ။

၉။ အစားအစာတွေကို ချက်တဲ့အခါ လုံးဝကျက်တဲ့အထိ မီးပြင်းပြင်းနဲ့ ချက်ပြုတ်ပေးပါ။ အသားစိမ်း၊ ငါးစိမ်း၊ စားရန်မသင့်တော်တဲ့ အသားတွေ လျှောက်စားတာမျိုးကို လုံးဝရှောင်ကြဉ်ပါ။

ဇန်နဝါရီလ ၂၇ ရက် ၂၀၂၀ ခုနှစ် CNN သတင်းဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါအခြေအနေ အရေးပေါ် သတင်းဖြစ်ပါတယ်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

အပ်ကြောက် တဲ့သူတွေ ကာကွယ်ဆေးထိုးမယ်ဆို ဘာတွေ ပြင်ဆင်ထားသင့်သလဲ။ ကာကွယ်ဆေးလည်း ထိုးချင်တယ်၊ အပ်လည်းကြောက်တယ်ဆိုရင် ဘယ်လိုလုပ်လို့ရနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ။

ကိုဗစ်ကာကွယ်ဆေး မထိုးခင်မှာ ဘာတွေ ပြင်ဆင်ထားရမလဲ။ ဘာတွေရှာင်ကြဉ်ရမလဲ။ ဆေးထိုးပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Covishield ကာကွယ်ဆေးနဲ့ အမေးများတဲ့မေးခွန်းများ

Covishield ကာကွယ်ဆေး ထိုးရတော့မယ်ဆိုတော့ ကိုယ့်အနေနဲ့ ထိုးလို့ရလား၊ မရဘူးလားအပြင် တခြားအမေးများတဲ့မေးခွန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဖြေကြားပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
သတိ ကိုဗစ် ရှိသေးသည်

သတိ ကိုဗစ်ရှိသေးသည်

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read