အခုဆိုရင် ကိုဗစ် ကို နိုင်ငံတကာနဲ့အတူ တိုက်ခိုက်လာခဲ့တာ တော်တော်ကြာလာပါပြီ။ ဒီအတောအတွင်းမှာ ကိုဗစ်ကြောင့် လူတွေ အိမ်မှာပဲနေကြရတာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေကြတာ၊ လုပ်ငန်းတွေ နားလိုက်ရတာ ဒါမှမဟုတ် တချို့တွေမှာဆိုရင် ကုန်ထုတ်တာတွေ နည်းသွားတာ စသဖြင့် စီးပွားရေးမှာရေ လူမှုရေးမှာရော ထိခိုက်မှုလေးတွေ ရှိလာပါတယ်။ ကိုဗစ်က လက်ရှိမှာလည်း ပျောက်ကင်းမယ့်ပုံ မပေါ်သေးတာကြောင့် ရေရှည်မှာ အိမ်မှာပဲ နေတာက အဆင်ပြေပါ့မလားဆိုတာ စဉ်းစားစရာပါ။